iMyanmarHouse.com - Best Property Website for Myanmar
×


တရားအားထုတ္ေနဆဲ ဓမၼမိတ္ေဆြမ်ား သာမက၊ တရားအားမထုတ္ျဖစ္ေသးေသာ ဗုဒၶဘာသာဝင္ မ်ားပါ သိသင့္ေသာ ေမးခြန္းေလး ျဖစ္သည့္အတြက္-
ဓမၼာနႏၵဝိဟာရေက်ာင္း တရားစခန္းတစ္ခု မွ ေယာကီ(ေဒၚခိုင္ခိုင္)က သူသိခ်င္ေသာ ေမးခြန္းကို တရားျပသူအား ေမးျမန္းျခင္းျဖင့္ (ခိဓမၼာနႏၵဝိဟာရေက်ာင္းဘိညာ သဒၶမၼရံသီရိပ္သာ ပဓါနနာယက, ကမၼ႒ာနာစရိယ ဆရာေတာ္ ဦးဥကၠံသ) ေျဖၾကားထားေသာ အေျဖကို ထပ္မံတင္ျပ၍ ကုသိုလ္ျပဳပါသည္။
(ခႏၶာ-၅ပါးတစ္ဦး)
••••••••••••••••••••••••••••••••••••
ေမးခြန္း -
"ဆရာေတာ္ဘုရား... ေသခါနီး ေဝဒနာေတြ အျပင္းအထန္ ခံစားရတဲ့အခါ ေဝဒနာကို .....
"တိုက္ရိုက္ရွဳရမလား"
"ခြာျပီးရွဳရမလားဘုရား "

တပည့္ေတာ္ဆိုလိုတဲ့ ေဝဒနာ ကို ခြာျပီးရွဳတယ္ဆိုတာ ေဝဒနာေပၚမွာ တိုက္ရိုက္မရႈဘဲ ဝင္ေလ ထြက္ေလမွာျဖစ္ျဖစ္၊ အရင္က ျပဳခဲ့ဖူးတဲ့ ဒါန, သီလ အစရွိတဲ့ ကုသိုလ္ေကာင္းမႈ အာရံုတစ္ခုခုမွာျဖစ္ျဖစ္ ၊အာရံုကို ထားထားတာ ကို ဆိုလိုတာပါ။
တပည့္ေတာ္ ဆိုလိုတဲ့ ေဝဒနာ ကို တိုက္ရိုက္ရႈတယ္ ဆိုတာ တပည့္ေတာ္တို႔ အခု တရားစခန္းမွာ ရႈေနရသလို ေဝဒနာရဲ႕သေဘာေတြ၊ ျဖစ္ပ်က္ေနတာေတြကို တိုက္ရိုက္ရႈတာကို ဆိုလိုတာပါဘုရား။"

အေျဖ -
"ဝိပႆနာျဖစ္ေစမယ့္ အာရံု တစ္ခုခုကို ထားႏိုင္မယ္ဆိုရင္ေတာ့ ေကာင္းပါတယ္။ ေဝဒနာကို ခြာျပီး တျခား ကုသိုလ္အာရံုေတြမွာ စိတ္ကိုထားတာကေတာ့ နည္းနည္းသက္သာတာေပါ့ေလ။
ဒါေပမယ့္ ေဝဒနာ ကို ခြာထားရံုနဲ႔ မရေသးဘူး၊ကိုယ့္ေဘးမွာ ငိုေန၊ ပူေလာင္ေနၾကမယ့္ သူေတြရဲ႕အာရံုေတြ၊ တျခားအာရံုေတြကလဲ ရွိေသးတယ္။ ျပီးေတာ့ ဒါနအာရံုနဲ႔ေသရင္ နတ္ျပည္ ေရာက္ႏိုင္တယ္။ သီလ နဲ႔ေသလဲ အတူတူပဲ။

