iMyanmarHouse.com - Best Property Website for Myanmar
×


ေရပူေရေႏြးကို ေဆာင္းရာသီမွာပဲ လူေတြ ေသာက္တတ္ၾကတယ္လို႔ ထင္ေပမဲ့ တကယ္ေတာ့ မဟုတ္ပါဘူး။ ရာသီမေရြး ေသာက္ေပးလို႔ ရျပီး က်န္းမာေရးအတြက္လည္း ေကာင္းက်ိဳးမ်ားစြာ ရွိေစႏိုင္ပါတယ္။ အစာေၾကလြယ္ျပီး ရင္ေခ်ာင္ေစတယ္။

စိတ္ဖိစီးမႈကို ေျပေလ်ာ့ေစျပီး လူကို လန္းဆန္းတက္ၾကြေစတယ္။ အထူးသျဖင့္ ဖ်ားနာေနတဲ့အခ်ိန္ဆို ေရေႏြးေသာက္ေပးျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကို ပိုျပီး ရႏိုင္ပါတယ္။

ေရေႏြးရဲ႕ ေကာင္းက်ိဳး ၁၀ ခ်က္က ဘာေတြလဲ။

၁။ ႏွာေစးႏွာပိတ္ သက္သာေစတယ္။

ဖ်ားေနတဲ့အခ်ိန္၊ ႏွာေစးႏွာပိတ္တာပါ ျဖစ္လာရင္ သိပ္စိတ္ညစ္ရတယ္ေနာ္။ ႏွာေခါင္းက အသက္ရွဴလို႔လည္း မဝ၊ ႏွပ္ေတြကို အျမဲညွစ္ထုတ္ရနဲ႔ လူက ပိုျပီးႏံုးခ်ိေနေတာ့တာေပါ့။ ေရေႏြးမွာ ပါတဲ့ အပူဓာတ္ဟာ အသက္ရွဴလမ္းေၾကာင္းနဲ႔ လည္ေခ်ာင္းထဲမွာ ပိတ္ေနတဲ့ ခၽြဲေတြကို ေပ်ာ္က်သြားေစျပီး ပြင့္ထြက္သြားေစတယ္။ ေခါင္းမူးေခါင္းကိုက္ေနတာ၊ လည္ေခ်ာင္းနာေနတဲ့အခ်ိန္ဆိုရင္လည္း ေရေႏြးကို ပိုျပီး ေသာက္ေပးသင့္တယ္ေနာ္။

၂။ အစာေၾကလြယ္ေစတယ္။

ေရေႏြးဟာ အူလမ္းေၾကာင္းတစ္ေလွ်ာက္ကို ေခ်ာေမြ႔သြားေစျပီး အစာအိမ္နဲ႔ အူမၾကီးထဲသို႔ လ်င္ျမန္စြာ အစာေရာက္ႏိုင္ေစဖို႔ ကူညီေပးတယ္။ ကိုယ္ခႏၶာက ေရဓာတ္ျပည့္ဝေနတဲ့အတြက္  အစာကို ေကာင္းေကာင္း ေခ်ဖ်က္ႏိုင္ေစျပီး ဝမ္းကိုလည္း မွန္ေစပါတယ္။ ကိုယ္စားလိုက္တဲ့အစားအစာထဲမွာ အမာေတြ ပါေနရင္လည္း ေရေႏြးက ေပ်ာ့သြားေစႏိုင္ပါတယ္။

၃။ နာက်င္ကိုက္ခဲမႈ ေဝဒနာကို သက္သာေစတယ္။

ကိုယ္ခႏၶာရဲ႕ ပင္မအာရံုေၾကာစနစ္ကို ျငိမ္သြားေစျပီး ကိုယ္ခႏၶာတြင္း ေကာင္းစြာ ေသြးလည္ပတ္ေစတယ္။ ၾကြက္သားနဲ႔ အရိုးအဆစ္ေတြ နာက်င္ကိုက္ခဲေနတာကို သက္သာေစတယ္။ အနာက်က္ျမန္ေစဖို႔လည္း ကူညီေပးႏိုင္ပါတယ္။

