iMyanmarHouse.com - Best Property Website for Myanmar
×


မိန္းကေလးေတြရဲ႕ ဘဝ မွာ အပ်ိဳေဖာ္ဝင္ခ်ိန္မွစၿပီး ေသြးမဆုံးမခ်င္း(ကိုယ္ဝန္ ေဆာင္တာ၊ ပဋိသေႏၶ တားေဆး ေသာက္တာ၊ ရာသီထိမ္တာ စတဲ့ အေၾကာင္း ရင္းေတြ မရွိဘူးဆိုရင္) လစဥ္ ဓမၼတာ ရာသီလာေလ့ ရွိပါတယ္။ တစ္ႀကိမ္ ရာသီလာတိုင္း ပ်မ္းမွ်အားျဖင့္ အခ်ိန္သုံးရက္မွ ငါးရက္ခန႔္ ၾကာျမင့္တတ္ ပါတယ္။

ရာသီလာတဲ့အခ်ိန္မွာ အမ်ိဳးသမီးအမ်ားစုဟာ ဗိုက္ေအာင့္တာ၊ ေလပြတာ၊ ရင္သား နာက်င္တာ၊ အစာခ်ဥ္ျခင္းတပ္တာ၊ စိတ္မသက္မသာ ခံစားရတာ၊ ေခါင္းကိုက္တာနဲ႔ ေညာင္းညာကိုက္ခဲမႈ စတဲ့ေဝဒနာေတြကို ခံစားရေလ့ရွိပါတယ္။ တခ်ိဳ႕ အမ်ိဳးသမီးေတြမွာေတာ့ ရာသီမလာခင္ ရက္အနည္းငယ္ အလိုကတည္းက ဒီေဝဒနာေတြကို ျပင္းျပင္းထန္ထန္ ခံစားရတတ္တဲ့အတြက္ ဒါကို ရာသီအႀကိဳေဝဒနာ (Premenstrual Syndrome) လို႔ေခၚပါတယ္။

ရာသီလာတဲ့ အခ်ိန္အေတာအတြင္းမွာ ေခါင္းေလွ်ာ္ေရခ်ိဳးရင္ အေအးမိတတ္တယ္ဆိုတဲ့ အယူအဆေၾကာင့္ ေရမခ်ိဳး၊ ေခါင္းမေလွ်ာ္ဘဲ မေနသင့္ပါဘူး။ တကယ္ေတာ့ ရာသီလာခ်ိန္ ေန႔ရက္ေတြမွာ ပုံမွန္အတိုင္း က်န္းမာသန႔္ရွင္းေနေအာင္ ထိန္းသိမ္းေနထိုင္ဖို႔ အေရးႀကီးပါတယ္။

ရာသီလာစဥ္ မိန္းမကိုယ္မွ အနံ႔ဆိုးထြက္ျခင္း ကင္းေစရန္

မိန္းကေလးအမ်ားစုဟာ သူတို႔ရဲ႕ မိန္းမကိုယ္မွ အနံ႔ဆိုးထြက္ေနမွာ ဒါမွမဟုတ္ သူတို႔ရာသီလာမွန္းတျခားသူေတြ ရိပ္မိသြားမွာကို စိုးရိမ္တတ္ၾကပါတယ္။ တကယ္ေတာ့ ပုံမွန္အေျခအေနမွာ မိန္းမကိုယ္ကေန ဘာအနံ႔မွ မထြက္တတ္ေပမယ့္ ရာသီေသြးဆင္းခ်ိန္မွာေတာ့ အနံ႔အသက္ အနည္းငယ္ ထြက္ႏိုင္ပါတယ္။

ဒီအေျခအေနအတြက္ စိတ္မပူပါနဲ႔။ ရာသီလာစဥ္ အေတာအတြင္းမွာ လစဥ္သုံး ဂြမ္းထုပ္ကို မၾကာခဏ လဲလွယ္ေပးတာ၊ ေန႔စဥ္ အခ်ိန္မွန္ ေရခ်ိဳး ေခါင္းေလွ်ာ္တာ၊ ေရခ်ိဳးၿပီးတိုင္း သန႔္ရွင္းေျခာက္ေသြ႕ကာ မီးပူတိုက္ထားတဲ့ အဝတ္အစားနဲ႔ အတြင္းခံ အဝတ္အစားေတြကို ဝတ္ဆင္တာ စတဲ့ အေလ့အထေတြကို လုပ္ေဆာင္ေပးႏိုင္ပါတယ္။

