iMyanmarHouse.com - Best Property Website for Myanmar
×


ေခါင္းကိုက္လိုက္တာ။ ဘာမွမလုပ္ခ်င္ဘူး၊ လို႔မ်ားျဖစ္ေနတဲ့ သူမ်ားရွိလား။ တကယ္လည္းဟုတ္ ပါတယ္ေနာ္။ ေခါင္းကိုက္တဲ့အခါ လူကဘာမွကို မလုပ္နုိင္ေတာ့ပါဘူး။ လုပ္ခ်င္စိတ္ရွိေနရင္ေတာင္ မလုပ္ႏိုင္ေတာ့ဘူးေနာ္။ ဒီျပႆနာကို ေဆးေသာက္စရာမလိုုဘဲ အျမန္ဆံုးေျဖရွင္းေပးႏိုင္မယ့္ နည္းလမ္းေလးေတြအေၾကာင္းေျပာျပေပးမယ္ေနာ္။

ေခါင္းကိုက္တာကို သက္သာေစမယ့္နည္းလမ္းေလးေတြ

ေရေသာက္ပါ

တစ္ခါတေလမွာေခါင္းကိုက္တာက ကိုယ္တြင္းမွာေရဓာတ္နည္းေနတာေၾကာင့္လည္းျဖစ္နိုင္ပါတယ္။ ဒါေၾကာင့္ ေခါင္းကိုက္တဲ့အခါ ေဆးေတြဘာေတြမေသာက္ခင္ အရင္ဆံုး ေရခဲေရမဟုတ္တဲ့ ေရေအးေအးေလးတစ္ခြက္ကို ေသာက္ခ်လိုက္ပါ။ ခဏေလာက္ ပတ္ဝန္းက်င္စိမ္းစိမ္းေလးကိုၾကည့္လိုက္ပါ။

ႏွိပ္နယ္ေပးပါ

ကိုယ္တိုင္လုပ္လို႔ရပါတယ္။ အျခားသူကို အားကိုးစရာမလိုပါဘူး။ ဇက္ေၾကာနဲ႔ နားထင္တို႔ကို လက္ေခ်ာင္းေလးေတြသံုးလို႔ျဖည္းျဖည္းခ်င္းႏွိပ္ေပးပါ။ တင္းေနတဲ့အေၾကာေတြေျပေလ်ာ႔သြားျပီး ေခါင္းကိုက္တာကို သက္သာေစႏိုင္ပါတယ္။

ခ်င္း (ဂ်င္း) နည္းနည္းစားပါ

ခ်င္း (ဂ်င္း) က ေဆးဖက္ဝင္တာေတာ့ သိျပီးျဖစ္မွာပါ။ ေခါင္းကိုက္တဲ့အခါ ခ်င္း (ဂ်င္း) တစ္ျပားေလာက္ကို ဝါးစားေပးပါ။ ခ်င္း (ဂ်င္း) ကိုဝါးမစားခ်င္ဘူးဆိုရင္လည္း ေရေႏြးဆူဆူဆူထဲ ထည့္ျပဳတ္ျပီး ခ်င္းျပဳတ္ရည္ေလးေသာက္ေပးလို႔ရပါတယ္။

အနားယူပါ

အိပ္ေရးမဝတာေၾကာင့္ ဒါမွမဟုတ္ ပင္ပန္းလြန္းတာေၾကာင့္ ေခါင္းကိုက္တာမ်ိုးျဖစ္တဲ့အခါ ခႏၶာကိုယ္က အနားေပးလိုက္တာကလည္း ေဆးေသာက္စရာမလိုဘဲ ေခါင္းကိုက္သက္သာသြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ ခဏေလာက္ျဖစ္ျဖစ္ တိတ္ဆိတ္တဲ့ေနရာမွာ မ်က္လံုးေလးမွိတ္လို႔ အနားယူလိုက္ပါ။ အနားယူေနစဉ္မွာ ေခါင္း၊နားထင္နဲ႔ ဇက္ေၾကာမွာရွိေနတဲ့ တင္းအားေတြကိုေျပေလ်ာ႔ေစဖို႔ ကိုယ္ေနဟန္ထား မွန္မွန္ေလးထားေပးပါ။

ေလ့က်င့္ခန္းလုပ္ပါ

ျပင္းထန္တဲ့ေလ့က်င့္ခန္းေတြလုပ္ခိုင္းတာမဟုတ္ပါဘူး။ ေယာဂေလ့က်င့္ခန္းလိုမ်ိဳး အေၾကာေတြေျပေလ်ာ့ေစနုိင္တဲ့ေလ့က်င့္ခန္းကိုလုပ္ခိုင္းတာပါ။ ေန႔စဉ္ပံုမွန္ အေၾကာေလွ်ာ႔ေပးတာကလည္ ေခါင္းကိုက္တာကို မျဖစ္ေစဖို႔ ကာကြယ္ေပးႏုိင္ပါတယ္။ တိတ္ဆိတ္ျငိမ္သက္ေနတဲ့ေနရာေလးမွာ တရားထိုင္တာကလည္း ေခါင္းကိုက္တာကို သက္သာေစဖို႔ အေထာက္အပံ့ေပးႏုိင္မွာပါ။

