iMyanmarHouse.com - Best Property Website for Myanmar
×


သိပ္မၾကာခင္မွာ ျမန္လူမ်ိဳးေတြရဲ႕ ရိုးရာပြဲေတာ္တစ္ခုျဖစ္တဲ့ သၾကၤန္ပြဲေတာ္ကေရာက္လာေတာ့ မယ္ေနာ္။ လူငယ္ေတြကေတာ့ လူငယ္ပီပီ သၾကၤန္မ်ာ ေပ်ာ္ၾကကဲၾကမွာေပါ့။ ရိပ္သာဝင္တာ သာသနာ႔ေဘာင္ဝင္တာေတြလည္းရွိႏိုင္ပါတယ္။

အခုဒီေဆာင္းပါးကို ဖတ္ေနတဲ့ ပရိသတ္ေရာ သၾကၤန္မွာဘာေတြလုပ္မယ္လို႔ စဥ္းစားထားလဲ။ သၾကၤန္ကို ကားနဲ႔လည္မွာလား၊ မ႑ပ္ထိုင္မွာလား။ ဒီႏွစ္ခုထဲက ဘယ္တစ္ခုခုေရြးေရြး သၾကၤန္ေရကေတာ့ စိုမွာအေသအခ်ာပါပဲ။

သၾကၤန္ေရဆိုတာ အႏၱရာယ္ကင္းတယ္လို႔ သီခ်င္းေလးေတာင္ရွိေသးတယ္ေနာ္။ အခုေခတ္မွာေရာ သၾကၤန္ေရက အႏၱရာယ္ကင္းလား၊ သၾကၤန္ေရတိုင္းကေရာ သန္႔ရဲ႕လား။ သၾကၤန္အတြင္းမွာ ေရပက္ခံရင္ပဲျဖစျ္ဖစ္၊ ေရပက္ရင္ပဲျဖစ္ျဖစ္ ေရအမ်ိဳးစံုနဲ႔ထိေတြ႔တာနဲ႔ ေနဒဏ္၊ေလဒဏ္ေတြေၾကာင့္ အေရျပားျပႆနာေတြခံစားရႏိုင္ပါတယ္။

သၾကၤန္ေရက အႏၱရာယ္ကင္းလား

သၾကၤန္မွာ ေရတိုင္းက အႏၱရာယ္မကင္းပါဘူး။ ေရေတြမသန္႔တဲ့အခါ အရင္ဆံုးထိခိုက္ႏိုင္တဲ့ အစိတ္အပိုင္းက ခႏၶာကိုယ္ရဲ႕ အၾကီးဆံုးအစိတ္အပိုင္းျဖစ္တဲ့ အေရျပားပါ။ သၾကၤန္မွာ ျဖစ္နိုင္တဲ့ အေရျပားျပႆနာေတြအမ်ားၾကီးရွိႏုိင္ပါတယ္။

အေရျပားေနေလာင္ပ်က္စီးျခင္း

တစ္ႏွစ္မွာ တစ္ခါပဲၾကံဳရတာဆိုျပီး သၾကၤန္ကို မနက္ကစလို႔ ညေနအထိတစ္ေနကုန္ေအာင္လည္ၾက ေပ်ာ္ၾကတာမ်ားမယ္ထင္ပါတယ္။ ဒီလိုလည္တဲ့အခါ သၾကၤန္လည္တာပဲ ေရစိုရင္ အေရျပားေပၚမွာလူးထားတာေတြမထူးဘူး ပ်က္သြားမွာပဲလို႔ေတြးျပီး ဘာမွမလူးဘဲ လည္မလို႔စဥ္းစားေနလား။

သၾကၤန္မွာ ေနေလာင္ဒဏ္ခံရႏိုင္ေျခက ပံုမွန္ထက္ပုိမ်ားပါတယ္။ ေသခ်ာတာက သၾကၤန္လည္ပါတယ္ဆိုမွ ဘယ္သူမွ ကားကိုအလံုပိတ္ျပီး မလည္ဘူးေလ။ ဒီလိုပဲ မ႑ပ္ထိုင္ရင္လည္း ေနပူပူထဲမွာအမိုးေအာက္ထဲေနျပီး ေလဒဏ္ခံရင္း ေရပက္ၾကတာပဲေလ။

