iMyanmarHouse.com - Best Property Website for Myanmar
×


ေလာကမွာေနထိုင္တာ တစ္ဦးတစ္ေယာက္တည္း ေနထိုင္တာ မဟုတ္သည့္အတြက္ေၾကာင့္ သည္းခံျခင္းဆိုတဲ့ ဂုဏ္ရည္ဟာ အမ်ားနဲ႔ ဆက္ဆံတဲ့အခါမွာ အလြန္အေရးၾကီးတဲ့ ဂုဏ္ရည္တစ္ခုျဖစ္တယ္။

ဒါတင္မကဘူး ကုသိုလ္ရဖို ့အတြက္ အေရးၾကီးဆံုးက သည္းခံမႈပဲေပါ့။ အဲေတာ့ သည္းခံမႈမရွိရင္ ကုသိုလ္ေတာင္မရႏိုင္ဘူးလို ့ ဒီလိုဆိုလို ့ရတယ္။

ဒါေၾကာင့္မို ့သည္းခံျခင္းဆိုတဲ့တရားဟာ
သူေတာ္သူျမတ္တို႔ရဲ႕အရည္အေသြးျဖစ္တာမို႔ ဘုရားအေလာင္းေတာ္ေတြဟာ ပါရမီျဖည့္တဲ့အခါမွာ ခႏၱီပါရမီဆိုတာကို သီးသီးသန္႔သန္႔ ျဖည့္ဆည္းရတယ္။

သည္းခံတယ္လို ့ဆိုတဲ့ေနရာမွာ သည္းခံစရာေတြဟာ ဘာေတြရွိသလဲဆိုေတာ့ သည္းခံစရာေတြ လိုက္ၾကည့္မယ္ဆိုရင္ ကုိယ့္အေပၚမွာ ေစာ္ကားေျပာဆိုတဲ့ စကားတစ္မ်ိဳးတည္းတင္ သည္းခံစရာမဟုတ္ဘူး။

ကုိယ့္ေပၚမွာ ေစာ္ကားေျပာဆိုတဲ့ စကားကိုလည္း သည္းခံတယ္။ ကုိယ့္သႏၱာန္မွာ ျဖစ္ပ်က္လာတဲ့ ျဖစ္ေပၚလာတဲ့ ေရာဂါေ၀ဒနာေတြကိုလည္း သည္းခံတယ္။ ရာသီဥတုဒဏ္ေတြကုိလည္း သည္းခံတယ္။ သည္းခံျပီးေတာ့ လုပ္သင့္လုပ္ထိုက္တာေတြကို ဆက္လုပ္ေနတယ္လို႔ အဓိပၸါယ္ကိုေျပာတာေနာ္။

မိမိအေပၚမွာ ဘယ္အရာေတြပဲျဖစ္ျဖစ္ သူမ်ားက ေစာ္ကားတဲ့အရာေတြလည္း ကုိယ့္အေပၚမွာ တင္ထားလိုက္တယ္။ တြန္းဖယ္မခ်ဘူး။

ဆင္းရဲဒုကၡေတြကိုလည္း တြန္းဖယ္မခ်ဘူး။ လက္ခံထားလိုက္တယ္။ အဲဒီလို လက္ခံထားႏိုင္တဲ့ စြမ္းရည္သတၱိေတြနဲ ့ ကုိယ့္စိတ္ဟာ တုန္လႈပ္ေျခာက္ျခားျခင္း မရွိဘဲနဲ ့ အရာရာကုိ ရင္ဆိုင္ျပီးေတာ့ စိတ္အားမပ်က္ဘဲနဲ ့ေနတာ ဒါ သည္းခံတယ္လို ့ေျပာတာ။

ခံႏိုင္ရည္ရွိတယ္။ ဆန္႔က်င္ဘက္ေတြလာတဲ့အခါမွာ ဘယ္လိုပဲ ဆန္ ့က်င္မႈေတြလာလာ ခံႏိုင္ရည္ရွိတယ္။ ခံႏိုင္ရည္ရွိတယ္ဆိုတဲ့ အဓိပၸါယ္က ဘာကိုေျပာတာတုန္းဆိုေတာ့ မိမိအေပၚမွာ ဒုကၡကိုျဖစ္ေပၚေစတတ္တဲ့စိတ္ဓာတ္ကို ေျပာင္းလဲသြားေစႏိုင္တဲ့ မခံႏိုင္ေလာက္တဲ့ အတိုင္းအတာတစ္ခု ကုိယ့္မွာ ျဖစ္ေပၚလာလို ့ရွိရင္ စိတ္အေျခအေနမေျပာင္းဘဲနဲ ့ခံႏိုင္ရည္ရွိတာ။ အဲဒီခံႏိုင္ရည္ရွိတာကို ခႏၱီလို ့ေခၚတယ္။

