iMyanmarHouse.com - Best Property Website for Myanmar
×



Credit:Luckymyanmar
Source – MYANMARLOAD
#Unicode Version#
ပြေတီဦးတို့ဇနီးမောင်နှံကတော့ ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ သားချောလေးကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ် ။ ဦးတီတို့စုံတွဲလေးက အများကအားကျရလောက်အောင် သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရတဲ့အပြင် အနုပညာလောကမှာလည်း အောင်မြင်မှုသရဖူတွေကို ဆောင်းထားနိုင်ပါသေးတယ်။

လက်ရှိမှာတော့ သားငယ်ဖိုးဒီနှင့် သမီးလေး သုသုတို့နှင့်အတူ ပျော်ရွှင်သာယာသော မိသားစုကမ္ဘာလေးအဖြစ်ဖန်တီးတည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ မိခင်ဖြစ်တဲ့ အူဝဲတစ်ယောက်ဟာလည်း ကလေးနှစ်ယောက်ရဲ့ဝေယျာဝစ္စတွေအပြင် သူမကိုချစ်တဲ့ ပရိတ်သတ်တွေအတွက်လည်း အနုပညာအလုပ်တွေကို မနားတမ်းလုပ်ဆောင်နေတဲ့ မိခင်ကောင်းတစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူး။

ပြေတီဦးကတော့ ပရိသတ်တွေအတွက် လူမှု့ကွန်ယက်မှာ ပုံလေးတစ်ပုံတင်လိုက်တာပဲ ဖြစ်ပါတယ်။ သူတင်လိုက်တာကတော့ ဆံပင်ရှည်လေးနဲ့ပုံလေးပဲဖြစ်ပြီး အောက်ကကွန်မန့်တွင်လည်း သရုပ်ဆောင်သားညီက” အူဝဲ ဆံပင်တွေ ယူယူ မဆော့နဲ့ သူငယ်ချင်း ” ဆိုပြီးစထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဦးတီရဲ့ပုံလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Luckymyanmar
Source – MYANMARLOAD
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top