iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္က ျပန္လာ၊ အျပင္က ျပန္လာၿပီဆိုရင္ ေမာေမာ ေရဆာဆာနဲ႔ ေရခဲေသတၱာကိုဖြင့္ၿပီး ေရေအးေအးေလးကို ေသာက္ခ်လိုက္ရမွ အာသာေျပတာပါ။ အဲ … ဒါေပမဲ့လည္း ေရခဲေရက အစာေျခလမ္းေၾကာင္းအတြက္ မေကာင္းပါဘူးတဲ့။ ေရေအးေလေလ ေနာက္ဆက္တြဲျဖစ္စဥ္ေတြက ပိုဆိုးေလေလပါပဲ။

ဘယ္ေလာက္ပဲပူေနပါေစ ေရခဲေရ မေသာက္သင့္ပါဘူးတဲ့။ ဘာေၾကာင့္ ေရခဲေရ မေသာက္သင့္လဲဆိုတာကို ဖတ္ၾကည့္ၾကရေအာင္။

1. ေရခဲေရက အစာေျခတာကို အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ ေအးတဲ့အရည္ေတြက ေသြးေၾကာေတြကို က်ံဳ႕ၿပီးေတာ့ အစာေျခတာကို ကန္႔သတ္လိုက္႐ုံသာမကဘဲ အစာေျခေနစဥ္မွာ အာဟာရဓာတ္ေတြ စုပ္ယူမႈကိုလည္း ဟန္႔တားပါတယ္။

2. ေရခဲေရက လည္ေခ်ာင္း နာေစပါတယ္။ အထူးသျဖင့္ အစာစားၿပီးခ်ိန္မွာ ေရခဲေရ ေသာက္ရင္ အသက္ရွဴလမ္းေၾကာင္းထဲမွာ အခြၽဲေတြ ပိုထၿပီးေတာ့ ကာကြယ္ေပးႏိုင္ေပမယ့္လည္း အသက္ရွဴလမ္းေၾကာင္း ပိတ္ေနတဲ့အခ်ိန္မွာေတာ့ ဒီအခြၽဲေတြေၾကာင့္ ေရာဂါပိုးဝင္ႏိုင္ေခ် ပိုမ်ားေစပါတယ္။

3. အဆီေခ်ဖ်က္မႈကို ဟန္႔တားတယ္။ အစာ စားၿပီး ေရခဲေရေသာက္ရင္ ေရေအးေၾကာင့္ အစာထဲမွာပါတဲ့ အဆီေတြကို ခဲၿပီးေတာ့ ေခ်ဖ်က္ရာမွာ ဟန္႔တားမႈ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ အစာစားၿပီး နာရီဝက္ေလာက္ၾကာမွ ေရေသာက္ပါ။

4. နွလုံးခုန္ႏႈန္း ေႏွးေစတယ္။

5. ေလ့က်င့္ခန္း လုပ္ၿပီးၿပီးခ်င္းမွာလည္း ေရခဲေရ မေသာက္သင့္ပါဘူး။ အားကစားလုပ္ၿပီးခ်ိန္မွာ ခႏၶာကိုယ္အပူခ်ိန္က ျမင့္တက္ေနၿပီးေတာ့ ဒီအခ်ိန္မွာ ေရေအးေသာက္လိုက္ရင္ အပူအေအး သဟဇာတ မျဖစ္ေတာ့ပါဘူး။ ၿပီးေတာ့ ခႏၶာကိုယ္ကလည္း‌ ေရေအးကို မစုပ္ယူႏိုင္ေတာ့ အသုံးမဝင္ပါဘူးတဲ့။ တခ်ိဳ႕လူေတြမွာဆိုရင္ ေလ့က်င့္ခန္းလုပ္ၿပီး ေရခဲေရေသာက္ရင္ ဗိုက္ေအာင့္တတ္ပါတယ္။ ဒါေၾကာင့္ ေလ့က်င့္ခန္း လုပ္ၿပီးၿပီးခ်င္းမွာဆိုရင္ ေရေႏြးေႏြးေလး ေသာက္သင့္ပါတယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။

ဒါေတြေၾကာင့္ ေရမေသာက္ရဘူးလို႔ မဆိုလိုဘူးေနာ္။ ေရခဲေရကို မေသာက္ဘဲနဲ႔ ႐ိုး႐ိုးေရ (သို႔) ေရေႏြးေလးကို ေသာက္ေပးတာက ေရဓာတ္ ျပည့္ဝၿပီးေတာ့ အစာေျခတာကို ေကာင္းေစ႐ုံသာမကဘဲ က်န္းမာေရး အက်ိဳးေက်းဇူးေတြ အမ်ားႀကီး ရေစပါတယ္။

