iMyanmarHouse.com - Best Property Website for Myanmar
×

(၁ ဒသမ ၅) ကီလိုဂရမ္ေလာက္သာ ေလးေသာ ေပ်ာ့ေပ်ာ့အိအိ ဦးေႏွာက္တံုးေလးသည္ စၾက၀ဠာထဲတြင္ လူသားတို႔ သိဖူးျမင္ဖူးသမွ် အရာမ်ားအနက္ အ႐ႈပ္ေထြးဆံုး၊ အနက္နဲအသိမ္ေမြ႔ဆံုးဟု ဆိုလွ်င္ မည္သူမွ် ျငင္းမည္မထင္။ ဦးေႏွာက္ကို တစ္ကယ္တမ္းသာ ခိုင္းမည္ဆိုပါက ယေန႔ အေကာင္းဆံုးဆိုေသာ စူပါကြန္ပ်ဴတာမ်ားသည္ပင္ ျပႆနာ ေျဖရွင္းႏုိင္စြမ္း၊ တီထြင္ဆန္းသစ္ႏုိင္စြမ္း၊ ဖန္တီးႏုိင္စြမ္း စသျဖင္႔ ဘက္စံု အရည္အခ်င္းတြင္ ဦးေႏွာက္ႏွင့္ ယွဥ္သည့္အခါ ေနာက္တြင္ မိုင္နဲ႔ခ်ီ ျပတ္က်န္ခဲ့လိမ့္မည္။ ဦးေႏွာက္ကို စြမ္းေဆာင္ရည္ က်ဆင္းေစေသာ အယ္လ္ဇိုင္းမားကဲ့သို႔ ေရာဂါမ်ား က်ေရာက္လာသည့္အခါ ဦးေႏွာက္၏ အံမခန္း စြမ္းေဆာင္ရည္မ်ားကို အနိမ့္ဆံုးသုိ႔ ဆြဲခ်ပစ္ႏုိင္သည္။ သို႔ျဖစ္ရာ လူသားကို ထိုမွ် အက်ဳိးျပဳ ေနေသာ ဦးေႏွာက္ကို က်န္းမာေအာင္ထားဖို႔သည္ လူသား၏ အဓိကအလုပ္ျဖစ္သည္။
၀မ္းသာစရာ တစ္ခုကား ခႏၶာကိုယ္ကို က်န္းမာေအာင္ ထားျခင္းသည္ ဦးေႏွာက္ကိုပါ က်န္းမာေစေသာ အက်ဳိးရွိေနျခင္း ျဖစ္သည္။ သို႔ျဖစ္ေသာေၾကာင့္ လူကို က်န္းမာေစေသာ ဘ၀ေနမႈပံုစံကိုသာ က်င့္သံုးပါ၊ ဦးေႏွာက္ပါ လိုက္က်န္းမာေနမည္ဟု ဆိုႏိုင္သည္။ ေအာက္တြင္ ဦးေႏွာက္ က်န္းမာေရးကိုပါ ေကာင္းေစမည့္ က်န္းမာေသာ လူမႈပံုစံေလးခုကို တင္ျပပါမည္။
၁။ က်စ္လ်စ္ျဖတ္လတ္ေသာ ခႏၶာကိုယ္ ရွိေနေအာင္ ထိန္းသိမ္းပါ။
လူတိုင္းသိၿပီးသား အႀကံျပဳခ်က္ တစ္ခုသာ ျဖစ္သည္ဟု စာဖတ္သူ ဆိုခ်င္လိမ့္မည္။ မွန္သည္။ လူတိုင္း သိၿပီးျဖစ္ေသာ္လည္း လူေတာ္ေတာ္မ်ားမ်ား လိုက္နာဖို႔ ေမ့ေနေသာ အႀကံျပဳခ်က္လည္း ျဖစ္သည္။ တစ္ကယ္လုပ္ပါက လူကို တကယ္က်န္းမာေစေသာ အႀကံျပဳခ်က္လည္း ျဖစ္သည္။ ခႏၶာကို က်န္းမာသြက္လက္ျခင္းသည္ ဦးေႏွာက္ကိုပါ သက္ရွည္က်န္းမာေစေၾကာင္း လူေတာ္ေတာ္မ်ားမ်ား သတိမထားမိဘဲ ရွိေနျခင္းသည္လည္း စိတ္မေကာင္းဖြယ္ တစ္ခ်က္ျဖစ္သည္။ ဦးေႏွာက္ႏွင့္ ခႏၶာကိုယ္သည္ အျပန္အလွန္ ဆက္စပ္အက်ဳိးျပဳေနၾကသည္။ ခႏၶာကိုယ္ လႈပ္ရွားမႈမ်ားေၾကာင့္ ၾကြက္သားမ်ားသည္ ဦးေႏွာက္အတြက္ အက်ဳိးျဖစ္ေစေသာ ေမာ္လီက်ဴးမ်ား ထုတ္ေပးသည္။
