iMyanmarHouse.com - Best Property Website for Myanmar
×


လက္သီးဆုပ္ႏိုင္မွ လက္ထပ္ျခင္းျဖင့္ လက္တစ္လံုးျခား အေသးအမႊား ျပႆနာမ်ား ေလ်ာ့က်သြားႏိုင္ပါတယ္….

“လက္သီးဆုပ္တာမ်ား ဘာခက္လို႕လဲ လက္ငါးေခ်ာင္း ေကြးညႊတ္လိုက္ရံုနဲ႕ လက္သီးျဖစ္တာပဲ…”
ဟုတ္ကဲ့ လြယ္ပါတယ္……… အဓိပၸါယ္ေတြနဲ႔ျပည့္စံုေနျပီးအားအင္ရိွတဲ့ အားကိုးခ်င္စရာ လက္တစ္ဆုပ္စာအတြက္ေတာ့ မလြယ္ကူႏိုင္ပါဘူး…..

ျပီးျပည့္စံုတဲ့ လက္ (၅) ေခ်ာင္းနဲ႔ လက္သီးဆုပ္ႏိုင္ဖို႔ လက္ေခ်ာင္းေတြ အသံုးျပဳ ျပီး စာေတြၾကိဳးစား အေရးအတတ္ အတန္းပညာ လက္ေတြ႕လုပ္ေဆာင္ခ်က္ပညာေတြ သင္ၾကားခဲ့ၾကရပါတယ္…
သတ္မွတ္ထားတဲ့ အရည္အခ်င္းတစ္ခု ရရိွျပီဆိုတာနဲ႔ ေလာကဓံကို ၾကံ႕ၾကံ႕ခံႏိုင္ဖို႕ ေလွ်ာက္လွမ္းၾကရပါေတာ့မယ္…..

နံပတ္ (၁) အေနျဖင့္ လက္မ ေထာင္ႏိုင္ေအာင္ ၾကိဳးစားၾကရပါမယ္….

လုပ္ငန္းခြင္ စတင္ ဝင္ပါျပီ ဆိုတာနဲ႕ ပံုစံမတူတဲ့ ေဘာင္ထဲမွာ အစီအစဥ္္တက် ရုန္းကန္ရပါေတာ့မယ္။ အခ်ိန္ၾကာလာတာႏွင့္ အမွ် အသားတက် အေနအထားလွလာျပီ ၊ထိုက္သင့္သေလာက္ ေငြေၾကးစုမိလာျပီဆိုရင္ေတာ့ ပထမဆံုး ေျခလွမ္းအေနျဖင့္ သင္လက္မေထာင္လို႕ရပါျပီ။

နံပတ္ (၂) အေနျဖင့္ လက္ညိွဳးထိုး လမ္းညႊန္ျပသႏိုင္ပါျပီ……
လက္မေထာင္ႏိုင္တဲ့ အေနအထားမွာ အရာရာကို ထိန္းခ်ဳပ္ေခါင္းေဆာင္ႏိုင္စြမ္းေတြ ျမင့္မားလာျပီ ဆိုရင္ေတာ့ လက္ညိွဳးထိုးျပီး အလိုရိွရာမ်ားကို လမ္းညြန္ကာ ကူညီေဖးမအတူတကြ ဆက္လက္ၾကိဳးစားၾကရပါတယ္…

ခ်စ္သူစံုတြဲမ်ားမွာလဲ လက္ညိွဳးေငါက္ေငါက္ထိုး ျဖစ္ပ်က္ခဲ႔ျပီးတဲ႔ ကိစၥျပႆနာမ်ားကို အနာေဟာင္းျပန္စြတာမ်ိဳးမလုပ္ပဲ နားလည္မႈေတြနဲ႔ေရွ႕ဆက္ဖို႔ ႀကိဳးစားၾကရပါမယ္………

နံပါတ္(၃) အေနျဖင့္ လက္ခလယ္ (ဆဲဆိုေဒါသ ထြက္ျခင္းမ်ားလဲ ၾကံဳေတြ႕လာႏိုင္ပါတယ္)

အျမင္မတူတဲ့ လူအခ်င္းခ်င္း ေဘာင္ညွိရင္း လက္ခလယ္ အလယ္အလတ္အေနအထား (အမွန္တရား) စကားေျပာဆိုၾကတဲ့အခါ ဆဲဆိုေဒါသထြက္ကာ ခံစားခ်က္မ်ားကိုလည္း ေလ်ာ့ခ်ပစ္ၾကရတာမ်ိဳးေတြရိွတတ္ပါတယ္….

