iMyanmarHouse.com - Best Property Website for Myanmar
×

သူနဲ႔ မေခၚမေျပာဘဲ ေနေနရတဲ့ နာက်င္မႈက သူ႔ကိုစိတ္ဆိုးရတာထက္ ပိုခါးသီးလို႔ မခြင့္လႊတ္ႏိုင္ဘူးဆိုတဲ့ စကားက သူ႕ကို တစ္သက္လံုး ေျပာျဖစ္မွာ မဟုတ္တဲ့စကားပါ ။

လက္ထပ္ဖို႔ မစဥ္းစားခင္ ကိုယ့္ကိုယ္ကို ျပန္ေမးရမယ့္ ေမးခြန္းက သူ႕ကို တကယ္ခ်စ္တာ ေသခ်ာၿပီလားဆိုတဲ့ ေမးခြန္းပါ။ ဘဝတစ္ခုက အၿမဲတေစ အဆင္ေျပ ေခ်ာေမြ႔မေနႏိုင္ပါဘူး။ ဘဝႏွစ္ခုေပါင္းစပ္တဲ့အခါမွာလည္း ပိုမ်ားတဲ့ အဆင္မေျပမႈေတြ ၊ အခက္အခဲေတြကို ေတြ႕ရႏိုင္ပါတယ္။ ဒါေပမယ့္ ေလာကဓံကို ေက်ာ္ျဖတ္တဲ့အခါမွာေတာ့ အခ်စ္စစ္က အေကာင္းဆံုး အင္အားျဖစ္ပါတယ္။ ဒီေတာ့ ကိုယ့္ရင္ထဲက အခ်စ္ကတကယ္စစ္ရဲ႕လား ကိုယ္ရထားတဲ့ အခ်စ္ေတြကေရာ အစစ္ဆိုတာေသခ်ာၿပီလားလို႔ ဆန္းစစ္ၿပီး မွ လက္ထပ္ဖို႔ ဆံုးျဖတ္သင့္တာေပါ့။ ဘဝအတြက္ အမွန္ကန္ဆံုး ခ်မိတဲ့ ဆံုးျဖတ္ခ်က္က လက္ထပ္ဖို႔ ဆံုးျဖတ္ခဲ့တဲ့ ဆံုးျဖတ္ခ်က္ ျဖစ္တယ္လို႔ ဂုဏ္ယူလို႔ရေအာင္ အခ်စ္စစ္ဆိုတာ ဘယ္လိုမ်ိဳးမ်ားလဲလို႔ Marry နဲ႔ အတူတူ ရွာေဖြၾကည့္ရေအာင္လား ။

အခ်စ္စစ္ဆိုတာ

တကယ္ေတာ့ အခ်စ္စစ္ဆိုတဲ့ အရာဟာ အဓိပၸါယ္ဖြင့္ဆိုရတာ သိပ္ကိုခ်ိဳၿမိန္လြန္းေပမယ့္ ရွာေဖြေတြ႕ရွိဖို႕ကေတာ့ ခက္ခဲလြန္းပါတယ္။ အခ်စ္ခ်စ္နဲ႔ ခ်စ္ရမယ့္ သူမ်ိဳးကိုလည္း တစ္သက္မွာ တစ္ဦးတစ္ေယာက္ထက္ ပိုၿပီး ေတြ႔ဖို႔ မလြယ္ကူႏိုင္ပါဘူး။ ဒီေတာ့ ကိုယ့္ရဲ႕ အခ်စ္စစ္ကို ေတြ႔တဲ့အခ်ိန္မွာ ကိုယ္ဟာ အခ်စ္စစ္ကို ေတြ႔ေနမွန္း ေသေသခ်ာခ်ာ သိဖို႔လိုပါတယ္။ ဒီေတာ့ အခ်စ္ေတြကို ဘယ္လို ေျခရာေကာက္ၾကမလဲ။ မပူပါနဲ႔ လူတိုင္းဟာ အခ်စ္နဲ႔ေတြ႔တဲ့အခါမွာ အလိုလို ေျပာင္းလဲသြားတာမ်ိဳးေတြရွိပါတယ္။ ဒီေတာ့ အခ်စ္စစ္နဲ႔ ေတြ႔ခ်ိန္မွာ ဘယ္လို ေျပာင္းလဲမႈေတြ ႀကံဳရမလဲဆိုတာ Marry က ေျပာျပေပးပါမယ္။

