iMyanmarHouse.com - Best Property Website for Myanmar
×

​ေန႔စဥ္​သံုး အျဖစ္​ ​ေန႔စဥ္​စြဲျမဲတဲ့ ဝတ္​ဆင္​မႈက က်န္​းမာ​ေရး ကို ထိခိုက္​​ေစပါတယ္​ဆိုတဲ့ လူႀကိဳက္​မ်ားအသံုးအ​​ေဆာင္​ပစၥည္​း​ေတြကုိ ​ေဖာ္​ျပ​ေပးမွာပါ။ သတိျပဳဆင္​ျခင္​ႏို္​င္​ဖို႔သာတင္​ဆက္​​ေပးလိုက္​ရပါတယ္​။

အသားကပ္​ဂ်င္​း​ေဘာင္​းဘီ

တင္​ပါးနဲ႔ ​ေျခ​ေထာက္​ အလွ​ေတြကို ပို​ေပၚလြင္​​ေစတာ​ေၾကာင္​့ အမ်ဳိးသမ​ီး​ေတြရဲ႕​ေရြးခ်ယ္​မႈက အသားကပ္​ဂ်င္​း​ေဘာင္​းဘီကိုမွ မ်က္​စိက်တတ္​ပါတယ္​။ ကံမ​ေကာင္​းစြာနဲ႔ ပဲ အသားကပ္​၊ ဂ်င္​း​အက်ပ္​​ေတြ ဟာ ​ေသြး​ေကာင္​း​ေကာင္​းမလည္​ပတ္​ႏို္​င္​​ေအာင္​ ဒုကၡ​​ေပးတာပါ။ အ​ေရျပာ​းမွာလည္​း အသက္​႐ႈ​ေပါက္​၊ ​ေလဝင္​​ေလထြက္​မ႐ွိ​ေတာ့သလို ျဖစ္​​ေစပါတယ္​။

​ေဒါက္​ျမင္​့ဖိနပ္​

​ေဒါက္​ျမင္​့ဖိနပ္​ ​ေလးစီးလိုက္​ရင္​ အမ်ိဳးသမီး​ေတြက ပိုႂကြႂကြရြရြဟန္​ျဖစ္​​ေစၿပီး ႏြဲ႕​ေႏွာင္​းသြား​ေစပါတယ္​။ ဒါ​ေပမယ္​့​ ​ေန႔တိုင္​းစီးဖို႔​ေတာ့ အ​ေတာ္​အႏၱရာယ္​မ်ားတာပါ။ ခါးနာ​ေစတယ္​၊ ​ေျခ​ေထာက္​ နာက်င္​​ေရာင္​ရမ္​းတာအထိ ဒဏ္​ပိ​ေစပါတယ္​​။

ပင္​့တင္​ဘရာ

လူႀကိဳက္​​ေတာ္​​ေတာ္​မ်ားတဲ့ ဘရာအမ်ိဳးအစားပါ။ ရင္​သားအလွကုိ ရင္​သပ္​ရႈ​ေမာ ျဖစ္​​ေအာင္​ ပိုၾကည္​့​ေကာင္​း​လံုးဝန္​း​ေစသလို တင္​းတင္​းရင္​းရင္​းျဖစ္​​ေအာင္​လည္​း ပင္​့တင္​​ေပးထားတာပါ။ တကယ္​တမ္​း​ေတာ့ အလွထက္​ပိုၿပီး က်န္​းမာ​ေရး ကို ပိုၿပီးသက္​​ေရာက္​​ေနပါတယ္​။ ရင္​သား​ေနရာ​ေတြဟာ ျပင္​ပအကူအညီယူရသလိုျဖစ္​ၿပီး ပံုပန္​း​ပံုစံ ​ေတြ​ေတာင္​ပ်က္​လာတတ္​ပါတယ္​။ ဒါ့ထက္​ ပိုတာက​ေတာ့ ​ေသြး​ေၾကာ​ေတြကိုပိတ္​​ေစၿပီး ရင္​သားကင္​ဆာအထိပါ ​ေျခာက္​လွန္​႔ႏို္​င္​ပါတယ္​။