ခႏၱီရဲ ့သေဘာကို ေျပာမယ္ဆိုရင္ ေဒါသမျဖစ္တာလဲ ခႏၱီပဲ၊ ေမတၱာမပ်က္ေနႏိုင္တာလည္း ခႏၱီပဲ၊ အျပံဳးမပ်က္ေနတာလည္း ခႏၱီပဲလို ့ဒီလိုေျပာတယ္။

ျပန္မေျပာေပမယ့္လို ့ စိတ္ထဲက ေဒါသထြက္ေနရင္ ခႏၱီမဟုတ္ဘူး။ အဓိကက စိတ္ထဲက မည္သို ့မွ် ေျပာင္းလဲျခင္းမရွိဘဲနဲ ့ပင္ကိုယ္စိတ္ အေျခအေနတစ္ခုကို ထိန္းသိမ္းထားႏိုင္တဲ့
စိတ္ဓာတ္အရည္အခ်င္းတစ္မ်ိဳးလို ့ ဒီလိုေခၚရမယ္။

လူေတာ္လူေကာင္းျဖစ္ဖို ့ထူးျခားတဲ့ အရည္အခ်င္းေတြနဲ ့ျပည့္စံုဖို႔လို ့ဆိုတဲ့အခါမွာ ဒီသည္းခံျခင္းဆိုတဲ့ ခႏၱီတရားဟာ အေရးပါတဲ့တရားျဖစ္တယ္။

သည္းခံတယ္ဆိုတာကို လူေတြက အရႈံးေပးတယ္လို႔ ျမင္ေနၾကတယ္။ သည္းခံတာဟာ အရႈံးေပးတာမဟုတ္ဘူး။ အႏိုင္ယူတာသာျဖစ္တယ္။

ေလာကလူသားေတြရဲ ့ရႈံးျခင္းႏိုင္ျခင္းလို ့ဆိုတဲ့ သတ္မွတ္ခ်က္ဟာ ဗုဒၶျမတ္စြာရဲ ့သတ္မွတ္ခ်က္နဲ ့
အင္မတန္မွ ကြာျခားတယ္။

ေလာကလူေတြက ကုိယ္ကျပန္မေျပာလိုက္ရဘူး၊ ဘာမွမလုပ္လိုက္ရဘူးဆိုရင္ ရႈံးတယ္လို ့ထင္ေနတယ္။တကယ္ေတာ့ ကုိယ္က အႏိုင္ရလိုက္တာပါ။ အႏိုင္အရႈံးဆိုတာ ေသေသခ်ာခ်ာ တြက္ခ်က္ၾကည့္တဲ့အခါ သည္းခံမႈက ႏိုင္လိုက္တယ္ဆိုတာ အင္မတန္မွ ထင္ရွားတယ္။

Credit:ဓမၼေရခ်မ္းစင္

ၾကီးပြားေရး
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


 လောကမှာနေထိုင်တာ တစ်ဦးတစ်ယောက်တည်း နေထိုင်တာ မဟုတ်သည့်အတွက်ကြောင့် သည်းခံခြင်းဆိုတဲ့ ဂုဏ်ရည်ဟာ အများနဲ့ ဆက်ဆံတဲ့အခါမှာ အလွန်အရေးကြီးတဲ့ ဂုဏ်ရည်တစ်ခုဖြစ်တယ်။

ဒါတင်မကဘူး ကုသိုလ်ရဖို့အတွက် အရေးကြီးဆုံးက သည်းခံမှုပဲပေါ့။ အဲတော့ သည်းခံမှုမရှိရင် ကုသိုလ်တောင်မရနိုင်ဘူးလို့ ဒီလိုဆိုလို့ရတယ်။

ဒါကြောင့်မို့သည်းခံခြင်းဆိုတဲ့တရားဟာ
သူတော်သူမြတ်တို့ရဲ့အရည်အသွေးဖြစ်တာမို့ ဘုရားအလောင်းတော်တွေဟာ ပါရမီဖြည့်တဲ့အခါမှာ ခန္တီပါရမီဆိုတာကို သီးသီးသန့်သန့် ဖြည့်ဆည်းရတယ်။

သည်းခံတယ်လို့ဆိုတဲ့နေရာမှာ သည်းခံစရာတွေဟာ ဘာတွေရှိသလဲဆိုတော့ သည်းခံစရာတွေ လိုက်ကြည့်မယ်ဆိုရင် ကိုယ့်အပေါ်မှာ စော်ကားပြောဆိုတဲ့ စကားတစ်မျိုးတည်းတင် သည်းခံစရာမဟုတ်ဘူး။