ခ်စ္သူစံုတြဲမ်ားမွာလဲ ကိုယ္ခ်စ္မိတဲ႔ မိန္းမသားတေယာက္ကို ကိုယ္ထိလက္ေရာက္က်ဴးလြန္တာထက္ ဆဲဆိုျခင္းေတြေတာင္ အတတ္နိုင္ဆံုး မျပဳလုပ္ပဲ ေရွာင္ရွားသင့္ပါတယ္….

နံပါတ္ (၄) အေနျဖင့္ လက္သန္းအတြက္ ကတိေတြကို အသက္ထက္ တန္ဖိုးထား သစၥာတရားျမဲျမံေနဖို႕ အေရးႀကီးပါတယ္…
မိမိလက္တြဲေဖာ္ေလာင္း ခ်စ္ျမတ္ႏိုးရသူအတြက္ အသက္ထက္ တန္ဖိုးထား သစၥာတရားျမဲျမံေနမွသာ ႏွစ္ဦးသားႀကိဳးစား
စိတ္ကူးယဥ္ကမၻာနားကို အခက္အခဲမရိွေလွ်ာက္လွမ္းႏိုင္မွာ ျဖစ္ပါတယ္……

နံပါတ္ (၅) ေနာက္ဆံုး အခ်က္အေနျဖင့္လက္္သန္းၾကြယ္ လက္ထပ္ဖို႔ရာ ကိုယ္စားျပဳပါေတာ့မယ္

လက္ငါးေခ်ာင္းလံုး ဘယ္ဘက္ႏွင့္ ညာဘက္ လက္ျခင္းထပ္ကာ လက္ေခ်ာင္း တစ္စံုခ်င္းဆီ ခြာၾကည့္ပါ လက္သန္းၾကြယ္က ခြဲခြာလို႕မရသလို ကြဲကြာလည္း မသြားပါဘူး……

ခြဲခြာလို႕ မရတဲ့ လက္သန္းၾကြယ္ ကိုခ်စ္ခင္စံုမက္ျခင္း ကိုယ္စားျပဳ လက္ထပ္လက္စြပ္အေနျဖင့္ ဆင္ျမန္းဝတ္ဆင္ကာ တူဆင္ႏႊဲတဲ့
မဂၤလာပြဲေလးကို ေပ်ာ္ရႊင္စြာ က်င္းပႏုိင္ပါျပီ။

လက္ေခ်ာင္းအားလံုး အတြက္ လိုအပ္ခ်က္ေတြ အဆင့္ဆင့္ ေက်ာ္ျဖတ္ျပီး သကာလ လက္သီးလက္ေမာင္းတန္းကာ ေရႊလက္ကိုဆြဲတူႏွစ္ကိုယ္ ေပ်ာ္ရႊင္ႏႊဲတဲ့ မဂၤလာပြဲေလး ျဖစ္ႏိုင္ဖို႕အတြက္ လက္ေတြ႕လုပ္ေဆာင္ ႀကိဳးစားႏိုင္ပါျပီ။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


လက်သီးဆုပ်နိုင်မှ လက်ထပ်ခြင်းဖြင့် လက်တစ်လုံးခြား အသေးအမွှား ပြဿနာများ လျော့ကျသွားနိုင်ပါတယ်….

“လက်သီးဆုပ်တာများ ဘာခက်လို့လဲ လက်ငါးချောင်း ကွေးညွှတ်လိုက်ရုံနဲ့ လက်သီးဖြစ်တာပဲ…”
ဟုတ်ကဲ့ လွယ်ပါတယ်……… အဓိပ္ပါယ်တွေနဲ့ပြည့်စုံနေပြီးအားအင်ရှိတဲ့ အားကိုးချင်စရာ လက်တစ်ဆုပ်စာအတွက်တော့ မလွယ်ကူနိုင်ပါဘူး…..

ပြီးပြည့်စုံတဲ့ လက် (၅) ချောင်းနဲ့ လက်သီးဆုပ်နိုင်ဖို့ လက်ချောင်းတွေ အသုံးပြု ပြီး စာတွေကြိုးစား အရေးအတတ် အတန်းပညာ လက်တွေ့လုပ်ဆောင်ချက်ပညာတွေ သင်ကြားခဲ့ကြရပါတယ်…
သတ်မှတ်ထားတဲ့ အရည်အချင်းတစ်ခု ရရှိပြီဆိုတာနဲ့ လောကဓံကို ကြံ့ကြံ့ခံနိုင်ဖို့ လျှောက်လှမ်းကြရပါတော့မယ်…..

နံပတ် (၁) အနေဖြင့် လက်မ ထောင်နိုင်အောင် ကြိုးစားကြရပါမယ်….

