iMyanmarHouse.com - Best Property Website for Myanmar
×


သုေတသနတစ္ခုအရ စိတ္က် ေ၀ဒနာခံစားေနရတာ အခ်ိန္ၾကာ လာတဲ့အခါ ဦးေႏွာက္အတြင္း ေရာင္ရမ္းျခင္းေတြ စုပံုလာၿပီး ဦးေႏွာက္ကို ေျပာင္းလဲလာေစပါ တယ္။ ယင္းေတြ႕႐ွိခ်က္ေၾကာင့္ ကြၽန္ေတာ္တို႔အေနနဲ႔ စိတ္က်ေရာဂါ နဲ႔ ပတ္သက္လို႔ စဥ္းစားပံုေတြကို ေျပာင္းလဲသင့္ပါၿပီလို႔ သုေတသီေတြ က အႀကံျပဳခဲ့ပါတယ္။ အေစာပိုင္း သုေတသနေတြမွာေတာ့ တကယ့္ စိတ္က်ေ၀ဒနာ ခံစားေနရတဲ့သူေတြ မွာ ဦးေႏွာက္တြင္း ေရာင္ရမ္းမႈကို တိတိက်က် သက္ေသျပႏိုင္ခဲ့ပါ တယ္။

 ယခုသုေတသနမွာေတာ့ ကာလၾကာ႐ွည္ စိတ္က်ေ၀ဒနာခံစား ေနရျခင္းက ဦးေႏွာက္မွာ ႀကီးမားတဲ့ ဇီ၀ေဗဒေျပာင္းလဲမႈေတြကို ေတြ႕႐ွိခဲ့ ပါတယ္။ ဇရာေၾကာင့္ျဖစ္ပြားလာတဲ့ ေရာဂါေတြျဖစ္တဲ့ အယ္လ္ဇိုင္းမား ေရာဂါေတြ၊ ပါကင္ဆန္ေရာဂါေတြမွာ ဦးေႏွာက္ေရာင္ရမ္းျခင္း ပိုမ်ားတာ သဘာ၀ပါပဲ။

စိတ္က်ေ၀ဒနာက် ေတာ့ ဇရာေၾကာင့္ျဖစ္တဲ့ ဦးေႏွာက္ ေရာဂါေတြထဲမွာ မပါ၀င္ပဲ၊ ေရာင္ရမ္းျခင္းေတြျဖစ္ပြားေနကာ ကုသျခင္းမ႐ွိပါက ပိုဆိုးလာတာကို ေတြ႕ခဲ့ရပါတယ္။ လက္႐ွိမွာ လူ တစ္ေယာက္ ဘယ္ေလာက္ၾကာ ေအာင္ ေရာဂါျဖစ္ပြားခဲ့တယ္ဆိုတာ ထည့္မတြက္ပဲ အေရးႀကီး စိတ္က် ေ၀ဒနာခံစားေနရတဲ့ သူတိုင္းကို နည္း တစ္မ်ိဳးတည္းနဲ႔ ကုသလ်က္႐ွိပါ တယ္။


လူတခ်ိဳ႕ကေတာ့ စိတ္က် ေ၀ဒနာဆိုး၀ါးသည့္ကာလကို ႏွစ္ အနည္းငယ္အတြင္း တစ္ႀကိမ္ ႏွစ္ ႀကိမ္ခန္႔သာ ႀကံဳခဲ့ၾကပါတယ္။ က်န္ သူေတြကေတာ့ ဆယ္စုႏွစ္ကာလ အတြင္းမွာ ေရာဂါဆိုး၀ါးသည့္ကာလ မွာ တစတစ ပိုမိုဆိုး၀ါးလာခဲ့ၿပီး၊ ေန႔စဥ္လုပ္ငန္းမ်ားပါ လုပ္ေဆာင္ဖို႔ အခက္အခဲေတြ႐ွိလာပါတယ္။

ယင္း အေျခအေနမ်ိဳးအတြက္ ကုထံုး မ်ားကို သုေတသီမ်ားက အဓိကထား ႐ွာေဖြ ေနၾကျခင္းျဖစ္ပါတယ္။ ယင္း သုေတသနမ်ားထဲတြင္ အျခားေသာ ေရာင္ရမ္းျခင္းေရာဂါမ်ားအတြက္ သံုးသည့္ေဆး၀ါးမ်ားကို အေရးႀကီး စိတ္က်ေ၀ဒနာခံစားေနရသူေတြမွာ သံုးႏုိင္ျခင္း ႐ွိမ႐ွိ စစ္ေဆးဖို႔လည္း ပါ၀င္ပါတယ္။

 သုေတသနတြင္ ဦးေႏွာက္ေရာင္ရမ္းမႈကို PET ပံုရိပ္ ေဖာ္စနစ္ျဖင့္ စစ္ေဆးခဲ့ပါတယ္။ ဦးေႏွာက္ဆဲလ္ေတြျဖစ္တဲ့ microglia ဆဲလ္ေတြက ထိခိုက္ဒဏ္ရာနဲ႔ မေတာ္တဆမႈေတြမွာ ပံုမွန္ေရာင္ ရမ္းျခင္း တုန္႔ျပန္မႈကို ျဖစ္ေစပါ တယ္။

