iMyanmarHouse.com - Best Property Website for Myanmar
×


အသားေရာင္ညိဳတဲ့သူေတြဟာ အသားျဖဴတဲ့သူဆိုရင္ဘာမဆိုဝတ္လို႔လွတယ္လို႔ထင္ၾကပါတယ္…။တကယ္ေတာ့အသားအေရာင္နဲ႔မဆိုင္ပါဘူး…။မိမိကိုယ္ကိုသာယံုၾကည္ခ်က္႐ွိၿပီး ကိုယ့္ကိုကိုယ္လက္ခံႏိုင္ရင္ ဘာဝတ္ဝတ္ လွပါတယ္…။ဒါေပမဲ့ ယံုၾကည္ခ်က္နည္းေနတဲ့ပ်ိဳေမတို႔အတြက္ဘာအေရာင္ဝတ္ရင္လိုက္ဖက္မလဲဆိုတာကို မ်ွေဝေပးလိုက္ပါတယ္…။

ေႏြးေႏြးေထြးေထြးနဲ႔စမတ္က်က်ပံုစံေပါက္ခ်င္တယ္ဆိုရင္ေတာ့ အညိဳရင့္ေရာင္၊ ၾကံစိမ္းေရာင္၊ မ်ွင္ငပိေရာင္နဲ႔အျပာရင့္ေရာင္ေတြဝတ္တာအေကာင္းဆံုးပါ။အဲ့လိုအေရာင္ေတြကိုအသားညိဳတဲ့သူေတြဝတ္လိုက္တဲ့အခါမွာ ပံုမွန္ခါတိုင္းမေရြးခ်ယ္ဘဲဝတ္တာေတြထက္ပိုၿပီးစမတ္က်ေႏြးေထြးတဲ့ ပံုစံျဖစ္သြားမွာပါ…။

ဒါအျပင္အဝါေရာင္လည္းဝတ္လို႔ရပါတယ္…။ဒါေပမဲ့အဝါေရာင္လို႔ဆိုတဲ့ေနရာမွာ အဝါေတာက္ေတာက္ႀကီးမဟုတ္ဘဲ ေရႊလိုမ်ိဳးဘက္ကို သြားတဲ့အေရာင္ပါ…။ခပ္မိုက္မိုက္စတိုင္က်က်အေရာင္ကိုမွေရြးခ်ယ္ဝတ္ခ်င္တယ္ဆိုရင္ေတာ့ အျပာႏုေရာင္ေလးေတြ ၾကက္ေသြးေရာင္ ခရမ္းႏုေရာင္ စတဲ့အႏုဘက္ကိုသြားတဲ့အေရာင္ေလးေတြကို ေရြးခ်ယ္ဝတ္ဆင္သင့္ပါ…။

အေရာင္ႏုေတြဟာ အသားျဖဴသူေရာ ညိဳသူေရာကိုပါလိုက္ဖက္ေစပါတယ္…။ဒ့ါအျပင္အစိမ္းရင့္ေရာင္တို႔ မီးခိုးေရာင္တို႔ဝတ္ရင္လည္းလိုက္ဖက္ပါတယ္…။လိုက္ဖက္တဲ့ကာလာေတြကအမ်ားႀကီးပါ…။ယံုၾကည္မႈ႐ွိ႐ွိဝတ္ဖို႔ပဲလိုပါေတာ့တယ္ေနာ္…။လူတိုင္းမွာသူ႔အလွနဲ႔သူ႐ွိတာေၾကာင့္ အသားအေရာင္ဆိုတဲ့ဟာႀကီးကို ေဖ်ာက္ထားလိုက္ပါေတာ့ေနာ္…။

Credit:marry

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


အသားရောင်ညိုတဲ့သူတွေဟာ အသားဖြူတဲ့သူဆိုရင်ဘာမဆိုဝတ်လို့လှတယ်လို့ထင်ကြပါတယ်…။တကယ်တော့အသားအရောင်နဲ့မဆိုင်ပါဘူး…။မိမိကိုယ်ကိုသာယုံကြည်ချက်ရှိပြီး ကိုယ့်ကိုကိုယ်လက်ခံနိုင်ရင် ဘာဝတ်ဝတ် လှပါတယ်…။ဒါပေမဲ့ ယုံကြည်ချက်နည်းနေတဲ့ပျိုမေတို့အတွက်ဘာအရောင်ဝတ်ရင်လိုက်ဖက်မလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်…။

နွေးနွေးထွေးထွေးနဲ့စမတ်ကျကျပုံစံပေါက်ချင်တယ်ဆိုရင်တော့ အညိုရင့်ရောင်၊ ကြံစိမ်းရောင်၊ မျှင်ငပိရောင်နဲ့အပြာရင့်ရောင်တွေဝတ်တာအကောင်းဆုံးပါ။အဲ့လိုအရောင်တွေကိုအသားညိုတဲ့သူတွေဝတ်လိုက်တဲ့အခါမှာ ပုံမှန်ခါတိုင်းမရွေးချယ်ဘဲဝတ်တာတွေထက်ပိုပြီးစမတ်ကျနွေးထွေးတဲ့ ပုံစံဖြစ်သွားမှာပါ…။

ဒါအပြင်အဝါရောင်လည်းဝတ်လို့ရပါတယ်…။ဒါပေမဲ့အဝါရောင်လို့ဆိုတဲ့နေရာမှာ အဝါတောက်တောက်ကြီးမဟုတ်ဘဲ ရွှေလိုမျိုးဘက်ကို သွားတဲ့အရောင်ပါ…။ခပ်မိုက်မိုက်စတိုင်ကျကျအရောင်ကိုမှရွေးချယ်ဝတ်ချင်တယ်ဆိုရင်တော့ အပြာနုရောင်လေးတွေ ကြက်သွေးရောင် ခရမ်းနုရောင် စတဲ့အနုဘက်ကိုသွားတဲ့အရောင်လေးတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါ…။

အရောင်နုတွေဟာ အသားဖြူသူရော ညိုသူရောကိုပါလိုက်ဖက်စေပါတယ်…။ဒ့ါအပြင်အစိမ်းရင့်ရောင်တို့ မီးခိုးရောင်တို့ဝတ်ရင်လည်းလိုက်ဖက်ပါတယ်…။လိုက်ဖက်တဲ့ကာလာတွေကအများကြီးပါ…။ယုံကြည်မှုရှိရှိဝတ်ဖို့ပဲလိုပါတော့တယ်နော်…။လူတိုင်းမှာသူ့အလှနဲ့သူရှိတာကြောင့် အသားအရောင်ဆိုတဲ့ဟာကြီးကို ဖျောက်ထားလိုက်ပါတော့နော်…။

Credit:marry

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top