iMyanmarHouse.com - Best Property Website for Myanmar
×







နုပျို လှပစေပါတယ်



Credit:marry

အလှအပ

# Unicode Version # ဖြင့် ဖတ်ပါ #


လှပတဲ့အသားအရေလေး ဖြစ်ဖို့အတွက်ကတော့ အသားဖြူဖို့လည်း အရေး မကြီးပါဘူး။ အသားပဲ ဖြူသည်ဖြစ်စေ၊ ညိုတယ် ဖြစ်စေ ကြည်လင်ပြီး စိုပြည်နေဖို့က အရေးပိုကြီးပါတယ်နော်။

အသားအရေ ဆိုတာကတော့ အချိန်တိုင်း ပြောင်းလဲနေတဲ့အရာတွေ ထဲက တစ်ခုပါပဲ။ အသားအရေမှာ ရှိတဲ့ဆဲလ်တွေကတော့ နေ့စဉ်နဲ့အမျှ ပြုပြင် ပြောင်းလဲနေတဲ့အတွက် ဆဲလ်တွေက အသစ်ပြန်ဖြစ်လာလိုက် ဆဲလ်သေတွေ ပြန်ဖြစ်လိုက် အသစ်ပြန်ဖြစ်လိုက်နဲ့ လည်ပတ်နေပါတယ်။

ဒီလို အချိန်မှာ ဆဲလ်လေးတွေကို အားဖြည့်ပေးနိုင်မယ့် Skin Care တွေကို အသုံးပြုပေးဖို့ လိုအပ်လာပါတယ်။ အခု Marry ပြောပြပေးချင်တာကတော့ ဘာလို့ နေ့တိုင်း Skin Care မသုံးပြုပေးဖို့ လိုအပ်တာလဲ ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

အသားအရေကို ကြည်လင်စေပါတယ်

လှပတဲ့အသားအရေလေး ဖြစ်ဖို့အတွက်ကတော့ အသားဖြူဖို့လည်း အရေး မကြီးပါဘူး။ အသားပဲ ဖြူသည်ဖြစ်စေ၊ ညိုတယ် ဖြစ်စေ ကြည်လင်ပြီး စိုပြည်နေဖို့က အရေးပိုကြီးပါတယ်နော်။ အသားလေးက အစိုဓါတ်ပြည့်ပြီး စိုစိုလေးနဲ့ ကြည်လင်နေဖို့ကတော့ လှပတဲ့အသားအရေ ဆိုတာရဲ့ အခြေခံပဲ ဖြစ်ပါတယ်။ ဒါကြောင့် Skin Care ကို ပုံမှန် အသုံးပြုပေးတာကတော့ အသားအရေကို ကြည်လင်စေဖို့ အတွက် အကောင်းဆုံး ရွေးချယ်မှုပဲ ဖြစ်နေစေပါတယ်။

နုပျို လှပစေပါတယ်

အသက်အရွယ်ကြောင့်သာမကဘဲ အကြောင်းကြောင်းကြောင့် အရေးအကြောင်းတွေ ဖြစ်ပေါ်လာတာမျိုး၊ ဝက်ခြံတွေ အမာရွတ်တွေကြောင့်ပဲ ဖြစ်ဖြစ် အသားအရေတွေ ညစ်ပြီး ရင့်လာသလို ဖြစ်ပေါ်တတ်ပါတယ်။ ဒါတွေကိုလည်း Skin Care သေချာ အသုံးပြုပေးတာကတော့ ကြည်လင်တဲ့အသားအရေနဲ့ နုပျို လှပလာစေနိုင်ပါတယ်။

Skin Care ဆိုတာကတော့ ပြင်ပက အရာရာကြောင့် အသားအရေလေးတွေ ပျက်ဆီးသွားတာကို ပြန်လည် ကောင်းမွန်လာစေနိုင်သလို၊ မပျက်ဆီးအောင်လည်း ကြိုတင် ကာကွယ်ပေးနိုင်တာမျိုးပဲ ဖြစ်လို့ နေ့တိုင်း မှန်မှန် အသုံးပြုပေးသင့်ပါတယ်နော်။

Credit:marry

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top