iMyanmarHouse.com - Best Property Website for Myanmar
×


ပူျပင္းတဲ့ အျပင္ကိုလည္း မထြက္၊ ေႏြရာသီလည္း မဟုတ္၊ Migraine  (ေခါင္းတစ္ျခမ္းကိုက္) ေဝဒနာသည္လည္း မဟုတ္ဘဲနဲ႔ ေခါင္း ခဏခဏ ကိုက္ေနပါသလား။ ဒါဆုိ ေခါင္းကိုက္ေအာင္ လုပ္ေနတဲ့ တရားခံဟာ သင္ကိုယ္တုိင္နဲ႔ သင္စားေနတဲ့ အစားအေသာက္ေတြပဲ ျဖစ္ပါလိမ့္မယ္။

ဒီေဆာင္းပါးထဲမွာေတာ့ ဘယ္လိုအစားအစာေတြနဲ႕ ေနထုိင္မႈ ပံုစံေတြ က ေခါင္းကိုက္ျခင္း ကိုျဖစ္ေစလဲ ဆိုတဲ့အေၾကာင္းကို ေျပာျပေပးေတာ့မွာပါ ။

ေခါင္းကိုက္ေစတတ္တဲ့ အစားအေသာက္ေတြက ဘာေတြလဲ ။ ။

အရက္ ။

အရက္က  ေသြးလည္ပတ္မႈေတြကို ေကာင္းေစတယ္ဆုိတာ အားလံုးသိၾကပါတယ္။ ဒါေပမယ့္ သင့္ေတာ္တဲ့ ပမာဏအတြင္းေသာက္မွ က်န္းမာေရးကို အက်ိဳးျပဳတာပါ။ အရမ္းအ မ်ားၾကီးေသာက္လိုက္တဲ့အခါက် အရက္မွာပါတဲ့ အဆိပ္အေတာက္ေတြေၾကာင့္ ေခါင္းကိုက္တာေတြ ျဖစ္တတ္ပါတယ္။

အရက္က ေရဓာတ္ခမ္းေျခာက္ျခင္း ကိုလည္းျဖစ္ေစတာေၾကာင့္ Migraine သမားေတြ မွာ ေခါင္းတစ္ျခမ္းကိုက္ ေဝဒနာ ပိုဆိုးေစတတ္ပါတယ္။ ဒါေၾကာင့္ ေခါင္းကုိက္တတ္တဲ့သူေတြအေနနဲ႔ အရက္မ်ိဳးႏြယ္ဝင္ေတြျဖစ္တဲ့ ဝိုင္နီ၊ ဘီယာ၊ ဝီစကီ နဲ႕ ရွန္ပိန္တုိ႔ကုိ မေသာက္တာ အေကာင္းဆံုးပါ။

တာရွည္ခံေအာင္လုပ္ထားတဲ့ အစားအစာေတြ ။

တာရွည္ခံ အစားအေသာက္ေတြမွာပါတဲ့  Nitrates and nitrites (ယမ္းစိမ္း) တုိ႕ဟာ ေခါင္းကိုက္ျခင္းကို ျဖစ္ေစတတ္ပါတယ္။ ဒါေၾကာင့္ ေခါင္းကိုက္တဲ့ ေဝဒနာကို ေၾကာက္ရင္ ဝက္အူေခ်ာင္း၊ ဝက္ေပါင္ေျခာက္၊ စည္သြပ္ဘူးေတြ ေလွ်ာ့စားသင့္ပါတယ္။

အခ်ိဳမႈန္႔ ။ 

အခ်ိဳမႈန္႔၊ အသားမႈန္႔ေတြဆုိတာ စားေသာက္ဖြယ္ရာေတြကို အရသာရွိေအာင္ လုပ္ေပးတယ္ဆုိေပမယ့္ က်န္းမာေရးအတြက္ေတာ့ လံုးဝကိုအကိ်ဳးမျပဳတဲ့ အရာတစ္ခုပါ။ အခ်ိဳမႈန္႕ မ်ားမ်ားစားလိုက္မိရင္ ေရအရမ္းငတ္တာ၊ ေခါင္းေတြကိုက္တာ၊ ေခၽြးေစးေတြ ျပန္တာမ်ိဳး ျဖစ္ဖူးၾကတယ္မလား။ ဒါေတြကို ျဖစ္ေစတဲ့ တရားခံက အခ်ိဳမႈန္႔မွာပါတဲ့ Monosodium glutamate (MSG) ပါ။