အေရျပားမွာ အဖုအပိမ့္ေတြထြက္ျခင္း

သၾကၤန္ေရေတြထဲမွာ သန္႔ရွင္းတဲ့ေရေတြရွိသလုိ ကန္ေတြ၊ သိုေလွာင္ထားတဲ့ ေရေတြနဲ႔ပက္တဲ့အခါ ေရထဲမွာ မ်က္စိနဲ႔မျမင္ႏိုင္တ့ဲ ပိုးမႊားေလးေတြပါေနခဲ့ရင္ အေရျပားမွာ ကပ္ျငိေနျပီး အေရျပားမွာ ယားယံေစတဲ့ အဖုအပိမ့္ေလးေတြ ထြက္လာတာမ်ိဳးျဖစ္ႏိုင္ပါတယ္။

အေရျပားမွာ အင္ပ်ဥ္ထြက္ျခင္း

ဒါကေရမသန္႔တာေၾကာင့္ျဖစ္နိုင္သလို ေနဒဏ္နဲ႔ ပတ္ဝန္းက်င္ကညစ္ညမ္းတဲ့အရာေတြန႔ဲ ထိေတြ႔မိတာေၾကာင့္လည္းျဖစ္နိုင္ပါတယ္။ ေနာက္ထပ္ျဖစ္ႏိုင္ေျခတစ္ခုက သၾကၤန္တြင္းမွာ ဘီ ယာေသာက္တာေၾကာင့္ မုေယာစပါးနဲ႔ဓာတ္မတည့္ျဖစ္တာ၊ အယ္လ္ကိုေဟာ ဓာတ္မတည့္ တာေတြျဖစ္တာေၾကာင့္ အေရျပားမွာ အင္ပ်ဥ္ထြက္လာတာပါ။

ႏွင္းခူ

ဒါကေတာ့ ခ်က္ခ်င္းမျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ ေန႔စဥ္ရက္ဆက္ ေနေလာင္ဒဏ္၊ ေလဒဏ္ေတြ ခံရတာ၊ ေရေသာက္နည္းတာေၾကာင့္ အေရျပားေျခာက္ေသြ႔တာေတြကေနတဆင့္ အခ်ိန္ၾကာ လာတာနဲ႔အမွ် အေရျပားမွာ ႏွင္းခူျဖစ္လာနိုင္ပါတယ္။

ေပြး

ေရညွိေတြမွာေပါက္ဖြားေနထိုင္တာ၊ ကန္ေတြထဲမွာေပါက္ဖြားရွင္သန္ေနတဲ့ ဘက္တီးရီးယားေလး၊ မိႈပိုးေလးေတြ ေရထဲမွာပါဝင္တာကေနတဆင့္ အေရျပားကိုထိခိုက္ပ်က္စီးေစျပီး အေရျပားမွာ ေပြးေတြျဖစ္ေစတာပါ။

အေရျပားေျခာက္ေသြ႔ပ်က္စီးျခင္း

ေရထဲမွာ ပိုးသတ္ေဆးေတြ၊ အပင္သံုးဓာတ္ေျမၾသဇာေတြေပ်ာ္ဝင္ေနမယ္ဆိုရင္ အဆိုပါေရေတြနဲ႔ ထိေတြ႔မိတဲ့အခါအေပၚယံအေရျပားကိုေျခာက္ေသြ႔တာေတြထိခိုက္ပ်က္စီးတာေတြကိုျဖစ္ေစႏိုင္ပါတယ္။ အေရျပားကို ေရနဲ႔အခ်ိန္ၾကာျမင့္စြာထိေတြ႔တာကလည္း အေပၚယံအေရျပားကို ထိခိုက္ ပ်က္စီးေစႏိုင္ပါတယ္။ အေရျပားအဖတ္ေတြလန္ျပီး ေျခာက္ေသြ႔ကြဲအက္ပ်က္စီးတာေတြျဖစ္ ေစႏိုင္ပါတယ္။

တျခားအေရျပားျပႆနာအမ်ိဳးမ်ိဳး

ဒါေတြတင္မကေသးပါဘူး သၾကၤန္မွာ ဆပ္ျပာရည္ေတြနဲ႔အျခား အေမႊးအၾကိဳင္ထည့္ထားတဲ့ေရေတြနဲ႔ ထိေတြ႔မိတဲ့အခါ အေရျပားဓာတ္မတည့္တာ၊ အေရျပားမွာ အနီကြက္ေတြထ တာ၊ေျခာက္ေသြ႔ပ်က္ စီးတာ၊ မ်က္ႏွာမွာ ဝက္ျခံထြက္တာနဲ႔ အမ်ိဳးမ်ိဳးေသာ အေရျပားပ်က္စီးေစႏိုင္တဲ့ အေျခအေ နေတြေတြ႔ၾကံဳရႏိုင္ပါတယ္။

