iMyanmarHouse.com - Best Property Website for Myanmar
×


ဒီကိစၥမ်ိဳးက အိမ္ ေထာင္သက္တမ္း ရင့္လာတဲ့ လင္မယားေတြမွာ မၾကာခဏအေတြ႔မ်ားတဲ့ ကိစၥပါ။ ခင္ပြန္းနဲ႔ ဇနီးဆိုတာ ခြဲမအိပ္ေကာင္းဘူးဆိုျပီး ထင္တတ္ၾကတဲ့ သူေတြလည္း အမ်ားၾကီးပါပဲ။ တကယ္ေတာ့ ဒါဟာ ျပႆနာလို႔ေတာင္ ေခါင္းစဥ္တပ္လို႔ မရတဲ့ ပံုမွန္အေျခအေနတစ္ရပ္ပါပဲ။ အိမ္ေထာင္ သက္တမ္းၾကာလာမွ မဟုတ္ပါဘူး။

တျခားေသာ ကိစၥ၊ အေၾကာင္းရင္းေတြေၾကာင့္လည္း ကုတင္ခြဲအိပ္တာမ်ိဳးေတြ ရွိပါတယ္။ လူေတြထင္ထားၾကသလို ကုတင္ခြဲအိပ္တာ အိမ္ေထာင္ပ်က္ဖို႔ လမ္းစဆိုတာမ်ိဳးေတာ့ လံုးဝမဟုတ္ပါဘူး။ အဓိကကေတာ့ ကာယကံရွင္ ၂ဦးက အျပန္အလွန္ ညွိႏႈိင္းျပီး သေဘာတူညီမႈရယူထားဖို႔ေတာ့ လိုတာေပါ့။
အိမ္ေထာင္သည္ေတြ ကုတင္ခြဲအိပ္ရတဲ့ အေၾကာင္းရင္းေတြ

၁။ အလုပ္အကိုင္ေၾကာင့္

၂ဦးလံုး အလုပ္လုပ္ေနတဲ့ အိမ္ေထာင္တစ္ခုမွာ အမ်ိဳးသားက ညေတာ္ေတာ္ေနာက္က်တဲ့အထိ အလုပ္လုပ္ေနရျပီး အမ်ိဳးသမီးက မနက္အေစာၾကီးထျပီး ခ်က္ျပဳတ္ျပင္ဆင္ရ၊ အလုပ္သြားရတာမ်ိဳးေတြ ရွိပါတယ္။

ဒီေတာ့ ကိုယ့္ရဲ႕ တစ္ေန႔တာအိပ္ခ်ိန္မွာ ဘယ္လိုအေႏွာင့္အယွက္မ်ိဳးမွ မရွိဘဲ ေကာင္းေကာင္းမြန္မြန္ အိပ္စက္အနားယူဖို႔ ဆံုးျဖတ္ခ်က္ခ်တဲ့အေနနဲ႔ ကုတင္ခြဲအိပ္တတ္ၾကပါတယ္။

၂။ ညဘက္မွာ ေကာင္းစြာ အိပ္မေပ်ာ္ႏိုင္တာေၾကာင့္

လင္မယား ၂ဦးမွာ တစ္ဦးက Insomnia လို႔ ေခၚတဲ့ ညဘက္ေကာင္းေကာင္း အိပ္မေပ်ာ္ႏိုင္တဲ့ ေရာဂါ၊ အိပ္ေပ်ာ္ဖို႔အတြက္ အခ်ိန္ယူရတာမ်ိဳးေတြ၊ အိပ္ေပ်ာ္ဖို႔ ခဲယဥ္းတဲ့ အေျခအေနမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

ဒီေတာ့ ကိုယ္က ေကာင္းေကာင္းအိပ္ေပ်ာ္ဖို႔အတြက္ အားယူေနရတဲ့အခ်ိန္မွာ ေဘးမွာ အိပ္ေနတဲ့ ကိုယ့္အိမ္ေထာင္ဖက္က ခဏခဏ လူးလိမ့္ေနတာ၊ ဆီးထထသြားေနတာ၊ ေဟာက္ေနတာမ်ိဳးဆိုရင္ ၾကာရင္ အဆင္ေျပမွာ မဟုတ္ပါဘူး။ ဒီအေၾကာင္းရင္းေၾကာင့္လည္း လင္မယားခ်င္း အခန္းခြဲအိပ္ဖို႔ ဆံုးျဖတ္ခ်က္ခ်တာမ်ိဳးေတြ ရွိပါတယ္။

