iMyanmarHouse.com - Best Property Website for Myanmar
×

ေခၽြးအရမ္းထြက္လို႔ စိတ္ညစ္ေနၾကၿပီလား။ ဘယ္ေလာက္ေကာင္းတဲ့ေရေမႊးဆြတ္ဆြတ္ အနံံ႔မစြဲလို႔ စိတ္ကုန္ေနၾကၿပီလား။

ဒီလိုဆို ေခၽြးဘယ္ေလာက္ထြက္ထြက္ (၂၄) နာရီလံုး ကိုယ္သင္းနံ႔သင္းထံုေနေစႏိုင္မယ့္ လွ်ိဳ႕ဝွက္ခ်က္ေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

၁။ တစ္ကိုယ္ေရသန္႔ရွင္းမႈရွိဖို႔

တစ္ေန႔လံုးကိုယ္သင္းနံ႔သင္းေနခ်င္ရင္ ပထမဆံုးလုပ္ရမွာက တစ္ကိုယ္ေရသန္႔ရွင္းမႈရွိဖို႔ပါပဲ။ ေရပံုမွန္ခ်ိဳး၊ ေဂ်းေသခ်ာတြန္း၊ သြားေသခ်ာတိုက္၊ ဆံပင္ေသခ်ာေလွ်ာ္စသျဖင့္ ေန႔တိုင္းပံုမွန္လုပ္ေပးဖို႔ လိုပါတယ္။

၂။ အနံ႔အသက္

အနံ႔အသက္စြဲေစခ်င္ရင္ေတာ့ အနံ႔အသက္စြဲေစမယ့္အရာေတြကို အသံုးျပဳဖို႔လိုပါမယ္။ (၄၈) နာရီေလာက္ အနံ႔စြဲေစႏိုင္တဲ့ Moisturizer ေတြ၊ Skin care ေတြ၊ Lotion ေတြကို ပံုမွန္လိမ္းေပးဖို႔လိုပါမယ္။

၃။ ေရေမႊးဆြတ္တဲ့နည္းလမ္း

ခႏၶာကိုယ္မွာ ေရေမႊးစြဲေစႏိုင္တဲ့ ေနရာေလးေတြဆိုတာသီးသန္႔ရွိပါတယ္။ ေရေမႊးဆိုတာ ခႏၲာကိုယ္အပူခ်ိန္နဲ႔ ထိန္းညႇိၿပီးေတာ့ ဆြတ္ေပးရတာပါ။ လက္ေကာက္ဝတ္၊ နားရြက္ေနာက္၊ လည္ပင္း၊ မ်က္ခံုးေထာင့္၊ ဗိုက္သား၊ တံေတာင္ဆစ္၊ ေျခခ်င္းဝတ္ နဲ႔ ဒူးေနာက္ဘက္ေတြမွာ ဆြတ္ေပးရမွာပဲ ျဖစ္ပါတယ္။ တရားလြန္ႀကီးမဆြတ္မိဖို႔ကိုပဲ အၾကံျပဳခ်င္ပါတယ္။

၄။ ေရခ်ိဳးၿပီးရင္ Spray ျဖန္းပါ

အေမႊးနံ႔ေတြက စိုစြတ္ေနတဲ့အသားအေရေပၚမွာဆို ပိုၿပီးေတာ့ အာနိသင္ေကာင္းၾကပါတယ္။ အဝတ္အစားနဲ႔ လက္ဝတ္ရတနာ ေတြေပၚမွာဆိုလည္း အနံ႔ပိုစြဲၾကပါတယ္။ ေရေႏြးနဲ႔ေရခ်ိဳးျခင္းက သင့္ေခၽြးေပါက္ေလးေတြကို ဖြင့္ေပးလိုက္တာပါ။ အဲဒီလိုအခ်ိန္မ်ိဳးမွာမွ အေမႊးနံ႔ပါတဲ့ Spray ျဖစ္ျဖစ္၊ Lotion ျဖစ္ျဖစ္လိမ္းေပးလိုက္မယ္ဆို အဲဒီေခၽြးေပါက္ေတြကို အေမႊးနံ႔နဲ႔ပိတ္ေပးလိုက္သလိုျဖစ္ၿပီး အနံ႔ပိုခံသြားတာပဲ ျဖစ္ပါတယ္။

၅။ ခံတြင္းနံ႔ကို ဂ႐ုစိုက္ပါ
ပါးစပ္ေဆးတဲ့အခါမ်ိဳးမွာ Alcohol ပါဝင္တဲ့ ခံတြင္းေဆးရည္ေတြကို ေရွာင္ေစခ်င္ပါတယ္။ Alcohol ကအျမန္ေျခာက္ေသြ႕လြယ္တဲ့အတြက္ သင့္ရဲ႕ခံတြင္းကို ေျခာက္သြားေစၿပီး အနံ႔ဆိုးေတြထြက္လာေစပါတယ္။

