iMyanmarHouse.com - Best Property Website for Myanmar
×







Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #


အခုခေတ်အတွဲတော်တော်များများဟာ ခြောက်လသို့မဟုတ် တစ်နှစ်လောက်တောင်မခံဘဲကွဲသွားကြတာများပါတယ်…။အတွဲတွေရေရှည်မခံတဲ့အချက်တွေကတော့အများကြီးပါပဲ…။အများကြီးထဲကမှ အရေးကြီးဆုံးအချက်လေးတွေကို မျှဝေပေးမယ်နော်…။

လူတိုင်းသိပြီးသားဖြစ်တဲ့ အရေးကြီးအချက်တစ်ချက်ကတော့ နားလည်မှုမရှိခြင်းပါ…။ဘာလို့နားလည်မှုမရှိတာလဲဆိုတော့ အချစ်ကိုလေးလေးနက်နက်ထားတဲ့ စိတ်တွေမရှိကြလို့ပါ…။အခုပဲတွေ့တယ် အခုပဲချစ်ကြတယ်..ချစ်ခွင့်တောင်းတယ်ပေးလိုက်တယ်…အဲ့လိုမြန်ဆန်လွန်းနေတဲ့အတွက်တစ်ယောက်နဲ့တစ်ယောက် လေ့လာမှုအားနည်းသွားတယ်။

တစ်ယောက်အကြောင်းတစ်ယောက်မသိတော့ တစ်ယောက်ကိုတစ်ယောက်နားမလည်ပေးနိုင်ဘူး။ နောက်တစ်ချက်ကတော့ ပေါ့ပေါ့တန်တန်တွေးတာပါ…။တကယ်အချစ်စစ်နဲ့သာနှစ်ဦးနှစ်ဖက် ချစ်ကြရင် ရေရှည်တွဲကြရုံအပြင် အိမ်ထောင်ဖက်အဖြစ်ပါရွေးချယ်လို့ရပါတယ်…။

တကယ်ချစ်တဲ့လူတွေက ကိုယ့်ချစ်သူ့ကို ပေါ့ပေါ့တန်တန် ကိုယ့်ရဲ့အသုံးချခံအဖြစ်မဆက်ဆံကြပါဘူး။နောက်ဆုံးအချက်ကတော့ ဂရုစိုက်မှုနည်းပါးခြင်းပါ..။ကိုယ့်ချစ်သူ စိတ်ပျက်အားငယ်နေတဲ့အချိန် ကိုယ့်ကိုရင်ဖွင့်ချင်ပေမဲ့ ကိုယ်ကအလုပ်တွေနဲ့ရူပ်နေတဲ့အခါ။သူ့စိတ်ထဲမှာ သံသယတွေဝင်လာပါတယ်…။

မချစ်လို့ဂရုမစိုက်တဲ့ ပုံပေါက်သွားပါတယ်…။တကယ်သာချစ်ရင် အားတဲ့ တစ်မိနစ်တစ်စက္ကန့်လေးပဲဖြစ်ဖြစ် စိတ်ညစ်နေတဲ့ချစ်သူကိုအားပေးသင့်တယ်မလား…။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top