iMyanmarHouse.com - Best Property Website for Myanmar
×


တားေဆးေသာက္တဲ့  အမ်ိဳးသမီးတုိင္း ျငီးျငဴၾကတဲ့အသံေတြ ၾကားဖူးမွာပါ။ တားေဆးေၾကာင့္ ဝလာတယ္၊ တားေဆးေသာက္ျပီး ကိုယ္အေလးခ်ိန္ေတြ တက္လာတယ္ဆိုတဲ့ စကားသံေလးေတြေပ့ါ။ သူတို႕ေျပာလည္းေျပာခ်င္စရာျဖစ္ေလာက္ေအာင္ ကိုယ္အေလးခ်ိန္တက္လာျခင္းက တားေဆးရဲ႕ အဓိက ဆိုးက်ိဳး တစ္ခုျဖစ္လို႕ေနပါတယ္။

ဒါေပမယ့္လည္း အိမ္ေထာင္က်ျပီး ကေလးမလိုခ်င္ေသးရင္ အသံုးျပဳလို႕ရတဲ့ သေႏၶတားနည္း ေတြထဲမွာ တားေဆးေသာက္ေဆးဝယ္ေသာက္ရတာက အလြယ္ကူဆံုးနဲ႔ အဆင္အေျပဆံုးျဖစ္ေနတာေၾကာင့္ သူ႕ကို မေသာက္လို႕ကလည္း မရ။

 ေသာက္ျပန္ေတာ့လည္း ေလရွဴတုိင္းဝဝ လာလာတယ္လို႕ေျပာရေလာက္ေအာင္ကို ကိုယ္အေလးခ်ိန္ တက္လာေတာ့လည္း စိတ္ညစ္ေနၾကတဲ့ မမတို႕ရွိၾကလား။ ဒီေဆာင္းပါးေလးထဲမွာ တားေဆးေၾကာင့္ တက္လာတဲ့ ကိုယ္အေလးခ်ိန္ကို ဘယ္လိုျပန္ခ်ရမလဲေျပာျပေပးမယ္ေနာ္ ။ ။

( ၁ ) စစခ်င္း သေႏၶတားေဆးေရြးတည္းက အီစတိုဂ်င္ ေဟာ္မုန္းနည္းတဲ့ ေဆးကို ေရြးေသာက္ပါ။  ။

ျပင္ပကေန ေသာက္လို႕ရလာတဲ့ အီစတိုဂ်င္ေဟာ္မုန္းဟာ အဆီဆဲလ္အသစ္ေတြကို ျဖစ္ေစတာ မဟုတ္ဘဲ သင့္ကိုယ္တြင္းအဆီဆဲလ္ေလးေတြကို ၾကီးလာေစျပီး ကိုယ္အေလးခ်ိန္တက္ ေစပါတယ္။ ဒီအခ်က္ကို ေရွာင္လြဲခ်င္ရင္ေတာ့ အီစတိုဂ်င္ ေဟာ္မုန္းနည္းတဲ့ တားေဆးကို ေရြးခ်ယ္ျပီးေသာက္ဖို႕လိုပါတယ္။

( ၂ ) ေရမ်ားမ်ားေသာက္ပါ ။

တားေဆးေသာက္ေဆးေတြေၾကာင့္ ကိုယ္အေလးခ်ိန္တက္လာရတဲ့ ေနာက္တစ္ခ်က္က ကိုယ္တြင္းအရည္ေတြစုျပီးေဖာလာျခင္း ျဖစ္ပါတယ္။ တစ္ခ်ိဳ႕တားေဆးေသာက္တဲ့ အမ်ိဳးသမီးေတြဆို ဝလာတာမဟုတ္ဘဲ ေဖာလာတာေၾကာင့္ ကိုယ္အေလးခ်ိန္တက္လာတတ္ပါတယ္။

ဒါကိုျပန္ျပီး သက္သာခ်င္ရင္ေတာ့ ကိုယ္တြင္းကေရေတြကို စြန္႕ထုတ္တဲ့စနစ္ကိုအားေပးတဲ့အေနနဲ႕ ေရမ်ားမ်ားျပန္ေသာက္ေပးရမွာပဲျဖစ္ပါတယ္။ ဒါမွ စုေနတဲ့ ေရေတြ ကိုယ္တြင္းကထြက္သြားျပီး ကိုယ္အေလးခ်ိန္ ျပန္ထိန္းထားႏုိင္မွာ ျဖစ္ပါတယ္။

( ၃ ) အစားအေသာက္ကို ခ်င့္ခ်ိန္စားဖုိ႕လည္း လိုပါတယ္ ။ ။

လူတစ္ေယာက္ကိုိ အဓိက ဝေစတာ အစားအေသာက္ေတြပါ။ အိမ္ေထာင္က်ျပီ လွဖုိ႕ပိန္ဖုိ႕လည္း မလိုေတာ့ဘူး စားခ်င္သေလာက္စားလို႕ရျပီဆုိျပီး စြတ္စားမိေနတဲ့အျပင္ တားေဆးေတြရဲ႕ စားခ်င္ေသာက္ခ်င္စိတ္ကို ျမွင့္တင္ေပးတဲ့ အစြမ္းနဲ႔ပါ ေပါင္းလိုက္လို႕ကေတာ့ ေန႕ခ်င္းဝလာမယ္ဆုိတာ လံုးဝကို တထစ္ခ်ေျပာရဲပါတယ္။