၄။ ဝမ္းခ်ဳပ္တာကို ေပ်ာက္ေစတယ္။

ဝမ္းခ်ဳပ္ေနတဲ့အခ်ိန္ဆို ေရေႏြးေႏြးေသာက္ေပးျခင္းျဖင့္ အစာအိိမ္နဲ႔ အူလမ္းေၾကာင္းထဲမွာ ရွိတဲ့ အစာေဟာင္းေတြကို ဝမ္းအျဖစ္နဲ႔ ေကာင္းစြာ စြန္႔ထုတ္ေပးႏိုင္ဖို႔ ကူညီေပးႏုိင္တယ္။ ဝမ္းခ်ဳပ္ေနတဲ့အခ်ိန္မွ မဟုတ္ပါဘူး၊ ပံုမွန္ထမင္းစားျပီး ေရေႏြးနည္းနည္းေသာက္ေပးရင္ အစာေခ်ဖ်က္ဖို႔ ပိုမိုလြယ္ကူျပီး ဝမ္းမွန္ေစႏိုင္ပါတယ္။

၅။ ေရဓာတ္ကို ျဖည့္တင္းေပးတယ္။

ေရပူျဖစ္ျဖစ္၊ ေရေအးျဖစ္ျဖစ္ ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ ေရဓာတ္ကို ျပန္လည္ျဖည့္တင္းေပးဖို႔ ကူညီေပးႏုိင္ပါတယ္။ လူတစ္ေယာက္ဟာ တစ္ေန႔ကို အနည္းဆံုး ေရ ၂လီတာခန္႔ ေသာက္ေပးဖို႔ လိုအပ္ပါတယ္။ ဒါမွပဲ ကိုယ္တြင္းမွာ ေရဓာတ္ခမ္းေျခာက္မႈ မျဖစ္ေစဘဲ ေကာင္းစြာ အလုပ္လုပ္ႏိုင္ေတာ့မွာေပါ့။

၆။ ကိုယ္အေလးခ်ိန္ကို က်ေစတယ္။

ေရေႏြးဟာ ကိုယ္တြင္းက အပူေတြကို က်ေစျပီး ဇီဝကမၼျဖစ္စဥ္ေတြကို လ်င္ျမန္စြာ အလုပ္လုပ္ဖို႔ လႈံ႔ေဆာ္ေပးႏိုင္ပါတယ္။ အစာအိမ္ထဲမွာ ရွိတဲ့ အစာေဟာင္း၊ အညစ္အေၾကးေတြကို ဆီး၊ ဝမ္းအျဖစ္နဲ႔ အျပင္ဘက္ကို စြန္႔ထုတ္ေပးလို႔ လူကို ေပါ့ပါးေစတယ္။ ကယ္လိုရီေတြကိုလည္း အနည္းငယ္ေလာင္ကၽြမ္းေစႏိုင္ျပီး ကိုယ္အေလးခ်ိန္ကိုလည္း က်ေစပါတယ္။

၇။ ေသြးလည္ပတ္မႈ ေကာင္းေစတယ္။

ေရေႏြးေသာက္တာျဖစ္ေစ၊ ေရပူေရေႏြးနဲ႔ ေရခ်ိဳးတာ၊ ေရစိမ္တဲ့အခါမွာ ကိုယ္ခႏၶာထဲက ေသြးေၾကာေတြဟာ က်ယ္သြားျပီး ေသြးကို ပိုမိုစီးဆင္းေစႏိုင္တယ္။ ေသြးလည္ပတ္မႈ ျမန္လာတဲ့အခါမွာ ေသြးတိုးကို က်ေစတယ္။ ႏွလံုးေရာဂါ ျဖစ္ႏိုင္ေျခကို ေလ်ာ့နည္းေစတယ္။ စိတ္ကိုေပါ့ပါးလန္းဆန္းေစျပီး ညဘက္မွာ ေကာင္းစြာအိပ္စက္အနားယူႏိုင္ေစဖို႔ ကူညီေပးပါတယ္။

၈။ စိတ္ဖိစီးမႈကို က်ေစတယ္။

စိတ္ဖိစီးမႈဆိုတာ ေရာဂါေပါင္းစံု ဝင္လာေစဖို႔ တရားခံေတြထဲမွာ ပါေနပါတယ္။ လူတိုင္းက ေန႔စဥ္ဘဝမွာ ၾကံဳလာရတဲ့ စိတ္ဖိစီးမႈေတြကို ေျဖေဖ်ာက္မွပဲ စိတ္ခ်မ္းသာ ကိုယ္က်န္းမာနဲ႔ ေနႏိုင္ေတာ့မွာေပါ့။ ဒီလိုမ်ိဳး စိတ္ဖိစီးေနတဲ့အခ်ိန္ဆို ကိုယ့္ရဲ႕ စိတ္ကေလးေအးခ်မ္းသြားေအာင္ ေရေႏြးတစ္ခြက္ ေသာက္ေပးလိုက္တာ အေကာင္းဆံုးပါပဲ။