အဲဒီလို ျပဳလုပ္ၿပီးတာေတာင္ အခ်ိန္ၾကာတဲ့အထိ ငါးညႇီနံ႔လို အနံ႔ဆိုးထြက္ေနရင္၊ ပုံမွန္ထက္ ပိုမိုဆိုး႐ြားတဲ့ အနံ႔မ်ိဳးရေနရင္၊ ဒီလိုအနံ႔ထြက္တာနဲ႔အတူ မိန္းမကိုယ္ ယားယံတာ၊ အနာျဖစ္တာတို႔ တြဲရွိရင္ မိန္းမကိုယ္မႈိစြဲတဲ့ အေျခအေန ျဖစ္ႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးကာ ကုသမႈ ခံယူသင့္ပါတယ္။

မိန္းမကိုယ္ကို အလြန္အမင္း သန႔္ရွင္းေရးလုပ္ျခင္းေၾကာင့္ မထိခိုက္ေစရန္

တခ်ိဳ႕ မိန္းကေလးေတြဟာ ရာသီလာခ်ိန္မွာ မိန္းမကိုယ္ အတြင္းပိုင္းထဲအထိ ေရပန္းနဲ႔ေဆးေၾကာတာ၊ အနံ႔ဆိုးေပ်ာက္ေအာင္ အနံ႔ေမႊးလြန္းတဲ့ ဆပ္ျပာနဲ႔ တိုက္ခြၽတ္ ေဆးေၾကာတာနဲ႔ အေမြးနံ႔သာ ဖ်န္းေဆးသုံးတာ စတဲ့ နည္းလမ္းေတြကို အလြန္အကြၽံ ေဆာင္႐ြက္တတ္ၾကပါတယ္။

မိန္းမကိုယ္အတြင္းပိုင္းထဲအထိ ေဆးေၾကာတာက မိန္းမကိုယ္တစ္ဝိုက္ pH ဓာတ္ကို မညီမမွ် ျဖစ္ေစတာေၾကာင့္ ဓာတ္မတည့္မႈ ျဖစ္တာ၊ ယားယံတာနဲ႔ ကူးစက္ပိုး ဝင္တာေတြအထိေတာင္ ျဖစ္ႏိုင္ေျခရွိပါတယ္။ အေမႊးနံ႔သာဖ်န္းေဆးေတြ၊ အနံံ့အသက္ ေပ်ာက္ေဆးေတြကို သုံးစြဲတာကလည္း ဓာတ္မတည့္မႈ၊ ပိုးဝင္တာနဲ႔ ယားယံကာ စပ္ဖ်ဥ္းဖ်ဥ္း ျဖစ္တာေတြအထိ ျဖစ္တတ္ႏိုင္ပါတယ္။

မိန္းမကိုယ္မွာ သဘာဝ သန႔္စင္ေဆးေၾကာတဲ့စနစ္ ရွိၿပီးသားပါ။ ဓာတုပစၥည္းပါဝင္တဲ့ ဘယ္သန႔္စင္ေရး အသုံးအေဆာင္ကိုမွ မသုံးသင့္ပါဘူး။ ရာသီလာတဲ့ ေန႔ရက္ေတြမွာ တျခားေန႔ေတြမွာလိုပဲ အေမႊးရနံ႔မပါတဲ့ ဆပ္ျပာေပ်ာ့နဲ႔ ၾကက္သီးေႏြးေရကိုသုံးၿပီး မိန္းမကိုယ္အေပၚယံကို ေဆးေၾကာသန႔္စင္ ေပးႏိုင္ပါတယ္။

ဝမ္းသြားၿပီး သန႔္စင္ေဆးေၾကာတဲ့အခါ အေရွ႕ဘက္မွ အေနာက္ဘက္ကို သန႔္စင္ေပးပါ။ ေရခ်ိဳးတဲ့အခါ ၾကက္သီးေႏြးေရသုံးၿပီး ခ်ိဳးေပးရင္ ရာသီလာခ်ိန္အတြင္း ခံစားရတတ္တဲ့ ကိုက္ခဲနာက်င္မႈကို သက္သာေစပါတယ္။

ရာသီလာခ်ိန္ အေတာအတြင္းနဲ႔ ရာသီလာၿပီးခ်ိန္ေတြမွာ မိန္းမကိုယ္တစ္ဝိုက္ အေရျပား ယားယံတာ၊ အဖုငယ္ေတြ ေပါက္တာေတြက ဓာတ္မတည့္တဲ့ အေျခအေနပါ။ ဒီလို ဓာတ္မတည့္မႈေတြ ျဖစ္ေပၚရတာက လစဥ္သုံး ဂြမ္းထုပ္ပဝါကို လဲလွယ္သင့္တဲ့အခ်ိန္မွာ မလဲလွယ္မိတာေၾကာင့္ပါ။

တကယ္လို႔ ေအာက္ခံေဘာင္းဘီမွာ ရာသီေသြး စြန္းထင္းသြားရင္ ဂြမ္းထုပ္ပဝါနဲ႔အတူ ေအာက္ခံ ေဘာင္းဘီကိုပါ အသစ္လဲလွယ္ ဝတ္ဆင္ပါ။ ေအာက္ခံေဘာင္းဘီကို ေလဝင္ေလထြက္ေကာင္းၿပီး သက္ေသာင့္သက္သာ ရွိေစတဲ့ ခ်ည္သားေဘာင္းဘီ အမ်ိဳးအစား ေ႐ြးဝတ္ဖို႔ လိုအပ္ပါတယ္။

ရာသီလာစဥ္ ကိုက္ခဲျခင္း ကင္းေစရန္

တခ်ိဳ႕ မိန္းကေလးေတြမွာ လစဥ္ ဓမၼတာရာသီလာတိုင္း ကိုက္ခဲနာက်င္မႈကို ျပင္းျပင္းထန္ထန္ ခံစားရတဲ့အတြက္ ရာသီလာမယ့္ ေနရက္ေတြကို ႀကိဳေတြးၿပီး စိတ္ညစ္ေနတတ္ပါတယ္။ ဒီလိုမျဖစ္ေစဖို႔ လိုက္နာသင့္တဲ့ အခ်က္ေတြကို အႀကံျပဳခ်င္ပါတယ္။

(၁) စိတ္ဖိစီးမႈ မျဖစ္ေအာင္ ေနထိုင္ပါ

စိတ္ပူပင္ေသာကမ်ားတာ၊ စိတ္ရႈပ္တာ၊ စိတ္ညစ္တာေတြေၾကာင့္ ရာသီလာစဥ္ ကိုက္ခဲနာက်င္မႈ ျဖစ္တတ္သလို ရာသီမမွန္တာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။

(၂) အာဟာရျပည့္ဝေသာ အစာစားပါ

အဆီအအိမ့္စာေတြေရွာင္ၿပီး ဟင္းသီးဟင္း႐ြက္နဲ႔ သစ္သီးဝလံေတြကို မ်ားမ်ားစားေပးရပါမယ္။ အစာအာဟာရကို ျပည့္ဝမွ်တေအာင္စားၿပီး ဝမ္းမခ်ဳပ္ေအာင္ ဂ႐ုစိုက္သင့္ပါတယ္။ အခ်ိန္မွန္စားၿပီး အခ်ိန္မွန္မွန္ အိပ္စက္ အနားယူသင့္ပါတယ္။

(၃) ေလ့က်င့္ခန္းလုပ္ပါ

ေလ့က်င့္ခန္းအေနနဲ႔ လမ္းေလွ်ာက္တာ၊ ေရကူးတာ၊ ခပ္သြက္သြက္ေျပးတာ၊ စက္ဘီးစီးတာ စတဲ့ေပါ့ပါးတဲ့ ေလ့က်င့္ခန္းေတြကို တစ္ေန႔ မိနစ္ ၃၀ ခန႔္ ေခြၽးထြက္တဲ့အထိ လုပ္ေဆာင္ေပးသင့္ပါတယ္။ ဒီလို လုပ္တာေၾကာင့္ ခႏၶာကိုယ္ရွိ အဆီပိုေတြကင္းေစၿပီး ႂကြက္သားေတြကို သန္စြမ္းလာေစပါတယ္။

