iMyanmarHouse.com - Best Property Website for Myanmar
×


စံုတြဲေလးတို႔ေရ မဂၤလာမေဆာင္ခင္မွာ ပဋိပကၡေတြ မျဖစ္ဖုိ႔ Marry က ေျပာျပထားတဲ့ အခ်က္ေလးေတြ သိထားေပးေနာ္။ ဒါမွ မဂၤလာပြဲ စီစဥ္ရင္းလည္း စိတ္မညစ္ရမွာပါ။

မဂၤလာပြဲ က်င္းပဖို႔ စီစဥ္လိုက္ခါမွ သေဘာထားခ်င္းေတြ ကြဲလြဲၿပီး အႏွစ္ႏွစ္အလလ ခ်စ္လာခဲ့ၾကသမွ်  သဲထဲေရသြန္ျဖစ္ၿပီး အဆင္မေျပေတြ ျဖစ္တတ္ပါတယ္။ စံုတြဲေလးတို႔ ပ႗ိပကၡ မျဖစ္ေစဖို႔ဆိုရင္ေတာ့ နည္းလမ္းေကာင္းေလးေတြနဲ႔ ႀကိဳတင္ၿပီး ျပင္ဆင္ထားရမွာပါ။ ဒီလို ပဋိပကၡ မျဖစ္ေစဖုိ႔ ဘယ္လို နည္းလမ္းေတြနဲ႔ ေျဖရွင္းလို႔ ရမလဲဆိုတာ ေျပာျပမယ္ေနာ္။

မဂၤလာပြဲအေၾကာင္း စေျပာၿပီဆိုရင္

မဂၤလာပြဲအေၾကာင္း စီစဥ္ေတာ့မယ္ဆိုတာနဲ႔ ဒီကိစၥကို ေဆြးေႏြးရေတာ့မွာပါ။ စံုတြဲေလးတို႔ၾကား ေဆြးေႏြးမွလည္း ျဖစ္မွာေလေနာ္။ ဒါေပမယ့္ ေတြ႔လိုက္တိုင္း၊ စကားေျပာတိုင္း ဒီအေၾကာင္းအရာပဲ ေဆြးေႏြးေနမယ္ဆိုရင္ေတာ့ ပဋိပကၡ ျဖစ္ႏိုင္ပါတယ္။

မဂၤလာပြဲကိစၥ စီစဥ္တာကို ေျပာဖို႔အတြက္ အခ်ိန္သီးသန္႔ ခြဲထားပါ။ ပံုမွန္ ခ်စ္စကားေလးေတြ ေျပာေပးဖို႔ လိုပါတယ္။ ဒါမွသာ မဂၤလာပြဲေလးကို ေအးေအးေဆးေဆး စီစဥ္ႏိုင္မွာပါ။

အဆင္မေျပတာေတြ ရွိႏိုင္တာ သိထားပါ

စံုတြဲေလးတို႔ေရ မဂၤလာေဆာင္စီစဥ္တဲ့အခါမွာ အဆင္မေျပႏုိင္တာေတြလည္း ရွိႏိုင္တာကို သိထားေပးပါ။ ေငြေရးေၾကးေရး၊ အလုပ္တစ္ဖက္နဲ႔ စီစဥ္ရတာ၊ ေရြးခ်ယ္စရာေတြ မ်ားတာ၊ ဝန္ေဆာင္မႈေတြနဲ႔ ပတ္သက္ၿပီး စိတ္ညစ္ရတာ အစရွိတာေတြ ျဖစ္တတ္ပါတယ္။ ဒါေတြကို ႀကိဳတင္ၿပီး သိထားေပးရမွာ ျဖစ္ပါတယ္ေနာ္။ ဒီလိုျဖစ္တတ္တဲ့ သေဘာကုိ သိရင္ စံုတြဲေလးတို႔ၾကားမွာ အဆင္ေျပမွာပါ။

ခံစားခ်က္ေတြကို နားလည္ေပးပါ

မဂၤလာပြဲေလး စီစဥ္ေတာ့မယ္ဆိုရင္ စိတ္ခံစားခ်က္ေတြမွာလည္း အဆင္မေျပတာေတြ ျဖစ္ႏိုင္ပါတယ္။ စိုးရိမ္လြန္းတာ၊ စိတ္ပူတာ၊ စိတ္ညစ္တာေတြ ျဖစ္ႏိုင္တာမို႔  ခံစားခ်က္ေတြ အဆင္မေျပတာကို နားလည္ေပးပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ ျဖစ္ႏုိင္တဲ့ ခံစားခ်က္ေတြကို နားလည္ေပးပါ။

ခ်စ္ခ်စ္ခင္ခင္ေနပါ

စံုတြဲေလးတို႔ အေနနဲ႔ ခ်စ္ခ်စ္ခင္ခင္ေနပါ။ အရင္လိုမ်ိဳးပဲ ရင္ခုန္သံေလးေတြ လတ္ဆတ္ေနပါေစေနာ္။ လက္ထပ္ပြဲအေၾကာင္း စဥ္းစားရင္း စိတ္ညစ္ေနတာမ်ိဳး၊ အခ်စ္ေလ်ာ့တာမ်ိဳးေတြ မျဖစ္ဖို႔ လိုပါတယ္။ ကိုယ့္ခ်စ္သူေလးနဲ႔ အဆင္ေျပဖုိ႔ အရင္ကထက္ ပိုၿပီး ဂရုစိုက္ေပးပါ။ ခ်စ္ခ်စ္ခင္ခင္ေနေနာ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


