iMyanmarHouse.com - Best Property Website for Myanmar
×

ခုတေလာ အေရျပားက ေျခာက္ေသြ႕ၿပီး ပြေယာင္းေယာင္းျဖစ္ေနသလို ခံစားေနရပါသလား။ ဒါမွမဟုတ္ အဆီခဏခဏျပန္လို႔ မိတ္ကပ္ေတြခဏခဏပ်က္ေနပါသလား။ လူ႕ခႏၶာကိုယ္တစ္ခုလံုးက အေရျပားက ထိခိုက္အလြယ္ဆံုးနဲ႔ ပတ္ဝန္းက်င္က အရာဝတၳဳေတြ၊ ဓာတ္ပစၥည္းေတြနဲ႔ ထိေတြ႕မႈအမ်ားဆံုးျဖစ္ေနလို႔ အထူးဂရုစိုက္သင္႔တာအမွန္ပါပဲ။

တကယ္လို႔ ေငြကုန္ေၾကးက်အရမ္းမမ်ားဘဲ အေရျပားထိန္းသိမ္းလိုရင္ေတာ႔ essential oil ေလးေတြက အေကာင္းဆံုးပါပဲ။

၁။ လာဗင္ဒါဆီ

လာဗင္ဒါဆီက ေျခာက္ေသြ႕တဲ႔အေရျပားအတြက္ေကာင္းမြန္တယ္ဆိုေပမယ္႔ အဆီျပန္တဲ႔အသားအေရနဲ႔ ထိလြယ္ခိုက္လြယ္တဲ႔အသားအေရေတြအတြက္လည္း ေကာင္းမြန္ပါတယ္။ သူ႕မွာ ဘက္တီးရီးယားနဲ႔ မႈိေရာဂါကာကြယ္ႏိုင္တဲ႔ ဂုဏ္သတၱိလည္းရွိပါတယ္။ ဒါေၾကာင္႔ေျခာက္ေသြ႔တဲ႔အေရျပားပိုင္ရွုင္ေတြအေနနဲ႔ အေရျပားေလးေခ်ာေမြ႕ေနေအာင္၊ ဝက္ျခံေပါက္ေနမယ္ဆိုရင္ သက္သာေပ်ာက္ကင္းေအာင္ လာဗင္ဒါဆီေလး စမ္းသံုးၾကည္႔ႏိုင္ပါတယ္။ ေနာက္ၿပီး အမာရြတ္ေတြနဲ႔ အသက္အရြယ္ေၾကာင္႔ျဖစ္တဲ႔ အစက္အေျပာက္ေတြကိုလည္း ေပ်ာက္ကင္းေစပါတယ္။

၂။ လက္ဖက္ပင္ဆီ

တကယ္လို႔ခင္ဗ်ားရဲ႕အသားအေရက အဆီျပန္ၿပီး ထိခိုက္လြယ္ေနတယ္ဆိုရင္ လက္ဖက္ပင္ဆီေလးက အေကာင္းဆံုးပါပဲ။ ေနာက္ၿပီး သူက ေျခာက္ေသြ႕ေနတဲ႔အေရျပားအတြက္လည္း အေကာင္းဆံုး essential oil တစ္မ်ိဳးပါပဲ။ ေနာက္တစ္ခုက သူ႕ကိုလိမ္္းထားရင္ ဘက္တီးရီးယားပိုးမႊားေတြ ေတာ္ရံုနဲ႔မကပ္ႏိုင္ေတာ႔ပါဘူး။ အေရျပားကို ျပန္လည္ႏုပ်ိဳေစၿပီး ေခ်ာမြတ္ေစတဲ႔အတြက္ ဝက္ျခံေတြ၊ အဆီပိုေတြဆိုတာလည္း ေဝလာေဝးပါပဲ။