ခႏၶာကိုယ္ သြက္လက္လႈပ္ရွားသျဖင့္ ေသြးလွည့္ပတ္မႈေကာင္းကာ ဦးေႏွာက္သို႔ ေသြးလံုလံုေလာက္ေလာက္ ေရာက္သျဖင့္ ဦးေႏွာက္ဆဲလ္သစ္မ်ား ျဖစ္ထြန္းႏႈန္းလည္း မ်ားျပားသည္။ ဆဲလ္မ်ားၾကား ကြန္ရက္ခ်ိတ္ဆက္ႏႈန္းလည္း အားေကာင္းလာသျဖင့္ ဦးေႏွာက္၏ တြက္ခ်က္ႏုိင္စြမ္း၊ ဖန္တီးႏုိင္စြမ္းမ်ား ပိုေကာင္းလာရသည္။ လက္ေတြ႔ေလ့လာမႈမ်ားအရလည္း သြက္လက္လႈပ္ရွားသူမ်ားသည္ အယ္လ္ဇိုင္းမား အပါအ၀င္ ဦးေႏွာက္စြမ္းရည္ က်ဆင္းေစေသာ ေရာဂါကပ္ၿငိမႈ နည္းပါးၾကေၾကာင္း ေတြ႔ရသည္။ သြက္လက္ လႈပ္ရွားေသာ ဘ၀ေနမႈပံုစံသည္ ဦးေႏွာက္ ယိုယြင္းမႈႈကိုသာမက စိတ္က်ျခင္းမ်ားကိုပါ ကာကြယ္ေပးႏုိင္စြမ္း ရွိသည္။
၂။ စိတ္ႏိုးႏိုးၾကားၾကား တက္တက္ၾကြၾကြေနပါ။
ဦးေႏွာက္ဟူသည္ သိမ္းထားလွ်င္ ေဟာင္းျမင္းျပဳန္းတီးသြားေသာ အရာျဖစ္၏။ အသံုးခ်ေလ ထက္ျမက္ေလ ဟူေသာ အမ်ဳိးအစား ျဖစ္၏။ ဦးေႏွာက္ကို မ်ားမ်ား အလုပ္ေပးပါမွ ဦးေႏွာက္တြင္းရွိ သတင္းအခ်က္အလက္ သယ္ေဆာင္ေသာ ႏ်ဴရြန္ ေလးမ်ားသည္ အသစ္အသစ္ အေၾကာင္းအရာမ်ားအတြက္ ကြန္ရက္ခ်ိတ္ဆက္မႈ ပိုက်ယ္ျပန္႔လာကာ ဦးေႏွာက္၏ လုပ္ေဆာင္ႏုိင္စြမ္းလည္း ပိုတက္လာျခင္း ျဖစ္သည္။ လက္ေတြ႔ေလ႔လာမႈမ်ားအရလည္း ဦးေႏွာက္ကို အသစ္အသစ္မ်ားနဲ႔ မ်ားမ်ား ထိေတြ႔ေပးသူမ်ားသည္ ဦးေႏွာက္တြင္း ႏ်ဴရြန္ကြန္ရက္ ခ်ိတ္ဆက္မႈ ပိုက်ယ္ျပန္႔ ေနေၾကာင္း ေတြ႔ရၿပီး ဦးေႏွာက္စြမ္းရည္က် ေရာဂါျဖစ္ပြားႏႈန္းလည္း နည္းပါးေၾကာင္း ေတြ႔ရသည္။ ဦးေႏွာက္သည္လည္း ေသြးသားႏွင့္ ဖြဲ႔စည္းထားေသာ အရာသာ ျဖစ္ေသာေၾကာင့္ အခ်ိန္ႏွင့္အမွ် ယိုယြင္းပ်က္စီးလ်က္ရွိသည္။ ဦးေႏွာက္ဆဲလ္မ်ားသည္လည္း သူ႔ကာလနဲ႔သူ ပ်က္စီး ေသဆံုးသြားၾကသည္။ ေသဆံုးသြားသည့္ ဆဲလ္မ်ားေနရာမွာ အသစ္အသစ္မ်ားက ၀င္အစားျဖည့္သည္။
လူတစ္ဦးနဲ႔တစ္ဦး ထိုသို႔ ၀င္အစားျဖည့္ေပးႏုိင္ႏႈန္းခ်င္း ကြာျခားၾကသည္။ သြက္လက္တက္ၾကြသူမ်ားသည္ ခႏၶာကိုယ္ ေသြးလွည့္ပတ္မႈစနစ္ ေကာင္းမြန္ေသာေၾကာင့္ ဦးေႏွာက္ကို ေသြးလံုေလာက္စြာ ေရာက္ရွိသျဖင့္ ဆဲလ္သစ္မ်ား ျဖစ္ထြန္းဖို႔ ကုန္ၾကမ္း လံုေလာက္သျဖင္႔ လိုအပ္သမွ် ဆဲလ္သစ္မ်ားကို အခ်ိန္မီထုတ္ လုပ္ေပးႏုိင္သည္။ သြက္လက္တက္ၾကြျခင္း မရွိသူမ်ားသည္ကား ဆဲလ္သစ္ ထုတ္လုပ္ေပးႏုိင္ႏႈန္းက ပ်က္စီးႏႈန္းကို မမီဘဲ ျဖစ္တတ္ရာ ၾကာလာေလ ဦးေႏွာက္စြမ္းေဆာင္ရည္ က်ဆင္းေလ ျဖစ္လာရသည္။ ဥပမာ တီဗီေရွ႕ အခ်ိန္ၾကာၾကာ ထိုင္ၾကည့္ေလ့ရွိသူမ်ားသည္ မလႈပ္သျဖင္႔ တက္ၾကြေသာ ခႏၶာကိုယ္ကိုလည္း ဆံုး႐ံႈးကာ ဦးေႏွာက္ဆဲလ္သစ္ ျဖစ္ထြန္းမႈပါ ထိခုိက္သလို၊ တီဗီကိုသာ ထပ္ကာထပ္ကာ ၾကည့္ေနျခင္းေၾကာင့္လည္း ဦးေႏွာက္သည္ အေၾကာင္းရာသစ္ မ၀င္သျဖင့္ ႏ်ဴရြန္မ်ား ကြန္ရက္အသစ္ ခ်ဲ႕စရာမရွိသျဖင္႔ ႏွစ္ထပ္ကြမ္း ဦးေႏွာက္က်ဳံ႕ ဆိုးက်ဳိး ခံစားၾကရသည္။
သို႔ျဖစ္ရာ လူက တက္ၾကြစြာ ေနဖို႔အျပင္ ဦးေႏွာက္တြင္း ကြန္ရက္ ခ်ိတ္ဆက္မႈအား ေကာင္းေစဖို႔ ဦးေႏွာက္ကို အေၾကာင္းအရာ အသစ္အသစ္မ်ားနဲ႔ ႏိႈးဆြေပးဖို႔လည္း လိုအပ္ေနသည္။ ဦးေႏွာက္ကို ဘာအေၾကာင္းအရာမ်ားျဖင့္ ႏိႈးဆြမည္ကား ပံုေသ သတ္မွတ္ခ်က္မရွိ။ လူတစ္ဦးခ်င္း၏ အေျခအေနႏွင့္ လိုက္ဖက္ေသာ နည္းလမ္းမ်ားကို ၪာဏ္ရွိသလို အသံုးျပဳႏုိင္သည္။
၃။ က်န္းမာေရးနဲ႔ ညီေအာင္ စားပါ။
အာဟာရျပည့္၀ေသာ စားေသာက္စရာ မ်ားသည္ ခႏၶာကိုယ္ကို က်န္းမာေစ႐ံုသာမက ဦးေႏွာက္ကိုလည္း လန္းဆန္းေစႏုိင္ေၾကာင္း သိပါရဲ႕လား။ အစားအေသာက္ေတြက ထြက္လာေသာ အာဟာရဓာတ္ အမ်ားအျပားသည္ ေသြးထဲ၀င္ၿပီးေနာက္ ဦးေႏွာက္ထဲကို ျဖတ္သန္းၾကသည္ကို သတိရၾကပါ။ အာဟာရဓာတ္မ်ားသည္ ဦးေႏွာက္ကိုပါ ေသြးထဲကတစ္ဆင့္ တိုက္႐ိုက္ ထိခိုက္ သက္ေရာက္မႈ ရွိသည္ကို မေမ့သင့္။ ထို႔ေၾကာင့္ အာဟာရဓာတ္မ်ားသည္ ဦးေႏွာက္ဆဲလ္မ်ား က်န္းမာေရးကို တိုက္႐ိုက္အက်ဳိးျပဳသလို၊ ဦးေႏွာက္ ယိုယြင္း၊ အိုမင္းျခင္းမ်ားကိုပါ တိုက္ဖ်က္ေပးႏုိင္စြမ္း တကယ္ရွိေနသည္။
ခႏၶာကိုယ္က စားေသာက္ေသာ အစာကို အာဟာရျပည့္ေအာင္ ဂ႐ုစိုက္ျခင္းျဖင့္ က်န္းမာေသာ ႏွလံုး၊ က်န္းမာေသာ ေသြးလွည့္ပတ္စနစ္၊ က်န္းမာေသာ ခုခံအားစနစ္၊ က်န္းမာေသာ ခႏၶာဇီ၀စနစ္မ်ားက ခႏၶာကိုယ္ ထိပ္ပိုင္းရွိ ဦးေခါင္းကိုေရာ အက်ဳိးမျပဳဘူးဟု မည္သူေျပာႏုိင္မည္နည္း။ က်န္းမာေစေသာ အစားအစာမ်ားေၾကာင့္ ခႏၶာကိုယ္တစ္ခုလံုးက နာ့ဗ္ေၾကာမ်ားကိုလည္း က်န္းမာေစမည္သာ။ နာ့ဗ္ေၾကာမ်ားဟူသည္ ဦးေႏွာက္ႏွင့္ ခႏၶာကိုယ္ တစ္ခုလံုးကို ဆက္သြယ္ေပးထားေသာ အေ၀းေျပး လမ္းမႀကီးမ်ား ျဖစ္၏။
