iMyanmarHouse.com - Best Property Website for Myanmar
×


သင့္အိမ္ကို ပိုးမႊားကင္းစင္တဲ့အိမ္တစ္အိမ္ျဖစ္ေစခ်င္ေပမဲ့ ဓါတုပိုးသတ္ေဆးေတြကိုသံုးဖို႕လက္တြန္႕ေနလား။ သင့္ေရြးခ်ယ္မွဳမွန္ပါတယ္။ ဓါတုပိုးသတ္ေဆးေတြဟာ အျပင္းဆံုးဆံုးအဆိပ္ေတြျဖစ္ပီး ပိုးမႊားေတြကိုသာမက လူကိုလည္း ဒုကၡေကာင္းေကာင္းေပနိုင္ပါတယ္။ ဒါေတြကိုေရွာင္လႊားႏိုင္ဖို႕ဆို ခုေျပာျပမယ့္နည္းလမ္းေလးေတြက အနည္းနဲ႕အမ်ားအသံုး၀င္လိမ့္မယ္လို႕ ယူဆပါတယ္။

၁။ပိုးဟပ္ေတြ

အရိုးရွင္းဆံုးေျပာရရင္ ပိုးဟပ္ေတြဟာ အစားအစာနဲ႕ ေရရွိရာမွာရွင္သန္တဲ့အတြက္ အစားအစာေတြကို သူတို႕လက္လွမ္းမမွီေအာင္ထားဖို႕လုိပါတယ္။ အဲ့လိုမွမဟုတ္ရင္ေတာ့ ေထာင္ေခ်ာက္ေလးတစ္ခုဖန္တီးလို္က္ပါ။ ရိုးရွင္းလြယ္ကူပါတယ္။ ေရသန္႕ဗူးအလြတ္တစ္လံုးကိုယူလုိက္ပါ။ ထိပ္ပိုင္းကို ကန္ေတာ့ပံုျဖစ္ေအာင္ျဖတ္လိုက္ပါ။ ထိုကန္ေတာ့ေလးကို ထိုေရဗူးပိုင္းထဲကို ျပန္ထည့္ပါ။ ပံုမွာျပထားတဲ့အတိုင္းေပ့ါ။ ပီးရင္ေတာ့ ထုိပစၥည္းေလးကို ပိုးဟပ္ေတြလာတတ္တဲ့ေနရာမွာထားေပးပါ။ ပိုးဟပ္ေတြဟာ ေရ၀င္ေသာက္မွာျဖစ္ပီး ျပန္ထြက္မရေတာ့ပါဘူး။

၂။ယင္ေကာင္ေတြ

ဒီနည္းေလးကေတာ့ အသံုးပိုတည့္မွာပါ။ ယင္ေကာင္ေတြက တကယ့္ရန္သူေတြေလ။ သူတို႕အတြက္ေထာက္ေခ်ာက္ေလးတစ္ခုေျပာျပမယ္။ ဖန္ခြက္တစ္ခြက္ထဲကုိ ပန္းသီးပါ၀င္တဲ့ ဗနီဂါ ကိုထည့္ပါ။ ေနာက္ပီး အခ်ဥ္ေပါက္ေနတဲ့အသီးတစ္မ်ိဳးေရာေပါ့။

ပီးရင္ေတာ့ ေစာေစာကနည္းအတိုင္း စာ၇ြက္တစ္ရြက္ကို ကန္ေတာ့ပံုလုပ္ပီး ပုလင္းထဲထည့္ပါ။ ျပည့္စံုသြားပီဆိုရင္ေတာ့ ယင္ေကာင္မ်ားတဲ့ေနရာမွာ ညအိပ္ထားလိုက္ပါ။ မနက္က်ရင္ အက်ိဳးရလဒ္ကုိ မ်က္ျမင္ေတြ႕ရမွာပါ။ လုပ္ၾကည့္ေနာ္။

