iMyanmarHouse.com - Best Property Website for Myanmar
×


ရာသီအကူးအေျပာင္းေလးျဖစ္တာနဲ႔ ဖ်ားျပီ။ သူမ်ားမဖ်ားေတာင္ ကိုယ္ကဖ်ားတယ္။ ဒါကဘာလို႔မ်ားလဲ။ အေျဖကေတာ့ရွင္းပါတယ္။ ကိုယ္ခံအားနည္းေနတာေၾကာင့္ပါ။ ကိုယ္ခံအားနည္းေနသူေတြက အျခားသူေတြထက္ပိုျပီးဂရုစိုက္ဖို႔လိုမွာပါ။ ဒါမွလည္း ေရာဂါပိုး ကူးစက္မႈေတြကေန ကင္းေတာ့မွာေပါ့။

ဒီတစ္ေခါက္ေတာ့ ကိုယ္ခံအားနည္းတဲ့သူေလးေတြအတြက္ က်န္းမာေအာင္ ဘယ္လိုေနရမလဲဆိုတာေလးေျပာျပေပးမယ္ေနာ္။
ကိုယ္ခံအားနည္းတဲ့သူေတြ က်န္းမာေအာင္ ဒါေလးေတြဂရုစိုက္ပါ

ကိုယ္ခံအားနည္းသူေတြက အျခားသူေတြထက္ပိုျပီး အစစအရာရာကို ဂရုစိုက္ဖို႔လိုပါမယ္။ ခဏခဏဖ်ားနာတာက ေန႔စဉ္ဘဝမွာ စိတ္အေႏွာင့္အယွက္ျဖစ္ရသလို ေရာဂါေတြအလြယ္တကူ ကူးစက္ခံရႏိုင္တဲ့ အႏၱရာယ္လည္းရွိပါတယ္။ ဒါေၾကာင့္ ကိုယ္ခံအားနည္းသူေတြအေနနဲ႔ ကိုယ္ကိုယ့္ကို ေသခ်ာေလးေစာင့္ေရွာက္ႏိုင္မွ ေတာ္ကာက်မွာပါ။

တစ္ကိုယ္ေရသန္႔ရွင္းေရးဂရုစိုက္ပါ

အျခားသူေတြထက္ တစ္ကိုယ္ေရသန္႔ရွင္းေရးကို ပိုဂရုစိုက္ဖို႔လိုပါမယ္။  တစ္ေန႔ကိုအနည္းဆံုးတစ္ၾကိမ္ေလာက္ေတာ့ ေရပံုမွန္ခ်ိဳးေပးပါ။ ေျခသည္းလက္သည္းေတြပံုမွန္ညွပ္ေပးတာအျပင္ ခႏၶာကိုယ္သန္႔ရွင္းေရးကို အျမဲဂရုစိုက္ေပးရပါမယ္။

လက္ေဆးမပ်င္းပါနဲ႔

အစားမစားခင္၊ အိမ္သာကဆင္းတဲ့အခ်ိန္နဲ႔ ညစ္ေပတဲ့အရာေတြ ကိုင္တြယ္ထိေတြ႔မိခ်ိန္ေတြမွာ လက္ေတြကို ေသခ်ာေအာင္ေဆးေၾကာေပးပါ။ တိရစာၦန္ေလးေတြကို ကိုင္တြယ္ထိေတြ႔ျပီးခ်ိန္၊ အမိႈက္ပစ္ျပီးခ်ိန္၊ ကေလးကို ေသးခံလဲေပးျပီးခ်ိန္ေတြမွာလည္း လက္ကို ေသခ်ာေဆးေၾကာသန္႔စင္ေပးပါ။

ဖ်ားနာေနသူေတြနားမကပ္ပါနဲ႔

ကိုယ္ခံအားနည္းသူေတြက သာမန္လူေတြထက္ေရာဂါပိုး ကူစက္ခံရႏိုင္ေျခက ပိုမ်ားေနတာေၾကာင့္ ဖ်ားနာေနသူေတြနား မကပ္ပါနဲ႔။ ဖ်ားနာသူေတြနဲ႔ တစ္ပန္းကန္တည္း တူတူစား၊ တစ္ခါက္တည္း တူတူေသာက္တာမ်ိဳးကိုလည္း ေရွာင္ပါ။ မိသားစုဝင္တစ္ဦးဦးဖ်ားနာေနျပီဆိုရင္လည္း လိုအပ္တဲ့ ၾကိဳတင္ကာကြယ္မႈဗတြယူဖို႔ မေမ့ပါနဲ႔။