၄။ သိပ္ စိတ္မဖိစီးနဲ႔။
ဦးေႏွာက္ အပါအ၀င္ လူ႔ခႏၶာကိုယ္ တစ္ခုလံုးသည္ ႏွစ္ေထာင္ေပါင္းမ်ားစြာ အခ်ိန္ယူ၍ ပိုေကာင္းသည္ထက္ေကာင္းေအာင္ အဆင့္ဆင့္ ဖြံ႔ၿဖိဳးခဲ႔ရျခင္း ျဖစ္သည္။ လူသားတို႔ ဂူေအာင္းေနထိုင္ကာ အမဲလိုက္ၿပီး အသက္ေမြး ရွင္သန္ၾကတုန္းက “တိုက္မလား၊ ေျပးမလားကို အလိုေလ်ာက္ တံု႔ျပန္စနစ္ျဖင္႔ ဆံုးျဖတ္ေပးႏုိင္ေသာ ဦးေႏွာက္၏ အစြမ္းသည္ လူသားမ်ားကို သားရဲမ်ား အႏၲရာယ္မွ လြတ္ေျမာက္ေအာင္ ကူညီခဲ့သလို၊ စားစရာရဖို႔၊ ဆက္လက္ ရွင္သန္ႏုိင္ဖို႔ပါ ကူညီခဲ့သည္။ ဂူေအာင္လူသားမ်ားေခတ္က တိုက္မလား၊ ေျပးမလား ကဲ့သို႔ စိတ္ဖိစီးမႈ အေျခအေနမ်ဳိးက နည္းပါးသည္။ ယေန႔ (၂၁) ရာစု လူသားမ်ားအဖို႔ကား တိုက္မလား၊ ေျပးမလား စိတ္ဖိစီးစရာေတြက မ်ားလြန္းသည္။
တိုက္မလား၊ ေျပးမလား စိတ္ဖိစီးမႈသည္ လူသားကို အခက္အခဲမ်ားေအာက္ကေန ရွင္သန္ႏုိင္ေအာင္ ကူညီခဲ့သည္ မွန္ေသာ္လည္း ထိုစိတ္သည္ ခႏၶာကိုယ္ စြမ္းအင္ရင္းျမစ္ကို အလြန္အမင္း အသံုးခ်သျဖင့္ ထိုစိတ္မ်ဳိး မၾကာမၾကာျဖစ္ျခင္းသည္ ခႏၶာကိုယ္ကို အဆိပ္ခတ္ရာ ေရာက္သည္။ ထိုသို႔ စိတ္ဖိစီးမႈမ်ဳိး ျဖစ္ျခင္းသည္ ဦးေႏွာက္ကို အထိခိုက္ဆံုး ျဖစ္သည္။ စိတ္ဖိစီးမႈေၾကာင့္ ဦးေႏွာက္ဆဲလ္မ်ား ပ်က္စီးရသည္။ ဘ၀ေနမႈပံုစံကို သင့္ေတာ္ေအာင္ ျပင္ယူျခင္းျဖင္႔ စိတ္ဖိစီးမႈ ေလ်ာ့နည္းေအာင္ ႀကိဳးပမ္းယူရမည္။ စိတ္တည္ၿငိမ္ေအာင္၊ ဖိစီးမႈမ်ားကိုခံႏိုင္ေအာင္ တရားထိုင္နည္း အမ်ဳိးမ်ဳိးသည္ စိတ္မဖိစီးမႈ၏ အဆိပ္သင့္ ဒဏ္ကေန ဦးေႏွာက္ကို ကာကြယ္ေပးႏုိင္စြမ္း ရွိသည္။ က်န္းမာေရး ေလ့က်င့္ခန္းမ်ား လုပ္ျခင္းသည္လည္း စိတ္ဖိစီးမႈက်ေစေသာ အေၾကာင္းရင္း ျဖစ္သည္။ လူတစ္ဦးခ်င္းအလိုက္ ကိုယ္နဲ႔ကိုက္သည့္ က်န္းမာေရး ေလ့က်င့္ခန္းမ်ား လုပ္ႏုိင္သည္။ စိဖိစီးမႈကို ေလ်ာ့က်ေစမည့္ ေနာက္ထပ္ နည္းေကာင္းတစ္ရပ္မွာ အိပ္ေရး၀ေအာင္ အိပ္ဖို႔ ျဖစ္သည္။ အိပ္ခ်ိန္ ပံုမွန္ရွိျခင္းသည္ ခႏၶာကိုယ္အတြက္ေရာ ဦးေႏွာက္အတြက္ပါ ေကာင္းေသာ အေလ့အက်င့္ ျဖစ္၏။

Credit:Min Thu
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

