iMyanmarHouse.com - Best Property Website for Myanmar
×



‘’ပုဂံရတနာသုိက္’’ ရုပ္ရွင္ကားႀကီးကုိ တရုတ္-ျမန္မာ ပထမဆုံးအႀကိမ္အျဖစ္ ပူးေပါင္းရုိက္ကူးသြားမွာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ သရုပ္ေဆာင္ ႏုိင္းႏုိင္း၊ ဝတ္မႈံေရႊရည္နဲ႔ တရုတ္မင္းသမီးေခ်ာေလး Anqi Fu-Heကလည္း အဓိက သရုပ္ေဆာင္အေနနဲ႔ ပါဝင္သြားမွာျဖစ္ပါတယ္။

တရုတ္-ျမန္မာ ပထမဆုံးအႀကိမ္ပူးေပါင္းရုိက္ကူးမယ့္ ‘’ပုဂံရတနာသုိက္’’ ရုပ္ရွင္ဇာတ္ကားႀကီး ကုိေတာ့ ၂၀၂၀ခုႏွစ္မွာ က်ေရာက္မယ့္ တရုတ္-ျမန္မာ သံတမန္ထူေထာင္ေရး ႏွစ္ ၇၀ျပည့္ အထိမ္းအမွတ္အျဖစ္ တရုတ္ႏုိင္ငံမွ TWF Company ,Good Fortune Investment Company နဲ႔ ျမန္မာႏုိင္ငံမွ International Travel Asia Company , Brave Empire Entertainment တုိ႔မွ အက်ဳိးတူ ပူးေပါင္းရုိက္ကူးသြားမယ္လုိ႔ သိရပါတယ္။



‘’ပုဂံရတနာသုိက္’’ ရုပ္ရွင္ဇာတ္ကားႀကီး မိတ္ဆက္ပြဲကုိ ဧၿပီလ ၂၃ ရက္ေန႔က China Culture Center မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ ဒီရုပ္သံဇာတ္လမ္းတြဲကုိ ရုိက္ရျခင္းမွာလည္း ျမန္မာႏုိင္ငံကုိ လာေရာက္လည္ပတ္သူ ကမၻာလွည့္ခရီးသြားမ်ား ပုိမုိမ်ားျပားလာေရးနဲ႔ တရုတ္-ျမန္မာ ႏွစ္ႏုိင္ငံ သံတမန္ဆက္ဆံေရး ပုိမုိခုိင္မာေစဖုိ႔ကုိ ရည္ရြယ္တယ္လုိ႔ သိရပါတယ္။

ဇာတ္ကားရဲ႕ ထူးျခားမႈအေနနဲ႔ ျမန္မာႏုိင္ငံအတြင္းမွာရွိတဲ့ သဘာဝအလွတရား၊ ပုဂံၿမိဳ႕ရဲ႕ ေရွးေဟာင္းအေမြအႏွစ္မ်ားကုိ ကမၻာကသိေအာင္ ပုံေဖာ္ရုိက္ကူးသြားမွာျဖစ္ၿပီး တုိင္းရင္းသားေတြရဲ႕ ရုိးရာဓေလ့ေတြကိုလည္း ေဖာ္က်ဴးရုိက္ကူးသြားမယ္လုိ႔ သိရပါတယ္။

ဒီဇာတ္ကားထဲမွာ ပါဝင္သရုပ္ေဆာင္သြားမယ့္ အႏုပညာရွင္ေတြကေတာ့ ႏုိင္းႏုိင္း၊ ဝတ္မႈံေရႊရည္နဲ႔ တရုတ္မင္းသမီးေလး Anqi Fu-He တုိ႔ကလည္း အဓိက ပါဝင္သရုပ္ေဆာင္သြားၾကမွာျဖစ္ပါတယ္။ ‘’ပုဂံရတနာသုိက္’’ ဇာတ္ကားကုိ မရုိက္ခင္ ၆ လကတည္းက ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္သြားမယ္လုိ႔ သိရပါတယ္။



ဒီဇာတ္ကားကုိ ၂၀၁၉ ခုႏွစ္ ၁၀ လပုိင္းမွာ ရုိက္ကူးသြားမယ္လုိ႔ သိရၿပီး ၂၀၂၀ ခုႏွစ္မွာ ရုံတင္ျပသႏုိင္ဖုိ႔ ႀကိဳးစားသြားမယ္လုိ႔ သိရပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


‘’ပုဂံရတနာသိုက်’’ ရုပ်ရှင်ကားကြီးကို တရုတ်-မြန်မာ ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နိုင်းနိုင်း၊ ဝတ်မှုံရွှေရည်နဲ့ တရုတ်မင်းသမီးချောလေး Anqi Fu-Heကလည်း အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။

တရုတ်-မြန်မာ ပထမဆုံးအကြိမ်ပူးပေါင်းရိုက်ကူးမယ့် ‘’ပုဂံရတနာသိုက်’’ ရုပ်ရှင်ဇာတ်ကားကြီး ကိုတော့ ၂၀၂၀ခုနှစ်မှာ ကျရောက်မယ့် တရုတ်-မြန်မာ သံတမန်ထူထောင်ရေး နှစ် ၇၀ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံမှ TWF Company ,Good Fortune Investment Company နဲ့ မြန်မာနိုင်ငံမှ International Travel Asia Company , Brave Empire Entertainment တို့မှ အကျိုးတူ ပူးပေါင်းရိုက်ကူးသွားမယ်လို့ သိရပါတယ်။

‘’ပုဂံရတနာသိုက်’’ ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ပွဲကို ဧပြီလ ၂၃ ရက်နေ့က China Culture Center မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲကို ရိုက်ရခြင်းမှာလည်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုများပြားလာရေးနဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ကို ရည်ရွယ်တယ်လို့ သိရပါတယ်။

ဇာတ်ကားရဲ့ ထူးခြားမှုအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ သဘာဝအလှတရား၊ ပုဂံမြို့ရဲ့ ရှေးဟောင်းအမွေအနှစ်များကို ကမ္ဘာကသိအောင် ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေကိုလည်း ဖော်ကျူးရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ့် အနုပညာရှင်တွေကတော့ နိုင်းနိုင်း၊ ဝတ်မှုံရွှေရည်နဲ့ တရုတ်မင်းသမီးလေး Anqi Fu-He တို့ကလည်း အဓိက ပါဝင်သရုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။ ‘’ပုဂံရတနာသိုက်’’ ဇာတ်ကားကို မရိုက်ခင် ၆ လကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီဇာတ်ကားကို ၂၀၁၉ ခုနှစ် ၁၀ လပိုင်းမှာ ရိုက်ကူးသွားမယ်လို့ သိရပြီး ၂၀၂၀ ခုနှစ်မှာ ရုံတင်ပြသနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top