​ေနကာမ်က္​မွန္​

​ေန​ေရာင္​ျခည္​ တအားစူးရင္​​ေတာ့ စတိုင္​လည္​းထြက္​၊ မိုက္​လဲမိုက္​​ေစတာက ​ေနကာမ်က္​မွန္​ ပါ။ ဒါ​ေပမယ္​့ အလင္​းနည္​းတဲ့အခ်ိန္​၊ အ​ေမွာင္​ထဲမွာျဖစ္​ျဖစ္​ဝတ္​ဆင္​ထားရင္​ အတြင္​းတိမ္​ျဖစ္​လာဖို႔ပိုအား​ေပးတယ္​လို႔ သိရပါတယ္​။ ​ေနာင္​တစ္​ခ်က္​က ယူဗီြဒဏ္​ကာကြယ္​ဖို႔ စိတ္​ခ်ရတဲ့ ​ေနကာမ်က္​မွန္​အစစ္​ကိုသာတပ္​​ေပးသင္​့တာပါ။

​ေျခအိတ္​႐ွည္​ စ​ေတာ့ကင္​

စ​ေတာ့ကင္​​ေတြက အက်ပ္​​ေတြခ်ည္​းပါပဲ။ ဒါ​ေၾကာင္​့ ၾကာၾကာဝတ္​မယ္​၊ အျမဲဝတ္​မယ္​ဆိုရင္​ေတာ့ မ​ေကာင္​းလွတာမို႔ သတိထားသင္​့ပါတယ္​။ ​ေသြးလွည္​့ပတ္​မႈကို အ​ေတာ္​​ေလးထိခိုက္​​ေစၿပီး ​ေလဝင္​​ေလထြက္​မ႐ွိ​ေတာ့ မႈိနာ​ေရာဂါစြဲ​ေတြအထိ ျဖစ္​​ေစႏို္​င္​ပါတယ္​။

ညအိပ္​ဝတ္​စံု

အရမ္​း က်ပ္​လြန္​း၊ အရမ္​း​ေႏြးလြန္​းတဲ့ ညအိပ္​ဝတ္​စံု​ေတြက အ​ေရျပား ယားနာ၊ မႈိ​ေပါက္​ဖြားမႈ​ေတြျဖစ္​​ေစတတ္တယ္​လို႔သိရပါတယ္​။ နာတာ​႐ွည္​ အ​ေရျပား​ေရာဂါ႐ွိရင္​​ေတာ့ ညအိပ္​ဝတ္​စံုမဝတ္​ဘဲအိပ္​တာ၊ အတြင္​းခံ အဝတ္​​ေတြ မဝတ္​တာက ပိုစိတ္​ခ်ရပါတယ္​။

Credit: nanmalgyi
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

နေ့စဉ်သုံး အဖြစ် နေ့စဉ်စွဲမြဲတဲ့ ဝတ်ဆင်မှုက ကျန်းမာရေး ကို ထိခိုက်စေပါတယ်ဆိုတဲ့ လူကြိုက်များအသုံးအဆောင်ပစ္စည်းတွေကို ဖော်ပြပေးမှာပါ။ သတိပြုဆင်ခြင်နိုင်ဖို့သာတင်ဆက်ပေးလိုက်ရပါတယ်။

အသားကပ်ဂျင်းဘောင်းဘီ

တင်ပါးနဲ့ ခြေထောက် အလှတွေကို ပိုပေါ်လွင်စေတာကြောင့် အမျိုးသမီးတွေရဲ့ရွေးချယ်မှုက အသားကပ်ဂျင်းဘောင်းဘီကိုမှ မျက်စိကျတတ်ပါတယ်။ ကံမကောင်းစွာနဲ့ ပဲ အသားကပ်၊ ဂျင်းအကျပ်တွေ ဟာ သွေးကောင်းကောင်းမလည်ပတ်နိုင်အောင် ဒုက္ခပေးတာပါ။ အရေပြားမှာလည်း အသက်ရှုပေါက်၊ လေဝင်လေထွက်မရှိတော့သလို ဖြစ်စေပါတယ်။

