iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီဥတုပူတဲ့အခ်ိန္ အသီးအႏွံခ်ိဳခ်ိဳေလးနဲ႔မွ ရင္ေအးၾကတာေနာ္။ သေဘၤာသီးက ခ်ိဳလည္းခ်ိဳ ဝမ္းလည္းမွန္ေစတယ္။ အမွ်င္ဓာတ္၊ကယ္လ္စီယမ္၊သံဓာတ္နဲ႔ ဗီတာမင္ေတြမ်ားစြာပါဝင္တဲ့အတြက္ အက်ိဳးေက်းဇူးမ်ားလွတဲ့ အသီးတစ္မ်ိဳးျဖစ္ပါတယ္။ သူ႔ရဲ႕ထင္ရွားတဲ့အာနိသင္ကေတာ့  အူတြင္းလုပ္ေဆာင္ခ်က္ေကာင္းေစတယ္(ဝမ္းမွန္ေစတယ္)၊ကိုယ္ခံအားေကာင္းေစတယ္။

အသီးက ခ်ိဳျမျပီးရင္ေအးေစလို႔ အခ်ိဳပြဲေတြ၊ အခ်ိဳရည္ေတြအျဖစ္ စားသံုး၊ေသာက္သံုးၾကေပမယ့္ သေဘၤာေစ့ကိုေတာ့ သန္က်ေစတယ္လို႔ယံုၾကည္ျပီးစားသံုးသူအနည္းငယ္သာရွိပါတယ္။အမ်ားစု ကေတာ့ သူ႔ရဲ႕အက်ိဳးေက်းဇူးေတြကိုမသိၾကတဲ့အတြက္၊ အရသာမရွိတဲ့အတြက္၊ စားလို႔မရဘူးထင္တဲ့အတြက္ စြန္႔ပစ္ၾကတာျဖစ္ပါတယ္။

သေဘၤာေစ့ရဲ႕ ေဆးဖက္ဝင္အာနိသင္ (၅) မ်ိဳး

(၁) ေက်ာက္ကပ္ကို ကာကြယ္ေပးတယ္

သေဘၤာေစ့ကိုစားျခင္းအားျဖင့္ ေက်ာက္ကပ္နဲ႔သက္ဆိုင္တဲ့ျပႆနာေတြကို ကာကြယ္ေပးျပီး ေက်ာက္ကပ္ေရာဂါခံစားေနရသူေတြအတြက္လည္း ကုသမႈမွာအေထာက္အကူေပးပါတယ္။ တစ္ေန႔ကို ၇ ေစ့ေလာက္ဝါးစားေပးရံုနဲ႔လံုေလာက္ပါတယ္။

(၂) အသည္းကိုသန္႔စင္ေပးတယ္

အသည္းရဲ႕တာဝန္က ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ဓာတ္ေတြကို စစ္ထုတ္ေပးျပီး ေရာဂါေတြရန္က ကာကြယ္ေပးရတဲ့ အေရးၾကီးအစိတ္အပိုင္းျဖစ္ပါတယ္။ အဲသည္အသည္းက မေကာင္းတဲ့အခါ နာတာရွည္ေရာဂါေတြျဖစ္လာေစနိုင္ပါတယ္။ဒါ့ေၾကာင့္ပဲ အသည္းသန္႔စင္ဖို႔က အေရးၾကီးတာပါ။

သေဘၤာေစ့က အသည္းျပႆနာ၊ အထူးသျဖင့္ အသည္းေျခာက္ျခင္းတို႔မွာ အရမ္းကိုအက်ိဳးျပဳတဲ့အာနိသင္ရွိပါတယ္။ သေဘၤာေစ့ ၅ ေစ့ကိုၾကိတ္ျပီး သံပရာရည္တစ္ဇြန္းကိုေရာ၊ တစ္ေန႔ႏွစ္ၾကိမ္ တစ္လၾကာေအာင္ေသာက္ေပးနိုင္ပါတယ္။