(၁ ဒသမ ၅) ကီလိုဂရမ်လောက်သာ လေးသော ပျော့ပျော့အိအိ ဦးနှောက်တုံးလေးသည် စကြဝဠာထဲတွင် လူသားတို့ သိဖူးမြင်ဖူးသမျှ အရာများအနက် အရှုပ်ထွေးဆုံး၊ အနက်နဲအသိမ်မွေ့ဆုံးဟု ဆိုလျှင် မည်သူမျှ ငြင်းမည်မထင်။ ဦးနှောက်ကို တစ်ကယ်တမ်းသာ ခိုင်းမည်ဆိုပါက ယနေ့ အကောင်းဆုံးဆိုသော စူပါကွန်ပျူတာများသည်ပင် ပြဿနာ ဖြေရှင်းနိုင်စွမ်း၊ တီထွင်ဆန်းသစ်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်း စသဖြင့် ဘက်စုံ အရည်အချင်းတွင် ဦးနှောက်နှင့် ယှဉ်သည့်အခါ နောက်တွင် မိုင်နဲ့ချီ ပြတ်ကျန်ခဲ့လိမ့်မည်။ ဦးနှောက်ကို စွမ်းဆောင်ရည် ကျဆင်းစေသော အယ်လ်ဇိုင်းမားကဲ့သို့ ရောဂါများ ကျရောက်လာသည့်အခါ ဦးနှောက်၏ အံမခန်း စွမ်းဆောင်ရည်များကို အနိမ့်ဆုံးသို့ ဆွဲချပစ်နိုင်သည်။ သို့ဖြစ်ရာ လူသားကို ထိုမျှ အကျိုးပြု နေသော ဦးနှောက်ကို ကျန်းမာအောင်ထားဖို့သည် လူသား၏ အဓိကအလုပ်ဖြစ်သည်။
ဝမ်းသာစရာ တစ်ခုကား ခန္ဓာကိုယ်ကို ကျန်းမာအောင် ထားခြင်းသည် ဦးနှောက်ကိုပါ ကျန်းမာစေသော အကျိုးရှိနေခြင်း ဖြစ်သည်။ သို့ဖြစ်သောကြောင့် လူကို ကျန်းမာစေသော ဘဝနေမှုပုံစံကိုသာ ကျင့်သုံးပါ၊ ဦးနှောက်ပါ လိုက်ကျန်းမာနေမည်ဟု ဆိုနိုင်သည်။ အောက်တွင် ဦးနှောက် ကျန်းမာရေးကိုပါ ကောင်းစေမည့် ကျန်းမာသော လူမှုပုံစံလေးခုကို တင်ပြပါမည်။
၁။ ကျစ်လျစ်ဖြတ်လတ်သော ခန္ဓာကိုယ် ရှိနေအောင် ထိန်းသိမ်းပါ။
လူတိုင်းသိပြီးသား အကြံပြုချက် တစ်ခုသာ ဖြစ်သည်ဟု စာဖတ်သူ ဆိုချင်လိမ့်မည်။ မှန်သည်။ လူတိုင်း သိပြီးဖြစ်သော်လည်း လူတော်တော်များများ လိုက်နာဖို့ မေ့နေသော အကြံပြုချက်လည်း ဖြစ်သည်။ တစ်ကယ်လုပ်ပါက လူကို တကယ်ကျန်းမာစေသော အကြံပြုချက်လည်း ဖြစ်သည်။ ခန္ဓာကို ကျန်းမာသွက်လက်ခြင်းသည် ဦးနှောက်ကိုပါ သက်ရှည်ကျန်းမာစေကြောင်း လူတော်တော်များများ သတိမထားမိဘဲ ရှိနေခြင်းသည်လည်း စိတ်မကောင်းဖွယ် တစ်ချက်ဖြစ်သည်။ ဦးနှောက်နှင့် ခန္ဓာကိုယ်သည် အပြန်အလှန် ဆက်စပ်အကျိုးပြုနေကြသည်။ ခန္ဓာကိုယ် လှုပ်ရှားမှုများကြောင့် ကြွက်သားများသည် ဦးနှောက်အတွက် အကျိုးဖြစ်စေသော မော်လီကျူးများ ထုတ်ပေးသည်။
