iMyanmarHouse.com - Best Property Website for Myanmar
×
၂။ Body Lotion
၃။ ပလတ်စတစ်ကပ်တိတ်
၎။ သဘတ်
၅။ သားရေကြိုး
ပြုလုပ်ပုံ
အလှအပ
#Unicode Version# ဖြင့်ဖတ်ပါ ။
ယခုဖော်ပြထားတဲ့ ဂျင်းကို အသုံးပြုပြီး ကပ်တဲ့ နည်းလမ်းက သဘာဝနည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းက ဝိတ်ကျဖြစ်စဉ်ကို မြန်ဆန်စေပြီး အထူးသဖြင့် အဆီချရခက်တဲ့ ဝမ်းဗိုက်နေရာကို ချပေးပါတယ်။ ဗိုက်အဆီချရတာက အချိန်အကြာကြီးလိုအပ်ပါတယ်။ အစားအသောက်ဂရုစိုက်ရတယ်။ လေ့ကျင့်ခန်းလုပ်ရတယ်။ ရေများများသောက်ရတယ်။ အိပ်ချိန်မှန်ရပါတယ်။
ဒါပေမဲ့ ခုပြောထားတဲ့ နည်းလမ်းလေးကတော့ ရိုးရှင်းပြီး ဗိုက်အဆီကျဖို့ ထိရောက်ပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့
၁။ အမှုန့်ကျိတ်ထားတဲ့ ဂျင်းအနည်းငယ် ဒါမှမဟုတ် ဂျင်းမှုန့်
၂။ Body Lotion
၃။ ပလတ်စတစ်ကပ်တိတ်
၄။ သဘတ်
၅။ သားရေကြိုး
ပြုလုပ်ပုံ
၁။ ရေနွေးနွေးလေးထဲမှာ သဘတ်စိမ်လိုက်ပါ။ ပြီးတာနဲ့ အဆီကျချင်တဲ့ ဗိုက်နေရာပေါ် သဘတ်တင်လိုက်ပါ။ ဗိုက်သား ပေါင်သား လက်မောင်း သင်အဆီကျတဲ့နေရာကို တင်နိုင်ပါတယ်။ ဒါကို ငါးမိနစ်ထားပေးပါ။
၂။ ဂျင်းမှု့န်ထဲမှာ Body Lotion ရောပေးပါ။ ကိုယ်အဆီကျချင်တဲ့နေရာကို ဒီအရောလိမ်းပေးပါ။ ပြီးတာနဲ့ ပလတ်စတစ်အလွှာပါးလေးနဲ့ သင့်ဗိုက်ကို ပတ်ပါ။ အလှပြင်ဆိုင်တွေမှာ ခြေထောက်ပေါင်းတင်တဲ့အခါ ကပ်ပေးတဲ့ပလတ်စတစ်မျိုးပါ။ ဒီလိုကပ်ပြီးတာနဲ့ သားရေကြိုးနဲ့ ပလတ်စတစ်ကွာမကျအောင် အပေါ်ကပတ်ပေးပါ။ ညအိပ်ရမှာမို့ အသာလေးပတ်ပေးပါ။ ပလတ်စတစ်အလွှာပါးတစ်ခုတည်းနဲ့ ကွာမကျဘူးဆိုရင်လည်း သားရေကြိုးသုံးစရာမလိုပါဘူး။
၃။ ဒီလိုကပ်တာကို အနည်းဆုံး ၆ နာရီထားပေးရပါမယ်။ တစ်ညလုံးကပ်ထားတာကတော့ အကောင်းဆုံးပါ။ ညအိပ်ရာဝင်ခါနီးကပ်ပြီးတော့ မနက်နိုးတာနဲ့ခွာနိုင်ပါပြီ။
၄။ အစပိုင်းကပ်တဲ့အချိန်မှာတော့ ယားတဲ့ခံစားချက်မျိုးကြုံရပါလိမ့်မယ်။ ဒီလိုဖြစ်တာက ပုံမှန်ပါပဲ။ ဗိုက်အဆီချတဲ့လုပ်ငန်းစဉ်ဆောင်ရွက်နေတာကြောင့်ပါ။ ဒီနည်းလမ်းကတော့ လွယ်ကူပြီး သင့်ဗိုက်အဆီကို ကျစေမှာပါ။
Credit:mystylemyanmar
အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top