iMyanmarHouse.com - Best Property Website for Myanmar
×

 ကိုယ္ဝန္ေဆာင္ခ်ိန္ ေရခ်ိဳးတဲ့အခါ လံုျခံဳမႈရွိေနဖို႔ လိုအပ္ပါတယ္

တကိုယ္ရည္သန္႔ရွင္းေရး ထိန္းသိမ္းတဲ့ နည္းလမ္းေတြထဲမွာ ေရခ်ိဳးတာလည္း ပါဝင္ပါတယ္။ ဗိုက္ဗိုက္ေလးေတြ ေရခ်ိဳးျခင္းျဖင့္ စိတ္ဖိစီးမႈေတြနဲ႔ စိုးရိမ္ေသာကေတြကို သက္သာေစပါတယ္။ တခါတေလ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ  ၾကြက္သားတင္းတာတြ ေလ်ာ့ဖို႔နဲ႔ အနားယူႏိုင္ဖုိ႔အတြက္ ေရေႏြးေႏြးေလးနဲ႔ ခ်ိဳးေပးသင့္ပါတယ္။ အလြန္ ေအးလြန္းတဲ့ ေရ ဒါမွမဟုတ္ ေရေႏြးပူေတြနဲ႔ ေရမခ်ိဳးသင့္ပါဘူး။ ခပ္ေႏြးေႏြးေရနဲ႔သာ ခ်ိဳးေပးသင့္ပါတယ္။
တကိုယ္ရည္သန္႔ရွင္းေရး ထိန္းသိမ္းတဲ့ နည္းလမ္းေတြထဲမွာ ေရခ်ိဳးတာလည္း ပါဝင္ပါတယ္

ကိုယ္ဝန္ေဆာင္ခ်ိန္ ေရခ်ိဳးတဲ့အခါ လံုျခံဳမႈရွိေနဖို႔ လိုအပ္ပါတယ္။ ပူလြန္းတဲ့ေရေတြက ေသြးဖိအားက်ေစၿပီး အားနည္းတာနဲ႔ မူးေဝတာကို ျဖစ္ေပၚေစပါတယ္။ ကိုယ္ဝန္ပထမသံုးလမွာ ေသြးဖိအားေတြက်ေနတယ္ဆိုရင္ သေႏၶသားကို ထိခိုက္ေစပါတယ္။
ကိုယ္ဝန္ေဆာင္ခ်ိန္ ပထမပိုင္း

ကိုယ္ဝန္ေဆာင္ခ်ိန္ ပထမပိုင္းမွာ သေႏၶသားရဲ႕ ခႏၶာကိုယ္နဲ႔ ကိုယ္တြင္းအဂၤါ တည္ေဆာက္ေနခ်ိန္ျဖစ္ပါတယ္။

    တခါတရံမွာ ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးေပးႏိုင္ပါတယ္။
    ေရခ်ိဳးကန္ထဲ ေရၾကာၾကာစိမ္တာကို ေရွာင္က်ဥ္ပါ။
    ေအာ္ဂဲနစ္ ဒါမွမဟုတ္ ဓါတုပစၥည္းမပါတဲ့ ဆပ္ျပာ၊ ေခါင္းေလွ်ာ္ရည္ တုိ႔ကိုသာ အသံုးျပဳပါ။

    ေရရဲ႕ အပူခ်ိန္ဟာ (၁၀၂)ဒီဂရီထက္ မေက်ာ္သင့္ပါဘူး။

ကိုယ္ဝန္ေဆာင္ခ်ိန္ ဒုတိယပိုင္း

ကိုယ္ဝန္ေဆာင္ခ်ိန္ ဒုတိယပိုင္းက သေႏၶသားရဲ႕ ႀကီးထြားဖြံ႔ၿဖိဳးခ်ိန္ျဖစ္တာေၾကာင့္ ဒီအခ်ိန္မွာ ဂ႐ုစိုက္ေပးရပါမယ္။

    ပံုမွန္ေရခ်ိဳးတာမဟုတ္ဘဲ ေရခ်ိဳးကန္ထဲ ေရစိမ္ခ်င္တာမ်ိဳး ျပဳလုပ္ခ်င္တယ္ဆုိရင္ ဆရာဝန္နဲ႔ တုိင္ပင္ဖို႔ လိုပါတယ္။
    ေရမခ်ိဳးခင္မွာ ေရရဲ႕ အပူခ်ိန္ကို စမ္းၾကည့္ဖို႔ လိုအပ္ပါတယ္။
    ေရၾကာၾကာခ်ိဳးတာကို ေရွာင္က်ဥ္ပါ။

ပံုမွန္ေရခ်ိဳးတာမဟုတ္ဘဲ ေရခ်ိဳးကန္ထဲ ေရစိမ္ခ်င္တာမ်ိဳး ျပဳလုပ္ခ်င္တယ္ဆုိရင္ ဆရာဝန္နဲ႔ တုိင္ပင္ဖို႔ လိုပါတယ္
ကိုယ္ဝန္ေဆာင္ခ်ိန္ တတိယပိုင္း