၃။ျခင္ေတြ

ပထမရန္သူ ျခင္။ သူ႕ကိုႏွိမ္နင္းဖို႕ေတာ့ Citronella နဲ႕ lemongrass ဆီကို မီးစာလုပ္ပီး ထြန္းေပးပါ။ ဒါေတြက ျခင္နိုင္ပါတယ္။ ဒါမွမဟုတ္ရင္ေတာ့ အုန္းဆီကို အျခားအပင္မွရရွိတဲ့ ဆီတမ်ိဳးမ်ိဳး (essential oil) အနည္းငယ္နဲ႕ေရာပီး အနည္းငယ္ခဲသြားပါေစ။ ထိုအရာကို အသားေပၚမွာလိမ္းနိုင္ပါတယ္။ သတိထားရမွာက essential oil မမ်ားပါေစနဲ႕။

၄။ပိုးမႊားေတြ

အကုန္လံုးပါ၀င္ပါတယ္။ ျခင္ေတြယင္ေတြ ပိုးဟပ္ေတြဟာ lavender ကုိေၾကာက္ပါတယ္။ဒါေၾကာင့္ အ၀တ္ပါး သို႕မဟုတ္ ေရျမွဳပ္တစ္ခုကို lavender ဆီနဲ႕စြဲေနပါေစ။ ပီးေတာ့ ထိုအရာကို သင့္အိမ္ရဲ့ေလေၾကာင္းသင့္တဲ့ေနရာမွာထားပါ။ လူေတာ္ေတာ္မ်ားမ်ား lavender ကိုၾကိုက္သေလာက္ ပိုးမႊားေတြကေတာ့မုန္းပါတယ္။

စပေရးဗူးအလတ္စားထဲကို lavender ဆီ အစက္သံုးဆယ္၊ ေရအျပည့္ေရာပီး လည္းအသံုးျပဳႏိုင္ပါတယ္။ lavender ဆီကို အသားအေရေပၚမွာအသံုးျပဳျခင္းကိုေတာ့ေရွာင္ပါ။

၅။ပုရြက္ဆိတ္ေတြ

အရက္ကအသံုး၀င္လာပါပီ။ အရက္ဆီအနည္းငယ္ ပန္းကန္ေဆးဆပ္ျပာနဲ႕ ေရတို႕ကို ေရာပီး သမေအာင္ ေခါက္ပါ။ အျမဳပ္ေတြထြက္လာပီဆို ပုရြက္ဆိတ္လမ္းေၾကာင္းေတြမွာျဖန္းထားလိုက္ပါ။ ပုရြက္ဆိတ္ကင္းစင္တဲ့ အိမ္ေဂဟာေလးျဖစ္ေနေတာ့မွာပါ။

၆။ပ်ားေတြ

သင့္အိမ္ထဲမွာပ်ားအိမ္တည္ေနပီလား။ ပ်ားဖြတ္သမားေတြၾကားပါက သူတို႕အေျပးလာၾကပါလိမ့္မယ္။ အဲ့လိုမွမဟုတ္ရင္ေတာ့ သူတို႕ကို ႏွိမ္နင္းဖို႕ အျခားနည္းရွိပါတယ္။ Citrus Fruits လို႕ေခၚတဲ့ လိေမၼာ္သီး ေရွာက္သီး သံပုရာသီးတို႕ကို ေရနဲ့ ၁၀မိနစ္ ၁၅မိနစ္ခန္႕ အပူေပးပါ။ ထုိ႕ေနာက္ ထိုအရည္ကို ဗူးထဲထည့္ပီး ျဖန္းေပးပါ။