စုံတွဲလေးတို့ရေ မင်္ဂလာမဆောင်ခင်မှာ ပဋိပက္ခတွေ မဖြစ်ဖို့ Marry က ပြောပြထားတဲ့ အချက်လေးတွေ သိထားပေးနော်။ ဒါမှ မင်္ဂလာပွဲ စီစဉ်ရင်းလည်း စိတ်မညစ်ရမှာပါ။

မင်္ဂလာပွဲ ကျင်းပဖို့ စီစဉ်လိုက်ခါမှ သဘောထားချင်းတွေ ကွဲလွဲပြီး အနှစ်နှစ်အလလ ချစ်လာခဲ့ကြသမျှ  သဲထဲရေသွန်ဖြစ်ပြီး အဆင်မပြေတွေ ဖြစ်တတ်ပါတယ်။ စုံတွဲလေးတို့ ပဋ္ဋိပက္ခ မဖြစ်စေဖို့ဆိုရင်တော့ နည်းလမ်းကောင်းလေးတွေနဲ့ ကြိုတင်ပြီး ပြင်ဆင်ထားရမှာပါ။ ဒီလို ပဋိပက္ခ မဖြစ်စေဖို့ ဘယ်လို နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရမလဲဆိုတာ ပြောပြမယ်နော်။

မင်္ဂလာပွဲအကြောင်း စပြောပြီဆိုရင်

မင်္ဂလာပွဲအကြောင်း စီစဉ်တော့မယ်ဆိုတာနဲ့ ဒီကိစ္စကို ဆွေးနွေးရတော့မှာပါ။ စုံတွဲလေးတို့ကြား ဆွေးနွေးမှလည်း ဖြစ်မှာလေနော်။ ဒါပေမယ့် တွေ့လိုက်တိုင်း၊ စကားပြောတိုင်း ဒီအကြောင်းအရာပဲ ဆွေးနွေးနေမယ်ဆိုရင်တော့ ပဋိပက္ခ ဖြစ်နိုင်ပါတယ်။

မင်္ဂလာပွဲကိစ္စ စီစဉ်တာကို ပြောဖို့အတွက် အချိန်သီးသန့် ခွဲထားပါ။ ပုံမှန် ချစ်စကားလေးတွေ ပြောပေးဖို့ လိုပါတယ်။ ဒါမှသာ မင်္ဂလာပွဲလေးကို အေးအေးဆေးဆေး စီစဉ်နိုင်မှာပါ။

အဆင်မပြေတာတွေ ရှိနိုင်တာ သိထားပါ

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်စီစဉ်တဲ့အခါမှာ အဆင်မပြေနိုင်တာတွေလည်း ရှိနိုင်တာကို သိထားပေးပါ။ ငွေရေးကြေးရေး၊ အလုပ်တစ်ဖက်နဲ့ စီစဉ်ရတာ၊ ရွေးချယ်စရာတွေ များတာ၊ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး စိတ်ညစ်ရတာ အစရှိတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကို ကြိုတင်ပြီး သိထားပေးရမှာ ဖြစ်ပါတယ်နော်။ ဒီလိုဖြစ်တတ်တဲ့ သဘောကို သိရင် စုံတွဲလေးတို့ကြားမှာ အဆင်ပြေမှာပါ။

ခံစားချက်တွေကို နားလည်ပေးပါ

မင်္ဂလာပွဲလေး စီစဉ်တော့မယ်ဆိုရင် စိတ်ခံစားချက်တွေမှာလည်း အဆင်မပြေတာတွေ ဖြစ်နိုင်ပါတယ်။ စိုးရိမ်လွန်းတာ၊ စိတ်ပူတာ၊ စိတ်ညစ်တာတွေ ဖြစ်နိုင်တာမို့  ခံစားချက်တွေ အဆင်မပြေတာကို နားလည်ပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် ဖြစ်နိုင်တဲ့ ခံစားချက်တွေကို နားလည်ပေးပါ။

ချစ်ချစ်ခင်ခင်နေပါ

စုံတွဲလေးတို့ အနေနဲ့ ချစ်ချစ်ခင်ခင်နေပါ။ အရင်လိုမျိုးပဲ ရင်ခုန်သံလေးတွေ လတ်ဆတ်နေပါစေနော်။ လက်ထပ်ပွဲအကြောင်း စဉ်းစားရင်း စိတ်ညစ်နေတာမျိုး၊ အချစ်လျော့တာမျိုးတွေ မဖြစ်ဖို့ လိုပါတယ်။ ကိုယ့်ချစ်သူလေးနဲ့ အဆင်ပြေဖို့ အရင်ကထက် ပိုပြီး ဂရုစိုက်ပေးပါ။ ချစ်ချစ်ခင်ခင်နေနော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top