ေမွ်ာ္လင့္ခ်က္မပါတဲ့ ေပးဆပ္မႈေတြ

သူ႔အတြက္ ဂရုစိုက္ေပးေနတာ၊ နားလည္မႈေပးေနတာ၊ ျဖည့္ဆည္းေပးေနမိတာေတြက သူ႔ဆီက တစ္စံုတစ္ရာျပန္ရပါေစေတာ့ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္မပါဘူးဆိုရင္ ဒါဟာ အခ်စ္စစ္ဆိုတာ ေသခ်ာပါတယ္။ သူ႕ကို အဲ့လို ေပးဆပ္ေပးဖို႔ အထူးတလည္ စဥ္းစားမိတာ၊ လုပ္ယူထားတာမ်ိဳး မဟုတ္ဘဲ အလိုအေလ်ာက္ ျပဳမႈမိေနတာမ်ိဳးပါ။

သန္႔ရွင္းတဲ့ ေပ်ာ္ရႊင္မႈေတြ

တစ္စံုတစ္ခုကို ပိုင္ဆိုင္လိုက္ရမွ၊ စိတ္ေက်နပ္မႈ တစ္စံုတစ္ရာရလိုက္မွ ေပ်ာ္ရႊင္မႈကို ခံစားရတာ မဟုတ္ဘဲ ကိုယ္ခ်စ္ရတဲ့သူ ေပ်ာ္ေန၊ ၿပံဳးေန၊ ရယ္ေန၊ စိတ္ေက်နပ္ေနတာကို ျမင္လိုက္ရရံုနဲ႔ ကိုယ္ကပါ အလိုလိုေပ်ာ္ရႊင္လာတာမ်ိဳးဆိုရင္ ရင္ထဲမွာ အခ်စ္စစ္ေတြ ကိန္းေအာင္းေနတာ ေသခ်ာေနပါၿပီ။

အခ်ိန္ၾကာၾကာ စိတ္ဆိုးေဒါသထြက္လို႔ မရတာေတြ

သူ႔လုပ္ရပ္ အျပဳအမူေတြကို သင္အရမ္း စိတ္ဆိုးနာက်င္ခဲ့ရင္ေတာင္မွ အဲ့ဒါက အခ်ိန္ခဏတာပဲတဲ့။ သူနဲ႔ မေခၚမေျပာဘဲ ေနေနရတဲ့ နာက်င္မႈက သူ႔ကိုစိတ္ဆိုးရတာထက္ ပိုခါးသီးလို႔ မေခၚမေျပာဘဲလည္း ၾကာၾကာမေနႏိုင္ၾကပါဘူးတဲ့။ မခြင့္လႊတ္ႏိုင္ဘူးဆိုတဲ့ စကားက သူ႕ကို တစ္သက္လံုး ေျပာျဖစ္မွာ မဟုတ္တဲ့စကားပါ။

Credit:xyznews
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

သူနဲ့ မခေါ်မပြောဘဲ နေနေရတဲ့ နာကျင်မှုက သူ့ကိုစိတ်ဆိုးရတာထက် ပိုခါးသီးလို့ မခွင့်လွှတ်နိုင်ဘူးဆိုတဲ့ စကားက သူ့ကို တစ်သက်လုံး ပြောဖြစ်မှာ မဟုတ်တဲ့စကားပါ ။

လက်ထပ်ဖို့ မစဉ်းစားခင် ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းက သူ့ကို တကယ်ချစ်တာ သေချာပြီလားဆိုတဲ့ မေးခွန်းပါ။ ဘဝတစ်ခုက အမြဲတစေ အဆင်ပြေ ချောမွေ့မနေနိုင်ပါဘူး။ ဘဝနှစ်ခုပေါင်းစပ်တဲ့အခါမှာလည်း ပိုများတဲ့ အဆင်မပြေမှုတွေ ၊ အခက်အခဲတွေကို တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် လောကဓံကို ကျော်ဖြတ်တဲ့အခါမှာတော့ အချစ်စစ်က အကောင်းဆုံး အင်အားဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ရင်ထဲက အချစ်ကတကယ်စစ်ရဲ့လား ကိုယ်ရထားတဲ့ အချစ်တွေကရော အစစ်ဆိုတာသေချာပြီလားလို့ ဆန်းစစ်ပြီး မှ လက်ထပ်ဖို့ ဆုံးဖြတ်သင့်တာပေါ့။ ဘဝအတွက် အမှန်ကန်ဆုံး ချမိတဲ့ ဆုံးဖြတ်ချက်က လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဂုဏ်ယူလို့ရအောင် အချစ်စစ်ဆိုတာ ဘယ်လိုမျိုးများလဲလို့ Marry နဲ့ အတူတူ ရှာဖွေကြည့်ရအောင်လား ။