ဒေါက်မြင့်ဖိနပ်

ဒေါက်မြင့်ဖိနပ် လေးစီးလိုက်ရင် အမျိုးသမီးတွေက ပိုကြွကြွရွရွဟန်ဖြစ်စေပြီး နွဲ့နှောင်းသွားစေပါတယ်။ ဒါပေမယ့် နေ့တိုင်းစီးဖို့တော့ အတော်အန္တရာယ်များတာပါ။ ခါးနာစေတယ်၊ ခြေထောက် နာကျင်ရောင်ရမ်းတာအထိ ဒဏ်ပိစေပါတယ်။

ပင့်တင်ဘရာ

လူကြိုက်တော်တော်များတဲ့ ဘရာအမျိုးအစားပါ။ ရင်သားအလှကို ရင်သပ်ရှုမော ဖြစ်အောင် ပိုကြည့်ကောင်းလုံးဝန်းစေသလို တင်းတင်းရင်းရင်းဖြစ်အောင်လည်း ပင့်တင်ပေးထားတာပါ။ တကယ်တမ်းတော့ အလှထက်ပိုပြီး ကျန်းမာရေး ကို ပိုပြီးသက်ရောက်နေပါတယ်။ ရင်သားနေရာတွေဟာ ပြင်ပအကူအညီယူရသလိုဖြစ်ပြီး ပုံပန်းပုံစံ တွေတောင်ပျက်လာတတ်ပါတယ်။ ဒါ့ထက် ပိုတာကတော့ သွေးကြောတွေကိုပိတ်စေပြီး ရင်သားကင်ဆာအထိပါ ခြောက်လှန့်နိုင်ပါတယ်။

နေကာမျက်မှန်

နေရောင်ခြည် တအားစူးရင်တော့ စတိုင်လည်းထွက်၊ မိုက်လဲမိုက်စေတာက နေကာမျက်မှန် ပါ။ ဒါပေမယ့် အလင်းနည်းတဲ့အချိန်၊ အမှောင်ထဲမှာဖြစ်ဖြစ်ဝတ်ဆင်ထားရင် အတွင်းတိမ်ဖြစ်လာဖို့ပိုအားပေးတယ်လို့ သိရပါတယ်။ နောင်တစ်ချက်က ယူဗွီဒဏ်ကာကွယ်ဖို့ စိတ်ချရတဲ့ နေကာမျက်မှန်အစစ်ကိုသာတပ်ပေးသင့်တာပါ။

ခြေအိတ်ရှည် စတော့ကင်

စတော့ကင်တွေက အကျပ်တွေချည်းပါပဲ။ ဒါကြောင့် ကြာကြာဝတ်မယ်၊ အမြဲဝတ်မယ်ဆိုရင်တော့ မကောင်းလှတာမို့ သတိထားသင့်ပါတယ်။ သွေးလှည့်ပတ်မှုကို အတော်လေးထိခိုက်စေပြီး လေဝင်လေထွက်မရှိတော့ မှိုနာရောဂါစွဲတွေအထိ ဖြစ်စေနိုင်ပါတယ်။

ညအိပ်ဝတ်စုံ

အရမ်း ကျပ်လွန်း၊ အရမ်းနွေးလွန်းတဲ့ ညအိပ်ဝတ်စုံတွေက အရေပြား ယားနာ၊ မှိုပေါက်ဖွားမှုတွေဖြစ်စေတတ်တယ်လို့သိရပါတယ်။ နာတာရှည် အရေပြားရောဂါရှိရင်တော့ ညအိပ်ဝတ်စုံမဝတ်ဘဲအိပ်တာ၊ အတွင်းခံ အဝတ်တွေ မဝတ်တာက ပိုစိတ်ချရပါတယ်။

Credit: nanmalgyi
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top