iMyanmarHouse.com - Best Property Website for Myanmar
×














Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #


ချစ်သူသည် ဘုရားပေးသော ဆုလာဒ်ဆိုလျှင် အရစ်ခံရခြင်းသည် ဘုရားပေးသော ပြစ်ဒဏ် …

အရစ်သန် စိတ်ကောက်သန်ကြသည်မှာဣတိယ မိန်းမများ ပင်မဟုတ်ပါလား..ရစ်စရာမှ မရှိတော့လျှင် ကိုယ့်ဆံပင်ကိုယ်ပြန်ရစ်နေတတ်ကြသည်..သို့သော် သူတို့သည် တစ်အားချစ်ဖို့ကောင်းကြသည် မှာလည်းယောင်္ကျားလေးများအတွက် ဘုရားကပေးထားသော အပြစ်ဒဏ်ပင် ဖြစ်သည်။

ချစ်သူသည် ဆုလာဒ်ဆိုလျှင် အရစ်ခံရခြင်းသည် ပြစ်ဒဏ် …ဘာကြောင့်ရစ်ပါသလဲ ဟု မေးခွန်းထုတ်ရလျှင် ချစ်၍ရစ်ပါသည်..ယောင်္ကျားလေးတို့ ပျော့ရသည်မှာလည်း ” ကိုကိုကလည်း” ဆိုသော စကားများကြားတွင်သာ …

အရှောင်အတိမ်းကောင်းပြီး မိန်းကလေးများ အထာနပ်သော ကိုကိုတို့သာလျှင် ရစ်လုံး လျော့ပါမည်။ လုံးဝ အရစ်မခံရခြင်းတော့ မဟုတ် နည်းနည်းတော့ ရစ်ပါမည်။

ကိုကိုတို့ စိတ်ပူရမည်က မိမိချစ်သူ မရစ်ခြင်း ကို ပူရမည် သာ …

မရစ်လျှင် မချစ်ဟု ၁၀၀ ရာခိုင်နှုန်းတွင် ၅၀ လောက်က သေချာပါသည်။

မိန်းကလေးများ၏ ၅၀ ရာခိုင်နှုန်းလောက်က ရစ်ခြင်းကို ခုံမင်သူများသာဖြစ်သည်။

မိန်းကလေး သဘာဝ အချိန်တွင် ရစ်တတ်သည် မှာ အဆိုးဆုံး ဖြစ်ပြီး အတွေ့အကြုံမရှိသော ကိုကိုတို့ ပြင်ဆင်ထားသင့်သည် ။

အခန့်မသင့်လျှင် သူမကို မချစ်ဟု ဆိုကာ လမ်းမတွင်ပင် ငိုတတ်သောကြောင့် ဖြစ်သည်။သူမ မရစ်စေချင်လျှင် အချိန်မှန် ဂရုစိုက်ပေးလိုက်ပါ ..သင်သူမ အပေါ် နားလည်မှုထားကြောင်း သူမ မြင်သာ ခံစားရအောင် ပြပေးပါ..မိန်းကလေးများအတွက် ကိုယ်လူချောထက် အလိုက်သိတတ်သော ကိုကိုသာ ပိုလိုအပ်ပါတယ်..

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top