၃။ သံပုရာဆီ

အဆီျပန္တဲ႔အေရျပားပိုင္ရွင္ေတြအတြက္ကေတာ႔ သဘာဝအတိုင္း အက္ဆစ္ဓာတ္ပါဝင္မႈမ်ားျပားတဲ႔အဆီတစ္မ်ိဳးမ်ိဳးကို စမ္းသံုးၾကည္႔သင္႔ပါတယ္။ ဒါဆိုရင္ေတာ႔ သံပုရာဆီက အသင္႔ေတာ္ဆံုးပါပဲ။ အဆီျပန္မႈ ေၾကာင္႔ျဖစ္ေပၚလာတဲ႔ ဝက္ျခံေတြ၊ ဆားဝက္ျခံေတြေၾကာင္႔ စိတ္ညစ္ေနရသူေတြအတြက္ေတာ႔ အဆီေတြကို ဖယ္ရွားေပးၿပီး အေရျပားအစိုဓာတ္ကိုလည္း ထိန္းညွိေပးပါတယ္။

၄။ ရို႕စ္ေမရီဆီ

ရုိ႕စ္ေမရီဆီကေတာ႔ အဏုဇီဝပိုးမႊားငယ္ေလးေတြနဲ႔ ဘက္တီးရီးယားပိုးငယ္ေလးေတြကိုေသေစႏိုင္တဲ႔ ဂုဏ္သတၱိရွိၿပီး အဆီျပန္မႈေၾကာင္႔ျဖစ္ရတဲ႔ အေရျပားျပႆနာေတြကို ေျဖရွင္းႏိုင္ပါတယ္။ ဝက္ျခံေတြကိုလည္း ေပ်ာက္ကင္းေစၿပီး အေရျပားေလးဝင္းလက္ေတာက္ပေနေအာင္ စြမ္းေဆာင္ေပးႏိုင္ပါတယ္။

၅။ ဂ်ဴနီပါပန္းဆီ

ဂ်ဴနီပါပန္းဆီကေတာ႔ သဘာဝသန္႔စင္ေဆးတစ္မ်ိဳးျဖစ္သလို အေရျပားေပၚကအဆိပ္အေတာက္ေတြကို လႈံ႕ေဆာ္ဖယ္ရွား ေပးသူလည္း ျဖစ္ပါတယ္။ သူ႕မွာပါဝင္တဲ႔ စပ္ဖ်င္းဖ်င္းျဖစ္ေစတဲ႔ဂုဏ္သတၱိက ဝက္ျခံကာကြယ္ရာနဲ႔ ကုသရာမွာအသံုးဝင္ပါတယ္။ အေရျပားသန္႕စင္ေစဖို႔လည္း ကူညီေပးပါတယ္။

Credit:MM
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ခုတလော အရေပြားက ခြောက်သွေ့ပြီး ပွယောင်းယောင်းဖြစ်နေသလို ခံစားနေရပါသလား။ ဒါမှမဟုတ် အဆီခဏခဏပြန်လို့ မိတ်ကပ်တွေခဏခဏပျက်နေပါသလား။ လူ့ခန္ဓာကိုယ်တစ်ခုလုံးက အရေပြားက ထိခိုက်အလွယ်ဆုံးနဲ့ ပတ်ဝန်းကျင်က အရာဝတ္ထုတွေ၊ ဓာတ်ပစ္စည်းတွေနဲ့ ထိတွေ့မှုအများဆုံးဖြစ်နေလို့ အထူးဂရုစိုက်သင့်တာအမှန်ပါပဲ။

တကယ်လို့ ငွေကုန်ကြေးကျအရမ်းမများဘဲ အရေပြားထိန်းသိမ်းလိုရင်တော့ essential oil လေးတွေက အကောင်းဆုံးပါပဲ။

