iMyanmarHouse.com - Best Property Website for Myanmar
×


ေယာက္်ားေလးေတာ္ေတာ္မ်ားမ်ားရဲ႕ ျပႆနာက ဘယ္ေလာက္ပဲမေကာင္းဘူးလို႕ေျပာေျပာ လက္တည့္စမ္းခ်င္ၾကတာပါပဲ။ အဲ့ဒီ အထဲမွာဆို ေဆးလိပ္ ေသာက္တာ အဆိုးဆံုးေပါ့။ ေဆးလိပ္ဆိုတာ လြယ္လြယ္ဝယ္လို႔ရတယ္။

သံုးရတာလည္း မခက္ဘူး။ မီးျခစ္ေလးတစ္ခုပဲလိုတယ္ေလ။ ပတ္ဝန္းက်င္မွာလည္း ေဆးလိပ္ေသာက္တဲ့သူေတြ ဒုနဲ႔ေဒးဆိုေတာ့ ျမင္ဆရာေတြ အမ်ားၾကီးေပ့ါ။ စမ္းၾကည့္ၾကတယ္။ ျပီးေတာ့ စြဲသြားတယ္။ ေနာက္ပိုင္း မေသာက္ရမေနႏုိင္ျဖစ္လာျပီး ေဆးလိပ္ရဲ႕ေနာက္ဆက္တြဲ ဆိုးက်ိုဳးေတြ တစ္ျပံဳၾကီးခံရပါေလေရာ။

မေကာင္းမွန္းသိေတာ့ ျဖတ္ခ်င္ေပမယ့္လည္း နည္းလမ္းမမွန္ေတာ့ ျပတ္လိုက္ ျပန္ေသာက္လုိက္နဲ႕ သံသရာလည္ေနျပီး ေဆးလိပ္နဲ႔ မကင္းႏုိ္င္ျဖစ္ေနၾကပါတယ္။ ဒါေၾကာင့္ ေဆးလိပ္ကို နည္းလမ္းမွန္မွန္နဲ႕ ဘယ္လို အျပတ္ျဖတ္ရမလဲဆိုတာေလး ေျပာျပေပးခ်င္ပါတယ္။   ။

ေဆးလိပ္ျဖတ္ဖို႕အတြက္ S-T-A-R-T စည္းမ်ဥ္းကို လိုက္နာဖို႔လိုပါတယ္။

S = Set a quit date (အခ်ိန္တစ္ခုသတ္မွတ္ပါ)

ေဆးလိပ္ကိုခ်က္ခ်င္း ျဖတ္လိုက္တာထက္စာရင္ အခ်ိန္တစ္ခုသတ္မွတ္လိုက္ပါ။ တစ္လတန္သည္ ႏွစ္လတန္သည္ေပါ့။ အဲဒီ အခ်ိန္အတြင္းမွာ ေသာက္ေနက်ထက္ တစ္ျဖည္းျဖည္းခ်င္း ေလွ်ာ့သြားပါ။

၂ လျပည့္ဖို႔ ၂ ပတ္ေလာက္အလိုေလာက္မွာ ဘာမွ မေသာက္ဘဲေနႏုိင္ေအာင္ ၾကိဳးစားပါ။  ဒီလို တျဖည္းျဖည္းခ်င္း ေလွ်ာ့မွ ေျပာင္းသြားတဲ့ အေျခအေနကို သင့္ကိုယ္ခႏၶာ လိုက္ႏုိင္ျပီး ေဆးလိပ္ကို အရမ္းမေတာင့္တေတာ့မွာ ျဖစ္ပါတယ္။


T = Tell family, friends, and co-workers that about your plan to quit smoking ( ကိုယ့္ပတ္ဝန္းက်င္ကလူေတြကို သင္ ေဆးလိပ္ျဖတ္ဖို႔ လုပ္ေနေၾကာင္းေျပာပါ)

ေဆးလိပ္ျဖတ္ ေတာ့မယ္ဆုိရင္ ကုိယ့္ပတ္ဝန္းက်င္ကလူေတြရဲ႕ အားေပးမႈကလည္း အေရးပါပါေသးတယ္။ သင့္ အစီအစဥ္ကို သူတိုိ႔ိသိမွလည္း လိုအပ္တဲ့ အကူအညီကို သူတို႔ကေပးႏုိင္မွာပါ။


A = Anticipate and plan for the challenges you’ll face while quitting( ေဆးလိပ္ျဖတ္ေနစဥ္ၾကံဳေတြ႕ ရမည့္ အခက္အခဲေတြကို ၾကံ႕ၾကံ႕ခံႏုိင္ဖို႔ ၾကိဳျပင္ထားပါ)

