iMyanmarHouse.com - Best Property Website for Myanmar
×






Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #


လောကကြီးမှာရှိတဲ့လူတော်တော်များများက အချစ်နဲ့ပတ်သတ်ပြီး အယူအဆမှားယွင်းနေတာကိုတွေ့ရပါတယ်…။အဲ့အယူအဆကတော့ ချစ်တာနဲ့ကြိုက်တာနဲ့တူတယ်ဆိုတာပါပဲ…။အဲ့ဒါကြောင့် ချစ်တာနဲ့ကြိုက်တာသဘောကျတာ ဘယ်လိုကွဲပြား သွားသလဲဆိုတာ ပြောပြပေးမယ်နော်။

လူတစ်ယောက်ကို ကြိုက်တယ်သဘောကျတယ်ဆိုတာ မြတ်နိုးခြင်း ကာကွယ်စောင့်ရှောက်ခြင်းမပါပါဘူး…။အပေါ်ယံကြည့်ရင်သာ မြတ်နိုးသလိုလိုထင်ရတာပါ…။ကြိုက်တယ်ဆိုတာ ကိုယ့်ရမ္မက်အတွက်ကြည့်တာပဲ ဖြစ်ပါတယ်…။

အစားအစာကို ကြိုက်လို့စားတယ် အရာဝတ္ထုတစ်ခုကို သဘောကျလို့သုံးစွဲတယ်ဆိုတာ ကိုယ့်အကျိုးအတွက်ပဲ ကြည့်တာမို့လို့ ကြိုက်တယ်လို့ပြောကြတာပါ…။ချစ်တယ် ဆိုတာမှာတော့  ကိုယ့်အကျိုးကို အနစ်နာခံပြီး ကိုယ်ချစ်နေတဲ့လူရဲ့ အကျိုးစီးပွားကိုဖြည့်ဆည်းပေးတာပါ…။ဒါ့အပြင် ချစ်ခြင်းမှာ မြတ်နိုးခြင်းနဲ့ကာကွယ်စောင့်ရှောက်လိုခြင်း ပါပါတယ်…။

 လောကကြီးမှာ အချစ်ဟန်ဆောင်တဲ့ကြိုက်ခြင်းတွေသာများပြားပါတယ်…။ဒါကြောင့် အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါသဘောကျ ကြိုက်ခြင်းကိုရှောင်ရှားပြီး ချစ်ခြင်းတွေနဲ့သာ ရွေးချယ်လိုက်ပါနော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top