၃။ ကေလးထပ္မယူခ်င္ေတာ့တာ

လင္မယားေတြအေနနဲ႔ ကေလးထပ္မယူေတာ့ဖို႔ ဆံုးျဖတ္လိုက္တာ၊ အိမ္ေထာင္သက္တမ္း ၾကာလာျပီးတဲ့ေနာက္ လိင္မႈကိစၥန႔ဲ ပတ္သက္ျပီး တစ္ေယာက္ သို႔မဟုတ္ ႏွစ္ေယာက္လံုးက သိပ္ျပီး စိတ္မပါေတာ့တာေၾကာင့္လည္း ကုတင္ခြဲအိပ္ႏိုင္ပါတယ္။

ကုတင္ခြဲအိပ္တဲ့ ကိစၥနဲ႔ ပတ္သက္ျပီး စိုးရိမ္စရာရွိလား။ ရွိခဲ့ရင္ေရာ ဘယ္လိုေျဖရွင္းမလဲ။

ကာယကံရွင္ ႏွစ္ဦးလံုး သေဘာတူ ညွိႏႈိင္းထားျပီးသား ကိစၥျဖစ္တဲ့အတြက္ မ်ားေသာအားျဖင့္ စိတ္ပူစရာေတာ့ မရွိပါဘူး။ ဒါေပမဲ့ ဒီကုတင္ခြဲအိပ္တဲ့ ကိစၥေၾကာင့္ အိမ္ေထာင္ေရး၊ မိသားစုမွာ ျပႆနာ၊ ရန္ျဖစ္စရာေတြ ၾကံဳလာျပီဆုိရင္ေတာ့ ေသခ်ာျပန္စဥ္းစားၾကည့္သင့္ပါတယ္။

အိမ္ေထာင္တစ္ခု သာယာဖို႔ဆိုတာ ႏွစ္ဦးႏွစ္ဖက္လံုး စိတ္ေက်နပ္ ေပ်ာ္ရႊင္ဖို႔ လိုအပ္သလို၊ ခင္ပြန္းနဲ႔ ဇနီးအေနနဲ႔လည္း အျမဲမဟုတ္ရင္ေတာင္ တစ္ခါတေလေတာ့ ၾကင္ၾကင္နာနာ စကားေျပာတာ၊ အတူဖက္ထားတာ၊ လက္ပြန္းတသီးေနတာမ်ိဳးေတြ ရွိသင့္ပါတယ္။

ေနာက္တစ္ခု သတိထားဖို႔က ကုတင္ခြဲအိပ္ဖို႔ ဆံုးျဖတ္ျပီးတဲ့တိုင္ေအာင္ ရံုးပိတ္ရက္၊ အားလပ္ခ်ိန္ေလးမွာ တစ္ရက္တေလ ကိုယ့္ခ်စ္ရသူနဲ႔ တစ္ကုတင္တည္း ျပန္ျပီး အိပ္ဖို႔ပါ။ ညလံုးေပါက္ မဟုတ္ရင္ေတာင္ အခ်ိန္အတိုင္းအတာ တစ္ခုေလာက္အထိေပါ့။

ဒီကုတင္ခြဲအိပ္တဲ့ ကိစၥေၾကာင့္ ကိုယ့္ရဲ႕ စိတ္မွာ အထီးက်န္တဲ့ စိတ္ေတြ ျဖစ္လာတာ၊ ခ်စ္ရသူနဲ႔ စိတ္ခ်င္းေဝးသြားသလို ခံစားေနရတာ၊ ဒါမွမဟုတ္ တျခား စိတ္မေက်နပ္စရာ ကိစၥတစ္စံုတစ္ရာ ရွိလာခဲ့ရင္လည္း ဒီအတိုင္း ျမိဳသိပ္ထားတာထက္ ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္ကို ပြင့္ပြင့္လင္းလင္း ဖြင့္ေျပာျပသင့္ပါတယ္။