    ေရခ်ိဳးေပးျခင္းျဖင့္ ပင္ပန္းႏြမ္းနယ္တာကို သက္သာေစၿပီး နားက်င္ကိုက္ခဲတာကို နည္းသြားေစပါတယ္။
    အနားယူဖို႔အတြက္ ေရေႏြးေႏြးေလးနဲ႔ ခ်ိဳးေပးပါ။
    ေရခ်ိဳးတဲ့အခါ ႐ုတ္တရက္ လန္႔မသြားေအာင္ ဒူးကေနစၿပီး ေျဖးေျဖးခ်င္းေလာင္းပါ။
    ေရခ်ိဳးခန္းထဲမွာ ေခ်ာ္မလဲေအာင္ ဂ႐ုစိုက္ပါ။

ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း ေရခ်ိဳးတဲ့အခါ ဘာေတြကို သတိထားရမလဲ

     ေရရဲ႕ အပူခ်ိန္ကို တိုင္းတာပါ။
     ဓါတုပစၥည္းပါဝင္တဲ့ ဆပ္ျပာ၊ ေခါင္းေလွ်ာ္ရည္စတဲ့ ေရခ်ိဳးခန္းသံုးပစၥည္းေတြကို ေရွာင္ရွားပါ။
     ေရခ်ိဳးခန္းဆီကို တစ္ေယာက္ထဲသြားတဲ့အခါ သတိထားပါ။
     ေရခ်ိဳးခန္းမ်က္ႏွာျပင္ ေခ်ာေနတာမ်ိဳးမျဖစ္ေအာင္ သတိထားပါ။

ေရမခ်ိဳးခင္မွာ ေရရဲ႕ အပူခ်ိန္ကို စမ္းၾကည့္ဖို႔ လိုအပ္ပါတယ္

     ေရကို မိနစ္(၂၀)ထက္ ပိုမခ်ိဳးပါနဲ႔။
     ေရစိမ္တဲ့အခါ အသံုးျပဳတဲ့ bath bombs ကို ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မသံုးတာ အေကာင္းဆံုးပါ။
     ေရခ်ိဳးခန္းထဲမွာထားရွိတဲ့ ပလတ္စတစ္ပံုးေတြနဲ႔ စည္ပိုင္းေတြ ေ႐ြ႕တာကို ေရွာင္ရွားပါ။
     အသားအေရ အစိုဓါတ္ေျခာက္ေသြ႕တာေတြ မျဖစ္ေအာင္ scrubs ျပဳလုပ္တာကို ေရွာင္က်ဥ္ပါ။
     အေရျပားေပၚက ဆဲလ္ေသေတြကို ၾကမ္းၾကမ္းတမ္းတမ္းဖယ္ရွားေပးတဲ့ ေရျမွပ္အသံုးျပဳတာကို ေရွာင္က်ဥ္ပါ။

Credit: Kalay
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုယ်ဝန်ဆောင်ချိန် ရေချိုးတဲ့အခါ လုံခြုံမှုရှိနေဖို့ လိုအပ်ပါတယ်

တကိုယ်ရည်သန့်ရှင်းရေး ထိန်းသိမ်းတဲ့ နည်းလမ်းတွေထဲမှာ ရေချိုးတာလည်း ပါဝင်ပါတယ်။ ဗိုက်ဗိုက်လေးတွေ ရေချိုးခြင်းဖြင့် စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်သောကတွေကို သက်သာစေပါတယ်။ တခါတလေ ကိုယ်ဝန်ဆောင်ချိန်မှာ  ကြွက်သားတင်းတာတွ လျော့ဖို့နဲ့ အနားယူနိုင်ဖို့အတွက် ရေနွေးနွေးလေးနဲ့ ချိုးပေးသင့်ပါတယ်။ အလွန် အေးလွန်းတဲ့ ရေ ဒါမှမဟုတ် ရေနွေးပူတွေနဲ့ ရေမချိုးသင့်ပါဘူး။ ခပ်နွေးနွေးရေနဲ့သာ ချိုးပေးသင့်ပါတယ်။
တကိုယ်ရည်သန့်ရှင်းရေး ထိန်းသိမ်းတဲ့ နည်းလမ်းတွေထဲမှာ ရေချိုးတာလည်း ပါဝင်ပါတယ်

ကိုယ်ဝန်ဆောင်ချိန် ရေချိုးတဲ့အခါ လုံခြုံမှုရှိနေဖို့ လိုအပ်ပါတယ်။ ပူလွန်းတဲ့ရေတွေက သွေးဖိအားကျစေပြီး အားနည်းတာနဲ့ မူးဝေတာကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်ဝန်ပထမသုံးလမှာ သွေးဖိအားတွေကျနေတယ်ဆိုရင် သန္ဓေသားကို ထိခိုက်စေပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ပထမပိုင်း

