iMyanmarHouse.com - Best Property Website for Myanmar
×


သာမန္ထက္ ထူးျခားတဲ့ အေရာင္အေသြး၊ သြင္ျပင္သ႑ာန္ရွိရင္ ေဆးဖက္ဝင္တယ္၊လို႔ ေျပာၾကတာမ်ားပါတယ္ေနာ္။ ဥပမာေျပာျပရရင္ ဟင္းႏုႏြယ္အနီေရာင္က ေဆးဖက္ဝင္တယ္၊ ဆလတ္ရြက္အနီေရာင္က စားေပးရတယ္ ခႏၶာကိုယ္အတြက္ေကာင္းတယ္၊ ၾကက္အမဲေရာင္ အသားကလည္း စားရတယ္ေဆးဖက္ဝင္တယ္ဆိုတာမ်ိဳးေပါ့။

ဒီတစ္ေခါက္ေတာ့ အေရာင္အေသြးထူးျခားမႈေၾကာင့္ ေဆးဖက္ဝင္တယ္ဆိုတာက တကယ္မွန္တယ္ဆိုတာေလးကို ဒီေဆာင္းပါးေလးကေနတဆင့္ ေျပာျပေပးပါရေစနာ္။
ခရမ္းေရာင္ေျပာင္းဖူးေလးက ေဆးဖက္ဝင္ပါတယ္

ခရမ္းေရာင္ေျပာင္းဖူးမွာပါတဲ့ ဓာတ္ေတြက ခႏၶာကိုယ္မွာျဖစ္တဲ့ ေရာင္ရမ္းမႈေတြကို က်ဆင္းေစႏိုင္သလို အင္ဆူလင္မတိုးတာကိုလည္း သက္သာေစႏိုင္တဲ့ ေလ့လာမႈအသစ္တစ္ရပ္အရ သိရပါတယ္။ ဒီေတာ့ ေသခ်ာတာတစ္ခုက ခရမ္းေရာင္ေျပာင္းဖူးေလးေတြကို အမ်ိဳးအစား -၂ ဆီးခ်ိဳရွိသူေတြ စားသံုးလို႔ရတယ္ဆိုတာပါ။

က်န္းမာေရးနဲ႔ညီညြတ္ေအာင္ စားသံုးမႈက အမ်ိဳးအစား -၂ ဆီးခ်ိဳေရာဂါကို ကာကြယ္ဖို႔နဲ႔ အေကာင္းဆံုးထိန္းခ်ဳပ္ဖို႔အတြက္ အေရးပါတဲ့ အခ်က္တစ္ခုပါ။ ဆီးခ်ိဳရွိသူတစ္ဦးအေနနဲ႔ စားသံုးဖို႔သင့္ေတာ္တာေတြကေတာ့ သစ္သီးေတြ၊ ကစီဓာတ္နည္းတဲ့ ဟင္းသီးဟင္းရြက္ေတြ၊ ေကာက္ႏွံေတြ၊ အခြံမာသီးေတြ၊ အေစ့အဆန္ေတြနဲ႔ ပဲေတာင့္ရွည္ေတြေပါ့။ ဒီလိုစားသံုးဖို႔သင့္ေတာ္တယ္ဆိုတဲ့ စာရင္းထဲမွာ ကစီဓာတ္မ်ားတဲ့ ေျပာင္းဖူးကေတာ့ မပါတာအမွန္ပါပဲ။

၂၀၁၇ ခုႏွစ္က လုပ္ခဲ့တဲ့ေလ့လာမႈတစ္ခုအရေတာ့ ခရမ္းေရာင္ေျပာင္းဖူးစားသံုးတဲ့ ၾကြက္ကေလးေတြဟာ ဗိုက္အဆီက်သလို၊ ေသြးတြင္းကိုလက္စထေရာပမာဏလည္းေကာင္းမြန္ျပီး၊ ေသြးေပါင္လည္းက်ေစႏုိင္တယ္လို႔လည္း ေတြ႔ရွိခဲ့ရပါတယ္။ အဝလြန္တာမ်ိဳးမျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္စြမ္းရွိပါတယ္။