 ေလဒီေတြမွာဆိုရင္ ေရစိုခံမိတ္ကပ္ေတြနဲ႔ အေရာင္မပ်က္တဲ့ ႏႈတ္ခမ္းနီေတြ၊ အိုင္းလိုင္ နာေတြေၾကာင့္ မ်က္ႏွာ၊မ်က္ဝန္းတဝိုက္နဲ႔ ႏႈတ္ခမ္းအသားအေရေတြထိခိုက္ပ်က္စီးတာ မ်ိဳးအထိပါၾကံဳရႏိုင္ပါေသးတယ္။

သၾကၤန္ေရေၾကာင့္ အသားအေရမပ်က္စီးရေလေအာင္

သၾကၤန္ကို ေပ်ာ္လည္းေပ်ာ္ျပီး ျပီးသြားတဲ့အခါမွာလည္း ႏွစ္ဆန္းတစ္ရက္ ဘုရားသြားတာ၊ ေလွ်ာက္လည္တာေတြလုပ္တဲ့အခါ အလွမပ်က္ရေလေအာင္သၾကၤန္လည္ျပီး ျပန္လာတိုင္း အသားအေရကို ျပန္ထိန္းသိမ္းဖို႔ေျပာပါရေစ။

အမ်ားၾကီးမလုပ္ႏိုင္ရင္ေတာင္မွ သၾကၤန္လည္ျပီးျပန္လာတဲ့အခါ ေရသန္႔သန္႔ေလးနဲ႔ ဆပ္ျပာသံုးျပီး ေရခ်ိဳးသန္႔စင္ေပးပါ။ ျပီးရင္ေတာ့ တစ္ေန႔တာလံုး ထိခိုက္လာတဲ့အသားအေရကို Moisturizer ေလးလိမ္းေပးပါ။ အသားအေရကို အာဟာရဓာတ္ေတြျဖည့္ေပးႏုိင္တဲ့ Body lotion လူးေပးဖို႔လည္းမေမ့ပါနဲ႔။

မ်က္ႏွာကိုလည္း သခြားသီးကပ္ေပးတာနဲ႔ အျခား mask ကပ္တာမ်ိဳးေတြလုပ္ေပးလို႔လည္းရပါတယ္။ ေနာက္တစ္ခုက အိမ္တိုင္းလိုလိုမွာရွိတဲ့ သနပ္ခါးပါ။ သနပ္ခါးလူးေပးတာကလည္း အသားအေရကို ျပဳျပင္ထိန္းသိမ္းရာေရာက္ပါတယ္။ အေရျပားဓာတ္မတည့္တာမ်ိဳးျဖစ္တဲ့အခါမွာေတာ့ ဘာမီတြန္လိုမ်ိဳး ေဆးကိုေသာက္လို႔ရတယ္ဆိုေပမယ့္ အရမ္ျပင္းထန္ရင္ေတာ့

ဆရာဝန္နဲ႔ျပသၾကည့္ဖို႔ေျပာပါရေစ။

တစ္ေန႔တာလံုးမွာ ေရဓာတ္ျပည့္ဝေအာင္ မရခဲ့တာမ်ိဳးျဖစ္ႏိုင္တာေၾကာင့္ ေရဓာတ္ျပည့္ဝေအာင္ ေသာက္သံုးေပးဖို႔ကိုလည္း ေမ့မထားပါနဲ႔။ ေနာက္တစ္ခုက မနက္ခင္း အျပင္ထြက္မလည္ခင္မွာ တစ္ကိုယ္လံုးကို ေနေလာင္ကာခရင္မ္လူးသြားဖို႔ပါ။
သၾကၤန္ေရေၾကာင့္ ဘယ္လိုကာကြယ္မလဲ