Credit:Dr. Mya Myo Myo Swe
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အလုပ်က ပြန်လာ၊ အပြင်က ပြန်လာပြီဆိုရင် မောမော ရေဆာဆာနဲ့ ရေခဲသေတ္တာကိုဖွင့်ပြီး ရေအေးအေးလေးကို သောက်ချလိုက်ရမှ အာသာပြေတာပါ။ အဲ … ဒါပေမဲ့လည်း ရေခဲရေက အစာခြေလမ်းကြောင်းအတွက် မကောင်းပါဘူးတဲ့။ ရေအေးလေလေ နောက်ဆက်တွဲဖြစ်စဉ်တွေက ပိုဆိုးလေလေပါပဲ။

ဘယ်လောက်ပဲပူနေပါစေ ရေခဲရေ မသောက်သင့်ပါဘူးတဲ့။ ဘာကြောင့် ရေခဲရေ မသောက်သင့်လဲဆိုတာကို ဖတ်ကြည့်ကြရအောင်။

1. ရေခဲရေက အစာခြေတာကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အေးတဲ့အရည်တွေက သွေးကြောတွေကို ကျုံ့ပြီးတော့ အစာခြေတာကို ကန့်သတ်လိုက်ရုံသာမကဘဲ အစာခြေနေစဉ်မှာ အာဟာရဓာတ်တွေ စုပ်ယူမှုကိုလည်း ဟန့်တားပါတယ်။

2. ရေခဲရေက လည်ချောင်း နာစေပါတယ်။ အထူးသဖြင့် အစာစားပြီးချိန်မှာ ရေခဲရေ သောက်ရင် အသက်ရှူလမ်းကြောင်းထဲမှာ အချွဲတွေ ပိုထပြီးတော့ ကာကွယ်ပေးနိုင်ပေမယ့်လည်း အသက်ရှူလမ်းကြောင်း ပိတ်နေတဲ့အချိန်မှာတော့ ဒီအချွဲတွေကြောင့် ရောဂါပိုးဝင်နိုင်ချေ ပိုများစေပါတယ်။

3. အဆီချေဖျက်မှုကို ဟန့်တားတယ်။ အစာ စားပြီး ရေခဲရေသောက်ရင် ရေအေးကြောင့် အစာထဲမှာပါတဲ့ အဆီတွေကို ခဲပြီးတော့ ချေဖျက်ရာမှာ ဟန့်တားမှု ဖြစ်စေပါတယ်။ ဒါကြောင့် အစာစားပြီး နာရီဝက်လောက်ကြာမှ ရေသောက်ပါ။

4. နှလုံးခုန်နှုန်း နှေးစေတယ်။

5. လေ့ကျင့်ခန်း လုပ်ပြီးပြီးချင်းမှာလည်း ရေခဲရေ မသောက်သင့်ပါဘူး။ အားကစားလုပ်ပြီးချိန်မှာ ခန္ဓာကိုယ်အပူချိန်က မြင့်တက်နေပြီးတော့ ဒီအချိန်မှာ ရေအေးသောက်လိုက်ရင် အပူအအေး သဟဇာတ မဖြစ်တော့ပါဘူး။ ပြီးတော့ ခန္ဓာကိုယ်ကလည်း‌ ရေအေးကို မစုပ်ယူနိုင်တော့ အသုံးမဝင်ပါဘူးတဲ့။ တချို့လူတွေမှာဆိုရင် လေ့ကျင့်ခန်းလုပ်ပြီး ရေခဲရေသောက်ရင် ဗိုက်အောင့်တတ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်ပြီးပြီးချင်းမှာဆိုရင် ရေနွေးနွေးလေး သောက်သင့်ပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒါတွေကြောင့် ရေမသောက်ရဘူးလို့ မဆိုလိုဘူးနော်။ ရေခဲရေကို မသောက်ဘဲနဲ့ ရိုးရိုးရေ (သို့) ရေနွေးလေးကို သောက်ပေးတာက ရေဓာတ် ပြည့်ဝပြီးတော့ အစာခြေတာကို ကောင်းစေရုံသာမကဘဲ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရစေပါတယ်။

Credit:Dr. Mya Myo Myo Swe
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top