ဒါ့ေၾကာင့္ ဝေစမယ့္ အစားအေသာက္ေတြ၊ အခ်ိဳမ်ားတဲ့ မုန္႕ေတြ၊ ထမင္း၊ ဆီေၾကာ္မုန္႕ေတြကို ေလွ်ာ့စား။ က်န္းမာေရးအတြက္လည္းေကာင္း ကိုယ္အေလးခ်ိန္ကိုလည္း ထိန္းေပးတဲ့ အသီးအႏွံေတြ မ်ားမ်ားစားျပီး ကိုယ္အေလးခ်ိန္ထိန္းပါ။

( ၄ ) အခ်ိန္တစ္ခု သတ္သတ္မွတ္မွတ္ထားျပီး ေဆးကိုေသာက္ပါ။

ေဟာ္မုန္းေဆးျဖစ္တာေၾကာင့္ သတ္မွတ္ေဟာ္မုန္းပမာဏအတိုင္း ကိုယ္တြင္းမွာ ရွိေစဖုိ႕အတြက္ ဒီေန႕ဒီအခ်ိန္ေသာက္ျပီးတာနဲ႔ ေနာက္ေန႕လည္း အဲ့ဒီ အခ်ိန္မွာပဲ ျပန္ေသာက္ဖုိ႕လိုပါတယ္။ ေဟာ္မုန္းပမာဏ နည္းနည္းေျပာင္းလဲသြားတာနဲ႔ ႏုန္းေခြတာ၊ အစားပိုစားခ်င္တာနဲ႔ စိတ္တုိလြယ္တာေတြ ျဖစ္တတ္ပါတယ္။

( ၅ ) ကိုယ္လက္လႈပ္ရွားမႈ မ်ားမ်ားလုပ္ပါ ။

တားေဆးရဲ႕ အစြမ္းကိုတည္းက အစားစားခ်င္စိတ္ကိုပိုျဖစ္ေစတာေၾကာင့္ အစားေတြ ပိုစားမိေနတာကို ထိန္းလို႕မရရင္ ကိုယ္အေလးခ်ိန္ကို ေလ့က်င့္ခန္းလုပ္ျပီး ျပန္ထိန္းရပါလိမ့္မယ္။ ကိုယ္လက္လႈပ္ရွားမႈေလးပိုလုပ္ေပးတဲ့အခါ ပိန္မသြားရင္ေတာင္မွ ဝိတ္ထပ္မတက္လာေအာင္ေတာ့ သူက ထိန္းေပးထားႏုိင္ပါလိမ့္မယ္။ လမ္းေလးေလွ်ာက္ေပးတာ၊ စက္ဘီးစီးေပးတာ၊ GYM သြားတာမ်ိဳးေလးေတြ လုပ္ေပးသင့္ပါတယ္။

Credit:hellosayarwon

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


တားဆေးသောက်တဲ့  အမျိုးသမီးတိုင်း ငြီးငြူကြတဲ့အသံတွေ ကြားဖူးမှာပါ။ တားဆေးကြောင့် ဝလာတယ်၊ တားဆေးသောက်ပြီး ကိုယ်အလေးချိန်တွေ တက်လာတယ်ဆိုတဲ့ စကားသံလေးတွေပေ့ါ။ သူတို့ပြောလည်းပြောချင်စရာဖြစ်လောက်အောင် ကိုယ်အလေးချိန်တက်လာခြင်းက တားဆေးရဲ့ အဓိက ဆိုးကျိုး တစ်ခုဖြစ်လို့နေပါတယ်။

ဒါပေမယ့်လည်း အိမ်ထောင်ကျပြီး ကလေးမလိုချင်သေးရင် အသုံးပြုလို့ရတဲ့ သန္ဓေတားနည်း တွေထဲမှာ တားဆေးသောက်ဆေးဝယ်သောက်ရတာက အလွယ်ကူဆုံးနဲ့ အဆင်အပြေဆုံးဖြစ်နေတာကြောင့် သူ့ကို မသောက်လို့ကလည်း မရ။

 သောက်ပြန်တော့လည်း လေရှူတိုင်းဝဝ လာလာတယ်လို့ပြောရလောက်အောင်ကို ကိုယ်အလေးချိန် တက်လာတော့လည်း စိတ်ညစ်နေကြတဲ့ မမတို့ရှိကြလား။ ဒီဆောင်းပါးလေးထဲမှာ တားဆေးကြောင့် တက်လာတဲ့ ကိုယ်အလေးချိန်ကို ဘယ်လိုပြန်ချရမလဲပြောပြပေးမယ်နော် ။ ။

( ၁ ) စစချင်း သန္ဓေတားဆေးရွေးတည်းက အီစတိုဂျင် ဟော်မုန်းနည်းတဲ့ ဆေးကို ရွေးသောက်ပါ။  ။

