iMyanmarHouse.com - Best Property Website for Myanmar
×

ပတ္ထရစ္ရွာဟာ လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာကတည္းက ရုပ္ရွင္နယ္ပယ္ထဲမွာနာမည္ရျပီးသား မင္းသမီးေလးတစ္လက္ျဖစ္သလို ေမာ္ဒယ္ဘဝကတည္းက ပရိသတ္အားေပးမႈေတြရရွိထားသူလည္းျဖစ္ပါတယ္။ ေနာက္ပိုင္းနွစ္ေတြမွာ ပရိသတ္ေတြနဲ႔ အလွမ္းေဝးေနသလိုျဖစ္ေနတဲ့ ပတ္ထရစ္ရွာက မၾကာေသးမီက အင္တာဗ်ဴးတစ္ခုမွာ ရုပ္ရွင္ေတြရံုတင္တာေနာက္က်လို႔ ပရိသတ္ေတြနဲ႔ အဆက္ျပတ္ေနသလိုျဖစ္ေနေၾကာင္းနဲ႔လက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္း ေျပာျပသြားပါတယ္။

ရွာရွာက လက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္းကုိ “ရုပ္ရွင္ေလးေတြရိုက္စရာရွိတယ္။ ရုပ္ရွင္ကားၾကီးေတြေပါ့ေနာ္။ ေနာက္ျပီးေတာ့ အျခားနုိင္ငံဘက္နဲ႔လည္းပူးေပါင္းျပီးေတာ့ ရုိက္ဖို႔ရွိပါတယ္။ အဲဒါေလးကေတာ့ အရမ္းၾကီး confirm မျဖစ္ေသးေတာ့ ညီမ မေျပာျပခ်င္ေသးဘူးေပါ့ေနာ္။ ရုိက္ဖို႔ေတာ့ရွိပါတယ္လုိ႔။ ဟုတ္”လို႔ ေျပာျပထားပါတယ္။

ရုပ္ရွင္ေတြဆက္တုိက္ရိုက္ေနေပမယ့္ ပရိသတ္ေတြနဲ႔ အဆက္ျပတ္ေနရတဲ့အေၾကာင္းကုိ ရွာရွာက “ဟုတ္တယ္။ ညီမ 2019 ဝင္ခါနီးအထိ ကားေတြရုိက္လိုက္တယ္ေပါ့ေနာ္။ကားေတြက ရံုမတင္ေသးတာေပါ့။ Reflection က ေနာက္ဆံုးတင္္လိုက္သလိုျဖစ္ေနတာ။ ေနာက္မွာ ညီမရုပ္ရွင္ကားၾကီးေတြအမ်ားၾကီးရွိေသးတယ္ေပါ့ေနာ္။ မတင္ေသးတာပါလို႔။ ပရိသတ္ေတြကလည္း စိတ္ရွည္လက္ရွည္နဲ႔ ခဏေစာင့္ေပးပါလို႔”ဆိုျပီး ေမတၱာရပ္ခံထားပါတယ္။

ရုပ္ရွင္ကားေတြရံုတင္တာေနာက္က်လို႔ အဆင္မေျပျဖစ္ရေၾကာင္းကုိ ရွာရွာက “ညီမကေတာ့ အမွန္အတိုင္းေျပာရရင္ ညီမရုပ္ရွင္ကားၾကီးေတြကုိ 2019 မွာပဲရံုတင္ေစခ်င္တယ္။ အရမ္းၾကီးၾကာသြားရင္ ကားတစ္ကားက အဲဒီထဲမွာဝတ္ထားတဲ့ ဖက္ရွင္ေတြေရာ ဇာတ္ေကာေပါ့ေနာ္ ကြာဟမႈျဖစ္သြားေတာ့ သိပ္မေကာင္းဘူးေပါ့ေနာ္။ ျမန္ျမန္ရံုတင္ေစခ်င္တယ္။ အခုေနာက္ပိုင္းကလည္း ကြာလတီကားေတြ အရမ္းအရမ္းကုိၾကိဳးစားထားတဲ့ကားေတြ အရမ္းမ်ားလာေတာ့ ဒီလိုကားၾကီးေတြနဲ႔ယွဥ္ျပီးေတာ့ တင္တဲ့အခါက်ရင္ အခက္အခဲေတြျဖစ္လာနုိင္တယ္ေပါ့ေနာ္။ အခုလိုအခ်ိန္မွာ ဟုိးအရင္ကတည္းက ရိုက္ထားတဲ့ကားေတြမတင္ေသးတဲ့အခါက်ေတာ့ သိပ္အဆင္မေျပဘူးေပါ့ေနာ္။ အဲ့လိုမ်ိဳး ညီမေတာ့ ယူဆမိတယ္။ ညီမ ဟာသကားတစ္ကားရိုက္ထားတယ္။ အဲဒါကုိရံုတင္ေတာ့မွာဆိုျပီးမတင္ေသးဘူး။ ေနာက္ျပီးေတာ့ ဒရာမာကားတစ္ကားကလည္း ရံုတင္ခါနီးမွေနာက္ဆံုးကဒ္ေလးတစ္ကဒ္ျပန္ရုိက္ခ်င္တယ္။ဇာတ္ကုိျပန္ေျပာင္းခ်င္တယ္ေပါ့ေနာ္။ အဲဒီလိုျဖစ္ေနတာ့ ရံုတင္မလိုနဲ႔ အဲဒီနားမွာတစ္ေနတာ။ ညီမကေတာ့ ျမန္ျမန္တင္ေစခ်င္ျပီ။ ကားေတြကရိုက္ထားတာလည္းၾကာျပီေလ”လို႔ ရင္ဖြင့္ေျပာျပထားပါတယ္။ ရွာရွာက ရံုတင္ဖုိ႔ရုပ္ရွင္ေတြကားနွစ္ဆယ္ေလာက္ရွိျပီလို႔လည္းေျပာသြားပါေသးတယ္။