ေဆးလိပ္ျဖတ္တယ္ဆိုတာ အေျပာသာလြယ္တာပါ။ တကယ္လုပ္ရင္ အရမ္းခံရခက္တဲ့ အရာတစ္ခုပါ။ ေဆးလိပ္ျဖတ္တာေၾကာင္ ့သင့္မွာ ျဖစ္လာမယ့္ ေနာက္ဆက္တြဲ ရုန္းကန္ရမႈေတြ၊ ခံစားရမႈေတြခံႏုိင္ရည္ရွိေအာင္ ၾကိဳျပင္ထားပါ။

ဒါမွ တကယ္ၾကံဳရတဲ့အခါ ခံႏုိင္ရည္ရွိေနမွာျဖစ္ပါတယ္။ အဓိကကေတာ့ စိတ္ပါပဲ။ တကယ္ျပတ္ခ်င္ရင္ လံုးဝကိုလွည့္ၾကည့္ခ်င္မွာ မဟုတ္ပါဘူး။  ။

R = Remove cigarettes ( စီးကရက္ ေတြအကုန္လံုးကို မ်က္စိေအာက္ကေန ေဖ်ာက္လိုက္ပါ)

ေတြ၊ စီးကရက္ေတြကို အိမ္မွာေရာ၊ အလုပ္မွာေရာ မထားပါနဲ႔ေတာ့။ မခံစားႏုိင္ေတာ့တဲ့အခ်ိန္က်ရင္ ေသာက္ဖို႔ဆိုျပီး ၁လိပ္ေတာင္ ခ်န္မထားပါနဲ႔ေတာ့။ အရင္တုန္းက ကိုယ့္အသံုးအေဆာင္ေတြမွာ ေဆးလိပ္နံ႕ေတြ ကပ္က်န္ေနတတ္တဲ့ အတြက္ သံေယာဇဥ္တစ္ခါတည္းျပတ္သြားေအာင္ အားလံုးကို အသစ္လဲလို္က္ပါ။

T = Talk to your doctor about getting help to quit.( ဆရာဝန္နဲ႔ တုိုင္ပင္ျပီး ေဆးလိပ္ျဖတ္ဖို႔ အကူအညီရယူပါ)

ေဆးလိပ္ကို နည္းမွန္လမ္းမွန္ဘယ္လိုျဖတ္ရမလဲဆိုတဲ့ အၾကံဉာဏ္ေတြကို ဆရာဝန္ေလာက္ ဘယ္သူမွ ေကာင္းေအာင္ မေပးႏုိင္ပါဘူး။ ဒါေၾကာင့္ သင့္မွာသာ ေဆးလိပ္ျဖတ္ခ်င္စိတ္ရွိပါေစ။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ယောက်ျားလေးတော်တော်များများရဲ့ ပြဿနာက ဘယ်လောက်ပဲမကောင်းဘူးလို့ပြောပြော လက်တည့်စမ်းချင်ကြတာပါပဲ။ အဲ့ဒီ အထဲမှာဆို ဆေးလိပ် သောက်တာ အဆိုးဆုံးပေါ့။ ဆေးလိပ်ဆိုတာ လွယ်လွယ်ဝယ်လို့ရတယ်။

သုံးရတာလည်း မခက်ဘူး။ မီးခြစ်လေးတစ်ခုပဲလိုတယ်လေ။ ပတ်ဝန်းကျင်မှာလည်း ဆေးလိပ်သောက်တဲ့သူတွေ ဒုနဲ့ဒေးဆိုတော့ မြင်ဆရာတွေ အများကြီးပေ့ါ။ စမ်းကြည့်ကြတယ်။ ပြီးတော့ စွဲသွားတယ်။ နောက်ပိုင်း မသောက်ရမနေနိုင်ဖြစ်လာပြီး ဆေးလိပ်ရဲ့နောက်ဆက်တွဲ ဆိုးကျိုုးတွေ တစ်ပြုံကြီးခံရပါလေရော။

မကောင်းမှန်းသိတော့ ဖြတ်ချင်ပေမယ့်လည်း နည်းလမ်းမမှန်တော့ ပြတ်လိုက် ပြန်သောက်လိုက်နဲ့ သံသရာလည်နေပြီး ဆေးလိပ်နဲ့ မကင်းနိုင်ဖြစ်နေကြပါတယ်။ ဒါကြောင့် ဆေးလိပ်ကို နည်းလမ်းမှန်မှန်နဲ့ ဘယ်လို အပြတ်ဖြတ်ရမလဲဆိုတာလေး ပြောပြပေးချင်ပါတယ်။   ။