လူတစ္ေယာက္ရဲ႕ သြင္ျပင္အေပၚ ေတာ္ေတ္ာေလးသက္ေရာက္မႈရွိေနတဲ့ အသားအေရကို သၾကၤန္ေရေၾကာင့္ ထိခိုက္ပ်က္စီးတာမ်ိဳး မျဖစ္ရေလေအာင္ အခုေျပာျပတဲ့နည္းလမ္းေလးေတြသံုးျပီး ကာကြယ္ၾကည့္ဖို႔ေျပာပါရေစ။

Moisturizer လူးေပးပါ – ပတ္ဝန္းက်င္မွာရွိေနတဲ့ မီးခိုေငြ႔ေတြ ဖုန္မႈန္႔ေတြနဲ႔ ေရထဲမွာပါတဲ့ဘက္တီးရီးယာေတြေၾကာင့္ အေရျပားထိခိုက္ပ်က္စီးတာမ်ိဳးမျဖစ္ရေလေအာင္ အသားအေရကို Moisturizer လူးေပးပါ။

ေနေလာင္ကာခရင္မ္လူးပါ – ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ အသားအေရထိခိုက္ပ်က္စီးသြားတာမ်ိဳးမျဖစ္ေစဖို႔အတြက္ သၾကၤန္မလည္ခင္ နာရီဝက္အလိုမွာ ေနေလာင္ကာခရင္မ္လူးေပးပါ။ သၾကၤန္မွာေနေလာင္ကာခရင္မ္ကို ေရစိုခံတာမ်ိဳးေရြးခ်ယ္ရပါမယ္။ ဒါ့အျပင္ေရစိုေနတာေၾကာင့္ ႏွစ္နာရီျခားအမ်ားဆံုးျခားျပီး ျပန္ျပန္လူးေပးရပါမယ္။

အေရျပားအတြက္ အေထာက္အကူျဖစ္ေစမယ့္ အစားအစာေတြစားေပးပါ – ဗီတာမင္ C ရရွိေစႏိုင္တဲ့ အစားအစာေတြကို စားသံုးေပးျပီး အေရျပားအတြက္ လိုအပ္တဲ့ ဓာတ္ေတြျဖည့္ေပးပါ။ ဗီတာမင္ C ကအသားအေရအတြက္သာမက ခႏၶာကိုယ္ က်န္းမာဖို႔လည္း အေထာက္အကူျပဳေပးပါတယ္။

အေရျပားကုိ ေခ်းခၽြတ္သန္႔စင္ပါ – သၾကၤန္လည္ျပီးျပန္လာတဲ့အခါ ခႏၶာကိုယ္မွာလူးထားသမွ်ေတြကို ဖယ္ရွားသန္႔စင္ျပီး ေရခ်ိဳးသန္႔စင္ပါ။ မ်က္ႏွာကို သန္႔စင္ျပီး ညလိမ္းခရင္မ္တစ္ခုခုလူးေပးပါ။ ခႏၶာကိုယ္ကိုလည္း အစိုဓာတ္ထိန္းေပးတဲ့ lotion တစ္မ်ိဳးမ်ိဳးလူးေပးပါ။

ေရေသာက္ပါ – ကဖင္းဓာတ္ပါတဲ့ ေသာက္စရာေတြနဲ႔ အယ္လ္ကိုေဟာပါတဲ့ ေသာက္စရာေတြကို တတ္ႏိုင္သမွ်ေရွာင္ျပီး ခႏၶာကိုယ္ကို ေရဓာတ္ျပည့္ျပည့္ဝဝရရွိေစဖို႔ ေရေသာက္ေပးပါ။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သိပ်မကြာခင်မှာ မြန်လူမျိုးတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ သြင်္ကန်ပွဲတော်ကရောက်လာတော့ မယ်နော်။ လူငယ်တွေကတော့ လူငယ်ပီပီ သြင်္ကန်မျာ ပျော်ကြကဲကြမှာပေါ့။ ရိပ်သာဝင်တာ သာသနာ့ဘောင်ဝင်တာတွေလည်းရှိနိုင်ပါတယ်။

အခုဒီဆောင်းပါးကို ဖတ်နေတဲ့ ပရိသတ်ရော သြင်္ကန်မှာဘာတွေလုပ်မယ်လို့ စဉ်းစားထားလဲ။ သြင်္ကန်ကို ကားနဲ့လည်မှာလား၊ မဏ္ဍပ်ထိုင်မှာလား။ ဒီနှစ်ခုထဲက ဘယ်တစ်ခုခုရွေးရွေး သြင်္ကန်ရေကတော့ စိုမှာအသေအချာပါပဲ။