ခန္ဓာကိုယ် သွက်လက်လှုပ်ရှားသဖြင့် သွေးလှည့်ပတ်မှုကောင်းကာ ဦးနှောက်သို့ သွေးလုံလုံလောက်လောက် ရောက်သဖြင့် ဦးနှောက်ဆဲလ်သစ်များ ဖြစ်ထွန်းနှုန်းလည်း များပြားသည်။ ဆဲလ်များကြား ကွန်ရက်ချိတ်ဆက်နှုန်းလည်း အားကောင်းလာသဖြင့် ဦးနှောက်၏ တွက်ချက်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းများ ပိုကောင်းလာရသည်။ လက်တွေ့လေ့လာမှုများအရလည်း သွက်လက်လှုပ်ရှားသူများသည် အယ်လ်ဇိုင်းမား အပါအဝင် ဦးနှောက်စွမ်းရည် ကျဆင်းစေသော ရောဂါကပ်ငြိမှု နည်းပါးကြကြောင်း တွေ့ရသည်။ သွက်လက် လှုပ်ရှားသော ဘဝနေမှုပုံစံသည် ဦးနှောက် ယိုယွင်းမှုှုကိုသာမက စိတ်ကျခြင်းများကိုပါ ကာကွယ်ပေးနိုင်စွမ်း ရှိသည်။
၂။ စိတ်နိုးနိုးကြားကြား တက်တက်ကြွကြွနေပါ။
ဦးနှောက်ဟူသည် သိမ်းထားလျှင် ဟောင်းမြင်းပြုန်းတီးသွားသော အရာဖြစ်၏။ အသုံးချလေ ထက်မြက်လေ ဟူသော အမျိုးအစား ဖြစ်၏။ ဦးနှောက်ကို များများ အလုပ်ပေးပါမှ ဦးနှောက်တွင်းရှိ သတင်းအချက်အလက် သယ်ဆောင်သော နျူရွန် လေးများသည် အသစ်အသစ် အကြောင်းအရာများအတွက် ကွန်ရက်ချိတ်ဆက်မှု ပိုကျယ်ပြန့်လာကာ ဦးနှောက်၏ လုပ်ဆောင်နိုင်စွမ်းလည်း ပိုတက်လာခြင်း ဖြစ်သည်။ လက်တွေ့လေ့လာမှုများအရလည်း ဦးနှောက်ကို အသစ်အသစ်များနဲ့ များများ ထိတွေ့ပေးသူများသည် ဦးနှောက်တွင်း နျူရွန်ကွန်ရက် ချိတ်ဆက်မှု ပိုကျယ်ပြန့် နေကြောင်း တွေ့ရပြီး ဦးနှောက်စွမ်းရည်ကျ ရောဂါဖြစ်ပွားနှုန်းလည်း နည်းပါးကြောင်း တွေ့ရသည်။ ဦးနှောက်သည်လည်း သွေးသားနှင့် ဖွဲ့စည်းထားသော အရာသာ ဖြစ်သောကြောင့် အချိန်နှင့်အမျှ ယိုယွင်းပျက်စီးလျက်ရှိသည်။ ဦးနှောက်ဆဲလ်များသည်လည်း သူ့ကာလနဲ့သူ ပျက်စီး သေဆုံးသွားကြသည်။ သေဆုံးသွားသည့် ဆဲလ်များနေရာမှာ အသစ်အသစ်များက ဝင်အစားဖြည့်သည်။
လူတစ်ဦးနဲ့တစ်ဦး ထိုသို့ ဝင်အစားဖြည့်ပေးနိုင်နှုန်းချင်း ကွာခြားကြသည်။ သွက်လက်တက်ကြွသူများသည် ခန္ဓာကိုယ် သွေးလှည့်ပတ်မှုစနစ် ကောင်းမွန်သောကြောင့် ဦးနှောက်ကို သွေးလုံလောက်စွာ ရောက်ရှိသဖြင့် ဆဲလ်သစ်များ ဖြစ်ထွန်းဖို့ ကုန်ကြမ်း လုံလောက်သဖြင့် လိုအပ်သမျှ ဆဲလ်သစ်များကို အချိန်မီထုတ် လုပ်ပေးနိုင်သည်။ သွက်လက်တက်ကြွခြင်း မရှိသူများသည်ကား ဆဲလ်သစ် ထုတ်လုပ်ပေးနိုင်နှုန်းက ပျက်စီးနှုန်းကို မမီဘဲ ဖြစ်တတ်ရာ ကြာလာလေ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းလေ ဖြစ်လာရသည်။ ဥပမာ တီဗီရှေ့ အချိန်ကြာကြာ ထိုင်ကြည့်လေ့ရှိသူများသည် မလှုပ်သဖြင့် တက်ကြွသော ခန္ဓာကိုယ်ကိုလည်း ဆုံးရှုံးကာ ဦးနှောက်ဆဲလ်သစ် ဖြစ်ထွန်းမှုပါ ထိခိုက်သလို၊ တီဗီကိုသာ ထပ်ကာထပ်ကာ ကြည့်နေခြင်းကြောင့်လည်း ဦးနှောက်သည် အကြောင်းရာသစ် မဝင်သဖြင့် နျူရွန်များ ကွန်ရက်အသစ် ချဲ့စရာမရှိသဖြင့် နှစ်ထပ်ကွမ်း ဦးနှောက်ကျုံ့ ဆိုးကျိုး ခံစားကြရသည်။
သို့ဖြစ်ရာ လူက တက်ကြွစွာ နေဖို့အပြင် ဦးနှောက်တွင်း ကွန်ရက် ချိတ်ဆက်မှုအား ကောင်းစေဖို့ ဦးနှောက်ကို အကြောင်းအရာ အသစ်အသစ်များနဲ့ နှိုးဆွပေးဖို့လည်း လိုအပ်နေသည်။ ဦးနှောက်ကို ဘာအကြောင်းအရာများဖြင့် နှိုးဆွမည်ကား ပုံသေ သတ်မှတ်ချက်မရှိ။ လူတစ်ဦးချင်း၏ အခြေအနေနှင့် လိုက်ဖက်သော နည်းလမ်းများကို ဉာဏ်ရှိသလို အသုံးပြုနိုင်သည်။
၃။ ကျန်းမာရေးနဲ့ ညီအောင် စားပါ။
အာဟာရပြည့်ဝသော စားသောက်စရာ များသည် ခန္ဓာကိုယ်ကို ကျန်းမာစေရုံသာမက ဦးနှောက်ကိုလည်း လန်းဆန်းစေနိုင်ကြောင်း သိပါရဲ့လား။ အစားအသောက်တွေက ထွက်လာသော အာဟာရဓာတ် အများအပြားသည် သွေးထဲဝင်ပြီးနောက် ဦးနှောက်ထဲကို ဖြတ်သန်းကြသည်ကို သတိရကြပါ။ အာဟာရဓာတ်များသည် ဦးနှောက်ကိုပါ သွေးထဲကတစ်ဆင့် တိုက်ရိုက် ထိခိုက် သက်ရောက်မှု ရှိသည်ကို မမေ့သင့်။ ထို့ကြောင့် အာဟာရဓာတ်များသည် ဦးနှောက်ဆဲလ်များ ကျန်းမာရေးကို တိုက်ရိုက်အကျိုးပြုသလို၊ ဦးနှောက် ယိုယွင်း၊ အိုမင်းခြင်းများကိုပါ တိုက်ဖျက်ပေးနိုင်စွမ်း တကယ်ရှိနေသည်။
ခန္ဓာကိုယ်က စားသောက်သော အစာကို အာဟာရပြည့်အောင် ဂရုစိုက်ခြင်းဖြင့် ကျန်းမာသော နှလုံး၊ ကျန်းမာသော သွေးလှည့်ပတ်စနစ်၊ ကျန်းမာသော ခုခံအားစနစ်၊ ကျန်းမာသော ခန္ဓာဇီဝစနစ်များက ခန္ဓာကိုယ် ထိပ်ပိုင်းရှိ ဦးခေါင်းကိုရော အကျိုးမပြုဘူးဟု မည်သူပြောနိုင်မည်နည်း။ ကျန်းမာစေသော အစားအစာများကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက နာ့ဗ်ကြောများကိုလည်း ကျန်းမာစေမည်သာ။ နာ့ဗ်ကြောများဟူသည် ဦးနှောက်နှင့် ခန္ဓာကိုယ် တစ်ခုလုံးကို ဆက်သွယ်ပေးထားသော အဝေးပြေး လမ်းမကြီးများ ဖြစ်၏။