၁။ လာဗင်ဒါဆီ

လာဗင်ဒါဆီက ခြောက်သွေ့တဲ့အရေပြားအတွက်ကောင်းမွန်တယ်ဆိုပေမယ့် အဆီပြန်တဲ့အသားအရေနဲ့ ထိလွယ်ခိုက်လွယ်တဲ့အသားအရေတွေအတွက်လည်း ကောင်းမွန်ပါတယ်။ သူ့မှာ ဘက်တီးရီးယားနဲ့ မှိုရောဂါကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိလည်းရှိပါတယ်။ ဒါကြောင့်ခြောက်သွေ့တဲ့အရေပြားပိုင်ရှုင်တွေအနေနဲ့ အရေပြားလေးချောမွေ့နေအောင်၊ ဝက်ခြံပေါက်နေမယ်ဆိုရင် သက်သာပျောက်ကင်းအောင် လာဗင်ဒါဆီလေး စမ်းသုံးကြည့်နိုင်ပါတယ်။ နောက်ပြီး အမာရွတ်တွေနဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။

၂။ လက်ဖက်ပင်ဆီ

တကယ်လို့ခင်ဗျားရဲ့အသားအရေက အဆီပြန်ပြီး ထိခိုက်လွယ်နေတယ်ဆိုရင် လက်ဖက်ပင်ဆီလေးက အကောင်းဆုံးပါပဲ။ နောက်ပြီး သူက ခြောက်သွေ့နေတဲ့အရေပြားအတွက်လည်း အကောင်းဆုံး essential oil တစ်မျိုးပါပဲ။ နောက်တစ်ခုက သူ့ကိုလိမ်းထားရင် ဘက်တီးရီးယားပိုးမွှားတွေ တော်ရုံနဲ့မကပ်နိုင်တော့ပါဘူး။ အရေပြားကို ပြန်လည်နုပျိုစေပြီး ချောမွတ်စေတဲ့အတွက် ဝက်ခြံတွေ၊ အဆီပိုတွေဆိုတာလည်း ဝေလာဝေးပါပဲ။

၃။ သံပုရာဆီ

အဆီပြန်တဲ့အရေပြားပိုင်ရှင်တွေအတွက်ကတော့ သဘာဝအတိုင်း အက်ဆစ်ဓာတ်ပါဝင်မှုများပြားတဲ့အဆီတစ်မျိုးမျိုးကို စမ်းသုံးကြည့်သင့်ပါတယ်။ ဒါဆိုရင်တော့ သံပုရာဆီက အသင့်တော်ဆုံးပါပဲ။ အဆီပြန်မှု ကြောင့်ဖြစ်ပေါ်လာတဲ့ ဝက်ခြံတွေ၊ ဆားဝက်ခြံတွေကြောင့် စိတ်ညစ်နေရသူတွေအတွက်တော့ အဆီတွေကို ဖယ်ရှားပေးပြီး အရေပြားအစိုဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။

၄။ ရို့စ်မေရီဆီ

ရို့စ်မေရီဆီကတော့ အဏုဇီဝပိုးမွှားငယ်လေးတွေနဲ့ ဘက်တီးရီးယားပိုးငယ်လေးတွေကိုသေစေနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး အဆီပြန်မှုကြောင့်ဖြစ်ရတဲ့ အရေပြားပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။ ဝက်ခြံတွေကိုလည်း ပျောက်ကင်းစေပြီး အရေပြားလေးဝင်းလက်တောက်ပနေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

၅။ ဂျူနီပါပန်းဆီ

ဂျူနီပါပန်းဆီကတော့ သဘာဝသန့်စင်ဆေးတစ်မျိုးဖြစ်သလို အရေပြားပေါ်ကအဆိပ်အတောက်တွေကို လှုံ့ဆော်ဖယ်ရှား ပေးသူလည်း ဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ စပ်ဖျင်းဖျင်းဖြစ်စေတဲ့ဂုဏ်သတ္တိက ဝက်ခြံကာကွယ်ရာနဲ့ ကုသရာမှာအသုံးဝင်ပါတယ်။ အရေပြားသန့်စင်စေဖို့လည်း ကူညီပေးပါတယ်။

Credit:MM
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top