၉။ ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ေလ်ာ့နည္းေစတယ္။

ေရေႏြးေသာက္လိုက္တာျဖစ္ေစ၊ ေရပူေရေႏြးနဲ႔ ေရခ်ိဳးလိုက္တဲ့အခါ အစပိုင္းမွာ ကိုယ္တြင္းအပူခ်ိန္က ျမင့္တက္လာပါတယ္။ ဒီလိုပူလာတာကို ကိုယ္ခႏၶာက ျပန္လည္တံု႔ျပန္ဖို႔အတြက္ ေခၽြးထြက္ေစပါတယ္။ ေသြးနဲ႔ ကိုယ္တြင္းရွိ အညစ္အေၾကးနဲ႔ အဆိပ္အေတာက္ေတြကို ေခၽြး၊ ဆီး အျဖစ္နဲ႔ ခႏၶာကိုယ္ျပင္ပကို စြန္႔ထုတ္ေပးျပီး သန္႔စင္ေပးႏိုင္ပါတယ္။

၁၀။ အက္ခေလးရွား ေရာဂါကို သက္သာေစတယ္။

အက္ခေလးရွားေရာဂါ (Achalasia) ဆိုတာ လည္ေခ်ာင္းကေန ျမိဳခ်လိုက္တဲ့ အစာေတြက အစာအိမ္ထဲကို သြားဖို႔ က်ပ္ေနတဲ့ ေရာဂါျဖစ္ပါတယ္။ တစ္ခါတေလမွာ အစာျမိဳခ်ဖို႔၊ အစာအိမ္ထဲကို ေရာက္မယ့္ အစာေတြက လည္ေခ်ာင္းမွာ ကပ္ေနတာမ်ိဳးေတြလည္း ရွိပါတယ္။

ဒီလုိေရာဂါရွိသူေတြအတြက္ဆိုရင္ ေရေႏြးကို ပံုမွန္ေလး ေသာက္ေပးသင့္တယ္ေနာ္။ အထူးသျဖင့္ ဆီမ်ားလြန္းတဲ့အစားအစာေတြ၊ အသား၊ အမာစာေတြ စားျပီးရင္လည္း အစာျမိဳခ်ရလြယ္ေစဖို႔ ေရေႏြးေသာက္ေပးတာ အေကာင္းဆံုးပါပဲ။

ေရေႏြးဟာ ကိုယ္ခႏၶာအတြက္ ေကာင္းက်ိဳးမ်ားစြာ ရွိေစတာမွန္ေပမဲ့ အရမ္းပူလြန္းတဲ့ ေရေတြဆိုရင္ေတာ့ ကိုယ္တြင္းက တစ္သွ်ဴးေတြနဲ႔ ဆဲလ္ေတြကို ပ်က္စီးသြားေစႏိုင္တယ္။ လွ်ာကို က်က္ေစျပီး အရသာခံႏိုင္စြမ္းကို ထိခိုက္ေစႏိုင္လို႔ သတိထားျပီးေတာ့ ေသာက္ဖို႔ အၾကံေပးလိုက္တယ္ေနာ္။

အားကစားလုပ္ျပီးခ်ိန္နဲ႔ အရမ္းပူလြန္းတဲ့အခ်ိန္မွာေတာ့ ေရေႏြးကို မေသာက္သင့္ပါဘူး။ မနက္အိပ္ရာထခ်ိန္နဲ႔ ထမင္းစားျပီးတဲ့အခ်ိန္မ်ိဳးမွာ ေရေႏြးေသာက္ေပးတာ အေကာင္းဆံုးပါပဲ။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ရေပူရေနွေးကို ဆောင်းရာသီမှာပဲ လူတွေ သောက်တတ်ကြတယ်လို့ ထင်ပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ ရာသီမရွေး သောက်ပေးလို့ ရပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ရှိစေနိုင်ပါတယ်။ အစာကြေလွယ်ပြီး ရင်ချောင်စေတယ်။

စိတ်ဖိစီးမှုကို ပြေလျော့စေပြီး လူကို လန်းဆန်းတက်ကြွစေတယ်။ အထူးသဖြင့် ဖျားနာနေတဲ့အချိန်ဆို ရေနွေးသောက်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပိုပြီး ရနိုင်ပါတယ်။