၄။ သိပ် စိတ်မဖိစီးနဲ့။
ဦးနှောက် အပါအဝင် လူ့ခန္ဓာကိုယ် တစ်ခုလုံးသည် နှစ်ထောင်ပေါင်းများစွာ အချိန်ယူ၍ ပိုကောင်းသည်ထက်ကောင်းအောင် အဆင့်ဆင့် ဖွံ့ဖြိုးခဲ့ရခြင်း ဖြစ်သည်။ လူသားတို့ ဂူအောင်းနေထိုင်ကာ အမဲလိုက်ပြီး အသက်မွေး ရှင်သန်ကြတုန်းက “တိုက်မလား၊ ပြေးမလားကို အလိုလျောက် တုံ့ပြန်စနစ်ဖြင့် ဆုံးဖြတ်ပေးနိုင်သော ဦးနှောက်၏ အစွမ်းသည် လူသားများကို သားရဲများ အန္တရာယ်မှ လွတ်မြောက်အောင် ကူညီခဲ့သလို၊ စားစရာရဖို့၊ ဆက်လက် ရှင်သန်နိုင်ဖို့ပါ ကူညီခဲ့သည်။ ဂူအောင်လူသားများခေတ်က တိုက်မလား၊ ပြေးမလား ကဲ့သို့ စိတ်ဖိစီးမှု အခြေအနေမျိုးက နည်းပါးသည်။ ယနေ့ (၂၁) ရာစု လူသားများအဖို့ကား တိုက်မလား၊ ပြေးမလား စိတ်ဖိစီးစရာတွေက များလွန်းသည်။
တိုက်မလား၊ ပြေးမလား စိတ်ဖိစီးမှုသည် လူသားကို အခက်အခဲများအောက်ကနေ ရှင်သန်နိုင်အောင် ကူညီခဲ့သည် မှန်သော်လည်း ထိုစိတ်သည် ခန္ဓာကိုယ် စွမ်းအင်ရင်းမြစ်ကို အလွန်အမင်း အသုံးချသဖြင့် ထိုစိတ်မျိုး မကြာမကြာဖြစ်ခြင်းသည် ခန္ဓာကိုယ်ကို အဆိပ်ခတ်ရာ ရောက်သည်။ ထိုသို့ စိတ်ဖိစီးမှုမျိုး ဖြစ်ခြင်းသည် ဦးနှောက်ကို အထိခိုက်ဆုံး ဖြစ်သည်။ စိတ်ဖိစီးမှုကြောင့် ဦးနှောက်ဆဲလ်များ ပျက်စီးရသည်။ ဘဝနေမှုပုံစံကို သင့်တော်အောင် ပြင်ယူခြင်းဖြင့် စိတ်ဖိစီးမှု လျော့နည်းအောင် ကြိုးပမ်းယူရမည်။ စိတ်တည်ငြိမ်အောင်၊ ဖိစီးမှုများကိုခံနိုင်အောင် တရားထိုင်နည်း အမျိုးမျိုးသည် စိတ်မဖိစီးမှု၏ အဆိပ်သင့် ဒဏ်ကနေ ဦးနှောက်ကို ကာကွယ်ပေးနိုင်စွမ်း ရှိသည်။ ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ်ခြင်းသည်လည်း စိတ်ဖိစီးမှုကျစေသော အကြောင်းရင်း ဖြစ်သည်။ လူတစ်ဦးချင်းအလိုက် ကိုယ်နဲ့ကိုက်သည့် ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ်နိုင်သည်။ စိဖိစီးမှုကို လျော့ကျစေမည့် နောက်ထပ် နည်းကောင်းတစ်ရပ်မှာ အိပ်ရေးဝအောင် အိပ်ဖို့ ဖြစ်သည်။ အိပ်ချိန် ပုံမှန်ရှိခြင်းသည် ခန္ဓာကိုယ်အတွက်ရော ဦးနှောက်အတွက်ပါ ကောင်းသော အလေ့အကျင့် ဖြစ်၏။

Credit:Min Thu
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top