(၃) အူက်န္းမာေရးကို ေကာင္းေစတယ္

ကပ္ပါးပိုးမႊားေတြကိုေသေစတဲ့အင္ဇိုင္းေတြ ပါဝင္မႈမ်ားတဲ့အတြက္ အူက်န္းမာေရးကိုေကာင္းမြန္ေစပါတယ္တဲ့။ carpaine လို႔ေခၚတဲ့ anthelmintic alkaloid ေၾကာင့္ အူတြင္းက ကပ္ပါးပိုးေတြကို ရွင္းလင္းေပးနိုင္ပါတယ္။ ဒါ့ေၾကာင့္ပဲ သန္ေကာင္၊တုတ္ေကာင္ေတြကို က်ေစနိုင္တယ္လို႔ သိထားၾကတာျဖစ္ပါတယ္။

သေဘၤာေစ့ကိုအေျခာက္ခံျပီးေထာင္းၾကိတ္ပါ။ ရလာတဲ့အမႈန္႔တစ္ဇြန္းကို ေရနဲ႔ေဖ်ာ္ျပီးဆူေအာင္တည္ပါ။ ျပဳတ္ရည္ကို အေအးခံျပီး ပ်ားရည္ထည့္ျပီးျဖစ္ျဖစ္၊ မထည့္ဘဲျဖစ္ျဖစ္ တစ္ေန႔ ႏွစ္ၾကိမ္မွ သံုးၾကိမ္ေသာက္သံုးနုိင္ပါတယ္။

(၄) အစာေခ်စနစ္ကို အကာအကြယ္ေပးတယ္

သေဘၤာေစ့ဟာ ဘက္တီးရီးယားကိုေသေစျပီး ေရာင္ရမ္းမႈကိုေလ်ာ့က်ေစတဲ့အာနိသင္ေတြေၾကာင့္ အစာေခ်စနစ္ကိုေကာင္းမြန္ေစပါတယ္။ သေဘၤာေစ့က အစာအဆိပ္သင့္ေစတဲ့ ဘက္တီးရီးယားေတြနဲ႔ ေရာဂါပိုးေတြကို ခုခံတို္က္ဖ်က္နုိင္တယ္လို႔ သုေတသနေတြကေတြ႔ရွိထားပါတယ္။ တစ္ေန႔ကို ၇ ေစ့ သံုးၾကိမ္ စားသံုးနိုင္ပါတယ္။

(၅) အဆီပိုေတြနဲ႔ သၾကားဓာတ္ေတြကို စုပ္ယူေပးတယ္

သေဘၤာေစ့က ခႏၶာကိုယ္မွာ အဆီကိုေလာင္ကြ်မ္းေစနုိင္တဲ့အာနိသင္လညး္ရွိပါတယ္။ အစာေခ်ဖ်က္မႈကို ျမန္ဆန္ေစတဲ့အတြက္ အဆီပိုေတြနဲ႔သၾကားဓာတ္ေတြကို ခႏၶာကိုယ္က စုပ္ယူမႈနည္းပါးေစလို႔ ဝိတ္လည္းက်ေစပါတယ္။

သေဘၤာေစ့နဲ႔ ဝိတ္ခ်နည္း

သေဘၤာေစ့နဲ႔ပတ္သက္ျပီး သိပ္မသိၾကတဲ့ အသံုးဝင္ပံုတစ္မ်ိဳးကေတာ့ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ အေထာက္အကူေပးတာပဲျဖစ္ပါတယ္။ အခ်ိန္ေပးျပီး စိတ္ရွည္ရွည္နဲ႔လုပ္ဖို႔ေတာ့လိုပါလိမ့္မယ္။ ဒါ့အျပင္ အစားဆင္ျခင္စားျပီး ေလ့က်င့္ခန္းလည္း မၾကာမၾကာလုပ္ေပးရပါမယ္။

