iMyanmarHouse.com - Best Property Website for Myanmar
×


ဝက္ျခံဆိုတာဘာလဲ?

ဝက္ျခံဟာဆယ္ေက်ာ္သက္လူငယ္ႏွင့္သက္လတ္ပိုင္းအမ်ားစုမွာေတြ႕ရေလ့စွိတဲ့အေရျပားျပသနာတစ္ခုပင္ျဖစ္သည္။ေခၽြးေပါက္ထဲတြင္ဆဲလ္ေသႏွင့္အဆီမ်ားစုေဝးလာေသာအခါ ေခၽြးေပါက္ပိတ္ဆို႔ၿပီး ဝက္ျခံျဖစ္ေပၚလာသည္။


ဘာေၾကာင့္ဝက္ျခံေပါက္လာသလဲ?

ဝက္ျခံျဖစ္ေပၚေစေသာ အဓိကအေၾကာင္းရင္း ႏွစ္ခုမွာ ဟိုမုန္းအေျပာင္းအလဲႏွင့္ ဘက္တီးရီးယားေၾကာင့္ပင္ျဖစ္သည္။

လူငယ္မ်ား အပ်ိဳ/လူပ်ိဳဝင္စအခ်ိန္တြင္ ဟိုမုန္းအေျပာင္းအလဲေၾကာင့္အဆီဂလင္းမွ အဆီထုတ္မႈပိုမ်ားလာသည္။

ထိုအဆီႏွင့္ဆဲလ္ေသပိတ္ဆို႔မႈဟာ ဘက္တီးရီးယားေပါက္ပြားမႈကိုအားေပးၿပီး ေရာင္ရမ္းဝက္ျခံမ်ားကိုျဖစ္ေပၚေစႏိုင္ပါတယ္။

အျခားဝက္ျခံကိုပိုဆိုးေစေသာအရာမ်ားကေတာ့ အေရျပားညစ္ပတ္ျခင္း၊ဝက္ျခံညစ္ျခင္း၊အစားအစာမၽွတမႈမရွိျခက္း၊ပင္ပန္းျခင္းတို႔ပါဝင္သည္။
ဘယ္လိုဝက္ျခံအမ်ိဳးအစားေတြရွိသလဲ?

● ဆားဝက္ျခံေခါင္းျဖဴ

ေခၽြးေပါက္ရွိဆဲလ္ေသ၊အဆီပိုမ်ားႏွင့္ ဘတ္တီးရီးယားမ်ားစုေပါင္းၿပီး အေရျပားေပၚသို႔ အျဖဴေရာင္အေစ့ေသးေသးမ်ားအျဖစ္ထြက္ေပၚလာတတ္ၿပီး အေရျပားၾကမ္းတမ္းလာတတ္သည္။

● ဆားဝက္ျခံေခါင္းမဲ

ဆားဝက္ျခံေခါင္းျဖဴကဲ့သို႔ပင္ ျဖစ္ပံုျခင္းတူညီၿပီး ေခၽြးေပါက္ပြင့္၍ေအာက္ဆီဂ်င္ႏွင့္ထိေတြ႕ကာ မဲလာျခင္းျဖစ္သည္။ ႏွစ္ခုစလံုးမွာ ေသခ်ာကုသမႈမခံယူပါက ဝက္ျခံအႀကီးစားထိျဖစ္သြားႏိုင္သည္။

    အနာဖတ္

ဝက္ျခံေပါက္သြားေသာအခါအထဲမွ ဘက္တီးရီးယားမ်ားအနားရွိအေရျပားကိုေရာင္ရမ္းနီရဲေစသည္။

    အနာဖု

အတြင္းထဲထိလႈိက္စားေရာင္ရဲေနေသာ အနာဖုမ်ားသည္ ထိလိုက္သည့္အခါတိုင္းတြင္ နာေနတတ္သည္။

    ျပည္ဖု

ဝက္ျခံတြင္ ျပည္စုလာေသာအခါ ျပည္ဖုျဖစ္လာသည္။

    ေရၾကည္ဖု

ဝက္ျခံေရာင္ရမ္းမႈအရမ္းဆိုးဝါးလာေသာအခါ တံငါရည္၊ျပည္မ်ားစုသြားၿပီး ေရၾကည္ဖုအျဖစ္ေျပာင္းလဲသြားသည္။
ဝက္ျခံေပ်ာက္ေအာင္ဘယ္လိုလုပ္ၾကမလဲ?

ပံုမွန္အရမ္းမဆိုးေသာ ဝက္ျခံမ်ားကို ဝက္ျခံေပ်ာက္ေဆးလိမ္းေပးရင္ေပ်ာက္တတ္ပါသည္။သို႔ေသာ္ အရမ္းေရာင္ရမ္းေနေသာဝက္ျခံမ်ား၊ ဝက္ျခံေပ်ာက္ေဆးႏွင့္မသက္သာေသာဝက္ျခံမ်ားကို အေရျပားဆရာဝန္ႏွင့္တိုင္ပင္ကုသေဆြးေႏြးသင့္သည္။ ဝက္ျခံကိုကုသႏိုင္ေသာတျခားနည္းလမ္းကုထံုးမ်ားမွာ

● အေရျပားအားျဖည့္ေဆးမ်ားထိုးျခင္း

● အေရျပားျပဳျပင္ျခင္း

● ေလဆာပစ္ျခင္း


Credit:hellosayarwon

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ဝက်ခြံဆိုတာဘာလဲ?