ေခါင္းကိုက္ျခင္းကို ျဖစ္ေစတဲ့ အျခား အစားအစာေတြကေတာ့

    ေျမပဲ၊ ေျမပဲေထာပတ္၊ ဗန္ဒါေစ့
    အာလူးေခ်ာင္းေၾကာ္
    ၾကပ္တင္တဲ့ အစားအေသာက္ေတြ
    ေပါင္မုန္႔၊ ခ်ိစ္ပါတဲ့ အစားအေသာက္ေတြ
    ႏုိ႔နဲ႔ ႏုိ႔ထြက္ပစၥည္းေတြ
    ၾကက္သြန္နီၤ စတာေတြက သင္မသိလုိက္မိဘဲ စားေနမိတဲ့ ေခါင္းကိုက္ေစ အစားအေသာက္ေတြျဖစ္ပါတယ္။

ကဖင္းဓာတ္ ။

ေကာ္ဖီ၊ ေခ်ာ့ကလက္နဲ႔ လက္ဖက္ရည္တုိ႕ေသာက္လိုက္ရင္ ေခါင္းၾကည္သြားတယ္ဟုတ္။ သင့္ေတာ္တဲ့ ပမာဏ အတြင္းေသာက္မွသာ ကဖင္းဓာတ္က ဒီလုိ ေခါင္းၾကည္ေစမွာပါ။ အမ်ားၾကီးေသာက္မိတဲ့အခါက် တန္ေဆး လြန္ေဘးျဖစ္သြားလို႕ ေခါင္းမၾကည္ေစတဲ့အျပင္ ေခါင္းကိုက္ျခင္းကိုပါ ျဖစ္ေစဦးမွာပါ။ ဒါေၾကာင့္ တစ္ေန႕ကို အမ်ားဆံုး ေကာ္ဖီ ၃ ခြက္ထက္ ပုိမေသာက္ပါနဲ႕။  ။

ဘယ္လို အျပဳအမူေတြေၾကာင့္ ေခါင္းကိုက္ရတာလဲ ။

အစားအေသာက္ေတြတင္ မကပါဘူး။ ကိုယ္ရဲ႕အေနအထုိင္ အျပဳအမူေတြေၾကာင့္လည္း ေခါင္းကိုက္ေဝဒနာခံစားရတတ္ပါတယ္။ ဘာေတြလဲဆုိေတာ့

ေရမ်ားမ်ားမေသာက္တာ – ေရဓာတ္ခမ္းေျခာက္ျပီး ေသြးလည္ပတ္မႈမေကာင္းေတာ့တဲ့အခါ ဦးေႏွာက္ဆီေသြးအေရာက္နည္းသြားျပီး ေခါင္းကိုက္လာရတာ ျဖစ္ပါတယ္။

မနက္စာ မစားတာ – တစ္ေန႕တာလံုး အာဟာရျပည့္ဝေနေစဖို႕ မနက္စာကို ရွင္ဘုရင္လို စားသင့္တယ္ဆိုတဲ့ စကားေလၾကားဖူးမွာပါ။ ဒါကို မအားလို႕၊ရံုးမမီေတာ့လို႕ ပိန္ခ်င္လို႔ ဆုိျပီး မနက္စာ အလြတ္ခံလိုက္ရင္ ကိုယ္တြင္းမွာ ဆာေလာင္မႈေတြျဖစ္လာျပီး သင္လည္း ေခါင္းၾကည္ေတာ့မွာ မဟုတ္ပါဘူး။