ဒါမွပဲ ျပႆနာမီး ျငိမ္းေအးဖို႔ ၂ဦးသား အေျဖတစ္ခုကို ရွာႏိုင္မွာေပါ့။ လံုးဝအေျဖရွာလို႔ မရဘူးဆိုရင္လည္း ကၽြမ္းက်င္တဲ့ အိမ္ေထာင္ေရးဆိုင္ရာ အတိုင္ပင္ခံေတြ ဒါမွမဟုတ္ စိတ္ကုထံုးပညာရွင္ေတြနဲ႔ ေသခ်ာတိုင္ပင္ၾကည့္လို႔ ရပါတယ္။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ဒီကိစ္စမျိုးက အိမ်ထောင်သက်တမ်း ရင့်လာတဲ့ လင်မယားတွေမှာ မကြာခဏအတွေ့များတဲ့ ကိစ္စပါ။ ခင်ပွန်းနဲ့ ဇနီးဆိုတာ ခွဲမအိပ်ကောင်းဘူးဆိုပြီး ထင်တတ်ကြတဲ့ သူတွေလည်း အများကြီးပါပဲ။ တကယ်တော့ ဒါဟာ ပြဿနာလို့တောင် ခေါင်းစဉ်တပ်လို့ မရတဲ့ ပုံမှန်အခြေအနေတစ်ရပ်ပါပဲ။ အိမ်ထောင် သက်တမ်းကြာလာမှ မဟုတ်ပါဘူး။

တခြားသော ကိစ္စ၊ အကြောင်းရင်းတွေကြောင့်လည်း ကုတင်ခွဲအိပ်တာမျိုးတွေ ရှိပါတယ်။ လူတွေထင်ထားကြသလို ကုတင်ခွဲအိပ်တာ အိမ်ထောင်ပျက်ဖို့ လမ်းစဆိုတာမျိုးတော့ လုံးဝမဟုတ်ပါဘူး။ အဓိကကတော့ ကာယကံရှင် ၂ဦးက အပြန်အလှန် ညှိနှိုင်းပြီး သဘောတူညီမှုရယူထားဖို့တော့ လိုတာပေါ့။
အိမ်ထောင်သည်တွေ ကုတင်ခွဲအိပ်ရတဲ့ အကြောင်းရင်းတွေ

၁။ အလုပ်အကိုင်ကြောင့်

၂ဦးလုံး အလုပ်လုပ်နေတဲ့ အိမ်ထောင်တစ်ခုမှာ အမျိုးသားက ညတော်တော်နောက်ကျတဲ့အထိ အလုပ်လုပ်နေရပြီး အမျိုးသမီးက မနက်အစောကြီးထပြီး ချက်ပြုတ်ပြင်ဆင်ရ၊ အလုပ်သွားရတာမျိုးတွေ ရှိပါတယ်။

ဒီတော့ ကိုယ့်ရဲ့ တစ်နေ့တာအိပ်ချိန်မှာ ဘယ်လိုအနှောင့်အယှက်မျိုးမှ မရှိဘဲ ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူဖို့ ဆုံးဖြတ်ချက်ချတဲ့အနေနဲ့ ကုတင်ခွဲအိပ်တတ်ကြပါတယ်။

၂။ ညဘက်မှာ ကောင်းစွာ အိပ်မပျော်နိုင်တာကြောင့်

လင်မယား ၂ဦးမှာ တစ်ဦးက Insomnia လို့ ခေါ်တဲ့ ညဘက်ကောင်းကောင်း အိပ်မပျော်နိုင်တဲ့ ရောဂါ၊ အိပ်ပျော်ဖို့အတွက် အချိန်ယူရတာမျိုးတွေ၊ အိပ်ပျော်ဖို့ ခဲယဉ်းတဲ့ အခြေအနေမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒီတော့ ကိုယ်က ကောင်းကောင်းအိပ်ပျော်ဖို့အတွက် အားယူနေရတဲ့အချိန်မှာ ဘေးမှာ အိပ်နေတဲ့ ကိုယ့်အိမ်ထောင်ဖက်က ခဏခဏ လူးလိမ့်နေတာ၊ ဆီးထထသွားနေတာ၊ ဟောက်နေတာမျိုးဆိုရင် ကြာရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီအကြောင်းရင်းကြောင့်လည်း လင်မယားချင်း အခန်းခွဲအိပ်ဖို့ ဆုံးဖြတ်ချက်ချတာမျိုးတွေ ရှိပါတယ်။