ကိုယ့်ပေါ်မှာ စော်ကားပြောဆိုတဲ့ စကားကိုလည်း သည်းခံတယ်။ ကိုယ့်သန္တာန်မှာ ဖြစ်ပျက်လာတဲ့ ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာတွေကိုလည်း သည်းခံတယ်။ ရာသီဥတုဒဏ်တွေကိုလည်း သည်းခံတယ်။ သည်းခံပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လုပ်နေတယ်လို့ အဓိပ္ပါယ်ကိုပြောတာနော်။

မိမိအပေါ်မှာ ဘယ်အရာတွေပဲဖြစ်ဖြစ် သူများက စော်ကားတဲ့အရာတွေလည်း ကိုယ့်အပေါ်မှာ တင်ထားလိုက်တယ်။ တွန်းဖယ်မချဘူး။

ဆင်းရဲဒုက္ခတွေကိုလည်း တွန်းဖယ်မချဘူး။ လက်ခံထားလိုက်တယ်။ အဲဒီလို လက်ခံထားနိုင်တဲ့ စွမ်းရည်သတ္တိတွေနဲ့ ကိုယ့်စိတ်ဟာ တုန်လှုပ်ခြောက်ခြားခြင်း မရှိဘဲနဲ့ အရာရာကို ရင်ဆိုင်ပြီးတော့ စိတ်အားမပျက်ဘဲနဲ့နေတာ ဒါ သည်းခံတယ်လို့ပြောတာ။

ခံနိုင်ရည်ရှိတယ်။ ဆန့်ကျင်ဘက်တွေလာတဲ့အခါမှာ ဘယ်လိုပဲ ဆန့်ကျင်မှုတွေလာလာ ခံနိုင်ရည်ရှိတယ်။ ခံနိုင်ရည်ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်က ဘာကိုပြောတာတုန်းဆိုတော့ မိမိအပေါ်မှာ ဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့စိတ်ဓာတ်ကို ပြောင်းလဲသွားစေနိုင်တဲ့ မခံနိုင်လောက်တဲ့ အတိုင်းအတာတစ်ခု ကိုယ့်မှာ ဖြစ်ပေါ်လာလို့ရှိရင် စိတ်အခြေအနေမပြောင်းဘဲနဲ့ခံနိုင်ရည်ရှိတာ။ အဲဒီခံနိုင်ရည်ရှိတာကို ခန္တီလို့ခေါ်တယ်။

ခန္တီရဲ့သဘောကို ပြောမယ်ဆိုရင် ဒေါသမဖြစ်တာလဲ ခန္တီပဲ၊ မေတ္တာမပျက်နေနိုင်တာလည်း ခန္တီပဲ၊ အပြုံးမပျက်နေတာလည်း ခန္တီပဲလို့ဒီလိုပြောတယ်။

ပြန်မပြောပေမယ့်လို့ စိတ်ထဲက ဒေါသထွက်နေရင် ခန္တီမဟုတ်ဘူး။ အဓိကက စိတ်ထဲက မည်သို့မျှ ပြောင်းလဲခြင်းမရှိဘဲနဲ့ပင်ကိုယ်စိတ် အခြေအနေတစ်ခုကို ထိန်းသိမ်းထားနိုင်တဲ့
စိတ်ဓာတ်အရည်အချင်းတစ်မျိုးလို့ ဒီလိုခေါ်ရမယ်။

လူတော်လူကောင်းဖြစ်ဖို့ထူးခြားတဲ့ အရည်အချင်းတွေနဲ့ပြည့်စုံဖို့လို့ဆိုတဲ့အခါမှာ ဒီသည်းခံခြင်းဆိုတဲ့ ခန္တီတရားဟာ အရေးပါတဲ့တရားဖြစ်တယ်။

သည်းခံတယ်ဆိုတာကို လူတွေက အရှုံးပေးတယ်လို့ မြင်နေကြတယ်။ သည်းခံတာဟာ အရှုံးပေးတာမဟုတ်ဘူး။ အနိုင်ယူတာသာဖြစ်တယ်။

လောကလူသားတွေရဲ့ရှုံးခြင်းနိုင်ခြင်းလို့ဆိုတဲ့ သတ်မှတ်ချက်ဟာ ဗုဒ္ဓမြတ်စွာရဲ့သတ်မှတ်ချက်နဲ့
အင်မတန်မှ ကွာခြားတယ်။

လောကလူတွေက ကိုယ်ကပြန်မပြောလိုက်ရဘူး၊ ဘာမှမလုပ်လိုက်ရဘူးဆိုရင် ရှုံးတယ်လို့ထင်နေတယ်။တကယ်တော့ ကိုယ်က အနိုင်ရလိုက်တာပါ။ အနိုင်အရှုံးဆိုတာ သေသေချာချာ တွက်ချက်ကြည့်တဲ့အခါ သည်းခံမှုက နိုင်လိုက်တယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။

Credit:ဓမ္မရေချမ်းစင်

ကြီးပွားရေး
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top