ကိုယ်ဝန်ဆောင်ချိန် ပထမပိုင်းမှာ သန္ဓေသားရဲ့ ခန္ဓာကိုယ်နဲ့ ကိုယ်တွင်းအင်္ဂါ တည်ဆောက်နေချိန်ဖြစ်ပါတယ်။

    တခါတရံမှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးနိုင်ပါတယ်။
    ရေချိုးကန်ထဲ ရေကြာကြာစိမ်တာကို ရှောင်ကျဉ်ပါ။
    အော်ဂဲနစ် ဒါမှမဟုတ် ဓါတုပစ္စည်းမပါတဲ့ ဆပ်ပြာ၊ ခေါင်းလျှော်ရည် တို့ကိုသာ အသုံးပြုပါ။

    ရေရဲ့ အပူချိန်ဟာ (၁၀၂)ဒီဂရီထက် မကျော်သင့်ပါဘူး။

ကိုယ်ဝန်ဆောင်ချိန် ဒုတိယပိုင်း

ကိုယ်ဝန်ဆောင်ချိန် ဒုတိယပိုင်းက သန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးချိန်ဖြစ်တာကြောင့် ဒီအချိန်မှာ ဂရုစိုက်ပေးရပါမယ်။

    ပုံမှန်ရေချိုးတာမဟုတ်ဘဲ ရေချိုးကန်ထဲ ရေစိမ်ချင်တာမျိုး ပြုလုပ်ချင်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
    ရေမချိုးခင်မှာ ရေရဲ့ အပူချိန်ကို စမ်းကြည့်ဖို့ လိုအပ်ပါတယ်။
    ရေကြာကြာချိုးတာကို ရှောင်ကျဉ်ပါ။

ပုံမှန်ရေချိုးတာမဟုတ်ဘဲ ရေချိုးကန်ထဲ ရေစိမ်ချင်တာမျိုး ပြုလုပ်ချင်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်
ကိုယ်ဝန်ဆောင်ချိန် တတိယပိုင်း

    ရေချိုးပေးခြင်းဖြင့် ပင်ပန်းနွမ်းနယ်တာကို သက်သာစေပြီး နားကျင်ကိုက်ခဲတာကို နည်းသွားစေပါတယ်။
    အနားယူဖို့အတွက် ရေနွေးနွေးလေးနဲ့ ချိုးပေးပါ။
    ရေချိုးတဲ့အခါ ရုတ်တရက် လန့်မသွားအောင် ဒူးကနေစပြီး ဖြေးဖြေးချင်းလောင်းပါ။
    ရေချိုးခန်းထဲမှာ ချော်မလဲအောင် ဂရုစိုက်ပါ။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ရေချိုးတဲ့အခါ ဘာတွေကို သတိထားရမလဲ

     ရေရဲ့ အပူချိန်ကို တိုင်းတာပါ။
     ဓါတုပစ္စည်းပါဝင်တဲ့ ဆပ်ပြာ၊ ခေါင်းလျှော်ရည်စတဲ့ ရေချိုးခန်းသုံးပစ္စည်းတွေကို ရှောင်ရှားပါ။
     ရေချိုးခန်းဆီကို တစ်ယောက်ထဲသွားတဲ့အခါ သတိထားပါ။
     ရေချိုးခန်းမျက်နှာပြင် ချောနေတာမျိုးမဖြစ်အောင် သတိထားပါ။

ရေမချိုးခင်မှာ ရေရဲ့ အပူချိန်ကို စမ်းကြည့်ဖို့ လိုအပ်ပါတယ်

     ရေကို မိနစ်(၂၀)ထက် ပိုမချိုးပါနဲ့။
     ရေစိမ်တဲ့အခါ အသုံးပြုတဲ့ bath bombs ကို ကိုယ်ဝန်ဆောင်ချိန်မှာ မသုံးတာ အကောင်းဆုံးပါ။
     ရေချိုးခန်းထဲမှာထားရှိတဲ့ ပလတ်စတစ်ပုံးတွေနဲ့ စည်ပိုင်းတွေ ရွေ့တာကို ရှောင်ရှားပါ။
     အသားအရေ အစိုဓါတ်ခြောက်သွေ့တာတွေ မဖြစ်အောင် scrubs ပြုလုပ်တာကို ရှောင်ကျဉ်ပါ။
     အရေပြားပေါ်က ဆဲလ်သေတွေကို ကြမ်းကြမ်းတမ်းတမ်းဖယ်ရှားပေးတဲ့ ရေမြှပ်အသုံးပြုတာကို ရှောင်ကျဉ်ပါ။

Credit: Kalay
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top