အချစ်စစ်ဆိုတာ

တကယ်တော့ အချစ်စစ်ဆိုတဲ့ အရာဟာ အဓိပ္ပါယ်ဖွင့်ဆိုရတာ သိပ်ကိုချိုမြိန်လွန်းပေမယ့် ရှာဖွေတွေ့ရှိဖို့ကတော့ ခက်ခဲလွန်းပါတယ်။ အချစ်ချစ်နဲ့ ချစ်ရမယ့် သူမျိုးကိုလည်း တစ်သက်မှာ တစ်ဦးတစ်ယောက်ထက် ပိုပြီး တွေ့ဖို့ မလွယ်ကူနိုင်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ အချစ်စစ်ကို တွေ့တဲ့အချိန်မှာ ကိုယ်ဟာ အချစ်စစ်ကို တွေ့နေမှန်း သေသေချာချာ သိဖို့လိုပါတယ်။ ဒီတော့ အချစ်တွေကို ဘယ်လို ခြေရာကောက်ကြမလဲ။ မပူပါနဲ့ လူတိုင်းဟာ အချစ်နဲ့တွေ့တဲ့အခါမှာ အလိုလို ပြောင်းလဲသွားတာမျိုးတွေရှိပါတယ်။ ဒီတော့ အချစ်စစ်နဲ့ တွေ့ချိန်မှာ ဘယ်လို ပြောင်းလဲမှုတွေ ကြုံရမလဲဆိုတာ Marry က ပြောပြပေးပါမယ်။

မျှော်လင့်ချက်မပါတဲ့ ပေးဆပ်မှုတွေ

သူ့အတွက် ဂရုစိုက်ပေးနေတာ၊ နားလည်မှုပေးနေတာ၊ ဖြည့်ဆည်းပေးနေမိတာတွေက သူ့ဆီက တစ်စုံတစ်ရာပြန်ရပါစေတော့ ဆိုတဲ့ မျှော်လင့်ချက်မပါဘူးဆိုရင် ဒါဟာ အချစ်စစ်ဆိုတာ သေချာပါတယ်။ သူ့ကို အဲ့လို ပေးဆပ်ပေးဖို့ အထူးတလည် စဉ်းစားမိတာ၊ လုပ်ယူထားတာမျိုး မဟုတ်ဘဲ အလိုအလျောက် ပြုမှုမိနေတာမျိုးပါ။

သန့်ရှင်းတဲ့ ပျော်ရွှင်မှုတွေ

တစ်စုံတစ်ခုကို ပိုင်ဆိုင်လိုက်ရမှ၊ စိတ်ကျေနပ်မှု တစ်စုံတစ်ရာရလိုက်မှ ပျော်ရွှင်မှုကို ခံစားရတာ မဟုတ်ဘဲ ကိုယ်ချစ်ရတဲ့သူ ပျော်နေ၊ ပြုံးနေ၊ ရယ်နေ၊ စိတ်ကျေနပ်နေတာကို မြင်လိုက်ရရုံနဲ့ ကိုယ်ကပါ အလိုလိုပျော်ရွှင်လာတာမျိုးဆိုရင် ရင်ထဲမှာ အချစ်စစ်တွေ ကိန်းအောင်းနေတာ သေချာနေပါပြီ။

အချိန်ကြာကြာ စိတ်ဆိုးဒေါသထွက်လို့ မရတာတွေ

သူ့လုပ်ရပ် အပြုအမူတွေကို သင်အရမ်း စိတ်ဆိုးနာကျင်ခဲ့ရင်တောင်မှ အဲ့ဒါက အချိန်ခဏတာပဲတဲ့။ သူနဲ့ မခေါ်မပြောဘဲ နေနေရတဲ့ နာကျင်မှုက သူ့ကိုစိတ်ဆိုးရတာထက် ပိုခါးသီးလို့ မခေါ်မပြောဘဲလည်း ကြာကြာမနေနိုင်ကြပါဘူးတဲ့။ မခွင့်လွှတ်နိုင်ဘူးဆိုတဲ့ စကားက သူ့ကို တစ်သက်လုံး ပြောဖြစ်မှာ မဟုတ်တဲ့စကားပါ။

Credit:xyznews
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top