၇။ပ်ားနဲ႕ ပုရြက္ဆိတ္မ်ိဳးႏြယ္ေတြ

ၾကိဳတင္ကာကြယ္ျခင္းဟာ အေကာင္းဆံုးပါ။ ျခေတြ ပ်ားေတြ အိမ္ထဲမွာ အံုျဖစ္ေနလို႕ စိတ္ညစ္ေနရလား။ မပူပါနဲ႕။ ပန္းကန္ေဆးဆပ္ျပာကို ေရနဲ႕သင့္တင့္ေအာင္ေရာပီး ျဖန္းေပးပါ။ ထူးျခားမွဳကိုေတြ႕ရမွာပါ။

၈။ပင့္ကူေတြ

ပင့္ကူေတြက tea tree ကိုမုန္းပါတယ္တဲ့။ ဒါဆို ဂြင္ပဲေလ။ ေရခြက္၀က္၊ ဗနီဂါ ခြက္၀က္ကို tea tree essential oil အနည္းငယ္နဲ႕ေရာျဖန္းရင္ ပင့္ကူေတြၾကာၾကာေနႏိုင္မွာတဲ့လား။

၉။ဒုတိယ ရန္သူေတာ္ ဂ်ပိုး

ဂ်ပိုးကိုႏိုင္တာ ယူကလစ္ပါတဲ့။ ေရတစ္ခြက္ထဲကို ယူကလစ္ဆီ ၁၀စက္ေလာက္ ထည့္ပီးကုတင္တ၀ိုက္ျဖန္းပါ။ အိပ္ေမာမက်စဘူး က်သြားေစရမယ္။ ဂ်ပိုးရန္ကင္းကင္းေပါ့။ ခရီးခဏခဏသြားရသူဆိုလည္းမပူပါနဲ႕။ ယူကလစ္ဆီေလးသာေဆာင္ပါ။ တည္းခိုတည့္ေနရာမွာ ယူကလစ္ဆီကို tissue ထဲအနည္းငယ္ထည့္ပီး အိပ္ရာတ၀ိုက္ပြတ္ပါ။

၁၀။အနံ႕ဆိုးတဲ့ ပိုးေကာင္ေတြ

ထုိအေကာင္ေတြကို ၾကက္သြန္ျဖဴနဲ႕တားလိုက္ပါ။ ေရ၂ခြက္ကို ၾကက္သြန္ျဖဴအမွုန္႕ လက္ဘက္ရည္ဇြန္း ၄ဇြန္းေလာက္ထည့္ပီး ခေလာက္ပါ။ ပီးရင္ေတာ့ အသံုးျပဳဖို႕ အဆင့္သင့္ပဲေပါ့။

Credit:Daily Hot News

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သင့်အိမ်ကို ပိုးမွှားကင်းစင်တဲ့အိမ်တစ်အိမ်ဖြစ်စေချင်ပေမဲ့ ဓါတုပိုးသတ်ဆေးတွေကိုသုံးဖို့လက်တွန့်နေလား။ သင့်ရွေးချယ်မှုမှန်ပါတယ်။ ဓါတုပိုးသတ်ဆေးတွေဟာ အပြင်းဆုံးဆုံးအဆိပ်တွေဖြစ်ပီး ပိုးမွှားတွေကိုသာမက လူကိုလည်း ဒုက္ခကောင်းကောင်းပေနိုင်ပါတယ်။ ဒါတွေကိုရှောင်လွှားနိုင်ဖို့ဆို ခုပြောပြမယ့်နည်းလမ်းလေးတွေက အနည်းနဲ့အများအသုံးဝင်လိမ့်မယ်လို့ ယူဆပါတယ်။

