iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Nanmalgyi
#Unicode Version#
သဉ္ဇာဝင့်ကျော်လို့ပြောလိုက်တာနဲ့ အခုတလော အဆက်မပြတ်ဆိုရလောက်အောင်မြင်နေရတဲ့ အပေါ်ပိုင်းဗလာကျင်းပြီးကင်မရာကို ကျောခိုင်းထားတဲ့ပုံတွေကို ယောက်ျားလေးတွေပြေးမြင်မိကြမယ်ထင်ပါတယ်။ သူအခုလိုဓာတ်ပုံတွေရိုက်ဖြစ်ရတဲ့အကြောင်းအရင်းကို Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတာရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းအရာတွေကို မိတ်ဆွေတွေ မသိရမရှိလေအောင်ပြောပြပေးလိုက်ပါရစေ။
နောက်ထပ်ဓာတ်ပုံရိုက်ဖို့ရွေးထားတဲ့နေရာကဆိုတဲ့မေးခွန်းကို “ကွန့်မန့်တွေထဲမှာပြောထားတာတွေ့တယ် သဲကန္တာရတဲ့ ၊ ကျန်ပါသေးတယ်တခြားနေရာတွေ၊ မပြောသေးဘူး ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။ ပုံတွေစရိုက်ဖြစ်တဲ့အိုင်ဒီယာလေးကိုလည်း “ (စဉ်းစားလျက်) ဘယ်လိုပြောရမလဲဒီမြန်မာနိုင်ငံမှာလူသိများကြတာလေ ။နိုင်ငံခြားမှာ ဒါမျိုးကတော်တော်ခေတ်စားနေတာကြာပြီ။ အဲ့ဒီအိုင်ဒီယာလေးနဲ့ရိုက်ဖြစ်သွားတာပါ။ ကိုယ်လုပ်ရင်ရောဘယ်လိုဖြစ်မလဲပေါ့ ။ဘယ်လိုပြောရမလဲကိုယ့်ဟာကိုယ်လုပ်လိုက်ရတော့ကျေနပ်သွားတယ်။ တခြားသူတွေကျေနပ်မကျေနပ်တာသဉ္ဇာဂရုမစိုက်ဘူး ။ သိလည်းမသိဘူးပေါ့နော် ဒါပေမယ့် ဘဝမှာကိုယ် လုပ်ချင်တာလုပ်လိုက်ရရင်ပျော်တဲ့သူဆိုတော့ ။ခံစားမှုကတော့ ဘာနဲ့မှမတူဘူး ဘဝမှာ ဖီလင်အသစ်အသစ်ကလေးတွေအဲဒီလိုလေးတွေလုပ်ချင်တာပေါ့နော်။
ဘာလို့လဲဆိုတော့ သမားရိုးကျချည်းလုပ်နေတယ်ဆိုရင်လည်းအရမ်းရိုးတယ်လေ ။ကိုယ့်ဟာကိုယ်တောင်ရိုးအီနေတာလေ သဉ္ဇာပရိသတ်တွေလည်းရိုးအီနေမှာပေါ့ ။”ဆိုပြီးပြောပြသွားခဲ့တဲ့အပြင် Caption စဉ်းစားဖြစ်ပုံကိုလည်း “ ဒီလိုပါပဲစိတ်ပေါက်လို့ တစ်ခါတလေကျရင် အိမ်ကအဖေရော အမေရောကဆူတယ်။ ညီကိုမောင်နှမတွေကလည်းပြောတယ်ပေါ့ သဉ္ဇာအလုပ်ကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့တစ်ခါတလေကျလို့ရှိရင်လည်း ဖန်တွေကလည်း သဉ္ဇာကိုချစ်တဲ့စိတ်နဲ့ ဂရုဏာဒေါသောလေးတွေဖြစ်ကြတာရှိတယ်။အဲ့တော့တစ်ခါတလေကျရင် Stress တွေအရမ်းများတယ်။ အခုနောက်ပိုင်းကအလုပ်တွေတကယ်ရှုပ်တယ်။ခရီးတွေသွားနေရပါတယ်။ ရန်ကုန်မှာနေရတယ်ဆိုတာမရှိဘူး ။ အရမ်းစိတ်ကမွန်းကျပ်တာပေါ့။စိတ်အဲ့ဒီအချိန်မှာအရမ်းမွန်းကျပ်လာလို့တက်လိုက်တာပါ ။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Nanmalgyi
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top