အသံုးအေဆာင္ေတြကို ပိုးသတ္ပါ

ေန႔စဉ္ကိုင္တြယ္ထိေတြ႔ေနတဲ့ အသံုးအေဆာင္ေတြ အိမ္သံုးပစၥည္းေတြကို ပိုးသတ္ထားဖို႔ မေမ့ပါနဲ႔။ ဒီပစၥည္းေတြကေရာဂါပိုေတြခိုေအာင္းေနျပီး သင့္ကို နားမက်န္းျဖစ္ေစႏိုင္ပါတယ္။ အိမ္သန္႔ရွင္းေရးကိုလည္း ပံုမွန္လုပ္ေပးပါ။

အိပ္ေရးဝဝအိပ္ပါ

အိပ္စက္မႈက ခြန္အားျပည့္ေစသလို ကိုယ္ခံအားေကာင္းေစျပီး ေရာဂါေတြကို ကာကြယ္ေပးႏိုင္စြမ္းလည္းရွိပါတယ္။ ဒါေၾကာင့္ တစ္ေန႔ကို အိပ္ခ်ိန္ ၈ နာရီျပည့္ျပည့္ဝဝအိပ္ျဖစ္ေအာင္ဂရုစိုက္ပါ။ အျခားသူေတြလိုမ်ိဳး ညဉ္႔နက္အထိ ဂိမ္းေဆာ့တာ၊ ဖုန္းသံုးတာမ်ိဳးမလုပ္ပါနဲ႔။

ကိုယ္လက္ေလ့က်င့္ခန္းလုပ္ပါ

ကိုယ္ခံအားနည္းေနတယ္ဆိုရင္ေတာင္မွသင့္တင့္တဲ့ ကိုယ္လက္ေလ့က်င့္ခန္းေလာက္ေတာ့ လုပ္လို႔ရပါတယ္။ ဒါေၾကာင့္ တစ္ေန႔ကို အနည္းဆံုး ၁၅ မိနစ္ကေန နာရီဝက္ေလာက္အထိ ေလ့က်င့္ခန္းလုပ္ေပးပါ။ ခႏၶာကိုယ္ေပါ့ပါးေစျပီး ကိုယ္ခံအားေကာင္းေစမွာပါ။

အာဟာရမွ်တေအာင္စားသံုးပါ

ေန႔စဉ္စားသံုးမယ့္ အစားအစာေတြကို ၾကိဳက္တယ္ဆိုတာထက္ လိုအပ္တဲ့ အာဟာရျပည့္ဝစြာ ပါဝင္မႈကို အဓိကထားပါ။ အစားအေသာက္စားတဲ့အခါမွာလည္း သစ္သီးေတြကို အခြံႏႊာစားပါ။ ပိုးသတ္သန္႔စင္ထားတဲ့ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြကို စားသံုးပါ။ မက်က္တက်က္ခ်က္ထားတဲ့ အသားေတြကို မစားပါနဲ႔။ သင့္တသင့္မွ်တတဲ့ စားေသာက္မႈပံုစံရွိေအာင္ ကုိယ့္ကိုကိုယ္ပ်ိဳးေထာင္ပါ။

ကာကြယ္ေဆးေတြထိုးထားပါ

ကိုယ္ခံအားနည္းသူေတြက ေရာဂါပိုးေတြကူးစက္ခံရႏိုင္ေျခမ်ားတတ္ၾကပါတယ္။ ဒီေတာ့ အေကာင္းဆံုးနည္းက မျဖစ္ခင္က ၾကိဳတင္ကာကြယ္ဆိုတဲ့အတိုင္း လိုအပ္တဲ့ ကာကြယ္ေဆးေတြကို ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ျပီး ထိုးထားပါ။ ဒါမွ မလိုအပ္ဘဲေရာဂါေတြကူးစက္ခံရတာကို ကာကြယ္ျပီးသားျဖစ္မွာပါ။