၁။ပိုးဟပ်တွေ

အရိုးရှင်းဆုံးပြောရရင် ပိုးဟပ်တွေဟာ အစားအစာနဲ့ ရေရှိရာမှာရှင်သန်တဲ့အတွက် အစားအစာတွေကို သူတို့လက်လှမ်းမမှီအောင်ထားဖို့လိုပါတယ်။ အဲ့လိုမှမဟုတ်ရင်တော့ ထောင်ချောက်လေးတစ်ခုဖန်တီးလိုက်ပါ။ ရိုးရှင်းလွယ်ကူပါတယ်။ ရေသန့်ဗူးအလွတ်တစ်လုံးကိုယူလိုက်ပါ။ ထိပ်ပိုင်းကို ကန်တော့ပုံဖြစ်အောင်ဖြတ်လိုက်ပါ။ ထိုကန်တော့လေးကို ထိုရေဗူးပိုင်းထဲကို ပြန်ထည့်ပါ။ ပုံမှာပြထားတဲ့အတိုင်းပေ့ါ။ ပီးရင်တော့ ထိုပစ္စည်းလေးကို ပိုးဟပ်တွေလာတတ်တဲ့နေရာမှာထားပေးပါ။ ပိုးဟပ်တွေဟာ ရေဝင်သောက်မှာဖြစ်ပီး ပြန်ထွက်မရတော့ပါဘူး။

၂။ယင်ကောင်တွေ

ဒီနည်းလေးကတော့ အသုံးပိုတည့်မှာပါ။ ယင်ကောင်တွေက တကယ့်ရန်သူတွေလေ။ သူတို့အတွက်ထောက်ချောက်လေးတစ်ခုပြောပြမယ်။ ဖန်ခွက်တစ်ခွက်ထဲကို ပန်းသီးပါဝင်တဲ့ ဗနီဂါ ကိုထည့်ပါ။ နောက်ပီး အချဉ်ပေါက်နေတဲ့အသီးတစ်မျိုးရောပေါ့။

ပီးရင်တော့ စောစောကနည်းအတိုင်း စာရွက်တစ်ရွက်ကို ကန်တော့ပုံလုပ်ပီး ပုလင်းထဲထည့်ပါ။ ပြည့်စုံသွားပီဆိုရင်တော့ ယင်ကောင်များတဲ့နေရာမှာ ညအိပ်ထားလိုက်ပါ။ မနက်ကျရင် အကျိုးရလဒ်ကို မျက်မြင်တွေ့ရမှာပါ။ လုပ်ကြည့်နော်။

၃။ခြင်တွေ

ပထမရန်သူ ခြင်။ သူ့ကိုနှိမ်နင်းဖို့တော့ Citronella နဲ့ lemongrass ဆီကို မီးစာလုပ်ပီး ထွန်းပေးပါ။ ဒါတွေက ခြင်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ အုန်းဆီကို အခြားအပင်မှရရှိတဲ့ ဆီတမျိုးမျိုး (essential oil) အနည်းငယ်နဲ့ရောပီး အနည်းငယ်ခဲသွားပါစေ။ ထိုအရာကို အသားပေါ်မှာလိမ်းနိုင်ပါတယ်။ သတိထားရမှာက essential oil မများပါစေနဲ့။

၄။ပိုးမွှားတွေ

အကုန်လုံးပါဝင်ပါတယ်။ ခြင်တွေယင်တွေ ပိုးဟပ်တွေဟာ lavender ကိုကြောက်ပါတယ်။ဒါကြောင့် အဝတ်ပါး သို့မဟုတ် ရေမြှုပ်တစ်ခုကို lavender ဆီနဲ့စွဲနေပါစေ။ ပီးတော့ ထိုအရာကို သင့်အိမ်ရဲ့လေကြောင်းသင့်တဲ့နေရာမှာထားပါ။ လူတော်တော်များများ lavender ကိုကြိုက်သလောက် ပိုးမွှားတွေကတော့မုန်းပါတယ်။

စပရေးဗူးအလတ်စားထဲကို lavender ဆီ အစက်သုံးဆယ်၊ ရေအပြည့်ရောပီး လည်းအသုံးပြုနိုင်ပါတယ်။ lavender ဆီကို အသားအရေပေါ်မှာအသုံးပြုခြင်းကိုတော့ရှောင်ပါ။