ဒါေပမဲ့ ေရာင္ရမ္းျခင္းအလြန္ မ်ားတဲ့အေျခအေနေတြက ဇရာ ေၾကာင့္ျဖစ္တဲ့ ေရာဂါမ်ားနဲ႔သာမက စိတ္က်ေ၀ဒနာနဲ႔ပါ ဆက္စပ္ေနပါ တယ္။ ဦးေႏွာက္ထဲက ေရာင္ရမ္း ျခင္းျဖစ္ေစတဲ့ microglia ဆဲလ္ေတြ လႈပ္႐ွားလာတဲ့အခါ PET ပံုရိပ္ေဖာ္စက္မွာေတြ႕႐ွိႏိုင္တဲ့ Translocator protein (TSPO) ေတြကို ပိုထုတ္ ေပးပါတယ္။

သုေတသနမွာ စိတ္က် ေ၀ဒနာကို ၁၀ ႏွစ္အထက္ခံစားေနရ တဲ့ေ၀ဒနာ႐ွင္ ၂၅ ဦး၊ ၁၀ ႏွစ္ ေအာက္ခံစားေနရတဲ့ေ၀ဒနာ႐ွင္ ၂၅ ဦးနဲ႔ စိတ္က်ေ၀ဒနာမ႐ွိတဲ့လူ ၃၀ ဦး ပါ၀င္ခဲ့ပါတယ္။ ရလဒ္ကေတာ့ TSPO ပမာဏက ကုသမႈမခံယူထား တဲ့ ကာလ႐ွည္ စိတ္က်ေ၀ဒနာခံစား ေနရတဲ့သူေတြမွာ ကာလတို စိတ္က် ေ၀ဒနာခံစားရၿပီး ကုသမႈမခံယူထား သူမ်ားထက္ ၃၀% ပိုမ်ားေနတာ ေတြ႕ခဲ့ရပါတယ္။

ဒါေၾကာင့္ သုေတသီေတြက ျပင္းထန္ စိတ္က် ေ၀ဒနာကို ကာလ႐ွည္ခံေနရတဲ့ လူနာေတြကို ေသခ်ာေ႐ြးထုတ္ၿပီး ထပ္ေပါင္းကုထံုးေတြေပးသင့္တယ္ လို႔ အႀကံျပဳထားပါတယ္။ လက္႐ွိ အခ်ိန္ထိေတာ့ ဘယ္လိုကုသရမယ္ ဆိုတာ မသိေသးတဲ့အတြက္ သုေတသနမ်ား ဆက္လက္လုပ္ ေဆာင္လ်က္႐ွိတယ္လို႔ သိရပါတယ္။

Credit:thithtoolwin

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သုတေသနတစ်ခုအရ စိတ်ကျ ဝေဒနာခံစားနေရတာ အချိန်ကြာ လာတဲ့အခါ ဦးနှောက်အတွင်း ရောင်ရမ်းခြင်းတွေ စုပုံလာပြီး ဦးနှောက်ကို ပြောင်းလဲလာစေပါ တယ်။ ယင်းတွေ့ရှိချက်ကြောင့် ကျွန်တော်တို့အနေနဲ့ စိတ်ကျရောဂါ နဲ့ ပတ်သက်လို့ စဉ်းစားပုံတွေကို ပြောင်းလဲသင့်ပါပြီလို့ သုတေသီတွေ က အကြံပြုခဲ့ပါတယ်။ အစောပိုင်း သုတေသနတွေမှာတော့ တကယ့် စိတ်ကျဝေဒနာ ခံစားနေရတဲ့သူတွေ မှာ ဦးနှောက်တွင်း ရောင်ရမ်းမှုကို တိတိကျကျ သက်သေပြနိုင်ခဲ့ပါ တယ်။

 ယခုသုတေသနမှာတော့ ကာလကြာရှည် စိတ်ကျဝေဒနာခံစား နေရခြင်းက ဦးနှောက်မှာ ကြီးမားတဲ့ ဇီဝဗေဒပြောင်းလဲမှုတွေကို တွေ့ရှိခဲ့ ပါတယ်။ ဇရာကြောင့်ဖြစ်ပွားလာတဲ့ ရောဂါတွေဖြစ်တဲ့ အယ်လ်ဇိုင်းမား ရောဂါတွေ၊ ပါကင်ဆန်ရောဂါတွေမှာ ဦးနှောက်ရောင်ရမ်းခြင်း ပိုများတာ သဘာဝပါပဲ။