ဝက်ခြံဟာဆယ်ကျော်သက်လူငယ်နှင့်သက်လတ်ပိုင်းအများစုမှာတွေ့ရလေ့စှိတဲ့အရေပြားပြသနာတစ်ခုပင်ဖြစ်သည်။ချွေးပေါက်ထဲတွင်ဆဲလ်သေနှင့်အဆီများစုဝေးလာသောအခါ ချွေးပေါက်ပိတ်ဆို့ပြီး ဝက်ခြံဖြစ်ပေါ်လာသည်။


ဘာကြောင့်ဝက်ခြံပေါက်လာသလဲ?

ဝက်ခြံဖြစ်ပေါ်စေသော အဓိကအကြောင်းရင်း နှစ်ခုမှာ ဟိုမုန်းအပြောင်းအလဲနှင့် ဘက်တီးရီးယားကြောင့်ပင်ဖြစ်သည်။

လူငယ်များ အပျို/လူပျိုဝင်စအချိန်တွင် ဟိုမုန်းအပြောင်းအလဲကြောင့်အဆီဂလင်းမှ အဆီထုတ်မှုပိုများလာသည်။

ထိုအဆီနှင့်ဆဲလ်သေပိတ်ဆို့မှုဟာ ဘက်တီးရီးယားပေါက်ပွားမှုကိုအားပေးပြီး ရောင်ရမ်းဝက်ခြံများကိုဖြစ်ပေါ်စေနိုင်ပါတယ်။

အခြားဝက်ခြံကိုပိုဆိုးစေသောအရာများကတော့ အရေပြားညစ်ပတ်ခြင်း၊ဝက်ခြံညစ်ခြင်း၊အစားအစာမျှတမှုမရှိခြက်း၊ပင်ပန်းခြင်းတို့ပါဝင်သည်။
ဘယ်လိုဝက်ခြံအမျိုးအစားတွေရှိသလဲ?

● ဆားဝက်ခြံခေါင်းဖြူ

ချွေးပေါက်ရှိဆဲလ်သေ၊အဆီပိုများနှင့် ဘတ်တီးရီးယားများစုပေါင်းပြီး အရေပြားပေါ်သို့ အဖြူရောင်အစေ့သေးသေးများအဖြစ်ထွက်ပေါ်လာတတ်ပြီး အရေပြားကြမ်းတမ်းလာတတ်သည်။

● ဆားဝက်ခြံခေါင်းမဲ

ဆားဝက်ခြံခေါင်းဖြူကဲ့သို့ပင် ဖြစ်ပုံခြင်းတူညီပြီး ချွေးပေါက်ပွင့်၍အောက်ဆီဂျင်နှင့်ထိတွေ့ကာ မဲလာခြင်းဖြစ်သည်။ နှစ်ခုစလုံးမှာ သေချာကုသမှုမခံယူပါက ဝက်ခြံအကြီးစားထိဖြစ်သွားနိုင်သည်။

    အနာဖတ်

ဝက်ခြံပေါက်သွားသောအခါအထဲမှ ဘက်တီးရီးယားများအနားရှိအရေပြားကိုရောင်ရမ်းနီရဲစေသည်။

    အနာဖု

အတွင်းထဲထိလှိုက်စားရောင်ရဲနေသော အနာဖုများသည် ထိလိုက်သည့်အခါတိုင်းတွင် နာနေတတ်သည်။

    ပြည်ဖု

ဝက်ခြံတွင် ပြည်စုလာသောအခါ ပြည်ဖုဖြစ်လာသည်။

    ရေကြည်ဖု

ဝက်ခြံရောင်ရမ်းမှုအရမ်းဆိုးဝါးလာသောအခါ တံငါရည်၊ပြည်များစုသွားပြီး ရေကြည်ဖုအဖြစ်ပြောင်းလဲသွားသည်။
ဝက်ခြံပျောက်အောင်ဘယ်လိုလုပ်ကြမလဲ?

ပုံမှန်အရမ်းမဆိုးသော ဝက်ခြံများကို ဝက်ခြံပျောက်ဆေးလိမ်းပေးရင်ပျောက်တတ်ပါသည်။သို့သော် အရမ်းရောင်ရမ်းနေသောဝက်ခြံများ၊ ဝက်ခြံပျောက်ဆေးနှင့်မသက်သာသောဝက်ခြံများကို အရေပြားဆရာဝန်နှင့်တိုင်ပင်ကုသဆွေးနွေးသင့်သည်။ ဝက်ခြံကိုကုသနိုင်သောတခြားနည်းလမ်းကုထုံးများမှာ

● အရေပြားအားဖြည့်ဆေးများထိုးခြင်း

● အရေပြားပြုပြင်ခြင်း

● လေဆာပစ်ခြင်း


Credit:hellosayarwon

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top