iMyanmarHouse.com - Best Property Website for Myanmar
×

အေရးႀကီးတဲ့ အစည္းအေဝး၊ အင္တာဗ်ဴးစတဲ့ အထူးတလည္ေန႔ရက္ေတြမွာ ဝမ္းခ်ဳပ္ၿပီး မအီမသာျဖစ္ေနတယ္လို႔ ေတြးၾကည့္လိုက္ပါ။ တကယ့္ကို အိမ္မက္ဆိုးႀကီးတစ္ခုလိုပါပဲ။ သက္ေသာင့္သက္သာမျဖစ္တဲ့အျပင္ တစ္ခုခုကို စားေသာက္မိမယ္ဆိုရင္လည္း ဝမ္းဗိုက္ထဲမွာ ရစ္ေနပါလိမ့္မယ္။

တကယ္လို႔ ဝမ္းခ်ဳပ္ေဝဒနာခံစားရၿပီး ျမန္ျမန္သက္သာခ်င္တယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ ေဖ်ာ္ရည္ေလးေတြကို မိမိဘာသာ အိမ္မွာ ေဖ်ာ္ေသာက္ၾကည့္လိုက္ပါ။

သံပု႐ိုရည္

သံပု႐ိုရည္ တစ္ျခမ္း၊ ေရေႏြးေႏြးတစ္ခြက္၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းနဲ႔ သစ္ၾကမ္းပိုးေခါက္မႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္တို႔ လိုအပ္ပါမယ္။ ေရေႏြးထဲကို သံပု႐ိုရည္ ညွစ္ထည့္ၿပီး ပ်ားရည္၊ သစ္ၾကမ္းပိုးေခါက္မႈန္႔တို႔ကို သမေအာင္ ေရာေမႊေပးလိုက္ပါ။ ေသခ်ာေမႊၿပီးသြားတဲ့အခါမွာေတာ့ စိတ္ခ်လက္ခ်ေသာက္သံုးလို႔ရပါၿပီ။

သံပု႐ိုရည္က အမွ်င္ဓာတ္နဲ႔ ဗီတာမင္စီဓာတ္ ၾကြယ္ဝတဲ့အတြက္ေၾကာင့္ ဝမ္းခ်ဳပ္ျခင္းကို သက္သာေစၿပီး ကိုယ္ခံအားေကာင္းမြန္ေစပါတယ္။ သစ္ၾကမ္းပိုးေခါက္မႈန္႔ကေတာ့ အစာေခ်စနစ္ကို ေကာင္းမြန္ေစၿပီး ပ်ားရည္ကေတာ့ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္႐ွားေပးပါတယ္။

လိေမၼာ္ရည္

ဒီေဖ်ာ္ရည္ ေဖ်ာ္ဖို႔အတြက္ လိေမၼာ္သီး ၃ လံုး၊ ၄ လံုးခန္႔ရယ္ ဆားအမဲ အနည္းငယ္ရယ္ လိုအပ္ပါတယ္။ လိေမၼာ္သီးကို အရည္ညွစ္ၿပီးေနာက္ ဆားထည့္ၿပီး သမေအာင္ ေမႊေပးလိုက္ပါ။ ေမႊေပးၿပီးတဲ့ေနာက္မွာ အရသာ႐ွိ႐ွိသံုးေဆာင္ႏိုင္ပါၿပီ။

လိေမၼာ္သီးမွာ ဗီတာမင္ စီ၊ သတၱဳဓာတ္နဲ႔ အမွ်င္ဓာတ္တို႔ပါဝင္ၿပီး ေရဓာတ္မ်ားလည္း အမ်ားအျပားပါဝင္တာေၾကာင့္ အစာေခ်စနစ္ကို ေကာင္းမြန္ေစၿပီး ဝမ္းခ်ဳပ္ျခင္းကို ခ်က္ခ်င္းသက္သာေစမွာပဲျဖစ္ပါတယ္။

