iMyanmarHouse.com - Best Property Website for Myanmar
×

နင္ ငါ့ထက္ ေတာ္သည္ ျဖစ္ေစ ၊ ငါ့ထက္ ညံ့သည္ ျဖစ္ေစ အဲ့ဒါေတြကို အခု ေမ့လိုက္ပါေတာ့ ။

ငါတို႔ အနာဂတ္အတြက္ အစီအစဥ္ကို ဆြဲပါ ။ ဘယ္အရာမွ အစီအစဥ္ စနစ္တက် မရွိပဲ မေအာင္ျမင္ႏိုင္ဘူးဆိုတာ ယံုေပးပါ ။

နင့္ကိုလည္း လိုတာထက္ ပိုမခ်ဳပ္ခ်ယ္ပါဘူး ။ ငါ့ကိုလည္း တခ်ိဳ႕ကိစၥေတြ နားလည္ေပးပါ ။

နင္မေျဖရွင္းႏိုင္ ေတာ့တဲ့ ျပႆနာမ်ိဳး ေတြဆို ငါ့ကိုေျပာပါ ။ ငါမေျဖရွင္းႏိုင္တဲ့ ကိစၥမ်ိဳးေတြ ဆိုလည္း ရင္ဖြင့္တိုင္ပင္ပါ့မယ္ ။

ငါက သြားမယ္ဆို နင့္တိုင္ပင္မယ္ နင္က လုပ္စရာ ရွိမယ္ ဆိုလည္း ငါ့အကုန္ ေျပာရမယ္ ။ နင္မေျပာတဲ့ ကိစၥ မွန္သမ်ွ ငါမေမးဘူး ။ ငါမေျပာတဲ့ ကိစၥ မွန္သမ်ွလည္း နင္နားလည္ေပးဖို႔ လိုတယ္ ။

နင္ျဗဴးတီးစလြန္း သြားသြား ႀကိဳက္တာေတြပဲ ဝယ္ဝယ္ ငါဘယ္ေတာ့မွ ဝင္မေျပာဘူး ။ ငါတို႔ဝင္ေငြ ထြက္ေငြကိုလည္း နင္သိေနေလာက္ၿပီ ။ ငါေရြးခ်ယ္ခဲ့တဲ့ ဇနီးေလာင္း အေပၚ ငါယံုတယ္ ။

နင္လည္း ငါ့ကနင့္ကို ပိုခ်စ္လာေအာင္ အၿမဲႀကိဳးစားပါ ။ ငါလည္း နင္ ငါ့ကို တေန႔ထက္ တေန႔ ပိုခ်စ္လာေအာင္ အျမဲႀကိဳးစားေနမွာပါ ။

ပတ္ဝန္းက်င္နဲ႔ အဆင္ေျပေအာင္ေနပါ ။ စကား မရႈပ္ပါနဲ႔ မိန္းခေလးတေယာက္ စကားရႈပ္တာ ေယာက္်္ားေလး တေယာက္ ေနာက္မယားငယ္နဲ႔ ရႈပ္တာနဲ႔ အက်ိဴးရလဒ္ အတူတူပဲ ။

ငါလည္း ဘယ္ေတာ့မွ မရႈပ္ဘူး ။ နင္လည္း ဘယ္ေတာ့မွ မရႈပ္ပါနဲ႔ ။ ငါတို႔သားသမီးေတြ အတြက္ ငါတို႔က စံျပနမူနာ အျမဲျဖစ္ေနရမယ္ ။ ငါတို႔ စိတ္အခန္႔မသင့္လို႔ အဆင္မေျပေတြ ျဖစ္ေနခဲ့ရင္ေတာင္ ကေလးေတြ ေရွ႕မွာ ၾကင္နာျပေန ရမယ္ ။

ငါလည္း အၿမဲ မမွန္ေနႏိုင္ဘူး ။ နင္လည္း အၿမဲ မမွန္ေနႏိုင္ဘူး ။ အၿမဲတမ္း မမွားဖို႔ပဲ ႀကိဳးစားမယ္ ။

ငါက်ရံႈး ေစမယ့္ အရာ မွန္သမ်ွ နင္ က်ရံႈးတာလို႔ ေတြးေပးပါ ။ နင့္ကို သိကၡာ က်ေစတဲ့ ကိစၥမွန္သမွ် ငါ့ကိုတံေတြးနဲ႔ လာေထြးတယ္လို႔ ခံယူထားပါမယ္ ။

ငါအားေလ်ာ့ရင္ နင္ေဖးကူပါ ။ နင္ လဲက်ရင္ ငါေပြ႕ခ်ီမွာပါ ။ ငါတို႔က ေလာကဓံလႈိင္း လံုးကို လက္တြဲၿပီး စီးရမယ့္သူေတြပါ ။

အခ်စ္ဆိုတာ အေပၚယံ ႏွမ္းျဖဴ မဟုတ္သလို ေပၚပင္ကိစၥ တခုလည္း မဟုတ္ဘူး ။ ငါ့မ်က္ဝန္းကို နင္ဖတ္ႏိုင္ေအာင္ ႀကိဳးစားပါ ။ နင့္အိပ္မက္ကို ငါသိျမင္ေနႏိုင္ေအာင္ ခ်စ္ပါ့မယ္ ။

