iMyanmarHouse.com - Best Property Website for Myanmar
×







Credit:mmcelesmedia
ကျန်းမာရေး


#Unicode Version# ဖြင့်ဖတ်ပါ ။

မြေအိုး သေးသေးလေးထဲကိုရေ မပြည့်တပြည့်ထည့်ပြီးမကျည်းသီး လက်တဆုပ်ခန့်ထန်းလျက် အလုံးသေးသေးလေးတွေ ၁၅လုံးခန့်ဆား ဇွန်းသေးသေး တစ်ဇွန်းခန့်အဲဒီ ၃မျိုးကို ဒီအတိုင်းထည့်ထားလိုက်တယ်မမွှေနဲ့ မွှေစရာမလိုဘူး မွှေရင် အဖတ်မှုန်တွေထလာလိမ့်မယ်

တစ်ချက်မှမမွှေဘဲ သူ့ဘာသာကြည်တက်လာတဲ့ အရည်ကြည်ကိုရေမသောက်ဘဲ ရေအစားထိုးပြီးသောက်တယ်သောက်ရင် ဘာအကျိုးဖြစ်မလဲဆိုအရင် စဉ်းစားကြည့်ရအောင်မကျည်းသီးကို ကြေးဘုရားကြေးခွက်တွေ အညှိတွေတက်နေတာတွေကိုပွတ်တိုက်ဆေးကြောပေးရင်ပြောင်လက်သွားတယ်

အသားကိုင်ထားတဲ့လက်တွေကိုမကျည်းသီးနဲ့ ဆေးပေးရင် အနံ့ပျောက်တယ်တစ်ချို့က ဆိတ်သားကို အညှီနံ့ ပျောက်အောင်မကျည်းသီးနဲ့ နှယ်ပြီးဆေးတယ်မကျည်းဖျော်ရည်ကိုရေအစားထိုး သောက်မယ်ဆိုအမျိုးသားတွေအတွက်ရော အမျိုးသမီးတွေ အတွက်ရော ကလေးလူကြီးပါမကျန်သောက်တဲ့ အကျိုးကြောင့်

ဝမ်းတွင်းအေးနေမယ်ကိုယ်တွင်းအဆိပ်အတောက်များကို ဝမ်းအဖြစ်ဖယ်ရှားပေးလို့ အပူအစပ်ကင်းစင်ပြီး မျက်နာမှာ ထွက်နေတဲ့ ဝက်ခြံတွေကိုပါးသထက် ပါးစေမယ်အမြဲတမ်းသောက်နေလို့ဝက်ခြံတွေ အမြစ်ပြတ်ပျောက်သွားမယ်

ရောဂါမှန်သမျှ အပူကြောင့်ဖြစ်တာအခုလိုဥပမာ နဲ့ပြောမယ်ရေခဲသေတ္တာထဲကိုထည့်ထားတဲ့ အသီးအရွက်နဲ့အပြင်မှာထားတဲ့ အသီးအရွက်လိုဘဲရင်အေးတယ် ဝမ်းမှန်တယ် ဆီးမှန်တယ် ခံတွင်းရှင်းပြီး အနံ့ပျောက်တယ် မျက်လုံးကြည်တယ် ဝက်ခြံတွေ စင်တယ်

အထူးသဖြင့် သောက်တုန်းက ဝက်ခြံတွေပျောက်ချင်လို့ သောက်ခဲ့တာပိုက်ဆံမကုန်လို့ အထင်မသေးဘဲ စမ်းကြည့်ရအောင် ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့ ရှေးစကားပုံလည်း ရှိတယ်နော်အဖိုး အဖွားတွေ အခုလို သဘာဝအသီးတွေကို ကိုယ့်ဘာသာဖျော်သောက်လို့ ဘာရောဂါမှ မဖြစ် တဲ့အပြင် ငွေတွေ အလဟသ မကုန်ခဲ့လို့ ဘုရားတွေတည် ကျောင်းတွေဆောက် လှူဒါန်းပေးကမ်းနိုင်ခဲ့ကြပြီး အသက်ရှည်ခဲ့ကြတယ်ဆိုတာကို မမေ့နဲ့နော် ။

Credit:mmcelesmedia
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top