ဝမ္းခ်ဳပ္ေနစဥ္မွာ စားသံုးသင့္တဲ့ အျခားအစားအစာမ်ား

အသီးထဲမွာဆိုရင္ေတာ့ ဇီးသီး၊ သစ္ေတာ္သီး၊ ဖရဲသီး၊ လိေမၼာ္သီး၊ သံပုရာသီး၊ သံပု႐ိုသီးနဲ႔ ပန္းသီးတို႔ကို စားသံုးသင့္ပါတယ္။ ဟင္းသီးဟင္းရြက္ထဲမွာေတာ့ ကိုက္လန္၊ ဟင္းႏုႏြယ္၊ ပန္းေဂၚဖီစိမ္း၊ မုန္လာဥနီ၊ မုန္လာဥျဖဴ၊ နီညိဳေရာင္႐ွိေသာ သၾကားမုန္လာဥနဲ႔ တ႐ုတ္နံနံ တို႔ပဲျဖစ္ပါတယ္။ အေစ့အဆံထဲမွာဆိုရင္ေတာ့ ဖ႐ံုေစ့၊ အယ္လ္မြန္ေစ့၊ ဇီရာေစ့၊ စမုန္စပါးေစ့တို႔ပဲျဖစ္ပါတယ္။ အဆီထဲမွာဆိုရင္ေတာ့ သံလြင္ဆီကို မွီဝဲသင့္ၿပီး ေရမ်ားမ်ား ေသာက္သံုးဖို႔လည္း လိုပါတယ္။ လတ္ဆတ္တဲ့သစ္သီးေဖ်ာ္ရည္နဲ႔ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္႐ွားေပးမယ့္ Detox ေဖ်ာ္ရည္ေလးေတြလည္း ေသာက္သံုးေပးႏိုင္ပါတယ္။

Credit: myfoodmyanmar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အရေးကြီးတဲ့ အစည်းအဝေး၊ အင်တာဗျူးစတဲ့ အထူးတလည်နေ့ရက်တွေမှာ ဝမ်းချုပ်ပြီး မအီမသာဖြစ်နေတယ်လို့ တွေးကြည့်လိုက်ပါ။ တကယ့်ကို အိမ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ သက်သောင့်သက်သာမဖြစ်တဲ့အပြင် တစ်ခုခုကို စားသောက်မိမယ်ဆိုရင်လည်း ဝမ်းဗိုက်ထဲမှာ ရစ်နေပါလိမ့်မယ်။

တကယ်လို့ ဝမ်းချုပ်ဝေဒနာခံစားရပြီး မြန်မြန်သက်သာချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖျော်ရည်လေးတွေကို မိမိဘာသာ အိမ်မှာ ဖျော်သောက်ကြည့်လိုက်ပါ။

သံပုရိုရည်

သံပုရိုရည် တစ်ခြမ်း၊ ရေနွေးနွေးတစ်ခွက်၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သစ်ကြမ်းပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ လိုအပ်ပါမယ်။ ရေနွေးထဲကို သံပုရိုရည် ညှစ်ထည့်ပြီး ပျားရည်၊ သစ်ကြမ်းပိုးခေါက်မှုန့်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ သေချာမွှေပြီးသွားတဲ့အခါမှာတော့ စိတ်ချလက်ချသောက်သုံးလို့ရပါပြီ။

သံပုရိုရည်က အမျှင်ဓာတ်နဲ့ ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့အတွက်ကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပြီး ကိုယ်ခံအားကောင်းမွန်စေပါတယ်။ သစ်ကြမ်းပိုးခေါက်မှုန့်ကတော့ အစာချေစနစ်ကို ကောင်းမွန်စေပြီး ပျားရည်ကတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

လိမ္မော်ရည်

ဒီဖျော်ရည် ဖျော်ဖို့အတွက် လိမ္မော်သီး ၃ လုံး၊ ၄ လုံးခန့်ရယ် ဆားအမဲ အနည်းငယ်ရယ် လိုအပ်ပါတယ်။ လိမ္မော်သီးကို အရည်ညှစ်ပြီးနောက် ဆားထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ မွှေပေးပြီးတဲ့နောက်မှာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

လိမ္မော်သီးမှာ ဗီတာမင် စီ၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တို့ပါဝင်ပြီး ရေဓာတ်များလည်း အများအပြားပါဝင်တာကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ချက်ချင်းသက်သာစေမှာပဲဖြစ်ပါတယ်။

ဝမ်းချုပ်နေစဉ်မှာ စားသုံးသင့်တဲ့ အခြားအစားအစာများ

အသီးထဲမှာဆိုရင်တော့ ဇီးသီး၊ သစ်တော်သီး၊ ဖရဲသီး၊ လိမ္မော်သီး၊ သံပုရာသီး၊ သံပုရိုသီးနဲ့ ပန်းသီးတို့ကို စားသုံးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်ထဲမှာတော့ ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ နီညိုရောင်ရှိသော သကြားမုန်လာဥနဲ့ တရုတ်နံနံ တို့ပဲဖြစ်ပါတယ်။ အစေ့အဆံထဲမှာဆိုရင်တော့ ဖရုံစေ့၊ အယ်လ်မွန်စေ့၊ ဇီရာစေ့၊ စမုန်စပါးစေ့တို့ပဲဖြစ်ပါတယ်။ အဆီထဲမှာဆိုရင်တော့ သံလွင်ဆီကို မှီဝဲသင့်ပြီး ရေများများ သောက်သုံးဖို့လည်း လိုပါတယ်။ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်နဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးမယ့် Detox ဖျော်ရည်လေးတွေလည်း သောက်သုံးပေးနိုင်ပါတယ်။

Credit: myfoodmyanmar
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top