ဆေးလိပ်ဖြတ်ဖို့အတွက် S-T-A-R-T စည်းမျဉ်းကို လိုက်နာဖို့လိုပါတယ်။

S = Set a quit date (အချိန်တစ်ခုသတ်မှတ်ပါ)

ဆေးလိပ်ကိုချက်ချင်း ဖြတ်လိုက်တာထက်စာရင် အချိန်တစ်ခုသတ်မှတ်လိုက်ပါ။ တစ်လတန်သည် နှစ်လတန်သည်ပေါ့။ အဲဒီ အချိန်အတွင်းမှာ သောက်နေကျထက် တစ်ဖြည်းဖြည်းချင်း လျှော့သွားပါ။

၂ လပြည့်ဖို့ ၂ ပတ်လောက်အလိုလောက်မှာ ဘာမှ မသောက်ဘဲနေနိုင်အောင် ကြိုးစားပါ။  ဒီလို တဖြည်းဖြည်းချင်း လျှော့မှ ပြောင်းသွားတဲ့ အခြေအနေကို သင့်ကိုယ်ခန္ဓာ လိုက်နိုင်ပြီး ဆေးလိပ်ကို အရမ်းမတောင့်တတော့မှာ ဖြစ်ပါတယ်။


T = Tell family, friends, and co-workers that about your plan to quit smoking ( ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို သင် ဆေးလိပ်ဖြတ်ဖို့ လုပ်နေကြောင်းပြောပါ)

ဆေးလိပ်ဖြတ် တော့မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ အားပေးမှုကလည်း အရေးပါပါသေးတယ်။ သင့် အစီအစဉ်ကို သူတို့ိသိမှလည်း လိုအပ်တဲ့ အကူအညီကို သူတို့ကပေးနိုင်မှာပါ။


A = Anticipate and plan for the challenges you’ll face while quitting( ဆေးလိပ်ဖြတ်နေစဉ်ကြုံတွေ့ ရမည့် အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်ဖို့ ကြိုပြင်ထားပါ)

ဆေးလိပ်ဖြတ်တယ်ဆိုတာ အပြောသာလွယ်တာပါ။ တကယ်လုပ်ရင် အရမ်းခံရခက်တဲ့ အရာတစ်ခုပါ။ ဆေးလိပ်ဖြတ်တာကြောင့်သင့်မှာ ဖြစ်လာမယ့် နောက်ဆက်တွဲ ရုန်းကန်ရမှုတွေ၊ ခံစားရမှုတွေခံနိုင်ရည်ရှိအောင် ကြိုပြင်ထားပါ။

ဒါမှ တကယ်ကြုံရတဲ့အခါ ခံနိုင်ရည်ရှိနေမှာဖြစ်ပါတယ်။ အဓိကကတော့ စိတ်ပါပဲ။ တကယ်ပြတ်ချင်ရင် လုံးဝကိုလှည့်ကြည့်ချင်မှာ မဟုတ်ပါဘူး။  ။

R = Remove cigarettes ( စီးကရက် တွေအကုန်လုံးကို မျက်စိအောက်ကနေ ဖျောက်လိုက်ပါ)

တွေ၊ စီးကရက်တွေကို အိမ်မှာရော၊ အလုပ်မှာရော မထားပါနဲ့တော့။ မခံစားနိုင်တော့တဲ့အချိန်ကျရင် သောက်ဖို့ဆိုပြီး ၁လိပ်တောင် ချန်မထားပါနဲ့တော့။ အရင်တုန်းက ကိုယ့်အသုံးအဆောင်တွေမှာ ဆေးလိပ်နံ့တွေ ကပ်ကျန်နေတတ်တဲ့ အတွက် သံယောဇဉ်တစ်ခါတည်းပြတ်သွားအောင် အားလုံးကို အသစ်လဲလိုက်ပါ။

T = Talk to your doctor about getting help to quit.( ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးလိပ်ဖြတ်ဖို့ အကူအညီရယူပါ)

ဆေးလိပ်ကို နည်းမှန်လမ်းမှန်ဘယ်လိုဖြတ်ရမလဲဆိုတဲ့ အကြံဉာဏ်တွေကို ဆရာဝန်လောက် ဘယ်သူမှ ကောင်းအောင် မပေးနိုင်ပါဘူး။ ဒါကြောင့် သင့်မှာသာ ဆေးလိပ်ဖြတ်ချင်စိတ်ရှိပါစေ။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top