iMyanmarHouse.com - Best Property Website for Myanmar
×

ေရခဲေသတၱာေတြဆိုတာ အၿမဲလိုလိုညစ္ပတ္ေနေလ့ရွိတဲ့အရာေတြပါ ။အဓိက ညစ္ပတ္ရျခင္းအေၾကာင္းကေတာ့ မႈိစြဲျခင္းေၾကာင့္ပါပဲ ။ေရခဲေသတၱာဆိုတာဟာ အၿမဲတမ္းစိုစြတ္ေနတဲ့ေနရာျဖစ္တဲ့အတြက္ မႈိေတြနဲ႔ဘတ္တီးရီးယားေတြေပါက္ပြားရာေနရာတစ္ခုလည္းျဖစ္ပါတယ္ ။

ဒီဘတ္တီးရီးယားနဲ႔မႈိေတြဟာ အထဲမွာထားတဲ့ သစ္သီးသစ္႐ြက္ေတြကို ကူးစက္သြားခဲ့ရင္ေတာ့ သင့္အတြက္ျပႆနာရွိလာပါၿပီ ။မႈိတက္ေနတဲ့ အစားအေသာက္ေတြကို စားသုံးမယ္ဆိုရင္ေတာ့ သင့္က်န္းမာေရးထိခိုက္မွာအမွန္ပါပဲ ။

အခုေျပာျပမယ့္ နည္းလမ္းေလးကို သုံးလိုက္ရင္ေတာ့အခ်ိန္မကုန္ပဲ ေရခဲေသတၱာထဲက မႈိေတြကိုအလြယ္ကူဆုံးရွင္းလင္းႏိုင္ပါလိမ့္မယ္ ။သင္လိုအပ္မယ့္အရာတစ္ခုကေတာ့ သံပုရာသီးပါပဲ ။သံပုရာသီးကို ထက္ျခမ္းခြဲၿပီး ခြက္တစ္လုံးထဲအရည္ညႇစ္ထည့္ကာ ေရအနည္းငယ္ေရာထည့္ၿပီး ခြက္ထဲကို သံပရာခြံ အနည္းငယ္ထည့္ၿပီးေနာက္ အပူခ်ိန္ 700W မွာ ၃ မိနစ္ေလာက္အပူေပးပါ။ၿပီးရင္ အပူေပးထားတဲ့ခြက္ (ပူေနဆဲ) ကို ေရခဲေသတၱာထဲ နာရီဝက္ေလာက္ထည့္ထားေပးပါ ။

နာရီဝက္ၾကာတဲ့အခါ အဝတ္တစ္ခုနဲ႔မႈိေတြကို သန႔္ရွင္းေပးမယ္ဆိုရင္ အလြယ္တကူ သန႔္ရွင္းလို႔ရတာကို ေတြ႕ရပါလိမ့္မယ္ ။ထို႔အျပင္ သင့္ရဲ႕ေရခဲေသတၱာေလးဟာ အသီးအ႐ြက္ အနံ႔ေတြနံမေနေတာ့ပဲ သံပုရာရနံ႔ေလးသင္းေနပါလိမ့္မယ္ ။

Credit:Min Thu

ဤစာဖတ္သူမ်ားအားလုံးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ရေခဲသေတ္တာတွေဆိုတာ အမြဲလိုလိုညစ်ပတ်နေလေ့ရှိတဲ့အရာတွေပါ ။အဓိက ညစ်ပတ်ရခြင်းအကြောင်းကတော့ မှိုစွဲခြင်းကြောင့်ပါပဲ ။ရေခဲသေတ္တာဆိုတာဟာ အမြဲတမ်းစိုစွတ်နေတဲ့နေရာဖြစ်တဲ့အတွက် မှိုတွေနဲ့ဘတ်တီးရီးယားတွေပေါက်ပွားရာနေရာတစ်ခုလည်းဖြစ်ပါတယ် ။

ဒီဘတ်တီးရီးယားနဲ့မှိုတွေဟာ အထဲမှာထားတဲ့ သစ်သီးသစ်ရွက်တွေကို ကူးစက်သွားခဲ့ရင်တော့ သင့်အတွက်ပြဿနာရှိလာပါပြီ ။မှိုတက်နေတဲ့ အစားအသောက်တွေကို စားသုံးမယ်ဆိုရင်တော့ သင့်ကျန်းမာရေးထိခိုက်မှာအမှန်ပါပဲ ။

အခုပြောပြမယ့် နည်းလမ်းလေးကို သုံးလိုက်ရင်တော့အချိန်မကုန်ပဲ ရေခဲသေတ္တာထဲက မှိုတွေကိုအလွယ်ကူဆုံးရှင်းလင်းနိုင်ပါလိမ့်မယ် ။သင်လိုအပ်မယ့်အရာတစ်ခုကတော့ သံပုရာသီးပါပဲ ။သံပုရာသီးကို ထက်ခြမ်းခွဲပြီး ခွက်တစ်လုံးထဲအရည်ညှစ်ထည့်ကာ ရေအနည်းငယ်ရောထည့်ပြီး ခွက်ထဲကို သံပရာခွံ အနည်းငယ်ထည့်ပြီးနောက် အပူချိန် 700W မှာ ၃ မိနစ်လောက်အပူပေးပါ။ပြီးရင် အပူပေးထားတဲ့ခွက် (ပူနေဆဲ) ကို ရေခဲသေတ္တာထဲ နာရီဝက်လောက်ထည့်ထားပေးပါ ။

နာရီဝက်ကြာတဲ့အခါ အဝတ်တစ်ခုနဲ့မှိုတွေကို သန့်ရှင်းပေးမယ်ဆိုရင် အလွယ်တကူ သန့်ရှင်းလို့ရတာကို တွေ့ရပါလိမ့်မယ် ။ထို့အပြင် သင့်ရဲ့ရေခဲသေတ္တာလေးဟာ အသီးအရွက် အနံ့တွေနံမနေတော့ပဲ သံပုရာရနံ့လေးသင်းနေပါလိမ့်မယ် ။

Credit: Min Thu

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top