iMyanmarHouse.com - Best Property Website for Myanmar
×




ကတိတည်ပါ


ရိုးသားပါ









Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #


ယုံကြည်မှုဆိုတာ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုမဟုတ်လား?

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ခြင်း အပြည့်အဝရှိ မှ  အရာရာတိုင်းအဆင်ပြေပြီး နားလည်မှုပိုရှိလာမှာပါ။အဲလို နားလည်မှုတွေယုံကြည်မှုတွေပိုတိုးလာဖို့ဆိုရင်

ကတိတည်ပါ

ယုံကြည်ခြင်းကို တည်ဆောက်နေတဲ့အချိန် ကာလအတွင်းမှာပြောထားတဲ့ စကားအတိုင်းလုပ်ပြီး ကတိတည်လိုက်ပါ။

ရိုးသားပါ

တတ်နိုင်သလောက် ရိုးရိုးသားသားနဲ့အမှန်အတိုင်းပြောပါ။

လိမ်ခဲ့မိတယ် ဆိုရင် ပြန်တောင်းပန်ပါ

တခါတလေ မှာကြိုတင် မကြံစည်ထားပဲ လိမ်ပြောမိတဲ့ အချိန်တွေရှိမှာပါ။ အဲလိုလိမ်မိတဲ့အခါမျိုးမှာဆိုရင် တတ်နိုင်သလောက်အမြန်ဆုံး တောင်းပန်လိုက်ပါ။

ပြည့်ပြည့်စုံစုံပြောပြပါ

တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး ပိုမို ကောင်းမွန်လာအောင် ပြုလုပ်တဲ့အခါ ပြည့်စုံစွာပြောပြခြင်း ကလည်း အရေးပါတယ်နော်။ ဥပမာ ဒီနေ့မှာ ဘယ်သူနဲ့ချိန်းထားတယ် ဘယ်သွားမယ်ဆို တာမျိုးလေးပေါ့။

ခံစားချက်ကို ထိန်းချုပ်လိုက်ပါ

မိမိခံစားချက်များအတိုင်း ချက်ချင်းလိုက်ပြီး ပြောင်းလဲပေါက်ကွဲခြင်း မလုပ်ဘဲ ထိန်းချုပ်ပါ။ ဒီလိုလုပ်ခြင်းက အများရဲ့ယုံကြည် အားကိုးခြင်းကိုရရှိလာနိုင်သလို ယုံကြည်စိတ်ချမှု ပိုတိုးလာမှာပါ။

ဒီအချက်လေးတွေအတိုင်းလုပ်ကြည့်ရင်း တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေပိုတိုးပွား လာနိုင်ပါစေနော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top