တစ္ေန႔တာလုပ္ငန္းေဆာင္တာေတြကို လုပ္ေဆာင္ေနတုန္းေခါင္းကိုက္လာခဲ့ရင္ အခုေျပာခဲ့တဲ့နည္းလမ္းေလးေတြအတိုင္း လုပ္ၾကည့္ျပီး ေခါင္းကိုက္ေဝဒနာကို ခပ္ေဝးေဝးေလးေမာင္းထုတ္လိုက္ရေအာင္လား။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ခေါင်းကိုက်လိုက်တာ။ ဘာမှမလုပ်ချင်ဘူး၊ လို့များဖြစ်နေတဲ့ သူများရှိလား။ တကယ်လည်းဟုတ် ပါတယ်နော်။ ခေါင်းကိုက်တဲ့အခါ လူကဘာမှကို မလုပ်နိုင်တော့ပါဘူး။ လုပ်ချင်စိတ်ရှိနေရင်တောင် မလုပ်နိုင်တော့ဘူးနော်။ ဒီပြဿနာကို ဆေးသောက်စရာမလိုဘဲ အမြန်ဆုံးဖြေရှင်းပေးနိုင်မယ့် နည်းလမ်းလေးတွေအကြောင်းပြောပြပေးမယ်နော်။

ခေါင်းကိုက်တာကို သက်သာစေမယ့်နည်းလမ်းလေးတွေ

ရေသောက်ပါ

တစ်ခါတလေမှာခေါင်းကိုက်တာက ကိုယ်တွင်းမှာရေဓာတ်နည်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့အခါ ဆေးတွေဘာတွေမသောက်ခင် အရင်ဆုံး ရေခဲရေမဟုတ်တဲ့ ရေအေးအေးလေးတစ်ခွက်ကို သောက်ချလိုက်ပါ။ ခဏလောက် ပတ်ဝန်းကျင်စိမ်းစိမ်းလေးကိုကြည့်လိုက်ပါ။

နှိပ်နယ်ပေးပါ

ကိုယ်တိုင်လုပ်လို့ရပါတယ်။ အခြားသူကို အားကိုးစရာမလိုပါဘူး။ ဇက်ကြောနဲ့ နားထင်တို့ကို လက်ချောင်းလေးတွေသုံးလို့ဖြည်းဖြည်းချင်းနှိပ်ပေးပါ။ တင်းနေတဲ့အကြောတွေပြေလျော့သွားပြီး ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။

ချင်း (ဂျင်း) နည်းနည်းစားပါ

ချင်း (ဂျင်း) က ဆေးဖက်ဝင်တာတော့ သိပြီးဖြစ်မှာပါ။ ခေါင်းကိုက်တဲ့အခါ ချင်း (ဂျင်း) တစ်ပြားလောက်ကို ဝါးစားပေးပါ။ ချင်း (ဂျင်း) ကိုဝါးမစားချင်ဘူးဆိုရင်လည်း ရေနွေးဆူဆူဆူထဲ ထည့်ပြုတ်ပြီး ချင်းပြုတ်ရည်လေးသောက်ပေးလို့ရပါတယ်။

အနားယူပါ

အိပ်ရေးမဝတာကြောင့် ဒါမှမဟုတ် ပင်ပန်းလွန်းတာကြောင့် ခေါင်းကိုက်တာမျိုးဖြစ်တဲ့အခါ ခန္ဓာကိုယ်က အနားပေးလိုက်တာကလည်း ဆေးသောက်စရာမလိုဘဲ ခေါင်းကိုက်သက်သာသွားစေနိုင်ပါတယ်။ ဒါကြောင့် ခဏလောက်ဖြစ်ဖြစ် တိတ်ဆိတ်တဲ့နေရာမှာ မျက်လုံးလေးမှိတ်လို့ အနားယူလိုက်ပါ။ အနားယူနေစဉ်မှာ ခေါင်း၊နားထင်နဲ့ ဇက်ကြောမှာရှိနေတဲ့ တင်းအားတွေကိုပြေလျော့စေဖို့ ကိုယ်နေဟန်ထား မှန်မှန်လေးထားပေးပါ။

လေ့ကျင့်ခန်းလုပ်ပါ

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ခိုင်းတာမဟုတ်ပါဘူး။ ယောဂလေ့ကျင့်ခန်းလိုမျိုး အကြောတွေပြေလျော့စေနိုင်တဲ့လေ့ကျင့်ခန်းကိုလုပ်ခိုင်းတာပါ။ နေ့စဉ်ပုံမှန် အကြောလျှော့ပေးတာကလည် ခေါင်းကိုက်တာကို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာလေးမှာ တရားထိုင်တာကလည်း ခေါင်းကိုက်တာကို သက်သာစေဖို့ အထောက်အပံ့ပေးနိုင်မှာပါ။

တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေတုန်းခေါင်းကိုက်လာခဲ့ရင် အခုပြောခဲ့တဲ့နည်းလမ်းလေးတွေအတိုင်း လုပ်ကြည့်ပြီး ခေါင်းကိုက်ဝေဒနာကို ခပ်ဝေးဝေးလေးမောင်းထုတ်လိုက်ရအောင်လား။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top