iMyanmarHouse.com - Best Property Website for Myanmar
×
အဆင်မပြေခြင်း
အိမ်ခွဲနေပါ
Credit:marry
ချစ်ရေးချစ်ရာ
ပို့သပေးပါတယ်။
# Unicode Version # ဖြင့် ဖတ်ပါ #
အိမ်ထောင်တစ်ခု တည်ဆောက်လိုက်ပြီဆိုရင်တော့ ကိုယ့်အိမ်ထောင်ဘက်ရဲ့ မိသားစုဝင်တွေကို မဖြစ်မနေ ပတ်သက်ရမှာပါ။ အိမ်ခွဲပြီးနေတဲ့ စုံတွဲတွေမှာ သိပ်မသိသာပေမယ့် ဆွေမျိုးတွေနဲ့ အတူတူ နေတဲ့သူတွေမှာတော့ မိသားစု ပြဿနာတွေက ပိုပြီး သိသာပါတယ်။
 ချွေးမနဲ့ ယောက္ခမ၊ ယောင်းမတွေ အဆင်မပြေကြတာလည်း ထုံးစံတစ်ခုပဲ ဆိုတော့ ပြဿနာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ သိထားဖို့ လိုပါတယ်။
အဆင်မပြေခြင်း
အိမ်ရှင်မလေးတွေတို့ရေ ယောက္ခမ၊ ယောင်းမတွေနဲ့ အဆင်မပြေတာကတော့ အကြောင်းမျိုးစုံပါပဲ။ ကိုယ့်ယောကျာ်းရှာသမျှ ယောက္ခမဆီ အပ်တာ၊ ယောင်းမက သူ့မောင်မှသူ့မောင်၊ သူ့အကိုမှသူ့အကို လုပ်နေလို့ စိတ်ညစ်ရတာ၊ ကိုယ့်ကို အမြင်စောင်းနေတာ အစရှိသလို ပြဿနာတွေ၊ အကြောင်း အရာတွေက ဘယ်တော့မှ မရိုးသွား၊ မထပ်သွားပါဘူး။ ဒီလိုကိစ္စတွေကြောင့် စိတ်ညစ်နေရတယ် ဆိုရင်တော့ ဖြေရှင်းနိုင်ဖို့ ကြိုးစားပါ။
ကိုယ့်ယောကျာ်းကို ပြောပြပါ
ကိုယ်ခံစားနေရတဲ့ အချက်တွေ ယောကျာ်းကို ပြောပြပေးပါ။ သူ့ဘက်က တုန့်ပြန်မှုကို မေးမြန်းပါ။ ကိုယ့်ယောကျာ်းရဲ့ တုန့်ပြန်မှုပေါ် မူတည်ပြီး ဖြေရှင်းရမှာပါ။ တချို့ ယောကျ်ားလေးတွေက အမေနဲ့ ယောင်းမက မှန်တယ်လို့ တွေးနေတာမျိုးလည်း ရှိတတ်တာကြောင့်ပါ။ ကိုယ့်ရဲ့ အဆင်မပြေမှုကို ညှိယူပါ။
အိမ်ခွဲနေပါ
ယောက္ခမနဲ့ ယောင်းမကြောင့် စိတ်ညစ်နေရပြီဆိုရင်တော့ ရန်ဖြစ်တာတွေ၊ စိတ်ဆိုးတာတွေ လုပ်မနေဘဲ အတတ်နိုင်ဆုံး ရှောင်ထွက်ပါ။ အိမ်ခွဲနေပါ။ အိမ်ခွဲနေနိုင်ဖို့ ကြိုးစားပါ။ အိမ်ခွဲနေမယ်ဆိုရင်တော့ ပြဿနာတွေ နည်းသွားနိုင်ပါတယ်နော်။
ကိုယ့်ယောကျ်ားကိုလည်း အိမ်ခွဲနေဖို့ ပြောပါ။ ကိုယ်နဲ့ သူ့မိသားစုကြား စည်းခြားပါ။ စည်းခြားပါဆိုတာက သူတို့နဲ့ လုံးဝမပတ်သက်ရဘူးလို့ မဆိုလိုဘူးနော်။ သူတို့နဲ့ ပတ်သက်ပြီး ကိုယ့်စိတ်တွေ အမြင်မဆိုးဖို့ အစရှိသလိုပိုင်းခြားပါ။
ကိုယ်ပိုင်ဝင်ငွေနဲ့ ဆုံးဖြတ်ချက် ရှိဖို့ ကြိုးစားပါ
အိမ်ထောင်ရှင်မလေးတို့ရေ အိမ်ထောင်တခုမှာ အဆင်ပြေနေစေဖို့ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဝင်ငွေ ရှိဖို့ လိုပါတယ်။ အိမ်ထောင်ရှင်မလေးတို့အနေနဲ့ ယောက္ခမ၊ ယောင်းမနဲ့ အဆင်မပြေတာတွေ မဖြစ်စေဖို့ ဝင်ငွေလေးတစ်ခု ရှိအောင်လုပ်ပါ။ အရာရာ အတတ်နိုင်ဆုံး ကိုယ့်အားကိုယ်ကိုးပါ။ ဆုံးဖြတ်ချက်လည်း ကိုယ်တိုင်ချပါ။ ဒါက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပြီး လူမှုရေး ပြဿနာတွေမှာပါ အဆင်ပြေလာစေမှာပါ။
ဘာကြောင့်စိတ်ညစ်နေရလဲ အဖြေရှာပါ
ပြဿနာဆိုတာ ရှိရင်တော့ ဖြေရှင်းရမယ့် နည်းလမ်းလည်း ရှိမှာသေချာပါတယ်။ ယောက္ခမ၊ ယောင်းမတွေနဲ့ ပြဿနာ တက်ရတဲ့ အဓိက အကြောင်းအရင်းက ဘာလဲဆိုတာ အရင်သိအောင် လုပ်ပါ။ ပြီးရင်တော့ ဖြေရှင်းဖို့ နည်းလမ်းရှာပါ။
ဒီလိုပြဿနာတွေကို ရင်ဆိုင်နေရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ကြောင်း သတိပြုပြီး ဖြေရှင်းပါနော်။ အရမ်းစိတ်ညစ်နေတာ စိတ်ဓါတ်ကျနေတာမျိုး မဟုတ်ဘဲ အမျိုးသားနဲ့ တိုင်ပင်ဆွေးနွေးပါ။
Credit:marry
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top