စိတ်ကျဝေဒနာကျ တော့ ဇရာကြောင့်ဖြစ်တဲ့ ဦးနှောက် ရောဂါတွေထဲမှာ မပါဝင်ပဲ၊ ရောင်ရမ်းခြင်းတွေဖြစ်ပွားနေကာ ကုသခြင်းမရှိပါက ပိုဆိုးလာတာကို တွေ့ခဲ့ရပါတယ်။ လက်ရှိမှာ လူ တစ်ယောက် ဘယ်လောက်ကြာ အောင် ရောဂါဖြစ်ပွားခဲ့တယ်ဆိုတာ ထည့်မတွက်ပဲ အရေးကြီး စိတ်ကျ ဝေဒနာခံစားနေရတဲ့ သူတိုင်းကို နည်း တစ်မျိုးတည်းနဲ့ ကုသလျက်ရှိပါ တယ်။


လူတချို့ကတော့ စိတ်ကျ ဝေဒနာဆိုးဝါးသည့်ကာလကို နှစ် အနည်းငယ်အတွင်း တစ်ကြိမ် နှစ် ကြိမ်ခန့်သာ ကြုံခဲ့ကြပါတယ်။ ကျန် သူတွေကတော့ ဆယ်စုနှစ်ကာလ အတွင်းမှာ ရောဂါဆိုးဝါးသည့်ကာလ မှာ တစတစ ပိုမိုဆိုးဝါးလာခဲ့ပြီး၊ နေ့စဉ်လုပ်ငန်းများပါ လုပ်ဆောင်ဖို့ အခက်အခဲတွေရှိလာပါတယ်။

ယင်း အခြေအနေမျိုးအတွက် ကုထုံး များကို သုတေသီများက အဓိကထား ရှာဖွေ နေကြခြင်းဖြစ်ပါတယ်။ ယင်း သုတေသနများထဲတွင် အခြားသော ရောင်ရမ်းခြင်းရောဂါများအတွက် သုံးသည့်ဆေးဝါးများကို အရေးကြီး စိတ်ကျဝေဒနာခံစားနေရသူတွေမှာ သုံးနိုင်ခြင်း ရှိမရှိ စစ်ဆေးဖို့လည်း ပါဝင်ပါတယ်။

 သုတေသနတွင် ဦးနှောက်ရောင်ရမ်းမှုကို PET ပုံရိပ် ဖော်စနစ်ဖြင့် စစ်ဆေးခဲ့ပါတယ်။ ဦးနှောက်ဆဲလ်တွေဖြစ်တဲ့ microglia ဆဲလ်တွေက ထိခိုက်ဒဏ်ရာနဲ့ မတော်တဆမှုတွေမှာ ပုံမှန်ရောင် ရမ်းခြင်း တုန့်ပြန်မှုကို ဖြစ်စေပါ တယ်။

ဒါပေမဲ့ ရောင်ရမ်းခြင်းအလွန် များတဲ့အခြေအနေတွေက ဇရာ ကြောင့်ဖြစ်တဲ့ ရောဂါများနဲ့သာမက စိတ်ကျဝေဒနာနဲ့ပါ ဆက်စပ်နေပါ တယ်။ ဦးနှောက်ထဲက ရောင်ရမ်း ခြင်းဖြစ်စေတဲ့ microglia ဆဲလ်တွေ လှုပ်ရှားလာတဲ့အခါ PET ပုံရိပ်ဖော်စက်မှာတွေ့ရှိနိုင်တဲ့ Translocator protein (TSPO) တွေကို ပိုထုတ် ပေးပါတယ်။

သုတေသနမှာ စိတ်ကျ ဝေဒနာကို ၁၀ နှစ်အထက်ခံစားနေရ တဲ့ဝေဒနာရှင် ၂၅ ဦး၊ ၁၀ နှစ် အောက်ခံစားနေရတဲ့ဝေဒနာရှင် ၂၅ ဦးနဲ့ စိတ်ကျဝေဒနာမရှိတဲ့လူ ၃၀ ဦး ပါဝင်ခဲ့ပါတယ်။ ရလဒ်ကတော့ TSPO ပမာဏက ကုသမှုမခံယူထား တဲ့ ကာလရှည် စိတ်ကျဝေဒနာခံစား နေရတဲ့သူတွေမှာ ကာလတို စိတ်ကျ ဝေဒနာခံစားရပြီး ကုသမှုမခံယူထား သူများထက် ၃၀% ပိုများနေတာ တွေ့ခဲ့ရပါတယ်။

ဒါကြောင့် သုတေသီတွေက ပြင်းထန် စိတ်ကျ ဝေဒနာကို ကာလရှည်ခံနေရတဲ့ လူနာတွေကို သေချာရွေးထုတ်ပြီး ထပ်ပေါင်းကုထုံးတွေပေးသင့်တယ် လို့ အကြံပြုထားပါတယ်။ လက်ရှိ အချိန်ထိတော့ ဘယ်လိုကုသရမယ် ဆိုတာ မသိသေးတဲ့အတွက် သုတေသနများ ဆက်လက်လုပ် ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

Credit:thithtoolwin

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top