သြင်္ကန်ရေဆိုတာ အန္တရာယ်ကင်းတယ်လို့ သီချင်းလေးတောင်ရှိသေးတယ်နော်။ အခုခေတ်မှာရော သြင်္ကန်ရေက အန္တရာယ်ကင်းလား၊ သြင်္ကန်ရေတိုင်းကရော သန့်ရဲ့လား။ သြင်္ကန်အတွင်းမှာ ရေပက်ခံရင်ပဲဖြြစ်ဖစ်၊ ရေပက်ရင်ပဲဖြစ်ဖြစ် ရေအမျိုးစုံနဲ့ထိတွေ့တာနဲ့ နေဒဏ်၊လေဒဏ်တွေကြောင့် အရေပြားပြဿနာတွေခံစားရနိုင်ပါတယ်။

သြင်္ကန်ရေက အန္တရာယ်ကင်းလား

သြင်္ကန်မှာ ရေတိုင်းက အန္တရာယ်မကင်းပါဘူး။ ရေတွေမသန့်တဲ့အခါ အရင်ဆုံးထိခိုက်နိုင်တဲ့ အစိတ်အပိုင်းက ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ အရေပြားပါ။ သြင်္ကန်မှာ ဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေအများကြီးရှိနိုင်ပါတယ်။

အရေပြားနေလောင်ပျက်စီးခြင်း

တစ်နှစ်မှာ တစ်ခါပဲကြုံရတာဆိုပြီး သြင်္ကန်ကို မနက်ကစလို့ ညနေအထိတစ်နေကုန်အောင်လည်ကြ ပျော်ကြတာများမယ်ထင်ပါတယ်။ ဒီလိုလည်တဲ့အခါ သြင်္ကန်လည်တာပဲ ရေစိုရင် အရေပြားပေါ်မှာလူးထားတာတွေမထူးဘူး ပျက်သွားမှာပဲလို့တွေးပြီး ဘာမှမလူးဘဲ လည်မလို့စဉ်းစားနေလား။

သြင်္ကန်မှာ နေလောင်ဒဏ်ခံရနိုင်ခြေက ပုံမှန်ထက်ပိုများပါတယ်။ သေချာတာက သြင်္ကန်လည်ပါတယ်ဆိုမှ ဘယ်သူမှ ကားကိုအလုံပိတ်ပြီး မလည်ဘူးလေ။ ဒီလိုပဲ မဏ္ဍပ်ထိုင်ရင်လည်း နေပူပူထဲမှာအမိုးအောက်ထဲနေပြီး လေဒဏ်ခံရင်း ရေပက်ကြတာပဲလေ။

အရေပြားမှာ အဖုအပိမ့်တွေထွက်ခြင်း

သြင်္ကန်ရေတွေထဲမှာ သန့်ရှင်းတဲ့ရေတွေရှိသလို ကန်တွေ၊ သိုလှောင်ထားတဲ့ ရေတွေနဲ့ပက်တဲ့အခါ ရေထဲမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားလေးတွေပါနေခဲ့ရင် အရေပြားမှာ ကပ်ငြိနေပြီး အရေပြားမှာ ယားယံစေတဲ့ အဖုအပိမ့်လေးတွေ ထွက်လာတာမျိုးဖြစ်နိုင်ပါတယ်။

အရေပြားမှာ အင်ပျဉ်ထွက်ခြင်း

ဒါကရေမသန့်တာကြောင့်ဖြစ်နိုင်သလို နေဒဏ်နဲ့ ပတ်ဝန်းကျင်ကညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့မိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက သြင်္ကန်တွင်းမှာ ဘီ ယာသောက်တာကြောင့် မုယောစပါးနဲ့ဓာတ်မတည့်ဖြစ်တာ၊ အယ်လ်ကိုဟော ဓာတ်မတည့် တာတွေဖြစ်တာကြောင့် အရေပြားမှာ အင်ပျဉ်ထွက်လာတာပါ။

နှင်းခူ

ဒါကတော့ ချက်ချင်းမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နေ့စဉ်ရက်ဆက် နေလောင်ဒဏ်၊ လေဒဏ်တွေ ခံရတာ၊ ရေသောက်နည်းတာကြောင့် အရေပြားခြောက်သွေ့တာတွေကနေတဆင့် အချိန်ကြာ လာတာနဲ့အမျှ အရေပြားမှာ နှင်းခူဖြစ်လာနိုင်ပါတယ်။