(၄) ရာသီလာစဥ္ နာက်င္ကိုက္ခဲေနလွ်င္ စိတ္ေျဖေလွ်ာ့ပါ

ရာသီလာခ်ိန္မွာ နာက်င္ကိုက္ခဲမႈေၾကာင့္ ေဒါသမထြက္ပါနဲ႔။ ေဒါသေၾကာင့္ နာက်င္မႈကို ပိုဆိုးေစလို႔ပါ။ အိပ္ရာထဲမွာ လဲေလ်ာင္းအနားယူၿပီး ဝင္ေလ၊ ထြက္ေလ မွတ္တာမ်ိဳး၊ တရားစာ ႐ြတ္တာမ်ိဳး လုပ္ေဆာင္ရင္း ဝမ္းဗိုက္မွာ ေရေႏြးအိတ္ ကပ္ထားေပးပါ။ ၾကက္သီးေႏြးေရထဲမွာစိမ္ၿပီး ေရခ်ိဳးေပးတာေၾကာင့္လည္း ေဝဒနာသက္သာၿပီး စိတ္ေရာကိုယ္ပါ လန္းဆန္းေစပါတယ္။

(၅) ကိုက္ခဲနာက်င္ေနလွ်င္ အကိုက္အခဲေပ်ာက္ေဆးေသာက္ပါ

ရာသီလာစဥ္ ကိုက္ခဲနာက်င္မႈ ေဝဒနာေၾကာင့္ အိပ္မေပ်ာ္ပါက အကိုက္အခဲ ေပ်ာက္ေဆး တစ္မ်ိဳး (ဥပမာ- Mefenamic Acid 500mg) ကို အစာစားၿပီး ေသာက္ေပးႏိုင္ပါတယ္။

Credit:lwinpyin

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


မိန်းကလေးတွေရဲ့ ဘဝ မှာ အပျိုဖော်ဝင်ချိန်မှစပြီး သွေးမဆုံးမချင်း(ကိုယ်ဝန် ဆောင်တာ၊ ပဋိသန္ဓေ တားဆေး သောက်တာ၊ ရာသီထိမ်တာ စတဲ့ အကြောင်း ရင်းတွေ မရှိဘူးဆိုရင်) လစဉ် ဓမ္မတာ ရာသီလာလေ့ ရှိပါတယ်။ တစ်ကြိမ် ရာသီလာတိုင်း ပျမ်းမျှအားဖြင့် အချိန်သုံးရက်မှ ငါးရက်ခန့် ကြာမြင့်တတ် ပါတယ်။

ရာသီလာတဲ့အချိန်မှာ အမျိုးသမီးအများစုဟာ ဗိုက်အောင့်တာ၊ လေပွတာ၊ ရင်သား နာကျင်တာ၊ အစာချဉ်ခြင်းတပ်တာ၊ စိတ်မသက်မသာ ခံစားရတာ၊ ခေါင်းကိုက်တာနဲ့ ညောင်းညာကိုက်ခဲမှု စတဲ့ဝေဒနာတွေကို ခံစားရလေ့ရှိပါတယ်။ တချို့ အမျိုးသမီးတွေမှာတော့ ရာသီမလာခင် ရက်အနည်းငယ် အလိုကတည်းက ဒီဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားရတတ်တဲ့အတွက် ဒါကို ရာသီအကြိုဝေဒနာ (Premenstrual Syndrome) လို့ခေါ်ပါတယ်။

ရာသီလာတဲ့ အချိန်အတောအတွင်းမှာ ခေါင်းလျှော်ရေချိုးရင် အအေးမိတတ်တယ်ဆိုတဲ့ အယူအဆကြောင့် ရေမချိုး၊ ခေါင်းမလျှော်ဘဲ မနေသင့်ပါဘူး။ တကယ်တော့ ရာသီလာချိန် နေ့ရက်တွေမှာ ပုံမှန်အတိုင်း ကျန်းမာသန့်ရှင်းနေအောင် ထိန်းသိမ်းနေထိုင်ဖို့ အရေးကြီးပါတယ်။

ရာသီလာစဉ် မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း ကင်းစေရန်

မိန်းကလေးအများစုဟာ သူတို့ရဲ့ မိန်းမကိုယ်မှ အနံ့ဆိုးထွက်နေမှာ ဒါမှမဟုတ် သူတို့ရာသီလာမှန်းတခြားသူတွေ ရိပ်မိသွားမှာကို စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ ပုံမှန်အခြေအနေမှာ မိန်းမကိုယ်ကနေ ဘာအနံ့မှ မထွက်တတ်ပေမယ့် ရာသီသွေးဆင်းချိန်မှာတော့ အနံ့အသက် အနည်းငယ် ထွက်နိုင်ပါတယ်။

