iMyanmarHouse.com - Best Property Website for Myanmar
×

 YouTube နဲ႕ Facebook မွာလတ္တေလာေရပန္းစားေနတဲ့ ကမၻာေက်ာ္ အႏုပညာရွင္ေတြစုေပါင္းသီဆိုထားတဲ့ Earth သီခ်င္းေလးထက္ထက္ထြန္းဟာဆိိုရင္ ေမာ္ဒယ္တစ္ေယာက္အျဖစ္နဲ႔နာမည္ၾကီးလာခဲ့ျပီးေနာက္ သရုပ္ေဆာင္ပုိင္းကုိကူးလာခဲ့သူျဖစ္ပါတယ္။ဒါ့အျပင္ထက္ထက္ထြန္းဟာ စိတ္ဓာတ္ၾကံ့ခိုင္သန္မာတဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ျပီး နုိင္ငံေရးဘက္ကုိစိတ္ဝင္စားသလို ျပည္သူကုိ အက်ိဳးျပဳဖို႔လည္းစိတ္အားထက္သန္သူတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္ ထက္ထက္ထြန္းက ျမိဳ႕ေတာ္ဝန္ေရြးေကာက္ပြဲမွာ ကံမေကာင္းစြာပဲ အနုိင္မရရွိခဲ့ပါဘူး။ ထက္ထက္ထြန္းက မၾကာေသးမီက အင္တာဗ်ဴးမွာ ေရြးေကာက္ပြဲအတြက္ သိန္းတစ္ရာေလာက္ကုန္က်သြားတယ္ဆိုတဲ့အေၾကာင္းနဲ႔ အနုိင္မရခဲ့တဲ့ခံစားခ်က္ေတြအေၾကာင္းကုိ ေျပာျပသြားခဲ့ပါတယ္။

ထက္ထက္ထြန္းက ေရြးေကာက္ပြဲအတြက္ကုန္က်ခဲ့တဲ့ကုန္က်စားရိတ္ေတြအေၾကာင္းကို “ကုန္က်စားရိတ္က တစ္ရာေက်ာ္ေက်ာ္ေလာက္ကုန္တယ္။ ဒါေပမယ့္ ကုန္က်စားရိတ္ရယ္လို႔တြက္လိုက္လို႔ တစ္ရာေက်ာ္ေက်ာ္ကုန္တာေပါ့။ ဒါေပမယ့္ ကုိယ့္ကုိကူညီပ့ံ့ပုိးေပးတဲ့လူေတြ ကုိယ္က အနုပညာရွင္လည္းျဖစ္ေနတဲ့အခါက်ေတာ့ မုန္႔ေတြဘာညာလိုလားဆိုျပီး စပြန္ဆာေတြေပးၾကတယ္။ အဲ့လုိမ်ိဳးေပါ့။ ကုိယ့္ဘက္ကေတာ့ တကယ္တမ္းေတာ့ ပုိက္ဆံအေနနဲ႔ကုိယ့္ဘက္ကထြက္တာေတာ့ အဲ့ေလာက္ေတာ့မကုန္ဘူးေပါ့။ amount အေနနဲ႔ တြက္ၾကည့္လိုက္တဲ့အခါက်ေတာ့ အဲဒီေလာက္ကုန္တာေပါ့”လို႔ ေျပာထားပါတယ္။

ထက္ထက္ထြန္းက ေရြးေကာက္ပြဲမွာ အနိုင္မရခဲ့ေပမယ့္ ရပ္ေနမွာမဟုတ္ဘူးဆိုတဲ့အေၾကာင္း “ေသခ်ာတာေတာ့ ထက္ထက္ထြန္းဆိုတာေတာ့ ရပ္ေနမယ့္လူမ်ိဳးေတာ့မဟုတ္ဘူး။ ေသခ်ာတယ္။ ကုိယ္ဘယ္ေလာက္အရည္အခ်င္းရွိလဲ ကုိယ္ဘယ္ေလာက္လုပ္ေပးနုိင္လဲေပၚမူတည္ျပီးေတာ့ ဘာလုပ္ရမလဲေစာင့္ေနတဲ့လူ။ ၾကိဳးစားေနတဲ့လူ။ လႈပ္ေတာ့လႈပ္ေနတယ္။ ေရြ႕ေတာ့ေရြ႕ေနမွာပဲ။ ဘယ္ဘက္ကုိေရြ႕မလဲဆိုတာေတာ့ ကုိယ္လည္းမသိေသးဘူး”လို႔ ေျဖၾကားထားပါတယ္။