ပွေး

ရေညှိတွေမှာပေါက်ဖွားနေထိုင်တာ၊ ကန်တွေထဲမှာပေါက်ဖွားရှင်သန်နေတဲ့ ဘက်တီးရီးယားလေး၊ မှိုပိုးလေးတွေ ရေထဲမှာပါဝင်တာကနေတဆင့် အရေပြားကိုထိခိုက်ပျက်စီးစေပြီး အရေပြားမှာ ပွေးတွေဖြစ်စေတာပါ။

အရေပြားခြောက်သွေ့ပျက်စီးခြင်း

ရေထဲမှာ ပိုးသတ်ဆေးတွေ၊ အပင်သုံးဓာတ်မြေသြဇာတွေပျော်ဝင်နေမယ်ဆိုရင် အဆိုပါရေတွေနဲ့ ထိတွေ့မိတဲ့အခါအပေါ်ယံအရေပြားကိုခြောက်သွေ့တာတွေထိခိုက်ပျက်စီးတာတွေကိုဖြစ်စေနိုင်ပါတယ်။ အရေပြားကို ရေနဲ့အချိန်ကြာမြင့်စွာထိတွေ့တာကလည်း အပေါ်ယံအရေပြားကို ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ အရေပြားအဖတ်တွေလန်ပြီး ခြောက်သွေ့ကွဲအက်ပျက်စီးတာတွေဖြစ် စေနိုင်ပါတယ်။

တခြားအရေပြားပြဿနာအမျိုးမျိုး

ဒါတွေတင်မကသေးပါဘူး သြင်္ကန်မှာ ဆပ်ပြာရည်တွေနဲ့အခြား အမွှေးအကြိုင်ထည့်ထားတဲ့ရေတွေနဲ့ ထိတွေ့မိတဲ့အခါ အရေပြားဓာတ်မတည့်တာ၊ အရေပြားမှာ အနီကွက်တွေထ တာ၊ခြောက်သွေ့ပျက် စီးတာ၊ မျက်နှာမှာ ဝက်ခြံထွက်တာနဲ့ အမျိုးမျိုးသော အရေပြားပျက်စီးစေနိုင်တဲ့ အခြေအေ နတွေတွေ့ကြုံရနိုင်ပါတယ်။

 လေဒီတွေမှာဆိုရင် ရေစိုခံမိတ်ကပ်တွေနဲ့ အရောင်မပျက်တဲ့ နှုတ်ခမ်းနီတွေ၊ အိုင်းလိုင် နာတွေကြောင့် မျက်နှာ၊မျက်ဝန်းတဝိုက်နဲ့ နှုတ်ခမ်းအသားအရေတွေထိခိုက်ပျက်စီးတာ မျိုးအထိပါကြုံရနိုင်ပါသေးတယ်။

သြင်္ကန်ရေကြောင့် အသားအရေမပျက်စီးရလေအောင်

သြင်္ကန်ကို ပျော်လည်းပျော်ပြီး ပြီးသွားတဲ့အခါမှာလည်း နှစ်ဆန်းတစ်ရက် ဘုရားသွားတာ၊ လျှောက်လည်တာတွေလုပ်တဲ့အခါ အလှမပျက်ရလေအောင်သြင်္ကန်လည်ပြီး ပြန်လာတိုင်း အသားအရေကို ပြန်ထိန်းသိမ်းဖို့ပြောပါရစေ။

အများကြီးမလုပ်နိုင်ရင်တောင်မှ သြင်္ကန်လည်ပြီးပြန်လာတဲ့အခါ ရေသန့်သန့်လေးနဲ့ ဆပ်ပြာသုံးပြီး ရေချိုးသန့်စင်ပေးပါ။ ပြီးရင်တော့ တစ်နေ့တာလုံး ထိခိုက်လာတဲ့အသားအရေကို Moisturizer လေးလိမ်းပေးပါ။ အသားအရေကို အာဟာရဓာတ်တွေဖြည့်ပေးနိုင်တဲ့ Body lotion လူးပေးဖို့လည်းမမေ့ပါနဲ့။