ဒီအခြေအနေအတွက် စိတ်မပူပါနဲ့။ ရာသီလာစဉ် အတောအတွင်းမှာ လစဉ်သုံး ဂွမ်းထုပ်ကို မကြာခဏ လဲလှယ်ပေးတာ၊ နေ့စဉ် အချိန်မှန် ရေချိုး ခေါင်းလျှော်တာ၊ ရေချိုးပြီးတိုင်း သန့်ရှင်းခြောက်သွေ့ကာ မီးပူတိုက်ထားတဲ့ အဝတ်အစားနဲ့ အတွင်းခံ အဝတ်အစားတွေကို ဝတ်ဆင်တာ စတဲ့ အလေ့အထတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

အဲဒီလို ပြုလုပ်ပြီးတာတောင် အချိန်ကြာတဲ့အထိ ငါးညှီနံ့လို အနံ့ဆိုးထွက်နေရင်၊ ပုံမှန်ထက် ပိုမိုဆိုးရွားတဲ့ အနံ့မျိုးရနေရင်၊ ဒီလိုအနံ့ထွက်တာနဲ့အတူ မိန်းမကိုယ် ယားယံတာ၊ အနာဖြစ်တာတို့ တွဲရှိရင် မိန်းမကိုယ်မှိုစွဲတဲ့ အခြေအနေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ ကုသမှု ခံယူသင့်ပါတယ်။

မိန်းမကိုယ်ကို အလွန်အမင်း သန့်ရှင်းရေးလုပ်ခြင်းကြောင့် မထိခိုက်စေရန်

တချို့ မိန်းကလေးတွေဟာ ရာသီလာချိန်မှာ မိန်းမကိုယ် အတွင်းပိုင်းထဲအထိ ရေပန်းနဲ့ဆေးကြောတာ၊ အနံ့ဆိုးပျောက်အောင် အနံ့မွှေးလွန်းတဲ့ ဆပ်ပြာနဲ့ တိုက်ချွတ် ဆေးကြောတာနဲ့ အမွေးနံ့သာ ဖျန်းဆေးသုံးတာ စတဲ့ နည်းလမ်းတွေကို အလွန်အကျွံ ဆောင်ရွက်တတ်ကြပါတယ်။

မိန်းမကိုယ်အတွင်းပိုင်းထဲအထိ ဆေးကြောတာက မိန်းမကိုယ်တစ်ဝိုက် pH ဓာတ်ကို မညီမမျှ ဖြစ်စေတာကြောင့် ဓာတ်မတည့်မှု ဖြစ်တာ၊ ယားယံတာနဲ့ ကူးစက်ပိုး ဝင်တာတွေအထိတောင် ဖြစ်နိုင်ခြေရှိပါတယ်။ အမွှေးနံ့သာဖျန်းဆေးတွေ၊ အနံံ့အသက် ပျောက်ဆေးတွေကို သုံးစွဲတာကလည်း ဓာတ်မတည့်မှု၊ ပိုးဝင်တာနဲ့ ယားယံကာ စပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေအထိ ဖြစ်တတ်နိုင်ပါတယ်။

မိန်းမကိုယ်မှာ သဘာဝ သန့်စင်ဆေးကြောတဲ့စနစ် ရှိပြီးသားပါ။ ဓာတုပစ္စည်းပါဝင်တဲ့ ဘယ်သန့်စင်ရေး အသုံးအဆောင်ကိုမှ မသုံးသင့်ပါဘူး။ ရာသီလာတဲ့ နေ့ရက်တွေမှာ တခြားနေ့တွေမှာလိုပဲ အမွှေးရနံ့မပါတဲ့ ဆပ်ပြာပျော့နဲ့ ကြက်သီးနွေးရေကိုသုံးပြီး မိန်းမကိုယ်အပေါ်ယံကို ဆေးကြောသန့်စင် ပေးနိုင်ပါတယ်။

ဝမ်းသွားပြီး သန့်စင်ဆေးကြောတဲ့အခါ အရှေ့ဘက်မှ အနောက်ဘက်ကို သန့်စင်ပေးပါ။ ရေချိုးတဲ့အခါ ကြက်သီးနွေးရေသုံးပြီး ချိုးပေးရင် ရာသီလာချိန်အတွင်း ခံစားရတတ်တဲ့ ကိုက်ခဲနာကျင်မှုကို သက်သာစေပါတယ်။