Credit:mystylemyanmar

အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ချွေးအရမ်းထွက်လို့ စိတ်ညစ်နေကြပြီလား။ ဘယ်လောက်ကောင်းတဲ့ရေမွှေးဆွတ်ဆွတ် အနံံ့မစွဲလို့ စိတ်ကုန်နေကြပြီလား။

ဒီလိုဆို ချွေးဘယ်လောက်ထွက်ထွက် (၂၄) နာရီလုံး ကိုယ်သင်းနံ့သင်းထုံနေစေနိုင်မယ့် လျှို့ဝှက်ချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့

တစ်နေ့လုံးကိုယ်သင်းနံ့သင်းနေချင်ရင် ပထမဆုံးလုပ်ရမှာက တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့ပါပဲ။ ရေပုံမှန်ချိုး၊ ဂျေးသေချာတွန်း၊ သွားသေချာတိုက်၊ ဆံပင်သေချာလျှော်စသဖြင့် နေ့တိုင်းပုံမှန်လုပ်ပေးဖို့ လိုပါတယ်။

၂။ အနံ့အသက်

အနံ့အသက်စွဲစေချင်ရင်တော့ အနံ့အသက်စွဲစေမယ့်အရာတွေကို အသုံးပြုဖို့လိုပါမယ်။ (၄၈) နာရီလောက် အနံ့စွဲစေနိုင်တဲ့ Moisturizer တွေ၊ Skin care တွေ၊ Lotion တွေကို ပုံမှန်လိမ်းပေးဖို့လိုပါမယ်။

၃။ ရေမွှေးဆွတ်တဲ့နည်းလမ်း

ခန္ဓာကိုယ်မှာ ရေမွှေးစွဲစေနိုင်တဲ့ နေရာလေးတွေဆိုတာသီးသန့်ရှိပါတယ်။ ရေမွှေးဆိုတာ ခန္တာကိုယ်အပူချိန်နဲ့ ထိန်းညှိပြီးတော့ ဆွတ်ပေးရတာပါ။ လက်ကောက်ဝတ်၊ နားရွက်နောက်၊ လည်ပင်း၊ မျက်ခုံးထောင့်၊ ဗိုက်သား၊ တံတောင်ဆစ်၊ ခြေချင်းဝတ် နဲ့ ဒူးနောက်ဘက်တွေမှာ ဆွတ်ပေးရမှာပဲ ဖြစ်ပါတယ်။ တရားလွန်ကြီးမဆွတ်မိဖို့ကိုပဲ အကြံပြုချင်ပါတယ်။

၄။ ရေချိုးပြီးရင် Spray ဖြန်းပါ

အမွှေးနံ့တွေက စိုစွတ်နေတဲ့အသားအရေပေါ်မှာဆို ပိုပြီးတော့ အာနိသင်ကောင်းကြပါတယ်။ အဝတ်အစားနဲ့ လက်ဝတ်ရတနာ တွေပေါ်မှာဆိုလည်း အနံ့ပိုစွဲကြပါတယ်။ ရေနွေးနဲ့ရေချိုးခြင်းက သင့်ချွေးပေါက်လေးတွေကို ဖွင့်ပေးလိုက်တာပါ။ အဲဒီလိုအချိန်မျိုးမှာမှ အမွှေးနံ့ပါတဲ့ Spray ဖြစ်ဖြစ်၊ Lotion ဖြစ်ဖြစ်လိမ်းပေးလိုက်မယ်ဆို အဲဒီချွေးပေါက်တွေကို အမွှေးနံ့နဲ့ပိတ်ပေးလိုက်သလိုဖြစ်ပြီး အနံ့ပိုခံသွားတာပဲ ဖြစ်ပါတယ်။

၅။ ခံတွင်းနံ့ကို ဂရုစိုက်ပါ
ပါးစပ်ဆေးတဲ့အခါမျိုးမှာ Alcohol ပါဝင်တဲ့ ခံတွင်းဆေးရည်တွေကို ရှောင်စေချင်ပါတယ်။ Alcohol ကအမြန်ခြောက်သွေ့လွယ်တဲ့အတွက် သင့်ရဲ့ခံတွင်းကို ခြောက်သွားစေပြီး အနံ့ဆိုးတွေထွက်လာစေပါတယ်။

Credit:mystylemyanmar

အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top