 ေလ့လာမႈေတြအရေတာ့ ခရမ္းေရာင္ေျပာင္းဖူးမွာပါတဲ့ ဓာတ္ပစၥည္းတစ္ခုက အင္ဆူလင္တုံ႔ျပန္ႏိုင္စြမ္းကို တိုးတက္ေစႏိုင္သလို နာက်င္ေရာင္ရမ္းမႈေတြကိုလည္း သက္သာေစႏိုင္ပါတယ္။ ဒီဓာတ္က ဆဲလ္ေတြတြင္းက oxidative stress ေတြကိုလည္း ေလ်ာ႔က်ေစႏိုင္ပါတယ္။

ဒါေၾကာင့္ ခရမ္းေရာင္ေျပာင္းဖူးေလးကို ဆီးခ်ိဳရွိေနသူေတြေရာ၊ ဆီးခ်ိဳမျဖစ္ေအာင္ ကာကြယ္ခ်င္သူေတြပါစားသံုးလို႔ရပါတယ္ေနာ္။ အဝလြန္တာကိုလည္း ကာကြယ္ေပးတယ္ဆုိေတာ့ အိုေကေပါ့။ ခႏၶာကိုယ္မွာ ေရာင္ရမ္းမႈေတြျဖစ္ေနမယ္ဆိုရင္လည္း ခရမး္ေရာင္ေျပာင္းဖူးေလးကို စားသံုးမယ္ဆိုရင္ သက္သာေစမွာပါ။

ကစီဓာတ္မ်ားလို႔ မစားရဘူးဆိုျပီး ေျပာင္းဖူးမစားရလို႔ စိတ္ညစ္ေနတဲ့ ဆီးခ်ိဳေရာဂါရွင္ေတြအတြက္ေတာ့ ေျပာင္းဖူးလည္း စားရ က်န္းမာေရးအတြက္လည္း ေကာင္းတယ္ဆိုေတာ့ အဆင္ေျပတာေပါ့ေနာ္။ ဒါေၾကာင့္ အေရာင္အေသြးထူးျခားမႈက ေဆးဖက္ဝင္တယ္ဆိုတာ တကယ္ပါေနာ္။

ဆီးခ်ိဳရွိတဲ့သူေတြအတြက္ေရာ အဝလြန္မွာစိုးေနသူေတြအတြက္ပါ အဆင္ေျပတယ္ဆိုေတာ့ ေဆးျဖစ္ဝါးျဖစ္ေလးျဖစ္ျဖစ္ ခရမ္းေရာင္ေျပာင္းဖူးေလးကို စားလို႔ရပါေၾကာင္း……..

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သာမန်ထက် ထူးခြားတဲ့ အရောင်အသွေး၊ သွင်ပြင်သဏ္ဍာန်ရှိရင် ဆေးဖက်ဝင်တယ်၊လို့ ပြောကြတာများပါတယ်နော်။ ဥပမာပြောပြရရင် ဟင်းနုနွယ်အနီရောင်က ဆေးဖက်ဝင်တယ်၊ ဆလတ်ရွက်အနီရောင်က စားပေးရတယ် ခန္ဓာကိုယ်အတွက်ကောင်းတယ်၊ ကြက်အမဲရောင် အသားကလည်း စားရတယ်ဆေးဖက်ဝင်တယ်ဆိုတာမျိုးပေါ့။

ဒီတစ်ခေါက်တော့ အရောင်အသွေးထူးခြားမှုကြောင့် ဆေးဖက်ဝင်တယ်ဆိုတာက တကယ်မှန်တယ်ဆိုတာလေးကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေနာ်။
ခရမ်းရောင်ပြောင်းဖူးလေးက ဆေးဖက်ဝင်ပါတယ်