စိတ္ဖိစီးမႈ – စိတ္ဖိစီးေနတဲ့သူတစ္ေယာက္ ေခါင္းၾကည္လန္းဆန္းေနတာ ဘယ္မွာမ်ား ျမင္ဖူးပါသလဲ။ စိတ္ေထာင္းကိုယ္ေၾကဆုိတဲ့ စကားေလးၾကားဖူးတယ္မလား။ စိတ္ဖိစီးမႈေလာက္ ကိုယ္ခႏၶာကို ႏွိပ္စက္ျပီး ေရာဂါေဝဒနာေတြ ခံစားေစရတဲ့ အရာေတြ မရွိပါဘူး။

အိပ္ေရးပ်က္ျခင္း – အိပ္ေရးပ်က္ရင္ ေခါင္းကိုက္တယ္ဆိုတာ လူတုိင္းၾကားဖူး၊ ခံစားဖူးၾကပါလိမ့္မယ္။ ဦးေႏွာက္ဆုိတာ တစ္ေန႕လံုး အလုပ္လုပ္ေနရတဲ့အတြက္ အိပ္ေနတဲ့ အခ်ိန္ေလးမွာေတာ့ အနားယူရပါမယ္။ ဒါကို မအိပ္ဘဲ ညဥ္႕နက္ေအာင္ေနလိုက္တဲ့အခါက်ရင္ ဦးေႏွာက္အနားမရဘဲ ပိုပန္းသြားလို႕ ေခါင္းကိုက္ေဝဒနာ ခံစားရတတ္ပါတယ္။

အဝလြန္တဲ့သူေတြ – အဆီဆဲလ္ေတြက ေခါင္းကိုက္ျခင္းနဲ႔ ေရာင္ရမ္းျခင္းကို ျဖစ္ေစတဲ့ cytokines ေတြထုတ္တာေၾကာင့္ အဝလြန္တဲ့သူေတြဟာ ေခါင္းကိုက္ေဝဒနာကို ခဏခဏ ခံစားရတာျဖစ္ပါတယ္။

ဒီလုိ ေခါင္းကိုက္ျခင္းကို ျဖစ္ေစတဲ ့အစားအေသာက္ေတြ ၊ အေၾကာင္းအရာေတြကုိ သိထားေတာ့ ေခါင္းမကိုက္ေအာင္ ဘယ္လို ျပဳမူေနထုိင္ရမလဲ ။ဘယ္လို အစားအစာေတြကို ေရွာင္ရမလဲဆိုတာ သိသြားတာေပါ့ ။ ဒါဆို ေခါင္းမကိုက္ေအာင္ ဘာေတြကိုေရွာင္ ဘာေတြကိုေဆာင္ရမလဲ ။  ။

အေပၚမွာေျပာခဲ့တဲ့ ေခါင္းကိုက္ျခင္းကို ျဖစ္ေစတဲ့ အစားအေသာက္ေတြကုိ မျဖတ္ႏုိင္ရင္ေတာင္ ေလွ်ာ့စားေစခ်င္ပါတယ္။ ေနာက္ျပီး အိပ္ေရးဝဝအိပ္ပါ။ မနက္စာစားပါ။ ေရမ်ားမ်ားေသာက္ပါ။ စိတ္ဖိစီးမႈ ကင္းေအာင္ တတ္ႏုိ္င္သမွ် ေနပါ။ ကိုယ္လက္လႈပ္ရွားမႈ လုပ္ပါ။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #



ပူပြင်းတဲ့ အပြင်ကိုလည်း မထွက်၊ နွေရာသီလည်း မဟုတ်၊ Migraine  (ခေါင်းတစ်ခြမ်းကိုက်) ဝေဒနာသည်လည်း မဟုတ်ဘဲနဲ့ ခေါင်း ခဏခဏ ကိုက်နေပါသလား။ ဒါဆို ခေါင်းကိုက်အောင် လုပ်နေတဲ့ တရားခံဟာ သင်ကိုယ်တိုင်နဲ့ သင်စားနေတဲ့ အစားအသောက်တွေပဲ ဖြစ်ပါလိမ့်မယ်။

ဒီဆောင်းပါးထဲမှာတော့ ဘယ်လိုအစားအစာတွေနဲ့ နေထိုင်မှု ပုံစံတွေ က ခေါင်းကိုက်ခြင်း ကိုဖြစ်စေလဲ ဆိုတဲ့အကြောင်းကို ပြောပြပေးတော့မှာပါ ။

