iMyanmarHouse.com - Best Property Website for Myanmar
×

၁။ အစားေ႐ွာင္ျခင္း

လူတိုင္းမွာ အႀကိဳက္ဆံုးအစားအစာေလးေတြ ကိုယ္စီ ႐ွိတတ္ၾကတယ္။ ကိုယ္အႀကိဳက္ဆံုးအစားအစာက ကိုယ့္ကိုဝေစႏိုင္လို႔ လံုးဝျဖတ္ေတာ့မယ္ဆုိၿပီး မလုပ္လိုက္ပါနဲ႔။ စိတ္က မထိန္းႏုိင္ေတာ့တဲ့အခါ ပိုၿပီးေတာ့ အားပါးတရ စားမိသြားႏိုင္တယ္။ ျဖတ္ခ်င္ရင္ ျဖည္းျဖည္းခ်င္းေလွ်ာ့စားသြားတဲ့နည္းကိုသံုးရမယ္။

၂။ အိပ္ေရးမဝျခင္း

အိပ္လြန္းလို႔မ်ား ဝေနတာလားလို႔ သံသယပြားၿပီး အိပ္ခ်ိန္ေတြလည္း ေလွ်ာ့မေနနဲ႔ဦး။ အိပ္ေရးဝမွ အစားစားခ်င္စိတ္နည္းမွာ။ အိပ္ေရးမဝရင္ ခႏၶာကိုယ္က အစားကိုပိုေတာင့္တတယ္။

၃။ က်န္းမာေရးနဲ႔မညီတဲ့ဝိတ္ခ်ျခင္း

ဝိတ္ခ်တယ္ဆုိတာ အခ်ိန္ယူၿပီး ျဖည္းျဖည္းခ်င္းခ်ရတယ္။ အစားလည္းေလွ်ာ့၊ ေလ့က်င့္ခန္းေလးလည္းလုပ္။ ဒါမွ အေကာင္းဆံုး ၀ိတ္ခ်နည္းျဖစ္တယ္။ မဂၤလာေဆာင္က တစ္ပတ္ပဲလိုေတာ့မွ ဘာမွမစားဘဲ အရည္ေတြပဲေသာက္ပဲ အနီးကပ္ဝိတ္ခ်လို႔မရဘူး။ ဝိတ္က်ႏိုင္ေျခထက္ အစာအိမ္ထိခိုက္ႏိုင္ေျခပိုမ်ားလို႔ပဲ။

၄။ အေသာက္ပြဲေတာ္

လူငယ္သဘာဝ ေသာက္ၾကစားၾကတဲ့အခါ အေသာက္ေနာက္မွာ အစားေလးလည္း ပါလာၿပီ။ မူးေနတဲ့အခ်ိန္မွာ လူက ပိုစားမိတတ္တယ္။ ဆာလို႔မဟုတ္ဘဲနဲ႔ စားေနမိတာ။

၅။ လံုးဝမစားဘဲေနတာ

႐ုတ္တရက္ဆုိသလို ညစာကို ျဖတ္လိုက္မယ္။ ဒါမွမဟုတ္ တစ္ေန႔တစ္နပ္ပဲ စားေတာ့မယ္ဆုိတဲ့စိတ္ကူးကို ေမ့လိုက္ပါ။ ၿပီးေတာ့ မနက္စာ၊ ေန႔လယ္စာကို မစားဘဲမေနသင့္ဘူး။ စားေနက်အခ်ိန္မွာ စားေပးပါ။ ဒါေပမဲ့ က်န္းမာေရးနဲ႔ညီညြတ္ျပီး အဆီနဲ႔ကယ္လိုရီနည္းတာကိုေတာ့ ေျပာင္းစားရမွာေပါ့။

Credit:MM

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

၁။ အစားရှောင်ခြင်း

လူတိုင်းမှာ အကြိုက်ဆုံးအစားအစာလေးတွေ ကိုယ်စီ ရှိတတ်ကြတယ်။ ကိုယ်အကြိုက်ဆုံးအစားအစာက ကိုယ့်ကိုဝစေနိုင်လို့ လုံးဝဖြတ်တော့မယ်ဆိုပြီး မလုပ်လိုက်ပါနဲ့။ စိတ်က မထိန်းနိုင်တော့တဲ့အခါ ပိုပြီးတော့ အားပါးတရ စားမိသွားနိုင်တယ်။ ဖြတ်ချင်ရင် ဖြည်းဖြည်းချင်းလျှော့စားသွားတဲ့နည်းကိုသုံးရမယ်။

၂။ အိပ်ရေးမဝခြင်း

အိပ်လွန်းလို့များ ဝနေတာလားလို့ သံသယပွားပြီး အိပ်ချိန်တွေလည်း လျှော့မနေနဲ့ဦး။ အိပ်ရေးဝမှ အစားစားချင်စိတ်နည်းမှာ။ အိပ်ရေးမဝရင် ခန္ဓာကိုယ်က အစားကိုပိုတောင့်တတယ်။

၃။ ကျန်းမာရေးနဲ့မညီတဲ့ဝိတ်ချခြင်း

ဝိတ်ချတယ်ဆိုတာ အချိန်ယူပြီး ဖြည်းဖြည်းချင်းချရတယ်။ အစားလည်းလျှော့၊ လေ့ကျင့်ခန်းလေးလည်းလုပ်။ ဒါမှ အကောင်းဆုံး ဝိတ်ချနည်းဖြစ်တယ်။ မင်္ဂလာဆောင်က တစ်ပတ်ပဲလိုတော့မှ ဘာမှမစားဘဲ အရည်တွေပဲသောက်ပဲ အနီးကပ်ဝိတ်ချလို့မရဘူး။ ဝိတ်ကျနိုင်ခြေထက် အစာအိမ်ထိခိုက်နိုင်ခြေပိုများလို့ပဲ။

၄။ အသောက်ပွဲတော်

လူငယ်သဘာဝ သောက်ကြစားကြတဲ့အခါ အသောက်နောက်မှာ အစားလေးလည်း ပါလာပြီ။ မူးနေတဲ့အချိန်မှာ လူက ပိုစားမိတတ်တယ်။ ဆာလို့မဟုတ်ဘဲနဲ့ စားနေမိတာ။

၅။ လုံးဝမစားဘဲနေတာ

ရုတ်တရက်ဆိုသလို ညစာကို ဖြတ်လိုက်မယ်။ ဒါမှမဟုတ် တစ်နေ့တစ်နပ်ပဲ စားတော့မယ်ဆိုတဲ့စိတ်ကူးကို မေ့လိုက်ပါ။ ပြီးတော့ မနက်စာ၊ နေ့လယ်စာကို မစားဘဲမနေသင့်ဘူး။ စားနေကျအချိန်မှာ စားပေးပါ။ ဒါပေမဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အဆီနဲ့ကယ်လိုရီနည်းတာကိုတော့ ပြောင်းစားရမှာပေါ့။

Credit:MM

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top