ျပိဳင္ပြဲမွာေအာင္ျမင္မႈမရခဲ့တဲ့ခံစားခ်က္ကုိထက္ထက္ထြန္းက “ဒါကေတာ့ အစကတည္းက ၾကိဳမွန္းထားတယ္။ နွစ္ခုလံုးမွန္းထားျပီးသား ရကုိရရမယ္ဆိုတဲ့စိတ္နဲ႔ေတာ့ အားအျပည့္ၾကိဳးစားတယ္။ကုိယ့္ကုိအားေပးေနတဲ့လူေတြ အားတက္ေအာင္လို႔ေပ့ါ။ အားနဲ႔ၾကိဳးစားတယ္။ မရနိုင္ဘူး ရံႈးသြားနုိင္တယ္ဆိုတဲ့ အေတြးကေတာ့ ေခါင္းထဲမွာေတာ့ရွိတာေပါ့။ ေခါင္းထဲမွာေတြးတာက ဘယ္သူမွမသိဘူးေလ။ အဲဒါေၾကာင့္ျဖစ္လာေတာ့လည္းေအးေဆးပဲ။ ဘယ္ဟာမဆို အရံႈးနဲ႔အနိုင္အတြက္ကေတာ့ တရားသေဘာအရ စိတ္ကုိေျဖသိမ့္ျပီးသား အက်င့္ပါေနပါျပီ။ ျပိဳင္ပြဲတိုင္းကေတာ့ နုိ္င္ခဲ့တယ္။ ဒီဘက္ကေတာ့ ကံမပါေသးလို႔ေပါ့”လို႔ ရယ္ေမာရင္းေျဖၾကားထားတာလည္းေတြ႕ရပါတယ္။

ထက္ထက္ထြန္းက အခုထိအမတ္ေလာင္းလို႔အစခံေနရတုန္းပဲလို႔ “အခုအခ်ိန္အထိ 2020 က်ရင္ ျပိဳင္ဦးေနာ္ အားေပးမယ္တုိ႔၊ သၾကၤန္ TMF သြားေတာ့ေတာင္ လာအားေပးတဲ့လူေတြရွိတယ္။ ေက်းဇူးတင္ပါတယ္။ အဓိက ျပည္သူရဲ႕အသိအမွတ္ျပဳမႈတစ္စိတ္တစ္ပုိင္းပဲရရ ကုိယ့္အသက္အရြယ္ ကုိယ့္ဒီေလာက္ၾကိဳးစားမႈအေပၚမွာ ဒီေလာက္အသိအမွတ္ျပဳမႈရတယ္ဆိုတာ စိတ္ခ်မ္းသာပါတယ္။ ဒါေပမယ့္ အျပည့္အဝအသိအမွတ္ျပဳမႈမရတဲ့အတြက္ကုိယ့္ဘက္က ဘာမွျပန္မလုပ္ေပးနုိင္လိုက္ဘူးေပ့ါေနာ္။ ေနာက္ေတာင္ေနာက္ေနပါေသးတယ္။ ရသြားရင္ေတာ့ ျမိဳ႕ေတာ္ဝန္မ႑ပ္မွာ ကရင္ကေနမွာေပါ့ေနာ္။ အခုေတာ့ TMF မွာကေနရတယ္”လို႔ ရယ္ေမာရင္း ေျပာျပထားပါတယ္။

Credit: nanmalgyi
အႏုပညာ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

YouTube နဲ့ Facebook မှာလတ်တလောရေပန်းစားနေတဲ့ ကမ္ဘာကျော် အနုပညာရှင်တွေစုပေါင်းသီဆိုထားတဲ့ Earth သီချင်းလေးထက်ထက်ထွန်းဟာဆိုရင် မော်ဒယ်တစ်ယောက်အဖြစ်နဲ့နာမည်ကြီးလာခဲ့ပြီးနောက် သရုပ်ဆောင်ပိုင်းကိုကူးလာခဲ့သူဖြစ်ပါတယ်။ဒါ့အပြင်ထက်ထက်ထွန်းဟာ စိတ်ဓာတ်ကြံ့ခိုင်သန်မာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး နိုင်ငံရေးဘက်ကိုစိတ်ဝင်စားသလို ပြည်သူကို အကျိုးပြုဖို့လည်းစိတ်အားထက်သန်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ထက်ထက်ထွန်းက မြို့တော်ဝန်ရွေးကောက်ပွဲမှာ ကံမကောင်းစွာပဲ အနိုင်မရရှိခဲ့ပါဘူး။ ထက်ထက်ထွန်းက မကြာသေးမီက အင်တာဗျူးမှာ ရွေးကောက်ပွဲအတွက် သိန်းတစ်ရာလောက်ကုန်ကျသွားတယ်ဆိုတဲ့အကြောင်းနဲ့ အနိုင်မရခဲ့တဲ့ခံစားချက်တွေအကြောင်းကို ပြောပြသွားခဲ့ပါတယ်။

