iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သုေဝက ''ပညာေရးသံတမန္'' တစ္ဦးအျဖစ္ ေဆာင္ရြက္ရေတာ့မွာျဖစ္လုိ႔ စိတ္လႈပ္ရွားလုိ႔ေနပါတယ္။ သူမဟာ ကေလးငယ္ေတြရဲ႕ ပညာေရးနဲ႔ ပတ္သက္ၿပီး ထူးခၽြန္တတ္ေျမာက္ေစခ်င္တဲ့ ဆႏၵကုိ ေျပာျပလာပါတယ္။

ခ်စ္သုေဝကေတာ့ ျမန္မာႏုိင္ငံ စာတတ္ေျမာက္ေရး အေထာက္အကူျပဳပင္မ ဌာနရဲ႕ ပညာေရးသံတမန္ တစ္ဦးအျဖစ္ ဧၿပီလ ၁ ရက္ေန႔ က ခန္႔အပ္ျခင္း ခံခဲ့ရပါတယ္။ ဒီတာဝန္ထမ္းေဆာင္ရေတာ့မွာမုိ႔ စိတ္လႈပ္ရွားလုိ႔ေနပါတယ္။ေရွ႕ဆက္လုပ္ေဆာင္သြားမယ့္ သူမရဲ႕ ရည္မွန္းခ်က္ေတြကုိ အခုလုိ ေျပာျပလာပါတယ္။

"ျမန္မာႏိုင္ငံ စာတတ္ေျမာက္ေရး အေထာက္အကူျပဳ ပင္မဌာန (Myanmar learning resource centre-MLRC) " ရဲ႕ "ပညာေရးသံတမန္" အျဖစ္ ေဆာင္ရြက္ခြင့္ရေတာ့မွာမို႔ ေပးအပ္မယ့္တာဝန္ေတြအတြက္အဆင္သင့္ပါ။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေက်ာင္းတြင္းကိုမေရာက္လာႏိုင္တဲ့ ကေလးငယ္ေတြအတြက္ ပညာသင္ခြင့္ရရွိေအာင္ ေဆာင္ရြက္ေနတဲ့ MLRC အတြက္ တစ္ေထာင့္တစ္ေနရာကပါဝင္ရေတာ့မွာမို႔ ေက်နပ္ရတယ္’’လုိ႔ ဆုိပါတယ္။

ခ်စ္သုေဝဟာ ကေလးတုိင္းကုိ ပညာေရးနဲ႔ ပတ္သက္ၿပီး အရည္အေသြးျမင့္မားေအာင္ ေဆာင္ရြက္ေပးခ်င္တယ္လုိ႔ ဆုိပါတယ္။ သူမကုိယ္တုိင္ကလည္း ပညာေရးနဲ႔ ပတ္သက္ၿပီး အားတက္သေရာ ေဆာင္ရြက္တတ္သူ တစ္ဦးျဖစ္ပါတယ္။

"အတန္းပညာ အတတ္ပညာ အသိပညာ ဉာဏ္ပညာ မည္သို႔ပင္ကြဲျပားေပမယ့္ လူတစ္ေယာက္ရဲ႕ ခံယူခ်က္ ရပ္တည္ခ်က္ အေတြးအေခၚ အယူအဆ မ်ားဟာ ပညာနဲ႔ ယွဥ္မွသာ မွန္ကန္ေအာင္ျမင္ႏိုင္မွာမို႔ပါ။ သမီးေလးေတြအပါအဝင္ ကေလးေတြကို စာတတ္ ပညာတတ္ေစခ်င္တယ္၊ ေနာင္တစ္ခ်ိန္ ပညာတတ္သူတို႔ေလးေတြ ဦးေဆာင္တဲ့ ျမန္မာႏိုင္ငံမွာ ေခါင္းခ်ခြင့္ရခ်င္တယ္။ ကမၻာရဲ႕ဘယ္ေနရာေရာက္ေရာက္ ျမန္မာရယ္လို႔ ပညာရဲရင့္ ပြဲလယ္တင့္ခ်င္ပါတယ္’’ ဆုိၿပီးေတာ့ ဧၿပီလ ၁ ရက္ေန႔ ေန႔လယ္ ၁ နာရီ ၅၃ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ ပညာေရးသံတမန္ တစ္ဦးအျဖစ္ ရန္ကုန္တကၠသုိလ္မွာ ခ်ီးျမင့္ျခင္းခံခဲ့ရတာပါ။ ဒါေၾကာင့္ ရန္ကုန္တကၠသုိလ္မွာ ေက်ာင္းမတတ္ခဲ့ရတ့ဲ သူမဟာ ဒီေက်ာင္းနယ္ေျမမွာ ပီတိျဖစ္စရာ အမွတ္တရ ၃ ခုရွိတဲ့အေၾကာင္း ေျပာျပထားပါတယ္။