ခရမ်းရောင်ပြောင်းဖူးမှာပါတဲ့ ဓာတ်တွေက ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကို ကျဆင်းစေနိုင်သလို အင်ဆူလင်မတိုးတာကိုလည်း သက်သာစေနိုင်တဲ့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။ ဒီတော့ သေချာတာတစ်ခုက ခရမ်းရောင်ပြောင်းဖူးလေးတွေကို အမျိုးအစား -၂ ဆီးချိုရှိသူတွေ စားသုံးလို့ရတယ်ဆိုတာပါ။

ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးမှုက အမျိုးအစား -၂ ဆီးချိုရောဂါကို ကာကွယ်ဖို့နဲ့ အကောင်းဆုံးထိန်းချုပ်ဖို့အတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ ဆီးချိုရှိသူတစ်ဦးအနေနဲ့ စားသုံးဖို့သင့်တော်တာတွေကတော့ သစ်သီးတွေ၊ ကစီဓာတ်နည်းတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ကောက်နှံတွေ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေနဲ့ ပဲတောင့်ရှည်တွေပေါ့။ ဒီလိုစားသုံးဖို့သင့်တော်တယ်ဆိုတဲ့ စာရင်းထဲမှာ ကစီဓာတ်များတဲ့ ပြောင်းဖူးကတော့ မပါတာအမှန်ပါပဲ။

၂၀၁၇ ခုနှစ်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရတော့ ခရမ်းရောင်ပြောင်းဖူးစားသုံးတဲ့ ကြွက်ကလေးတွေဟာ ဗိုက်အဆီကျသလို၊ သွေးတွင်းကိုလက်စထရောပမာဏလည်းကောင်းမွန်ပြီး၊ သွေးပေါင်လည်းကျစေနိုင်တယ်လို့လည်း တွေ့ရှိခဲ့ရပါတယ်။ အဝလွန်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

 လေ့လာမှုတွေအရတော့ ခရမ်းရောင်ပြောင်းဖူးမှာပါတဲ့ ဓာတ်ပစ္စည်းတစ်ခုက အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို တိုးတက်စေနိုင်သလို နာကျင်ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒီဓာတ်က ဆဲလ်တွေတွင်းက oxidative stress တွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

ဒါကြောင့် ခရမ်းရောင်ပြောင်းဖူးလေးကို ဆီးချိုရှိနေသူတွေရော၊ ဆီးချိုမဖြစ်အောင် ကာကွယ်ချင်သူတွေပါစားသုံးလို့ရပါတယ်နော်။ အဝလွန်တာကိုလည်း ကာကွယ်ပေးတယ်ဆိုတော့ အိုကေပေါ့။ ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေဖြစ်နေမယ်ဆိုရင်လည်း ခရမ်းရောင်ပြောင်းဖူးလေးကို စားသုံးမယ်ဆိုရင် သက်သာစေမှာပါ။

ကစီဓာတ်များလို့ မစားရဘူးဆိုပြီး ပြောင်းဖူးမစားရလို့ စိတ်ညစ်နေတဲ့ ဆီးချိုရောဂါရှင်တွေအတွက်တော့ ပြောင်းဖူးလည်း စားရ ကျန်းမာရေးအတွက်လည်း ကောင်းတယ်ဆိုတော့ အဆင်ပြေတာပေါ့နော်။ ဒါကြောင့် အရောင်အသွေးထူးခြားမှုက ဆေးဖက်ဝင်တယ်ဆိုတာ တကယ်ပါနော်။

ဆီးချိုရှိတဲ့သူတွေအတွက်ရော အဝလွန်မှာစိုးနေသူတွေအတွက်ပါ အဆင်ပြေတယ်ဆိုတော့ ဆေးဖြစ်ဝါးဖြစ်လေးဖြစ်ဖြစ် ခရမ်းရောင်ပြောင်းဖူးလေးကို စားလို့ရပါကြောင်း……..

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top