ခေါင်းကိုက်စေတတ်တဲ့ အစားအသောက်တွေက ဘာတွေလဲ ။ ။

အရက် ။

အရက်က  သွေးလည်ပတ်မှုတွေကို ကောင်းစေတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ ပမာဏအတွင်းသောက်မှ ကျန်းမာရေးကို အကျိုးပြုတာပါ။ အရမ်းအ များကြီးသောက်လိုက်တဲ့အခါကျ အရက်မှာပါတဲ့ အဆိပ်အတောက်တွေကြောင့် ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။

အရက်က ရေဓာတ်ခမ်းခြောက်ခြင်း ကိုလည်းဖြစ်စေတာကြောင့် Migraine သမားတွေ မှာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ပိုဆိုးစေတတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တတ်တဲ့သူတွေအနေနဲ့ အရက်မျိုးနွယ်ဝင်တွေဖြစ်တဲ့ ဝိုင်နီ၊ ဘီယာ၊ ဝီစကီ နဲ့ ရှန်ပိန်တို့ကို မသောက်တာ အကောင်းဆုံးပါ။

တာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေ ။

တာရှည်ခံ အစားအသောက်တွေမှာပါတဲ့  Nitrates and nitrites (ယမ်းစိမ်း) တို့ဟာ ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့ ဝေဒနာကို ကြောက်ရင် ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ စည်သွပ်ဘူးတွေ လျှော့စားသင့်ပါတယ်။

အချိုမှုန့် ။ 

အချိုမှုန့်၊ အသားမှုန့်တွေဆိုတာ စားသောက်ဖွယ်ရာတွေကို အရသာရှိအောင် လုပ်ပေးတယ်ဆိုပေမယ့် ကျန်းမာရေးအတွက်တော့ လုံးဝကိုအကျိုးမပြုတဲ့ အရာတစ်ခုပါ။ အချိုမှုန့် များများစားလိုက်မိရင် ရေအရမ်းငတ်တာ၊ ခေါင်းတွေကိုက်တာ၊ ချွေးစေးတွေ ပြန်တာမျိုး ဖြစ်ဖူးကြတယ်မလား။ ဒါတွေကို ဖြစ်စေတဲ့ တရားခံက အချိုမှုန့်မှာပါတဲ့ Monosodium glutamate (MSG) ပါ။

ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အခြား အစားအစာတွေကတော့

    မြေပဲ၊ မြေပဲထောပတ်၊ ဗန်ဒါစေ့
    အာလူးချောင်းကြော်
    ကြပ်တင်တဲ့ အစားအသောက်တွေ
    ပေါင်မုန့်၊ ချိစ်ပါတဲ့ အစားအသောက်တွေ
    နို့နဲ့ နို့ထွက်ပစ္စည်းတွေ
    ကြက်သွန်နီၤ စတာတွေက သင်မသိလိုက်မိဘဲ စားနေမိတဲ့ ခေါင်းကိုက်စေ အစားအသောက်တွေဖြစ်ပါတယ်။

ကဖင်းဓာတ် ။

ကော်ဖီ၊ ချော့ကလက်နဲ့ လက်ဖက်ရည်တို့သောက်လိုက်ရင် ခေါင်းကြည်သွားတယ်ဟုတ်။ သင့်တော်တဲ့ ပမာဏ အတွင်းသောက်မှသာ ကဖင်းဓာတ်က ဒီလို ခေါင်းကြည်စေမှာပါ။ အများကြီးသောက်မိတဲ့အခါကျ တန်ဆေး လွန်ဘေးဖြစ်သွားလို့ ခေါင်းမကြည်စေတဲ့အပြင် ခေါင်းကိုက်ခြင်းကိုပါ ဖြစ်စေဦးမှာပါ။ ဒါကြောင့် တစ်နေ့ကို အများဆုံး ကော်ဖီ ၃ ခွက်ထက် ပိုမသောက်ပါနဲ့။  ။