လုပ်ငန်းခွင် စတင် ဝင်ပါပြီ ဆိုတာနဲ့ ပုံစံမတူတဲ့ ဘောင်ထဲမှာ အစီအစဉ်တကျ ရုန်းကန်ရပါတော့မယ်။ အချိန်ကြာလာတာနှင့် အမျှ အသားတကျ အနေအထားလှလာပြီ ၊ထိုက်သင့်သလောက် ငွေကြေးစုမိလာပြီဆိုရင်တော့ ပထမဆုံး ခြေလှမ်းအနေဖြင့် သင်လက်မထောင်လို့ရပါပြီ။

နံပတ် (၂) အနေဖြင့် လက်ညှိုးထိုး လမ်းညွှန်ပြသနိုင်ပါပြီ……
လက်မထောင်နိုင်တဲ့ အနေအထားမှာ အရာရာကို ထိန်းချုပ်ခေါင်းဆောင်နိုင်စွမ်းတွေ မြင့်မားလာပြီ ဆိုရင်တော့ လက်ညှိုးထိုးပြီး အလိုရှိရာများကို လမ်းညွန်ကာ ကူညီဖေးမအတူတကွ ဆက်လက်ကြိုးစားကြရပါတယ်…

ချစ်သူစုံတွဲများမှာလဲ လက်ညှိုးငေါက်ငေါက်ထိုး ဖြစ်ပျက်ခဲ့ပြီးတဲ့ ကိစ္စပြဿနာများကို အနာဟောင်းပြန်စွတာမျိုးမလုပ်ပဲ နားလည်မှုတွေနဲ့ရှေ့ဆက်ဖို့ ကြိုးစားကြရပါမယ်………

နံပါတ်(၃) အနေဖြင့် လက်ခလယ် (ဆဲဆိုဒေါသ ထွက်ခြင်းများလဲ ကြုံတွေ့လာနိုင်ပါတယ်)

အမြင်မတူတဲ့ လူအချင်းချင်း ဘောင်ညှိရင်း လက်ခလယ် အလယ်အလတ်အနေအထား (အမှန်တရား) စကားပြောဆိုကြတဲ့အခါ ဆဲဆိုဒေါသထွက်ကာ ခံစားချက်များကိုလည်း လျော့ချပစ်ကြရတာမျိုးတွေရှိတတ်ပါတယ်….

ချစ်သူစုံတွဲများမှာလဲ ကိုယ်ချစ်မိတဲ့ မိန်းမသားတယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တာထက် ဆဲဆိုခြင်းတွေတောင် အတတ်နိုင်ဆုံး မပြုလုပ်ပဲ ရှောင်ရှားသင့်ပါတယ်….

နံပါတ် (၄) အနေဖြင့် လက်သန်းအတွက် ကတိတွေကို အသက်ထက် တန်ဖိုးထား သစ္စာတရားမြဲမြံနေဖို့ အရေးကြီးပါတယ်…
မိမိလက်တွဲဖော်လောင်း ချစ်မြတ်နိုးရသူအတွက် အသက်ထက် တန်ဖိုးထား သစ္စာတရားမြဲမြံနေမှသာ နှစ်ဦးသားကြိုးစား
စိတ်ကူးယဉ်ကမ္ဘာနားကို အခက်အခဲမရှိလျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်……

နံပါတ် (၅) နောက်ဆုံး အချက်အနေဖြင့်လက်သန်းကြွယ် လက်ထပ်ဖို့ရာ ကိုယ်စားပြုပါတော့မယ်

လက်ငါးချောင်းလုံး ဘယ်ဘက်နှင့် ညာဘက် လက်ခြင်းထပ်ကာ လက်ချောင်း တစ်စုံချင်းဆီ ခွာကြည့်ပါ လက်သန်းကြွယ်က ခွဲခွာလို့မရသလို ကွဲကွာလည်း မသွားပါဘူး……

ခွဲခွာလို့ မရတဲ့ လက်သန်းကြွယ် ကိုချစ်ခင်စုံမက်ခြင်း ကိုယ်စားပြု လက်ထပ်လက်စွပ်အနေဖြင့် ဆင်မြန်းဝတ်ဆင်ကာ တူဆင်နွှဲတဲ့
မင်္ဂလာပွဲလေးကို ပျော်ရွှင်စွာ ကျင်းပနိုင်ပါပြီ။

လက်ချောင်းအားလုံး အတွက် လိုအပ်ချက်တွေ အဆင့်ဆင့် ကျော်ဖြတ်ပြီး သကာလ လက်သီးလက်မောင်းတန်းကာ ရွှေလက်ကိုဆွဲတူနှစ်ကိုယ် ပျော်ရွှင်နွှဲတဲ့ မင်္ဂလာပွဲလေး ဖြစ်နိုင်ဖို့အတွက် လက်တွေ့လုပ်ဆောင် ကြိုးစားနိုင်ပါပြီ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top