အားေဆးေသာက္ပါ

က်န္းမာေနတဲ့သူတစ္ေယာက္က အားေဆးေသာက္ဖို႔ မလိုေပမယ့္ ကိုယ္ခံအားနည္းသူတစ္ဦးအေန နဲ႔ကေတာ့ ခႏၶာကိုယ္မွာ လိုအပ္တဲ့ အာဟာရဓာတ္ေတြျပည့္ဝျပီး က်န္းမာေနေစဖို႔ အားေဆးေသာက္ ဖို႔လိုပါမယ္။ လိုအပ္ခ်က္နဲ႔ကိုက္ညီဖို႔ကေတာ့ ဆရာဝန္နဲ႔တိုင္ပင္ျပီးမွ ေသာက္သင့္ပါတယ္ေနာ္။

ကိုယ္ခံအားနည္းလို႔ ခဏခဏဖ်ားတတ္လို႔ိုျပီး စိတ္ညစ္မေနပါနဲ႔။ ဒီနည္းလမ္းေလးေတြကို သံုးလို႔ က်န္းမာေရးကိုအေကာင္းဆံုးေစာင့္ေရွာက္လိုက္ပါေနာ္။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ရာသီအကူးအပြောင်းလေးဖြစ်တာနဲ့ ဖျားပြီ။ သူများမဖျားတောင် ကိုယ်ကဖျားတယ်။ ဒါကဘာလို့များလဲ။ အဖြေကတော့ရှင်းပါတယ်။ ကိုယ်ခံအားနည်းနေတာကြောင့်ပါ။ ကိုယ်ခံအားနည်းနေသူတွေက အခြားသူတွေထက်ပိုပြီးဂရုစိုက်ဖို့လိုမှာပါ။ ဒါမှလည်း ရောဂါပိုး ကူးစက်မှုတွေကနေ ကင်းတော့မှာပေါ့။

ဒီတစ်ခေါက်တော့ ကိုယ်ခံအားနည်းတဲ့သူလေးတွေအတွက် ကျန်းမာအောင် ဘယ်လိုနေရမလဲဆိုတာလေးပြောပြပေးမယ်နော်။
ကိုယ်ခံအားနည်းတဲ့သူတွေ ကျန်းမာအောင် ဒါလေးတွေဂရုစိုက်ပါ

ကိုယ်ခံအားနည်းသူတွေက အခြားသူတွေထက်ပိုပြီး အစစအရာရာကို ဂရုစိုက်ဖို့လိုပါမယ်။ ခဏခဏဖျားနာတာက နေ့စဉ်ဘဝမှာ စိတ်အနှောင့်အယှက်ဖြစ်ရသလို ရောဂါတွေအလွယ်တကူ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်လည်းရှိပါတယ်။ ဒါကြောင့် ကိုယ်ခံအားနည်းသူတွေအနေနဲ့ ကိုယ်ကိုယ့်ကို သေချာလေးစောင့်ရှောက်နိုင်မှ တော်ကာကျမှာပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ

အခြားသူတွေထက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုဂရုစိုက်ဖို့လိုပါမယ်။  တစ်နေ့ကိုအနည်းဆုံးတစ်ကြိမ်လောက်တော့ ရေပုံမှန်ချိုးပေးပါ။ ခြေသည်းလက်သည်းတွေပုံမှန်ညှပ်ပေးတာအပြင် ခန္ဓာကိုယ်သန့်ရှင်းရေးကို အမြဲဂရုစိုက်ပေးရပါမယ်။

လက်ဆေးမပျင်းပါနဲ့

အစားမစားခင်၊ အိမ်သာကဆင်းတဲ့အချိန်နဲ့ ညစ်ပေတဲ့အရာတွေ ကိုင်တွယ်ထိတွေ့မိချိန်တွေမှာ လက်တွေကို သေချာအောင်ဆေးကြောပေးပါ။ တိရစ္ဆာန်လေးတွေကို ကိုင်တွယ်ထိတွေ့ပြီးချိန်၊ အမှိုက်ပစ်ပြီးချိန်၊ ကလေးကို သေးခံလဲပေးပြီးချိန်တွေမှာလည်း လက်ကို သေချာဆေးကြောသန့်စင်ပေးပါ။

ဖျားနာနေသူတွေနားမကပ်ပါနဲ့

ကိုယ်ခံအားနည်းသူတွေက သာမန်လူတွေထက်ရောဂါပိုး ကူစက်ခံရနိုင်ခြေက ပိုများနေတာကြောင့် ဖျားနာနေသူတွေနား မကပ်ပါနဲ့။ ဖျားနာသူတွေနဲ့ တစ်ပန်းကန်တည်း တူတူစား၊ တစ်ခါက်တည်း တူတူသောက်တာမျိုးကိုလည်း ရှောင်ပါ။ မိသားစုဝင်တစ်ဦးဦးဖျားနာနေပြီဆိုရင်လည်း လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုဗတွယူဖို့ မမေ့ပါနဲ့။