၅။ပုရွက်ဆိတ်တွေ

အရက်ကအသုံးဝင်လာပါပီ။ အရက်ဆီအနည်းငယ် ပန်းကန်ဆေးဆပ်ပြာနဲ့ ရေတို့ကို ရောပီး သမအောင် ခေါက်ပါ။ အမြုပ်တွေထွက်လာပီဆို ပုရွက်ဆိတ်လမ်းကြောင်းတွေမှာဖြန်းထားလိုက်ပါ။ ပုရွက်ဆိတ်ကင်းစင်တဲ့ အိမ်ဂေဟာလေးဖြစ်နေတော့မှာပါ။

၆။ပျားတွေ

သင့်အိမ်ထဲမှာပျားအိမ်တည်နေပီလား။ ပျားဖွတ်သမားတွေကြားပါက သူတို့အပြေးလာကြပါလိမ့်မယ်။ အဲ့လိုမှမဟုတ်ရင်တော့ သူတို့ကို နှိမ်နင်းဖို့ အခြားနည်းရှိပါတယ်။ Citrus Fruits လို့ခေါ်တဲ့ လိမ္မော်သီး ရှောက်သီး သံပုရာသီးတို့ကို ရေနဲ့ ၁၀မိနစ် ၁၅မိနစ်ခန့် အပူပေးပါ။ ထို့နောက် ထိုအရည်ကို ဗူးထဲထည့်ပီး ဖြန်းပေးပါ။

၇။ပျားနဲ့ ပုရွက်ဆိတ်မျိုးနွယ်တွေ

ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးပါ။ ခြတွေ ပျားတွေ အိမ်ထဲမှာ အုံဖြစ်နေလို့ စိတ်ညစ်နေရလား။ မပူပါနဲ့။ ပန်းကန်ဆေးဆပ်ပြာကို ရေနဲ့သင့်တင့်အောင်ရောပီး ဖြန်းပေးပါ။ ထူးခြားမှုကိုတွေ့ရမှာပါ။

၈။ပင့်ကူတွေ

ပင့်ကူတွေက tea tree ကိုမုန်းပါတယ်တဲ့။ ဒါဆို ဂွင်ပဲလေ။ ရေခွက်ဝက်၊ ဗနီဂါ ခွက်ဝက်ကို tea tree essential oil အနည်းငယ်နဲ့ရောဖြန်းရင် ပင့်ကူတွေကြာကြာနေနိုင်မှာတဲ့လား။

၉။ဒုတိယ ရန်သူတော် ဂျပိုး

ဂျပိုးကိုနိုင်တာ ယူကလစ်ပါတဲ့။ ရေတစ်ခွက်ထဲကို ယူကလစ်ဆီ ၁၀စက်လောက် ထည့်ပီးကုတင်တဝိုက်ဖြန်းပါ။ အိပ်မောမကျစဘူး ကျသွားစေရမယ်။ ဂျပိုးရန်ကင်းကင်းပေါ့။ ခရီးခဏခဏသွားရသူဆိုလည်းမပူပါနဲ့။ ယူကလစ်ဆီလေးသာဆောင်ပါ။ တည်းခိုတည့်နေရာမှာ ယူကလစ်ဆီကို tissue ထဲအနည်းငယ်ထည့်ပီး အိပ်ရာတဝိုက်ပွတ်ပါ။

၁၀။အနံ့ဆိုးတဲ့ ပိုးကောင်တွေ

ထိုအကောင်တွေကို ကြက်သွန်ဖြူနဲ့တားလိုက်ပါ။ ရေ၂ခွက်ကို ကြက်သွန်ဖြူအမှုန့် လက်ဘက်ရည်ဇွန်း ၄ဇွန်းလောက်ထည့်ပီး ခလောက်ပါ။ ပီးရင်တော့ အသုံးပြုဖို့ အဆင့်သင့်ပဲပေါ့။

Credit:Daily Hot News

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top