ရွာရွုာက ပရိသတ္ေတြရဲ႕ေဝဖန္စကားေတြကိုအေလးထားနားေထာင္ျဖစ္တယ္လို႔ “အခ်ိဳ႕ေတြရွိတယ္ေလ။ သူ႔ဟာသူေျပာခ်င္တာေျပာ။ ငါ့ဟာငါလုပ္ခ်င္တာလုပ္မယ္လို႔။အဲလိုမ်ဳိးေနေနတာလည္းမေကာင္းဘူး။ ကုိယ္လမ္းမွားေရာက္သြားနုိ္င္တယ္ေလ။ hater ေတြရဲ႕စကားေတြကုိနားမေထာင္ဘူးဆိုတာေတာ့လက္ခံတယ္။ ကုိယ့္ကုိေကာင္းေစခ်င္တဲ့ အျပဳသေဘာနဲ႔ ေျပာတဲ့စကားေတြကုိေတာ့ နားေထာင္ျပီးကုိယ့္ကုိယ္ကုိယ္ျပဳျပင္သင့္တယ္လို႔ထင္တယ္ေပါ့ေနာ္”လို႔ ေျပာျပထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ရွာရွာကိုခ်စ္ၾကလား။ ရွာရွာရဲ႕ရုပ္ရွင္ဇာတ္ကားၾကီးေတြကုိ အျမန္ဆံုးရံုတင္ေစခ်င္ျပီလား။ ရံုတင္ရင္ေရာသြားေရာက္အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး.။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Can’t Wait To Say
#Unicode Version#
ပတ်ထရစ်ရှာဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရုပ်ရှင်နယ်ပယ်ထဲမှာနာမည်ရပြီးသား မင်းသမီးလေးတစ်လက်ဖြစ်သလို မော်ဒယ်ဘဝကတည်းက ပရိသတ်အားပေးမှုတွေရရှိထားသူလည်းဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ပရိသတ်တွေနဲ့ အလှမ်းဝေးနေသလိုဖြစ်နေတဲ့ ပတ်ထရစ်ရှာက မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ရုပ်ရှင်တွေရုံတင်တာနောက်ကျလို့ ပရိသတ်တွေနဲ့ အဆက်ပြတ်နေသလိုဖြစ်နေကြောင်းနဲ့လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်း ပြောပြသွားပါတယ်။

ရှာရှာက လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “ရုပ်ရှင်လေးတွေရိုက်စရာရှိတယ်။ ရုပ်ရှင်ကားကြီးတွေပေါ့နော်။ နောက်ပြီးတော့ အခြားနိုင်ငံဘက်နဲ့လည်းပူးပေါင်းပြီးတော့ ရိုက်ဖို့ရှိပါတယ်။ အဲဒါလေးကတော့ အရမ်းကြီး confirm မဖြစ်သေးတော့ ညီမ မပြောပြချင်သေးဘူးပေါ့နော်။ ရိုက်ဖို့တော့ရှိပါတယ်လို့။ ဟုတ်”လို့ ပြောပြထားပါတယ်။