မျက်နှာကိုလည်း သခွားသီးကပ်ပေးတာနဲ့ အခြား mask ကပ်တာမျိုးတွေလုပ်ပေးလို့လည်းရပါတယ်။ နောက်တစ်ခုက အိမ်တိုင်းလိုလိုမှာရှိတဲ့ သနပ်ခါးပါ။ သနပ်ခါးလူးပေးတာကလည်း အသားအရေကို ပြုပြင်ထိန်းသိမ်းရာရောက်ပါတယ်။ အရေပြားဓာတ်မတည့်တာမျိုးဖြစ်တဲ့အခါမှာတော့ ဘာမီတွန်လိုမျိုး ဆေးကိုသောက်လို့ရတယ်ဆိုပေမယ့် အရမ်ပြင်းထန်ရင်တော့

ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။

တစ်နေ့တာလုံးမှာ ရေဓာတ်ပြည့်ဝအောင် မရခဲ့တာမျိုးဖြစ်နိုင်တာကြောင့် ရေဓာတ်ပြည့်ဝအောင် သောက်သုံးပေးဖို့ကိုလည်း မေ့မထားပါနဲ့။ နောက်တစ်ခုက မနက်ခင်း အပြင်ထွက်မလည်ခင်မှာ တစ်ကိုယ်လုံးကို နေလောင်ကာခရင်မ်လူးသွားဖို့ပါ။
သြင်္ကန်ရေကြောင့် ဘယ်လိုကာကွယ်မလဲ

လူတစ်ယောက်ရဲ့ သွင်ပြင်အပေါ် တော်တေ်ာလေးသက်ရောက်မှုရှိနေတဲ့ အသားအရေကို သြင်္ကန်ရေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်ရလေအောင် အခုပြောပြတဲ့နည်းလမ်းလေးတွေသုံးပြီး ကာကွယ်ကြည့်ဖို့ပြောပါရစေ။

Moisturizer လူးပေးပါ – ပတ်ဝန်းကျင်မှာရှိနေတဲ့ မီးခိုငွေ့တွေ ဖုန်မှုန့်တွေနဲ့ ရေထဲမှာပါတဲ့ဘက်တီးရီးယာတွေကြောင့် အရေပြားထိခိုက်ပျက်စီးတာမျိုးမဖြစ်ရလေအောင် အသားအရေကို Moisturizer လူးပေးပါ။

နေလောင်ကာခရင်မ်လူးပါ – ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေထိခိုက်ပျက်စီးသွားတာမျိုးမဖြစ်စေဖို့အတွက် သြင်္ကန်မလည်ခင် နာရီဝက်အလိုမှာ နေလောင်ကာခရင်မ်လူးပေးပါ။ သြင်္ကန်မှာနေလောင်ကာခရင်မ်ကို ရေစိုခံတာမျိုးရွေးချယ်ရပါမယ်။ ဒါ့အပြင်ရေစိုနေတာကြောင့် နှစ်နာရီခြားအများဆုံးခြားပြီး ပြန်ပြန်လူးပေးရပါမယ်။

အရေပြားအတွက် အထောက်အကူဖြစ်စေမယ့် အစားအစာတွေစားပေးပါ – ဗီတာမင် C ရရှိစေနိုင်တဲ့ အစားအစာတွေကို စားသုံးပေးပြီး အရေပြားအတွက် လိုအပ်တဲ့ ဓာတ်တွေဖြည့်ပေးပါ။ ဗီတာမင် C ကအသားအရေအတွက်သာမက ခန္ဓာကိုယ် ကျန်းမာဖို့လည်း အထောက်အကူပြုပေးပါတယ်။

အရေပြားကို ချေးချွတ်သန့်စင်ပါ – သြင်္ကန်လည်ပြီးပြန်လာတဲ့အခါ ခန္ဓာကိုယ်မှာလူးထားသမျှတွေကို ဖယ်ရှားသန့်စင်ပြီး ရေချိုးသန့်စင်ပါ။ မျက်နှာကို သန့်စင်ပြီး ညလိမ်းခရင်မ်တစ်ခုခုလူးပေးပါ။ ခန္ဓာကိုယ်ကိုလည်း အစိုဓာတ်ထိန်းပေးတဲ့ lotion တစ်မျိုးမျိုးလူးပေးပါ။

ရေသောက်ပါ – ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေနဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို တတ်နိုင်သမျှရှောင်ပြီး ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ပြည့်ဝဝရရှိစေဖို့ ရေသောက်ပေးပါ။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top