ပြင်ပကနေ သောက်လို့ရလာတဲ့ အီစတိုဂျင်ဟော်မုန်းဟာ အဆီဆဲလ်အသစ်တွေကို ဖြစ်စေတာ မဟုတ်ဘဲ သင့်ကိုယ်တွင်းအဆီဆဲလ်လေးတွေကို ကြီးလာစေပြီး ကိုယ်အလေးချိန်တက် စေပါတယ်။ ဒီအချက်ကို ရှောင်လွဲချင်ရင်တော့ အီစတိုဂျင် ဟော်မုန်းနည်းတဲ့ တားဆေးကို ရွေးချယ်ပြီးသောက်ဖို့လိုပါတယ်။

( ၂ ) ရေများများသောက်ပါ ။

တားဆေးသောက်ဆေးတွေကြောင့် ကိုယ်အလေးချိန်တက်လာရတဲ့ နောက်တစ်ချက်က ကိုယ်တွင်းအရည်တွေစုပြီးဖောလာခြင်း ဖြစ်ပါတယ်။ တစ်ချို့တားဆေးသောက်တဲ့ အမျိုးသမီးတွေဆို ဝလာတာမဟုတ်ဘဲ ဖောလာတာကြောင့် ကိုယ်အလေးချိန်တက်လာတတ်ပါတယ်။

ဒါကိုပြန်ပြီး သက်သာချင်ရင်တော့ ကိုယ်တွင်းကရေတွေကို စွန့်ထုတ်တဲ့စနစ်ကိုအားပေးတဲ့အနေနဲ့ ရေများများပြန်သောက်ပေးရမှာပဲဖြစ်ပါတယ်။ ဒါမှ စုနေတဲ့ ရေတွေ ကိုယ်တွင်းကထွက်သွားပြီး ကိုယ်အလေးချိန် ပြန်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

( ၃ ) အစားအသောက်ကို ချင့်ချိန်စားဖို့လည်း လိုပါတယ် ။ ။

လူတစ်ယောက်ကို အဓိက ဝစေတာ အစားအသောက်တွေပါ။ အိမ်ထောင်ကျပြီ လှဖို့ပိန်ဖို့လည်း မလိုတော့ဘူး စားချင်သလောက်စားလို့ရပြီဆိုပြီး စွတ်စားမိနေတဲ့အပြင် တားဆေးတွေရဲ့ စားချင်သောက်ချင်စိတ်ကို မြှင့်တင်ပေးတဲ့ အစွမ်းနဲ့ပါ ပေါင်းလိုက်လို့ကတော့ နေ့ချင်းဝလာမယ်ဆိုတာ လုံးဝကို တထစ်ချပြောရဲပါတယ်။

ဒါ့ကြောင့် ဝစေမယ့် အစားအသောက်တွေ၊ အချိုများတဲ့ မုန့်တွေ၊ ထမင်း၊ ဆီကြော်မုန့်တွေကို လျှော့စား။ ကျန်းမာရေးအတွက်လည်းကောင်း ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးတဲ့ အသီးအနှံတွေ များများစားပြီး ကိုယ်အလေးချိန်ထိန်းပါ။

( ၄ ) အချိန်တစ်ခု သတ်သတ်မှတ်မှတ်ထားပြီး ဆေးကိုသောက်ပါ။

ဟော်မုန်းဆေးဖြစ်တာကြောင့် သတ်မှတ်ဟော်မုန်းပမာဏအတိုင်း ကိုယ်တွင်းမှာ ရှိစေဖို့အတွက် ဒီနေ့ဒီအချိန်သောက်ပြီးတာနဲ့ နောက်နေ့လည်း အဲ့ဒီ အချိန်မှာပဲ ပြန်သောက်ဖို့လိုပါတယ်။ ဟော်မုန်းပမာဏ နည်းနည်းပြောင်းလဲသွားတာနဲ့ နုန်းခွေတာ၊ အစားပိုစားချင်တာနဲ့ စိတ်တိုလွယ်တာတွေ ဖြစ်တတ်ပါတယ်။

( ၅ ) ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပါ ။

တားဆေးရဲ့ အစွမ်းကိုတည်းက အစားစားချင်စိတ်ကိုပိုဖြစ်စေတာကြောင့် အစားတွေ ပိုစားမိနေတာကို ထိန်းလို့မရရင် ကိုယ်အလေးချိန်ကို လေ့ကျင့်ခန်းလုပ်ပြီး ပြန်ထိန်းရပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားမှုလေးပိုလုပ်ပေးတဲ့အခါ ပိန်မသွားရင်တောင်မှ ဝိတ်ထပ်မတက်လာအောင်တော့ သူက ထိန်းပေးထားနိုင်ပါလိမ့်မယ်။ လမ်းလေးလျှောက်ပေးတာ၊ စက်ဘီးစီးပေးတာ၊ GYM သွားတာမျိုးလေးတွေ လုပ်ပေးသင့်ပါတယ်။

Credit:hellosayarwon

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top