iMyanmarHouse.com - Best Property Website for Myanmar
×


သုေတသနအသစ္တစ္ခုအရအမ်ိဳးအစား (၂) ဆီးခ်ိဳေသြးခ်ိဳေရာဂါ (T2DM)သံုးတဲ့ေဆး တစ္မ်ိဳးကအရက္ေၾကာင့္မဟုတ္ေသာ အသည္းအဆီဖံုးေရာဂါ (NAFLD) ေ၀ဒနာခံစားေနရတဲ့ သူေတြမွာအသည္းေပၚကအဆီပမာဏေလ်ာ့က်ေစၿပီး၊ ေသြးတြင္း သၾကားဓာတ္ကို ပါေလ်ာ့က်ေစတယ္လို႔သိရပါတယ္။ အမ်ိဳးအစား (၂) ဆီးခ်ိဳေသြးခ်ိဳေ၀ဒနာသည္ေတြ မွာ NAFLD အျဖစ္မ်ားၿပီး ျပင္း ထန္အသည္းေရာဂါေတြထိဆက္လက္ျဖစ္ပြားတတ္ပါတယ္။

သုေတသန ေတြ႕႐ွိခ်က္ေတြအရသက္လတ္ပိုင္း ဆီးခ်ိဳေသြးခ်ိဳေ၀ဒနာ ႐ွင္ေတြမွာ ဆီးခ်ိဳေသြးခ်ိဳေဆးတစ္မ်ိဳး ျဖစ္တဲ့ empagliflozin ကိုေသာက္ေနသူေတြကကုသမႈစတင္ၿပီး ရက္သတၱပတ္ ၂၀ ခန္႔အၾကာတြင္ အသည္းေပၚမွအဆီ ၁၆.၂% မွ ၁၁.၃ % ေလာက္ထိေလ်ာ့က်သြား တာကိုေတြ႕ခဲ့ရၿပီး၊ ထိန္းခ်ဳပ္ေစာင့္ ၾကည့္အုပ္စုမွာေတာ့မူလ ၁၆.၄ % မွ ၁၅.၆ % ထိသာအနည္း ငယ္ေလ်ာ့က်ခဲ့တာေတြ႕ရပါတယ္။

NAFLD ၿပီးေနာက္ဆက္ လက္ျဖစ္ပြားတဲ့ အရက္ေၾကာင့္ မဟုတ္ပဲအဆီေၾကာင့္အသည္းေရာင္ရမ္းမႈ Non. alcoholic Steatohepatitis (NASH) က အသည္းေျခာက္ျခင္း နဲ႔ အသည္း ကင္ဆာတုိ႔ပါျဖစ္ပြားေစႏိုင္ပါတယ္။ ဒါေပမဲ့ NAFLD နဲ႔ NASH အေျခအေနတို႔အတြက္ခြင့္ျပဳထားတဲ့ သီးသန္႔ကုထံုးေတြမ႐ွိ ေသးပဲ metformin, pioglitazone နဲ႔ဗီတာမင္အီး တုိ႔ကလည္း အသည္းေပၚကအဆီကိုအနည္း ငယ္သာေလ်ာ့က်ေစပါတယ္။

ဒါေၾကာင့္ Empagliflozin က NAFLD အေျခအေနကို ကူညီေပးႏိုင္မယ္လို ႔သုေတသီေတြက အဆိုျပဳခဲ့ပါတယ္။ ၿပီးခဲ့တဲ့သုေတသနေတြမွာလည္း Empagliflozin က ႀကြက္ေတြရဲ႕အသည္းေပၚ က အဆီပမာဏကိုေလ်ာ့က်ေစတာသက္ေသျပၿပီးျဖစ္ပါတယ္။ ယခုသုေတသနမွာအသက္ ၄၀ အထက္အမ်ိဳးအစား (၂) ဆီးခ်ိဳေသြးခ်ိဳေရာဂါနဲ႔ NAFLD အေျခအေနခံစားေနရသူေတြ ပါ၀င္ခဲ့ပါတယ္။

ပါ၀င္သူေတြကို က်ပန္းခြဲၿပီး တစ္ဖြဲ႕ကိုစံကုထံုးနဲ႔ empagliflozin တစ္ရက္ကို 10 mg ေပး၍က်န္ တစ္ဖြဲ႕ကိုစံကုထံုးသာေပးခဲ့ပါတယ္။ ရလဒ္ကေတာ့ empagliflozin ေသာက္တဲ့ အုပ္စုကအသည္းေပၚမွအဆီပမာဏ ၄.၉ % ေလ်ာ့က်ခဲ့ၿပီး က်န္အုပ္စုကေတာ့ ၀.၈ % သာေလ်ာ့က်ခဲ့တာေတြ႕ရပါတယ္။ Empagliflozin ကို FDA မွ ၂၀၁၄ က ခြင့္ျပဳေပးခဲ့ပါတယ္။