ဂရိတ္ဖရုေဖ်ာ္ရည္တစ္ခြက္ထဲမွာ သေဘၤာေစ့ ၁၅ ေစ့ထည့္ျပီး အစာမရွိခင္ေသာက္ပါ။အေစ့ေတြကို ေဆးလိုမ်ိဳခ်ပါ။ ဒီေဖ်ာ္ရည္က အဆီပိုေတြကိုဖယ္ရွားေပးျပီး အစာေခ်ဖ်က္မႈျမန္ေစပါလိမ့္မယ္။မူရင္းေရးသားသူအား ေလးစားစြာျဖင့္ခြက္ဒစ္ေပးပါသည္။

Credit:mystylemyanmar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ရာသီဥတုပူတဲ့အချိန် အသီးအနှံချိုချိုလေးနဲ့မှ ရင်အေးကြတာနော်။ သင်္ဘောသီးက ချိုလည်းချို ဝမ်းလည်းမှန်စေတယ်။ အမျှင်ဓာတ်၊ကယ်လ်စီယမ်၊သံဓာတ်နဲ့ ဗီတာမင်တွေများစွာပါဝင်တဲ့အတွက် အကျိုးကျေးဇူးများလှတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့အာနိသင်ကတော့  အူတွင်းလုပ်ဆောင်ချက်ကောင်းစေတယ်(ဝမ်းမှန်စေတယ်)၊ကိုယ်ခံအားကောင်းစေတယ်။

အသီးက ချိုမြပြီးရင်အေးစေလို့ အချိုပွဲတွေ၊ အချိုရည်တွေအဖြစ် စားသုံး၊သောက်သုံးကြပေမယ့် သင်္ဘောစေ့ကိုတော့ သန်ကျစေတယ်လို့ယုံကြည်ပြီးစားသုံးသူအနည်းငယ်သာရှိပါတယ်။အများစု ကတော့ သူ့ရဲ့အကျိုးကျေးဇူးတွေကိုမသိကြတဲ့အတွက်၊ အရသာမရှိတဲ့အတွက်၊ စားလို့မရဘူးထင်တဲ့အတွက် စွန့်ပစ်ကြတာဖြစ်ပါတယ်။

သင်္ဘောစေ့ရဲ့ ဆေးဖက်ဝင်အာနိသင် (၅) မျိုး

(၁) ကျောက်ကပ်ကို ကာကွယ်ပေးတယ်

သင်္ဘောစေ့ကိုစားခြင်းအားဖြင့် ကျောက်ကပ်နဲ့သက်ဆိုင်တဲ့ပြဿနာတွေကို ကာကွယ်ပေးပြီး ကျောက်ကပ်ရောဂါခံစားနေရသူတွေအတွက်လည်း ကုသမှုမှာအထောက်အကူပေးပါတယ်။ တစ်နေ့ကို ၇ စေ့လောက်ဝါးစားပေးရုံနဲ့လုံလောက်ပါတယ်။

(၂) အသည်းကိုသန့်စင်ပေးတယ်

အသည်းရဲ့တာဝန်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဓာတ်တွေကို စစ်ထုတ်ပေးပြီး ရောဂါတွေရန်က ကာကွယ်ပေးရတဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်ပါတယ်။ အဲသည်အသည်းက မကောင်းတဲ့အခါ နာတာရှည်ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။ဒါ့ကြောင့်ပဲ အသည်းသန့်စင်ဖို့က အရေးကြီးတာပါ။

သင်္ဘောစေ့က အသည်းပြဿနာ၊ အထူးသဖြင့် အသည်းခြောက်ခြင်းတို့မှာ အရမ်းကိုအကျိုးပြုတဲ့အာနိသင်ရှိပါတယ်။ သင်္ဘောစေ့ ၅ စေ့ကိုကြိတ်ပြီး သံပရာရည်တစ်ဇွန်းကိုရော၊ တစ်နေ့နှစ်ကြိမ် တစ်လကြာအောင်သောက်ပေးနိုင်ပါတယ်။