‘’ကိုယ္က ေဆးတကၠသိုလ္၂ မွာ တကၠသိုလ္တက္ခဲ့ရေတာ့ ရန္ကုန္တကၠသိုလ္ ေျမကို ဒီတစ္ခါ တတိယအႀကိမ္ ေရာက္ဖူးျခင္းပဲ။ ပထမတစ္ခါက္က ေဆးေက်ာင္းပထမႏွစ္ တစ္ႏိုင္ငံလံုးအမွတ္အမ်ားဆံုးပထမဆု ကို ဘြဲ႕ႏွင္းသဘင္ခန္းမ မွာတက္ယူခြင့္ရတာ။ ဒုတိယအႀကိမ္က ကိုယ္ ဘြဲ႕ရတာ၊ ခု တတိယအႀကိမ္က ပညာေရးသံတမန္ အျဖစ္ ခန္႔အပ္ခံရတာ။ ေမေမ နဲ႔ dae ကိုေတာ့ ဘဝမွာ ၃ခါေလာက္ ပီတိေတြေပးဖူးျခင္းအမွတ္တရေပါ့ေလ’’ လုိ႔ သူကဆုိပါတယ္။

ခ်စ္သုေဝ(Chit Thu Wai) ဟာ အဆုိေတာ္တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကုိ စတင္ဝင္ေရာက္လာ တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ သရုပ္ေဆာင္တစ္ဦး အျဖစ္နဲ႔ပါ ရပ္တည္ခဲ့ပါေသးတယ္။ ၂၀၁၄ ခုႏွစ္မွာေတာ့ အဆုိေတာ္ လင္းလင္းနဲ႔ လက္တြဲၿပီး အိမ္ေထာင္တစ္ခု တည္ေဆာက္ခဲ့ကာ ၂၀၁၇ ခုႏွစ္မွာ ခ်စ္စရာေကာင္းတဲ့ အျမႊာသမီးေလးေတြျဖစ္တဲ့ ေမျမန္မာသစ္နဲ႕ ေမျမန္မာေခတ္တုိ႔ကုိ ေမြးဖြားခဲ့ပါတယ္။ အခုဆိုရင္ အျမႊာသမီးေလးေတြရဲ႕ ေမေမခ်စ္သုေဝဟာ အႏုပညာအလုပ္ေတြ ျပန္လည္လုပ္ကိုင္ေနၿပီ ျဖစ္ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
 ချစ်သုဝေက ''ပညာရေးသံတမန်'' တစ်ဦးအဖြစ် ဆောင်ရွက်ရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားလို့နေပါတယ်။ သူမဟာ ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ထူးချွန်တတ်မြောက်စေချင်တဲ့ ဆန္ဒကို ပြောပြလာပါတယ်။

ချစ်သုဝေကတော့ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မ ဌာနရဲ့ ပညာရေးသံတမန် တစ်ဦးအဖြစ် ဧပြီလ ၁ ရက်နေ့ က ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ဒီတာဝန်ထမ်းဆောင်ရတော့မှာမို့ စိတ်လှုပ်ရှားလို့နေပါတယ်။ရှေ့ဆက်လုပ်ဆောင်သွားမယ့် သူမရဲ့ ရည်မှန်းချက်တွေကို အခုလို ပြောပြလာပါတယ်။

"မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန (Myanmar learning resource centre-MLRC) " ရဲ့ "ပညာရေးသံတမန်" အဖြစ် ဆောင်ရွက်ခွင့်ရတော့မှာမို့ ပေးအပ်မယ့်တာဝန်တွေအတွက်အဆင်သင့်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတွင်းကိုမရောက်လာနိုင်တဲ့ ကလေးငယ်တွေအတွက် ပညာသင်ခွင့်ရရှိအောင် ဆောင်ရွက်နေတဲ့ MLRC အတွက် တစ်ထောင့်တစ်နေရာကပါဝင်ရတော့မှာမို့ ကျေနပ်ရတယ်’’လို့ ဆိုပါတယ်။

ချစ်သုဝေဟာ ကလေးတိုင်းကို ပညာရေးနဲ့ ပတ်သက်ပြီး အရည်အသွေးမြင့်မားအောင် ဆောင်ရွက်ပေးချင်တယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း ပညာရေးနဲ့ ပတ်သက်ပြီး အားတက်သရော ဆောင်ရွက်တတ်သူ တစ်ဦးဖြစ်ပါတယ်။

"အတန်းပညာ အတတ်ပညာ အသိပညာ ဉာဏ်ပညာ မည်သို့ပင်ကွဲပြားပေမယ့် လူတစ်ယောက်ရဲ့ ခံယူချက် ရပ်တည်ချက် အတွေးအခေါ် အယူအဆ များဟာ ပညာနဲ့ ယှဉ်မှသာ မှန်ကန်အောင်မြင်နိုင်မှာမို့ပါ။ သမီးလေးတွေအပါအဝင် ကလေးတွေကို စာတတ် ပညာတတ်စေချင်တယ်၊ နောင်တစ်ချိန် ပညာတတ်သူတို့လေးတွေ ဦးဆောင်တဲ့ မြန်မာနိုင်ငံမှာ ခေါင်းချခွင့်ရချင်တယ်။ ကမ္ဘာရဲ့ဘယ်နေရာရောက်ရောက် မြန်မာရယ်လို့ ပညာရဲရင့် ပွဲလယ်တင့်ချင်ပါတယ်’’ ဆိုပြီးတော့ ဧပြီလ ၁ ရက်နေ့ နေ့လယ် ၁ နာရီ ၅၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ပညာရေးသံတမန် တစ်ဦးအဖြစ် ရန်ကုန်တက္ကသိုလ်မှာ ချီးမြင့်ခြင်းခံခဲ့ရတာပါ။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်မှာ ကျောင်းမတတ်ခဲ့ရတဲ့ သူမဟာ ဒီကျောင်းနယ်မြေမှာ ပီတိဖြစ်စရာ အမှတ်တရ ၃ ခုရှိတဲ့အကြောင်း ပြောပြထားပါတယ်။

‘’ကိုယ်က ဆေးတက္ကသိုလ်၂ မှာ တက္ကသိုလ်တက်ခဲ့ရတော့ ရန်ကုန်တက္ကသိုလ် မြေကို ဒီတစ်ခါ တတိယအကြိမ် ရောက်ဖူးခြင်းပဲ။ ပထမတစ်ခါက်က ဆေးကျောင်းပထမနှစ် တစ်နိုင်ငံလုံးအမှတ်အများဆုံးပထမဆု ကို ဘွဲ့နှင်းသဘင်ခန်းမ မှာတက်ယူခွင့်ရတာ။ ဒုတိယအကြိမ်က ကိုယ် ဘွဲ့ရတာ၊ ခု တတိယအကြိမ်က ပညာရေးသံတမန် အဖြစ် ခန့်အပ်ခံရတာ။ မေမေ နဲ့ dae ကိုတော့ ဘဝမှာ ၃ခါလောက် ပီတိတွေပေးဖူးခြင်းအမှတ်တရပေါ့လေ’’ လို့ သူကဆိုပါတယ်။

ချစ်သုဝေ(Chit Thu Wai) ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာ တာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် အမြွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top