၃။ ကလေးထပ်မယူချင်တော့တာ

လင်မယားတွေအနေနဲ့ ကလေးထပ်မယူတော့ဖို့ ဆုံးဖြတ်လိုက်တာ၊ အိမ်ထောင်သက်တမ်း ကြာလာပြီးတဲ့နောက် လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး တစ်ယောက် သို့မဟုတ် နှစ်ယောက်လုံးက သိပ်ပြီး စိတ်မပါတော့တာကြောင့်လည်း ကုတင်ခွဲအိပ်နိုင်ပါတယ်။

ကုတင်ခွဲအိပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်စရာရှိလား။ ရှိခဲ့ရင်ရော ဘယ်လိုဖြေရှင်းမလဲ။

ကာယကံရှင် နှစ်ဦးလုံး သဘောတူ ညှိနှိုင်းထားပြီးသား ကိစ္စဖြစ်တဲ့အတွက် များသောအားဖြင့် စိတ်ပူစရာတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီကုတင်ခွဲအိပ်တဲ့ ကိစ္စကြောင့် အိမ်ထောင်ရေး၊ မိသားစုမှာ ပြဿနာ၊ ရန်ဖြစ်စရာတွေ ကြုံလာပြီဆိုရင်တော့ သေချာပြန်စဉ်းစားကြည့်သင့်ပါတယ်။

အိမ်ထောင်တစ်ခု သာယာဖို့ဆိုတာ နှစ်ဦးနှစ်ဖက်လုံး စိတ်ကျေနပ် ပျော်ရွှင်ဖို့ လိုအပ်သလို၊ ခင်ပွန်းနဲ့ ဇနီးအနေနဲ့လည်း အမြဲမဟုတ်ရင်တောင် တစ်ခါတလေတော့ ကြင်ကြင်နာနာ စကားပြောတာ၊ အတူဖက်ထားတာ၊ လက်ပွန်းတသီးနေတာမျိုးတွေ ရှိသင့်ပါတယ်။

နောက်တစ်ခု သတိထားဖို့က ကုတင်ခွဲအိပ်ဖို့ ဆုံးဖြတ်ပြီးတဲ့တိုင်အောင် ရုံးပိတ်ရက်၊ အားလပ်ချိန်လေးမှာ တစ်ရက်တလေ ကိုယ့်ချစ်ရသူနဲ့ တစ်ကုတင်တည်း ပြန်ပြီး အိပ်ဖို့ပါ။ ညလုံးပေါက် မဟုတ်ရင်တောင် အချိန်အတိုင်းအတာ တစ်ခုလောက်အထိပေါ့။

ဒီကုတင်ခွဲအိပ်တဲ့ ကိစ္စကြောင့် ကိုယ့်ရဲ့ စိတ်မှာ အထီးကျန်တဲ့ စိတ်တွေ ဖြစ်လာတာ၊ ချစ်ရသူနဲ့ စိတ်ချင်းဝေးသွားသလို ခံစားနေရတာ၊ ဒါမှမဟုတ် တခြား စိတ်မကျေနပ်စရာ ကိစ္စတစ်စုံတစ်ရာ ရှိလာခဲ့ရင်လည်း ဒီအတိုင်း မြိုသိပ်ထားတာထက် ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြသင့်ပါတယ်။

ဒါမှပဲ ပြဿနာမီး ငြိမ်းအေးဖို့ ၂ဦးသား အဖြေတစ်ခုကို ရှာနိုင်မှာပေါ့။ လုံးဝအဖြေရှာလို့ မရဘူးဆိုရင်လည်း ကျွမ်းကျင်တဲ့ အိမ်ထောင်ရေးဆိုင်ရာ အတိုင်ပင်ခံတွေ ဒါမှမဟုတ် စိတ်ကုထုံးပညာရှင်တွေနဲ့ သေချာတိုင်ပင်ကြည့်လို့ ရပါတယ်။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top