(၃) အူကျန်းမာရေးကို ကောင်းစေတယ်

ကပ်ပါးပိုးမွှားတွေကိုသေစေတဲ့အင်ဇိုင်းတွေ ပါဝင်မှုများတဲ့အတွက် အူကျန်းမာရေးကိုကောင်းမွန်စေပါတယ်တဲ့။ carpaine လို့ခေါ်တဲ့ anthelmintic alkaloid ကြောင့် အူတွင်းက ကပ်ပါးပိုးတွေကို ရှင်းလင်းပေးနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ သန်ကောင်၊တုတ်ကောင်တွေကို ကျစေနိုင်တယ်လို့ သိထားကြတာဖြစ်ပါတယ်။

သင်္ဘောစေ့ကိုအခြောက်ခံပြီးထောင်းကြိတ်ပါ။ ရလာတဲ့အမှုန့်တစ်ဇွန်းကို ရေနဲ့ဖျော်ပြီးဆူအောင်တည်ပါ။ ပြုတ်ရည်ကို အအေးခံပြီး ပျားရည်ထည့်ပြီးဖြစ်ဖြစ်၊ မထည့်ဘဲဖြစ်ဖြစ် တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ်သောက်သုံးနိုင်ပါတယ်။

(၄) အစာချေစနစ်ကို အကာအကွယ်ပေးတယ်

သင်္ဘောစေ့ဟာ ဘက်တီးရီးယားကိုသေစေပြီး ရောင်ရမ်းမှုကိုလျော့ကျစေတဲ့အာနိသင်တွေကြောင့် အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ သင်္ဘောစေ့က အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားတွေနဲ့ ရောဂါပိုးတွေကို ခုခံတိုက်ဖျက်နိုင်တယ်လို့ သုတေသနတွေကတွေ့ရှိထားပါတယ်။ တစ်နေ့ကို ၇ စေ့ သုံးကြိမ် စားသုံးနိုင်ပါတယ်။

(၅) အဆီပိုတွေနဲ့ သကြားဓာတ်တွေကို စုပ်ယူပေးတယ်

သင်္ဘောစေ့က ခန္ဓာကိုယ်မှာ အဆီကိုလောင်ကျွမ်းစေနိုင်တဲ့အာနိသင်လည်းရှိပါတယ်။ အစာချေဖျက်မှုကို မြန်ဆန်စေတဲ့အတွက် အဆီပိုတွေနဲ့သကြားဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူမှုနည်းပါးစေလို့ ဝိတ်လည်းကျစေပါတယ်။

သင်္ဘောစေ့နဲ့ ဝိတ်ချနည်း

သင်္ဘောစေ့နဲ့ပတ်သက်ပြီး သိပ်မသိကြတဲ့ အသုံးဝင်ပုံတစ်မျိုးကတော့ ကိုယ်အလေးချိန်လျှော့ချဖို့ အထောက်အကူပေးတာပဲဖြစ်ပါတယ်။ အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့လုပ်ဖို့တော့လိုပါလိမ့်မယ်။ ဒါ့အပြင် အစားဆင်ခြင်စားပြီး လေ့ကျင့်ခန်းလည်း မကြာမကြာလုပ်ပေးရပါမယ်။

ဂရိတ်ဖရုဖျော်ရည်တစ်ခွက်ထဲမှာ သင်္ဘောစေ့ ၁၅ စေ့ထည့်ပြီး အစာမရှိခင်သောက်ပါ။အစေ့တွေကို ဆေးလိုမျိုချပါ။ ဒီဖျော်ရည်က အဆီပိုတွေကိုဖယ်ရှားပေးပြီး အစာချေဖျက်မှုမြန်စေပါလိမ့်မယ်။မူရင်းရေးသားသူအား လေးစားစွာဖြင့်ခွက်ဒစ်ပေးပါသည်။

Credit:mystylemyanmar
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top