အသုံးအဆောင်တွေကို ပိုးသတ်ပါ

နေ့စဉ်ကိုင်တွယ်ထိတွေ့နေတဲ့ အသုံးအဆောင်တွေ အိမ်သုံးပစ္စည်းတွေကို ပိုးသတ်ထားဖို့ မမေ့ပါနဲ့။ ဒီပစ္စည်းတွေကရောဂါပိုတွေခိုအောင်းနေပြီး သင့်ကို နားမကျန်းဖြစ်စေနိုင်ပါတယ်။ အိမ်သန့်ရှင်းရေးကိုလည်း ပုံမှန်လုပ်ပေးပါ။

အိပ်ရေးဝဝအိပ်ပါ

အိပ်စက်မှုက ခွန်အားပြည့်စေသလို ကိုယ်ခံအားကောင်းစေပြီး ရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်းလည်းရှိပါတယ်။ ဒါကြောင့် တစ်နေ့ကို အိပ်ချိန် ၈ နာရီပြည့်ပြည့်ဝဝအိပ်ဖြစ်အောင်ဂရုစိုက်ပါ။ အခြားသူတွေလိုမျိုး ညဉ့်နက်အထိ ဂိမ်းဆော့တာ၊ ဖုန်းသုံးတာမျိုးမလုပ်ပါနဲ့။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်ခံအားနည်းနေတယ်ဆိုရင်တောင်မှသင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလောက်တော့ လုပ်လို့ရပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ လေ့ကျင့်ခန်းလုပ်ပေးပါ။ ခန္ဓာကိုယ်ပေါ့ပါးစေပြီး ကိုယ်ခံအားကောင်းစေမှာပါ။

အာဟာရမျှတအောင်စားသုံးပါ

နေ့စဉ်စားသုံးမယ့် အစားအစာတွေကို ကြိုက်တယ်ဆိုတာထက် လိုအပ်တဲ့ အာဟာရပြည့်ဝစွာ ပါဝင်မှုကို အဓိကထားပါ။ အစားအသောက်စားတဲ့အခါမှာလည်း သစ်သီးတွေကို အခွံနွှာစားပါ။ ပိုးသတ်သန့်စင်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို စားသုံးပါ။ မကျက်တကျက်ချက်ထားတဲ့ အသားတွေကို မစားပါနဲ့။ သင့်တသင့်မျှတတဲ့ စားသောက်မှုပုံစံရှိအောင် ကိုယ့်ကိုကိုယ်ပျိုးထောင်ပါ။

ကာကွယ်ဆေးတွေထိုးထားပါ

ကိုယ်ခံအားနည်းသူတွေက ရောဂါပိုးတွေကူးစက်ခံရနိုင်ခြေများတတ်ကြပါတယ်။ ဒီတော့ အကောင်းဆုံးနည်းက မဖြစ်ခင်က ကြိုတင်ကာကွယ်ဆိုတဲ့အတိုင်း လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ထိုးထားပါ။ ဒါမှ မလိုအပ်ဘဲရောဂါတွေကူးစက်ခံရတာကို ကာကွယ်ပြီးသားဖြစ်မှာပါ။

အားဆေးသောက်ပါ

ကျန်းမာနေတဲ့သူတစ်ယောက်က အားဆေးသောက်ဖို့ မလိုပေမယ့် ကိုယ်ခံအားနည်းသူတစ်ဦးအနေ နဲ့ကတော့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝပြီး ကျန်းမာနေစေဖို့ အားဆေးသောက် ဖို့လိုပါမယ်။ လိုအပ်ချက်နဲ့ကိုက်ညီဖို့ကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်နော်။

ကိုယ်ခံအားနည်းလို့ ခဏခဏဖျားတတ်လို့ိုပြီး စိတ်ညစ်မနေပါနဲ့။ ဒီနည်းလမ်းလေးတွေကို သုံးလို့ ကျန်းမာရေးကိုအကောင်းဆုံးစောင့်ရှောက်လိုက်ပါနော်။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top