 ဒီ့ထက္ မပိုဘူး။
ေဝဒနာေတြရဲ႕ ျဖစ္မႈပ်က္မႈ၊သေဘာေတြကို တိုက္ရိုက္ရႈေနမယ္ဆိုရင္ေတာ့ ဝိပႆနာအာရံုျဖစ္ေနတယ္။ ဒီလိုအခ်ိန္မွာ ပါရမီလဲရွိလို႔ ဥာဏ္ရင့္က်က္ခဲ့မယ္ဆိုရင္ ေသခါနီးမွကပ္ျပီး "တစ္မဂ္, တစ္ဖိုလ္" လည္း ဆိုက္သြားႏိုင္တယ္။

အဲဒီလိုမွ... "တစ္မဂ္, တစ္ဖိုလ္"လည္း မဆိုက္ဘူး, "စ်ာန္"လဲ မရဘူးဆိုရင္ "လူ႔ျပည္, နတ္ျပည္" ေရာက္ႏိုင္တယ္။ခုနက ကုသိုလ္အာရံုတစ္ခုခုနဲ႔ ေသရင္လဲ " လူ ့ျပည္, နတ္ျပည္"ေရာက္ႏိုင္တာပဲ။
ဒါေပမယ့္ ဘာကြာသြားလဲဆိုေတာ့ "ကုသိုလ္အာရံုေလာက္" နဲ႔ နတ္ျပည္ေရာက္သြားတဲ့သူက နတ္ျပည္မွာ ေပ်ာ္စရာနဲ႔ေတြ႔ရင္ ေပ်ာ္စရာေတြဘက္ ပါသြားျပီး တရားအားမထုတ္ျဖစ္ေတာ့ဘူး။

"ဝိပႆနာအာရံု" နဲ႔ ရႈမွတ္ျပီး ေသခဲ့တဲ့သူက လူ႔ဘံု, နတ္ဘံုေတြေရာက္တဲ့အခါမွာလဲ ေမ့ေမ့ေလ်ာ့ေလ်ာ့မျဖစ္ဘဲ "ဝိပႆနာတရား" ကို ဆက္ျပီးပြားမ်ားအားထုတ္လိုက္တဲ့အခါ "တရားထူး, တရားျမတ္" ေတြ "မဂ္ဥာဏ္, ဖိုလ္ဥာဏ္" ေတြ ရသြားႏိုင္တယ္။ အဲဒီလို ကြာျခားမွု ရွိတယ္။

ငါတို႔ေတြ အခု တရားစခန္းမွာ ေဝဒနာေတြ ရႈေနတာလဲ အေသက်င့္ေနတာနဲ႔ အတူတူပဲေပါ့။
ဒါေပမယ့္ သတိထားရမယ့္အခ်က္က...အရင္က ေဝဒနာေတြ ရႈမွတ္ပြားမ်ားျပီး ေဝဒနာေတြကို လႊမ္းမိုးေအာင္ ရႈတတ္, မွတ္တတ္ဖူးေပမယ့္ ပံုမွန္အျမဲတမ္း ဆက္တိုက္ေလ့က်င့္မႈမရွိဘူး။ ၾကားမွာ အားထုတ္ျဖစ္မထားဘူးဆိုရင္ေတာ့ " ေသခါနီး" အခါမွာ ႏိုင္ႏိုင္နင္းနင္း "ရႈမွတ္ႏိုင္ဖို႔ "ခက္ခဲပါမယ္။

ဒါေၾကာင့္ အျမဲတမ္းလိုလို အေလ့အက်င့္ျဖစ္ေနေအာင္ ေန႔စဥ္နဲ႔အမွ် ရႈမွတ္ပြားမ်ားေပးေနသင့္ ပါတယ္။ဒါဆိုရင္ေတာ့ အေသေလ့က်င့္ရာလဲေရာက္သလို ေသျပီးတဲ့ ေနာက္ဘဝမွာလည္း မေမ့မေလ်ာ့နဲ႔ ဝိပႆနာတရားေတြ ဆက္လက္ပြားမ်ားအားထုတ္ရင္း "မဂ္ဥာဏ္ဖိုလ္ဥာဏ္" ေတြ ရရွိသြားႏိုင္တဲ့ အက်ိဳးေက်းဇူးေတြကို ရရွိသြားမွာပါ။