ရေနွေးရဲ့ ကောင်းကျိုး ၁၀ ချက်က ဘာတွေလဲ။

၁။ နှာစေးနှာပိတ် သက်သာစေတယ်။

ဖျားနေတဲ့အချိန်၊ နှာစေးနှာပိတ်တာပါ ဖြစ်လာရင် သိပ်စိတ်ညစ်ရတယ်နော်။ နှာခေါင်းက အသက်ရှူလို့လည်း မဝ၊ နှပ်တွေကို အမြဲညှစ်ထုတ်ရနဲ့ လူက ပိုပြီးနုံးချိနေတော့တာပေါ့။ ရေနွေးမှာ ပါတဲ့ အပူဓာတ်ဟာ အသက်ရှူလမ်းကြောင်းနဲ့ လည်ချောင်းထဲမှာ ပိတ်နေတဲ့ ချွဲတွေကို ပျော်ကျသွားစေပြီး ပွင့်ထွက်သွားစေတယ်။ ခေါင်းမူးခေါင်းကိုက်နေတာ၊ လည်ချောင်းနာနေတဲ့အချိန်ဆိုရင်လည်း ရေနွေးကို ပိုပြီး သောက်ပေးသင့်တယ်နော်။

၂။ အစာကြေလွယ်စေတယ်။

ရေနွေးဟာ အူလမ်းကြောင်းတစ်လျှောက်ကို ချောမွေ့သွားစေပြီး အစာအိမ်နဲ့ အူမကြီးထဲသို့ လျင်မြန်စွာ အစာရောက်နိုင်စေဖို့ ကူညီပေးတယ်။ ကိုယ်ခန္ဓာက ရေဓာတ်ပြည့်ဝနေတဲ့အတွက်  အစာကို ကောင်းကောင်း ချေဖျက်နိုင်စေပြီး ဝမ်းကိုလည်း မှန်စေပါတယ်။ ကိုယ်စားလိုက်တဲ့အစားအစာထဲမှာ အမာတွေ ပါနေရင်လည်း ရေနွေးက ပျော့သွားစေနိုင်ပါတယ်။

၃။ နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေတယ်။

ကိုယ်ခန္ဓာရဲ့ ပင်မအာရုံကြောစနစ်ကို ငြိမ်သွားစေပြီး ကိုယ်ခန္ဓာတွင်း ကောင်းစွာ သွေးလည်ပတ်စေတယ်။ ကြွက်သားနဲ့ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲနေတာကို သက်သာစေတယ်။ အနာကျက်မြန်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။

၄။ ဝမ်းချုပ်တာကို ပျောက်စေတယ်။

ဝမ်းချုပ်နေတဲ့အချိန်ဆို ရေနွေးနွေးသောက်ပေးခြင်းဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ ရှိတဲ့ အစာဟောင်းတွေကို ဝမ်းအဖြစ်နဲ့ ကောင်းစွာ စွန့်ထုတ်ပေးနိုင်ဖို့ ကူညီပေးနိုင်တယ်။ ဝမ်းချုပ်နေတဲ့အချိန်မှ မဟုတ်ပါဘူး၊ ပုံမှန်ထမင်းစားပြီး ရေနွေးနည်းနည်းသောက်ပေးရင် အစာချေဖျက်ဖို့ ပိုမိုလွယ်ကူပြီး ဝမ်းမှန်စေနိုင်ပါတယ်။

၅။ ရေဓာတ်ကို ဖြည့်တင်းပေးတယ်။

ရေပူဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ ကူညီပေးနိုင်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး ရေ ၂လီတာခန့် သောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်မှု မဖြစ်စေဘဲ ကောင်းစွာ အလုပ်လုပ်နိုင်တော့မှာပေါ့။

၆။ ကိုယ်အလေးချိန်ကို ကျစေတယ်။

ရေနွေးဟာ ကိုယ်တွင်းက အပူတွေကို ကျစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စွာ အလုပ်လုပ်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ အစာအိမ်ထဲမှာ ရှိတဲ့ အစာဟောင်း၊ အညစ်အကြေးတွေကို ဆီး၊ ဝမ်းအဖြစ်နဲ့ အပြင်ဘက်ကို စွန့်ထုတ်ပေးလို့ လူကို ပေါ့ပါးစေတယ်။ ကယ်လိုရီတွေကိုလည်း အနည်းငယ်လောင်ကျွမ်းစေနိုင်ပြီး ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။