ဘယ်လို အပြုအမူတွေကြောင့် ခေါင်းကိုက်ရတာလဲ ။

အစားအသောက်တွေတင် မကပါဘူး။ ကိုယ်ရဲ့အနေအထိုင် အပြုအမူတွေကြောင့်လည်း ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်။ ဘာတွေလဲဆိုတော့

ရေများများမသောက်တာ – ရေဓာတ်ခမ်းခြောက်ပြီး သွေးလည်ပတ်မှုမကောင်းတော့တဲ့အခါ ဦးနှောက်ဆီသွေးအရောက်နည်းသွားပြီး ခေါင်းကိုက်လာရတာ ဖြစ်ပါတယ်။

မနက်စာ မစားတာ – တစ်နေ့တာလုံး အာဟာရပြည့်ဝနေစေဖို့ မနက်စာကို ရှင်ဘုရင်လို စားသင့်တယ်ဆိုတဲ့ စကားလေကြားဖူးမှာပါ။ ဒါကို မအားလို့၊ရုံးမမီတော့လို့ ပိန်ချင်လို့ ဆိုပြီး မနက်စာ အလွတ်ခံလိုက်ရင် ကိုယ်တွင်းမှာ ဆာလောင်မှုတွေဖြစ်လာပြီး သင်လည်း ခေါင်းကြည်တော့မှာ မဟုတ်ပါဘူး။

စိတ်ဖိစီးမှု – စိတ်ဖိစီးနေတဲ့သူတစ်ယောက် ခေါင်းကြည်လန်းဆန်းနေတာ ဘယ်မှာများ မြင်ဖူးပါသလဲ။ စိတ်ထောင်းကိုယ်ကြေဆိုတဲ့ စကားလေးကြားဖူးတယ်မလား။ စိတ်ဖိစီးမှုလောက် ကိုယ်ခန္ဓာကို နှိပ်စက်ပြီး ရောဂါဝေဒနာတွေ ခံစားစေရတဲ့ အရာတွေ မရှိပါဘူး။

အိပ်ရေးပျက်ခြင်း – အိပ်ရေးပျက်ရင် ခေါင်းကိုက်တယ်ဆိုတာ လူတိုင်းကြားဖူး၊ ခံစားဖူးကြပါလိမ့်မယ်။ ဦးနှောက်ဆိုတာ တစ်နေ့လုံး အလုပ်လုပ်နေရတဲ့အတွက် အိပ်နေတဲ့ အချိန်လေးမှာတော့ အနားယူရပါမယ်။ ဒါကို မအိပ်ဘဲ ညဉ့်နက်အောင်နေလိုက်တဲ့အခါကျရင် ဦးနှောက်အနားမရဘဲ ပိုပန်းသွားလို့ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။

အဝလွန်တဲ့သူတွေ – အဆီဆဲလ်တွေက ခေါင်းကိုက်ခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ cytokines တွေထုတ်တာကြောင့် အဝလွန်တဲ့သူတွေဟာ ခေါင်းကိုက်ဝေဒနာကို ခဏခဏ ခံစားရတာဖြစ်ပါတယ်။

ဒီလို ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့အစားအသောက်တွေ ၊ အကြောင်းအရာတွေကို သိထားတော့ ခေါင်းမကိုက်အောင် ဘယ်လို ပြုမူနေထိုင်ရမလဲ ။ဘယ်လို အစားအစာတွေကို ရှောင်ရမလဲဆိုတာ သိသွားတာပေါ့ ။ ဒါဆို ခေါင်းမကိုက်အောင် ဘာတွေကိုရှောင် ဘာတွေကိုဆောင်ရမလဲ ။  ။

အပေါ်မှာပြောခဲ့တဲ့ ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အစားအသောက်တွေကို မဖြတ်နိုင်ရင်တောင် လျှော့စားစေချင်ပါတယ်။ နောက်ပြီး အိပ်ရေးဝဝအိပ်ပါ။ မနက်စာစားပါ။ ရေများများသောက်ပါ။ စိတ်ဖိစီးမှု ကင်းအောင် တတ်နိုင်သမျှ နေပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top