Credit:thithtoolwin

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သုတေသနအသစ်တစ်ခုအရအမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ (T2DM)သုံးတဲ့ဆေး တစ်မျိုးကအရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးရောဂါ (NAFLD) ဝေဒနာခံစားနေရတဲ့ သူတွေမှာအသည်းပေါ်ကအဆီပမာဏလျော့ကျစေပြီး၊ သွေးတွင်း သကြားဓာတ်ကို ပါလျော့ကျစေတယ်လို့သိရပါတယ်။ အမျိုးအစား (၂) ဆီးချိုသွေးချိုဝေဒနာသည်တွေ မှာ NAFLD အဖြစ်များပြီး ပြင်း ထန်အသည်းရောဂါတွေထိဆက်လက်ဖြစ်ပွားတတ်ပါတယ်။

သုတေသန တွေ့ရှိချက်တွေအရသက်လတ်ပိုင်း ဆီးချိုသွေးချိုဝေဒနာ ရှင်တွေမှာ ဆီးချိုသွေးချိုဆေးတစ်မျိုး ဖြစ်တဲ့ empagliflozin ကိုသောက်နေသူတွေကကုသမှုစတင်ပြီး ရက်သတ္တပတ် ၂၀ ခန့်အကြာတွင် အသည်းပေါ်မှအဆီ ၁၆.၂% မှ ၁၁.၃ % လောက်ထိလျော့ကျသွား တာကိုတွေ့ခဲ့ရပြီး၊ ထိန်းချုပ်စောင့် ကြည့်အုပ်စုမှာတော့မူလ ၁၆.၄ % မှ ၁၅.၆ % ထိသာအနည်း ငယ်လျော့ကျခဲ့တာတွေ့ရပါတယ်။

NAFLD ပြီးနောက်ဆက် လက်ဖြစ်ပွားတဲ့ အရက်ကြောင့် မဟုတ်ပဲအဆီကြောင့်အသည်းရောင်ရမ်းမှု Non. alcoholic Steatohepatitis (NASH) က အသည်းခြောက်ခြင်း နဲ့ အသည်း ကင်ဆာတို့ပါဖြစ်ပွားစေနိုင်ပါတယ်။ ဒါပေမဲ့ NAFLD နဲ့ NASH အခြေအနေတို့အတွက်ခွင့်ပြုထားတဲ့ သီးသန့်ကုထုံးတွေမရှိ သေးပဲ metformin, pioglitazone နဲ့ဗီတာမင်အီး တို့ကလည်း အသည်းပေါ်ကအဆီကိုအနည်း ငယ်သာလျော့ကျစေပါတယ်။

ဒါကြောင့် Empagliflozin က NAFLD အခြေအနေကို ကူညီပေးနိုင်မယ်လို့သုတေသီတွေက အဆိုပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့သုတေသနတွေမှာလည်း Empagliflozin က ကြွက်တွေရဲ့အသည်းပေါ် က အဆီပမာဏကိုလျော့ကျစေတာသက်သေပြပြီးဖြစ်ပါတယ်။ ယခုသုတေသနမှာအသက် ၄၀ အထက်အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါနဲ့ NAFLD အခြေအနေခံစားနေရသူတွေ ပါဝင်ခဲ့ပါတယ်။

ပါဝင်သူတွေကို ကျပန်းခွဲပြီး တစ်ဖွဲ့ကိုစံကုထုံးနဲ့ empagliflozin တစ်ရက်ကို 10 mg ပေး၍ကျန် တစ်ဖွဲ့ကိုစံကုထုံးသာပေးခဲ့ပါတယ်။ ရလဒ်ကတော့ empagliflozin သောက်တဲ့ အုပ်စုကအသည်းပေါ်မှအဆီပမာဏ ၄.၉ % လျော့ကျခဲ့ပြီး ကျန်အုပ်စုကတော့ ဝ.၈ % သာလျော့ကျခဲ့တာတွေ့ရပါတယ်။ Empagliflozin ကို FDA မှ ၂၀၁၄ က ခွင့်ပြုပေးခဲ့ပါတယ်။

Credit:thithtoolwin

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top