၇။ သွေးလည်ပတ်မှု ကောင်းစေတယ်။

ရေနွေးသောက်တာဖြစ်စေ၊ ရေပူရေနွေးနဲ့ ရေချိုးတာ၊ ရေစိမ်တဲ့အခါမှာ ကိုယ်ခန္ဓာထဲက သွေးကြောတွေဟာ ကျယ်သွားပြီး သွေးကို ပိုမိုစီးဆင်းစေနိုင်တယ်။ သွေးလည်ပတ်မှု မြန်လာတဲ့အခါမှာ သွေးတိုးကို ကျစေတယ်။ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေတယ်။ စိတ်ကိုပေါ့ပါးလန်းဆန်းစေပြီး ညဘက်မှာ ကောင်းစွာအိပ်စက်အနားယူနိုင်စေဖို့ ကူညီပေးပါတယ်။

၈။ စိတ်ဖိစီးမှုကို ကျစေတယ်။

စိတ်ဖိစီးမှုဆိုတာ ရောဂါပေါင်းစုံ ဝင်လာစေဖို့ တရားခံတွေထဲမှာ ပါနေပါတယ်။ လူတိုင်းက နေ့စဉ်ဘဝမှာ ကြုံလာရတဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်မှပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ နေနိုင်တော့မှာပေါ့။ ဒီလိုမျိုး စိတ်ဖိစီးနေတဲ့အချိန်ဆို ကိုယ့်ရဲ့ စိတ်ကလေးအေးချမ်းသွားအောင် ရေနွေးတစ်ခွက် သောက်ပေးလိုက်တာ အကောင်းဆုံးပါပဲ။

၉။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို လျော့နည်းစေတယ်။

ရေနွေးသောက်လိုက်တာဖြစ်စေ၊ ရေပူရေနွေးနဲ့ ရေချိုးလိုက်တဲ့အခါ အစပိုင်းမှာ ကိုယ်တွင်းအပူချိန်က မြင့်တက်လာပါတယ်။ ဒီလိုပူလာတာကို ကိုယ်ခန္ဓာက ပြန်လည်တုံ့ပြန်ဖို့အတွက် ချွေးထွက်စေပါတယ်။ သွေးနဲ့ ကိုယ်တွင်းရှိ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ချွေး၊ ဆီး အဖြစ်နဲ့ ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပြီး သန့်စင်ပေးနိုင်ပါတယ်။

၁၀။ အက်ခလေးရှား ရောဂါကို သက်သာစေတယ်။

အက်ခလေးရှားရောဂါ (Achalasia) ဆိုတာ လည်ချောင်းကနေ မြိုချလိုက်တဲ့ အစာတွေက အစာအိမ်ထဲကို သွားဖို့ ကျပ်နေတဲ့ ရောဂါဖြစ်ပါတယ်။ တစ်ခါတလေမှာ အစာမြိုချဖို့၊ အစာအိမ်ထဲကို ရောက်မယ့် အစာတွေက လည်ချောင်းမှာ ကပ်နေတာမျိုးတွေလည်း ရှိပါတယ်။

ဒီလိုရောဂါရှိသူတွေအတွက်ဆိုရင် ရေနွေးကို ပုံမှန်လေး သောက်ပေးသင့်တယ်နော်။ အထူးသဖြင့် ဆီများလွန်းတဲ့အစားအစာတွေ၊ အသား၊ အမာစာတွေ စားပြီးရင်လည်း အစာမြိုချရလွယ်စေဖို့ ရေနွေးသောက်ပေးတာ အကောင်းဆုံးပါပဲ။

ရေနွေးဟာ ကိုယ်ခန္ဓာအတွက် ကောင်းကျိုးများစွာ ရှိစေတာမှန်ပေမဲ့ အရမ်းပူလွန်းတဲ့ ရေတွေဆိုရင်တော့ ကိုယ်တွင်းက တစ်သျှူးတွေနဲ့ ဆဲလ်တွေကို ပျက်စီးသွားစေနိုင်တယ်။ လျှာကို ကျက်စေပြီး အရသာခံနိုင်စွမ်းကို ထိခိုက်စေနိုင်လို့ သတိထားပြီးတော့ သောက်ဖို့ အကြံပေးလိုက်တယ်နော်။

အားကစားလုပ်ပြီးချိန်နဲ့ အရမ်းပူလွန်းတဲ့အချိန်မှာတော့ ရေနွေးကို မသောက်သင့်ပါဘူး။ မနက်အိပ်ရာထချိန်နဲ့ ထမင်းစားပြီးတဲ့အချိန်မျိုးမှာ ရေနွေးသောက်ပေးတာ အကောင်းဆုံးပါပဲ။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top