Credit:ဓမၼေရခ်မ္းစင္

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

တရားအားထုတ်နေဆဲ ဓမ္မမိတ်ဆွေများ သာမက၊ တရားအားမထုတ်ဖြစ်သေးသော ဗုဒ္ဓဘာသာဝင် များပါ သိသင့်သော မေးခွန်းလေး ဖြစ်သည့်အတွက်-
ဓမ္မာနန္ဒဝိဟာရကျောင်း တရားစခန်းတစ်ခု မှ ယောကီ(ဒေါ်ခိုင်ခိုင်)က သူသိချင်သော မေးခွန်းကို တရားပြသူအား မေးမြန်းခြင်းဖြင့် (ခိဓမ္မာနန္ဒဝိဟာရကျောင်းဘိညာ သဒ္ဓမ္မရံသီရိပ်သာ ပဓါနနာယက, ကမ္မဋ္ဌာနာစရိယ ဆရာတော် ဦးဥက္ကံသ) ဖြေကြားထားသော အဖြေကို ထပ်မံတင်ပြ၍ ကုသိုလ်ပြုပါသည်။
(ခန္ဓာ-၅ပါးတစ်ဦး)
••••••••••••••••••••••••••••••••••••
မေးခွန်း -
"ဆရာတော်ဘုရား... သေခါနီး ဝေဒနာတွေ အပြင်းအထန် ခံစားရတဲ့အခါ ဝေဒနာကို .....
"တိုက်ရိုက်ရှုရမလား"
"ခွာပြီးရှုရမလားဘုရား "

တပည့်တော်ဆိုလိုတဲ့ ဝေဒနာ ကို ခွာပြီးရှုတယ်ဆိုတာ ဝေဒနာပေါ်မှာ တိုက်ရိုက်မရှုဘဲ ဝင်လေ ထွက်လေမှာဖြစ်ဖြစ်၊ အရင်က ပြုခဲ့ဖူးတဲ့ ဒါန, သီလ အစရှိတဲ့ ကုသိုလ်ကောင်းမှု အာရုံတစ်ခုခုမှာဖြစ်ဖြစ် ၊အာရုံကို ထားထားတာ ကို ဆိုလိုတာပါ။
တပည့်တော် ဆိုလိုတဲ့ ဝေဒနာ ကို တိုက်ရိုက်ရှုတယ် ဆိုတာ တပည့်တော်တို့ အခု တရားစခန်းမှာ ရှုနေရသလို ဝေဒနာရဲ့သဘောတွေ၊ ဖြစ်ပျက်နေတာတွေကို တိုက်ရိုက်ရှုတာကို ဆိုလိုတာပါဘုရား။"

အဖြေ -
"ဝိပဿနာဖြစ်စေမယ့် အာရုံ တစ်ခုခုကို ထားနိုင်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ဝေဒနာကို ခွာပြီး တခြား ကုသိုလ်အာရုံတွေမှာ စိတ်ကိုထားတာကတော့ နည်းနည်းသက်သာတာပေါ့လေ။
ဒါပေမယ့် ဝေဒနာ ကို ခွာထားရုံနဲ့ မရသေးဘူး၊ကိုယ့်ဘေးမှာ ငိုနေ၊ ပူလောင်နေကြမယ့် သူတွေရဲ့အာရုံတွေ၊ တခြားအာရုံတွေကလဲ ရှိသေးတယ်။ ပြီးတော့ ဒါနအာရုံနဲ့သေရင် နတ်ပြည် ရောက်နိုင်တယ်။ သီလ နဲ့သေလဲ အတူတူပဲ။