ရုပ်ရှင်တွေဆက်တိုက်ရိုက်နေပေမယ့် ပရိသတ်တွေနဲ့ အဆက်ပြတ်နေရတဲ့အကြောင်းကို ရှာရှာက “ဟုတ်တယ်။ ညီမ 2019 ဝင်ခါနီးအထိ ကားတွေရိုက်လိုက်တယ်ပေါ့နော်။ကားတွေက ရုံမတင်သေးတာပေါ့။ Reflection က နောက်ဆုံးတင်လိုက်သလိုဖြစ်နေတာ။ နောက်မှာ ညီမရုပ်ရှင်ကားကြီးတွေအများကြီးရှိသေးတယ်ပေါ့နော်။ မတင်သေးတာပါလို့။ ပရိသတ်တွေကလည်း စိတ်ရှည်လက်ရှည်နဲ့ ခဏစောင့်ပေးပါလို့”ဆိုပြီး မေတ္တာရပ်ခံထားပါတယ်။

ရုပ်ရှင်ကားတွေရုံတင်တာနောက်ကျလို့ အဆင်မပြေဖြစ်ရကြောင်းကို ရှာရှာက “ညီမကတော့ အမှန်အတိုင်းပြောရရင် ညီမရုပ်ရှင်ကားကြီးတွေကို 2019 မှာပဲရုံတင်စေချင်တယ်။ အရမ်းကြီးကြာသွားရင် ကားတစ်ကားက အဲဒီထဲမှာဝတ်ထားတဲ့ ဖက်ရှင်တွေရော ဇာတ်ကောပေါ့နော် ကွာဟမှုဖြစ်သွားတော့ သိပ်မကောင်းဘူးပေါ့နော်။ မြန်မြန်ရုံတင်စေချင်တယ်။ အခုနောက်ပိုင်းကလည်း ကွာလတီကားတွေ အရမ်းအရမ်းကိုကြိုးစားထားတဲ့ကားတွေ အရမ်းများလာတော့ ဒီလိုကားကြီးတွေနဲ့ယှဉ်ပြီးတော့ တင်တဲ့အခါကျရင် အခက်အခဲတွေဖြစ်လာနိုင်တယ်ပေါ့နော်။ အခုလိုအချိန်မှာ ဟိုးအရင်ကတည်းက ရိုက်ထားတဲ့ကားတွေမတင်သေးတဲ့အခါကျတော့ သိပ်အဆင်မပြေဘူးပေါ့နော်။ အဲ့လိုမျိုး ညီမတော့ ယူဆမိတယ်။ ညီမ ဟာသကားတစ်ကားရိုက်ထားတယ်။ အဲဒါကိုရုံတင်တော့မှာဆိုပြီးမတင်သေးဘူး။ နောက်ပြီးတော့ ဒရာမာကားတစ်ကားကလည်း ရုံတင်ခါနီးမှနောက်ဆုံးကဒ်လေးတစ်ကဒ်ပြန်ရိုက်ချင်တယ်။ဇာတ်ကိုပြန်ပြောင်းချင်တယ်ပေါ့နော်။ အဲဒီလိုဖြစ်နေတာ့ ရုံတင်မလိုနဲ့ အဲဒီနားမှာတစ်နေတာ။ ညီမကတော့ မြန်မြန်တင်စေချင်ပြီ။ ကားတွေကရိုက်ထားတာလည်းကြာပြီလေ”လို့ ရင်ဖွင့်ပြောပြထားပါတယ်။ ရှာရှာက ရုံတင်ဖို့ရုပ်ရှင်တွေကားနှစ်ဆယ်လောက်ရှိပြီလို့လည်းပြောသွားပါသေးတယ်။

ရှာရှုာက ပရိသတ်တွေရဲ့ဝေဖန်စကားတွေကိုအလေးထားနားထောင်ဖြစ်တယ်လို့ “အချို့တွေရှိတယ်လေ။ သူ့ဟာသူပြောချင်တာပြော။ ငါ့ဟာငါလုပ်ချင်တာလုပ်မယ်လို့။အဲလိုမျိုးနေနေတာလည်းမကောင်းဘူး။ ကိုယ်လမ်းမှားရောက်သွားနိုင်တယ်လေ။ hater တွေရဲ့စကားတွေကိုနားမထောင်ဘူးဆိုတာတော့လက်ခံတယ်။ ကိုယ့်ကိုကောင်းစေချင်တဲ့ အပြုသဘောနဲ့ ပြောတဲ့စကားတွေကိုတော့ နားထောင်ပြီးကိုယ့်ကိုယ်ကိုယ်ပြုပြင်သင့်တယ်လို့ထင်တယ်ပေါ့နော်”လို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရှာရှာကိုချစ်ကြလား။ ရှာရှာရဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကို အမြန်ဆုံးရုံတင်စေချင်ပြီလား။ ရုံတင်ရင်ရောသွားရောက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး.။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Can’t Wait To Say
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top