ရာသီလာချိန် အတောအတွင်းနဲ့ ရာသီလာပြီးချိန်တွေမှာ မိန်းမကိုယ်တစ်ဝိုက် အရေပြား ယားယံတာ၊ အဖုငယ်တွေ ပေါက်တာတွေက ဓာတ်မတည့်တဲ့ အခြေအနေပါ။ ဒီလို ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်ရတာက လစဉ်သုံး ဂွမ်းထုပ်ပဝါကို လဲလှယ်သင့်တဲ့အချိန်မှာ မလဲလှယ်မိတာကြောင့်ပါ။

တကယ်လို့ အောက်ခံဘောင်းဘီမှာ ရာသီသွေး စွန်းထင်းသွားရင် ဂွမ်းထုပ်ပဝါနဲ့အတူ အောက်ခံ ဘောင်းဘီကိုပါ အသစ်လဲလှယ် ဝတ်ဆင်ပါ။ အောက်ခံဘောင်းဘီကို လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာ ရှိစေတဲ့ ချည်သားဘောင်းဘီ အမျိုးအစား ရွေးဝတ်ဖို့ လိုအပ်ပါတယ်။

ရာသီလာစဉ် ကိုက်ခဲခြင်း ကင်းစေရန်

တချို့ မိန်းကလေးတွေမှာ လစဉ် ဓမ္မတာရာသီလာတိုင်း ကိုက်ခဲနာကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားရတဲ့အတွက် ရာသီလာမယ့် နေရက်တွေကို ကြိုတွေးပြီး စိတ်ညစ်နေတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို အကြံပြုချင်ပါတယ်။

(၁) စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်ပါ

စိတ်ပူပင်သောကများတာ၊ စိတ်ရှုပ်တာ၊ စိတ်ညစ်တာတွေကြောင့် ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဖြစ်တတ်သလို ရာသီမမှန်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

(၂) အာဟာရပြည့်ဝသော အစာစားပါ

အဆီအအိမ့်စာတွေရှောင်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားပေးရပါမယ်။ အစာအာဟာရကို ပြည့်ဝမျှတအောင်စားပြီး ဝမ်းမချုပ်အောင် ဂရုစိုက်သင့်ပါတယ်။ အချိန်မှန်စားပြီး အချိန်မှန်မှန် အိပ်စက် အနားယူသင့်ပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်တာ၊ ရေကူးတာ၊ ခပ်သွက်သွက်ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ မိနစ် ၃၀ ခန့် ချွေးထွက်တဲ့အထိ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလို လုပ်တာကြောင့် ခန္ဓာကိုယ်ရှိ အဆီပိုတွေကင်းစေပြီး ကြွက်သားတွေကို သန်စွမ်းလာစေပါတယ်။

(၄) ရာသီလာစဉ် နာကျင်ကိုက်ခဲနေလျှင် စိတ်ဖြေလျှော့ပါ

ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကြောင့် ဒေါသမထွက်ပါနဲ့။ ဒေါသကြောင့် နာကျင်မှုကို ပိုဆိုးစေလို့ပါ။ အိပ်ရာထဲမှာ လဲလျောင်းအနားယူပြီး ဝင်လေ၊ ထွက်လေ မှတ်တာမျိုး၊ တရားစာ ရွတ်တာမျိုး လုပ်ဆောင်ရင်း ဝမ်းဗိုက်မှာ ရေနွေးအိတ် ကပ်ထားပေးပါ။ ကြက်သီးနွေးရေထဲမှာစိမ်ပြီး ရေချိုးပေးတာကြောင့်လည်း ဝေဒနာသက်သာပြီး စိတ်ရောကိုယ်ပါ လန်းဆန်းစေပါတယ်။

(၅) ကိုက်ခဲနာကျင်နေလျှင် အကိုက်အခဲပျောက်ဆေးသောက်ပါ

ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဝေဒနာကြောင့် အိပ်မပျော်ပါက အကိုက်အခဲ ပျောက်ဆေး တစ်မျိုး (ဥပမာ- Mefenamic Acid 500mg) ကို အစာစားပြီး သောက်ပေးနိုင်ပါတယ်။

Credit:lwinpyin

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top