 ဒီ့ထက် မပိုဘူး။
ဝေဒနာတွေရဲ့ ဖြစ်မှုပျက်မှု၊သဘောတွေကို တိုက်ရိုက်ရှုနေမယ်ဆိုရင်တော့ ဝိပဿနာအာရုံဖြစ်နေတယ်။ ဒီလိုအချိန်မှာ ပါရမီလဲရှိလို့ ဉာဏ်ရင့်ကျက်ခဲ့မယ်ဆိုရင် သေခါနီးမှကပ်ပြီး "တစ်မဂ်, တစ်ဖိုလ်" လည်း ဆိုက်သွားနိုင်တယ်။

အဲဒီလိုမှ... "တစ်မဂ်, တစ်ဖိုလ်"လည်း မဆိုက်ဘူး, "ဈာန်"လဲ မရဘူးဆိုရင် "လူ့ပြည်, နတ်ပြည်" ရောက်နိုင်တယ်။ခုနက ကုသိုလ်အာရုံတစ်ခုခုနဲ့ သေရင်လဲ " လူ့ပြည်, နတ်ပြည်"ရောက်နိုင်တာပဲ။
ဒါပေမယ့် ဘာကွာသွားလဲဆိုတော့ "ကုသိုလ်အာရုံလောက်" နဲ့ နတ်ပြည်ရောက်သွားတဲ့သူက နတ်ပြည်မှာ ပျော်စရာနဲ့တွေ့ရင် ပျော်စရာတွေဘက် ပါသွားပြီး တရားအားမထုတ်ဖြစ်တော့ဘူး။

"ဝိပဿနာအာရုံ" နဲ့ ရှုမှတ်ပြီး သေခဲ့တဲ့သူက လူ့ဘုံ, နတ်ဘုံတွေရောက်တဲ့အခါမှာလဲ မေ့မေ့လျော့လျော့မဖြစ်ဘဲ "ဝိပဿနာတရား" ကို ဆက်ပြီးပွားများအားထုတ်လိုက်တဲ့အခါ "တရားထူး, တရားမြတ်" တွေ "မဂ်ဉာဏ်, ဖိုလ်ဉာဏ်" တွေ ရသွားနိုင်တယ်။ အဲဒီလို ကွာခြားမှု ရှိတယ်။

ငါတို့တွေ အခု တရားစခန်းမှာ ဝေဒနာတွေ ရှုနေတာလဲ အသေကျင့်နေတာနဲ့ အတူတူပဲပေါ့။
ဒါပေမယ့် သတိထားရမယ့်အချက်က...အရင်က ဝေဒနာတွေ ရှုမှတ်ပွားများပြီး ဝေဒနာတွေကို လွှမ်းမိုးအောင် ရှုတတ်, မှတ်တတ်ဖူးပေမယ့် ပုံမှန်အမြဲတမ်း ဆက်တိုက်လေ့ကျင့်မှုမရှိဘူး။ ကြားမှာ အားထုတ်ဖြစ်မထားဘူးဆိုရင်တော့ " သေခါနီး" အခါမှာ နိုင်နိုင်နင်းနင်း "ရှုမှတ်နိုင်ဖို့ "ခက်ခဲပါမယ်။

ဒါကြောင့် အမြဲတမ်းလိုလို အလေ့အကျင့်ဖြစ်နေအောင် နေ့စဉ်နဲ့အမျှ ရှုမှတ်ပွားများပေးနေသင့် ပါတယ်။ဒါဆိုရင်တော့ အသေလေ့ကျင့်ရာလဲရောက်သလို သေပြီးတဲ့ နောက်ဘဝမှာလည်း မမေ့မလျော့နဲ့ ဝိပဿနာတရားတွေ ဆက်လက်ပွားများအားထုတ်ရင်း "မဂ်ဉာဏ်ဖိုလ်ဉာဏ်" တွေ ရရှိသွားနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိသွားမှာပါ။


Credit:ဓမ္မရေချမ်းစင်

 ကြီးပွားရေး
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top