ထက်ထက်ထွန်းက ရွေးကောက်ပွဲအတွက်ကုန်ကျခဲ့တဲ့ကုန်ကျစားရိတ်တွေအကြောင်းကို “ကုန်ကျစားရိတ်က တစ်ရာကျော်ကျော်လောက်ကုန်တယ်။ ဒါပေမယ့် ကုန်ကျစားရိတ်ရယ်လို့တွက်လိုက်လို့ တစ်ရာကျော်ကျော်ကုန်တာပေါ့။ ဒါပေမယ့် ကိုယ့်ကိုကူညီပံ့ပိုးပေးတဲ့လူတွေ ကိုယ်က အနုပညာရှင်လည်းဖြစ်နေတဲ့အခါကျတော့ မုန့်တွေဘာညာလိုလားဆိုပြီး စပွန်ဆာတွေပေးကြတယ်။ အဲ့လိုမျိုးပေါ့။ ကိုယ့်ဘက်ကတော့ တကယ်တမ်းတော့ ပိုက်ဆံအနေနဲ့ကိုယ့်ဘက်ကထွက်တာတော့ အဲ့လောက်တော့မကုန်ဘူးပေါ့။ amount အနေနဲ့ တွက်ကြည့်လိုက်တဲ့အခါကျတော့ အဲဒီလောက်ကုန်တာပေါ့”လို့ ပြောထားပါတယ်။

ထက်ထက်ထွန်းက ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ပေမယ့် ရပ်နေမှာမဟုတ်ဘူးဆိုတဲ့အကြောင်း “သေချာတာတော့ ထက်ထက်ထွန်းဆိုတာတော့ ရပ်နေမယ့်လူမျိုးတော့မဟုတ်ဘူး။ သေချာတယ်။ ကိုယ်ဘယ်လောက်အရည်အချင်းရှိလဲ ကိုယ်ဘယ်လောက်လုပ်ပေးနိုင်လဲပေါ်မူတည်ပြီးတော့ ဘာလုပ်ရမလဲစောင့်နေတဲ့လူ။ ကြိုးစားနေတဲ့လူ။ လှုပ်တော့လှုပ်နေတယ်။ ရွေ့တော့ရွေ့နေမှာပဲ။ ဘယ်ဘက်ကိုရွေ့မလဲဆိုတာတော့ ကိုယ်လည်းမသိသေးဘူး”လို့ ဖြေကြားထားပါတယ်။

ပြိုင်ပွဲမှာအောင်မြင်မှုမရခဲ့တဲ့ခံစားချက်ကိုထက်ထက်ထွန်းက “ဒါကတော့ အစကတည်းက ကြိုမှန်းထားတယ်။ နှစ်ခုလုံးမှန်းထားပြီးသား ရကိုရရမယ်ဆိုတဲ့စိတ်နဲ့တော့ အားအပြည့်ကြိုးစားတယ်။ကိုယ့်ကိုအားပေးနေတဲ့လူတွေ အားတက်အောင်လို့ပေ့ါ။ အားနဲ့ကြိုးစားတယ်။ မရနိုင်ဘူး ရှုံးသွားနိုင်တယ်ဆိုတဲ့ အတွေးကတော့ ခေါင်းထဲမှာတော့ရှိတာပေါ့။ ခေါင်းထဲမှာတွေးတာက ဘယ်သူမှမသိဘူးလေ။ အဲဒါကြောင့်ဖြစ်လာတော့လည်းအေးဆေးပဲ။ ဘယ်ဟာမဆို အရှုံးနဲ့အနိုင်အတွက်ကတော့ တရားသဘောအရ စိတ်ကိုဖြေသိမ့်ပြီးသား အကျင့်ပါနေပါပြီ။ ပြိုင်ပွဲတိုင်းကတော့ နိုင်ခဲ့တယ်။ ဒီဘက်ကတော့ ကံမပါသေးလို့ပေါ့”လို့ ရယ်မောရင်းဖြေကြားထားတာလည်းတွေ့ရပါတယ်။

ထက်ထက်ထွန်းက အခုထိအမတ်လောင်းလို့အစခံနေရတုန်းပဲလို့ “အခုအချိန်အထိ 2020 ကျရင် ပြိုင်ဦးနော် အားပေးမယ်တို့၊ သြင်္ကန် TMF သွားတော့တောင် လာအားပေးတဲ့လူတွေရှိတယ်။ ကျေးဇူးတင်ပါတယ်။ အဓိက ပြည်သူရဲ့အသိအမှတ်ပြုမှုတစ်စိတ်တစ်ပိုင်းပဲရရ ကိုယ့်အသက်အရွယ် ကိုယ့်ဒီလောက်ကြိုးစားမှုအပေါ်မှာ ဒီလောက်အသိအမှတ်ပြုမှုရတယ်ဆိုတာ စိတ်ချမ်းသာပါတယ်။ ဒါပေမယ့် အပြည့်အဝအသိအမှတ်ပြုမှုမရတဲ့အတွက်ကိုယ့်ဘက်က ဘာမှပြန်မလုပ်ပေးနိုင်လိုက်ဘူးပေ့ါနော်။ နောက်တောင်နောက်နေပါသေးတယ်။ ရသွားရင်တော့ မြို့တော်ဝန်မဏ္ဍပ်မှာ ကရင်ကနေမှာပေါ့နော်။ အခုတော့ TMF မှာကနေရတယ်”လို့ ရယ်မောရင်း ပြောပြထားပါတယ်။

Credit: nanmalgyi
အနုပညာ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top