iMyanmarHouse.com - Best Property Website for Myanmar
×





Credit:nanmalgyi

အနုပညာ၊


#Unicode Version# ဖြင့်ဖတ်ပါ ။

ရွှေထူးနဲ့ ရွှေမှုံရတီကတော့ သူတို့နှစ်ယောက် မတွဲခင် အချိန်ကတည်းက ပရိသတ်အားပေးမှု တော်တော်လေးကို ရရှိထားပြီး သူတို့နယ်ပယ်တွေမှာ တော်တော်လေးကို အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ယောက် ပေါင်းဖက်လိုက်တဲ့အချိန်မှာတော့ ရွှေနှစ်ရွှေ စုံတွဲဆိုပြီးတော့ လူတွေ ပိုပြီးတော့ တောင် သတိထားမိသွားပါသေးတယ်။

သူတို့နှစ်ယောက်ကတော့ ဝေဖန်မှု များစွာကနေ လက်ရှိချိန်မှာတော့ ဝေဖန်မှုတွေကို လျစ်လျူရှုထားပြီး ဇနီးမောင်နှံအဖြစ် ပေါင်းသင်းနေထိုင်နေပြီ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ တကယ်လည်း တယောက်ကို တယောက် အသက်ထက်မက ချစ်ကြပြီး တယောက်ကို တယောက် တရက်လောက်လေး ဝေးနေတဲ့အချိန်တောင် အလွမ်းသည်နေတာ ဖြစ်ပြီး သူတို့ရဲ့အချစ်ကိုတော့ ပရိသတ်တွေတောင် အားကျလာရပြီ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ရွှေထူးတယောက်ကတော့ အလုပ်ကိစ္စတွေကြောင့် တခြားနေရာကို သွားလိုက်ရတာကြောင့် မိန်းမဖြစ်သူ ရွှေမှုံရတီကတော့ “လွမ်းတယ် နေမကောင်းတော့ပိုလွမ်းတယ် ယောကျာ်းရယ် ဖက်ထားချင်တာပဲသိတယ်” ဆိုပြီးတော့ သူမနဲ့ ယောကျာ်းဖြစ်သူ ရွှေထူးတို့ ဖက်နေတဲ့ ပုံလေးကို တင်ထားတာ ဖြစ်ပါတယ်။

ရွှေထူးကတော့လည်း ဒီဓါတ်ပုံရဲ့ အောက်မှာတော့ “မြန်မြန်ပြန်လာခဲ့မယ်နော် မိန်းမရေ စိတ်ပူတယ်” ဆိုပြီးတော့ သူတို့နှစ်ယောက်ရဲ့ နွေးနွေးထွေးထွေးရှိတဲ့ ပုံလေးကို တင်ထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ပရိသတ်တွေ အားကျပြီးရင်း အားကျအောင် လုပ်နေတာ ဖြစ်ပြီး သူတို့စုံတွဲလေးလိုမျိုး ချစ်သူလေးတွေကို ပိုင်ဆိုင်ချင်ကြမယ် ထင်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးရော ရွှေနှစ်ရွှေရဲ့ ရိုမန်တစ်ဆန်လွန်းတဲ့ အပြုအမူလေးတွေကို အားကျမိမယ် ထင်ပါတယ်။

Credit:nanmalgyi

အနုပညာ၊

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top