ဘယ္ကာလ ဘယ္အခ်ိန္ ဘယ္အသက္ အရြယ္ပဲ ေရာက္ေရာက္ နင့္ကို ခ်စ္ခြင့္ပန္တုန္းက အခ်ိန္ကလိုပဲ အၿမဲ ရင္ခုန္စြာ ခ်စ္ေနပါ့မယ္ ။

အသက္အရြယ္ ႀကီးလာတာနဲ႔ အမ်ွ နင့္ေဘးနားမွာ လူေတြ တျဖည္းျဖည္း နည္းလာမယ္ ။ ငါ့ေဘးနားမွာလည္း လူေတြ တျဖည္းျဖည္း ေလ်ာ့လာလိမ့္မယ္ ။ တေလာကလံုးမွာ ဘယ္သူမွ မရွိေတာ့တဲ့ေနာက္ နင့္ေဘးနားမွာ ငါရွိေနမယ္ ဆိုရင္ ငါ့ေဘးနားမွာ နင္ရွိေနမယ္ ဆိုရင္ အဲဒါ ငါတို႔ ခ်စ္ျခင္းသစၥာပဲ ။

ၿပီးေတာ့ ငါတို႔ ကေလးေတြဟာ စိတ္ဒဏ္ရာ ကင္းရမယ္ ၊ အေတြး အေခၚရွိရမယ္ ၊ လြတ္လပ္စြာ ေနထိုင္ေနရမယ္ ခ်စ္ျခင္းရယ္ အႏုပညာရယ္ကို ခံစားႏိုင္စြမ္း ရွိရမယ္ ။ ( အနုပညာကို ဖန္တီးႏိုင္ခဲ့ရင္ေတာ့ အေပ်ာ္ဆံုးေပါ့ ) ငါတို႔ထက္ အဆေပါင္း မ်ားစြာ ပိုေတာ္ေနရမယ္ ။

ငါတို႔ရဲ႕ ပန္းတိုင္ဟာ …. ငါတို႔ရဲ႕ခ်စ္ျခင္း ၿပီးေတာ့ … ငါတို႔ အနာဂတ္ေလာင္းေလးေတြ ။

Credit:KoLinn

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

နင် ငါ့ထက် တော်သည် ဖြစ်စေ ၊ ငါ့ထက် ညံ့သည် ဖြစ်စေ အဲ့ဒါတွေကို အခု မေ့လိုက်ပါတော့ ။

ငါတို့ အနာဂတ်အတွက် အစီအစဉ်ကို ဆွဲပါ ။ ဘယ်အရာမှ အစီအစဉ် စနစ်တကျ မရှိပဲ မအောင်မြင်နိုင်ဘူးဆိုတာ ယုံပေးပါ ။

နင့်ကိုလည်း လိုတာထက် ပိုမချုပ်ချယ်ပါဘူး ။ ငါ့ကိုလည်း တချို့ကိစ္စတွေ နားလည်ပေးပါ ။

နင်မဖြေရှင်းနိုင် တော့တဲ့ ပြဿနာမျိုး တွေဆို ငါ့ကိုပြောပါ ။ ငါမဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးတွေ ဆိုလည်း ရင်ဖွင့်တိုင်ပင်ပါ့မယ် ။

ငါက သွားမယ်ဆို နင့်တိုင်ပင်မယ် နင်က လုပ်စရာ ရှိမယ် ဆိုလည်း ငါ့အကုန် ပြောရမယ် ။ နင်မပြောတဲ့ ကိစ္စ မှန်သမျှ ငါမမေးဘူး ။ ငါမပြောတဲ့ ကိစ္စ မှန်သမျှလည်း နင်နားလည်ပေးဖို့ လိုတယ် ။

နင်ဗြူးတီးစလွန်း သွားသွား ကြိုက်တာတွေပဲ ဝယ်ဝယ် ငါဘယ်တော့မှ ဝင်မပြောဘူး ။ ငါတို့ဝင်ငွေ ထွက်ငွေကိုလည်း နင်သိနေလောက်ပြီ ။ ငါရွေးချယ်ခဲ့တဲ့ ဇနီးလောင်း အပေါ် ငါယုံတယ် ။

နင်လည်း ငါ့ကနင့်ကို ပိုချစ်လာအောင် အမြဲကြိုးစားပါ ။ ငါလည်း နင် ငါ့ကို တနေ့ထက် တနေ့ ပိုချစ်လာအောင် အမြဲကြိုးစားနေမှာပါ ။

ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင်နေပါ ။ စကား မရှုပ်ပါနဲ့ မိန်းခလေးတယောက် စကားရှုပ်တာ ယောက်ျ်ားလေး တယောက် နောက်မယားငယ်နဲ့ ရှုပ်တာနဲ့ အကျိူးရလဒ် အတူတူပဲ ။

ငါလည်း ဘယ်တော့မှ မရှုပ်ဘူး ။ နင်လည်း ဘယ်တော့မှ မရှုပ်ပါနဲ့ ။ ငါတို့သားသမီးတွေ အတွက် ငါတို့က စံပြနမူနာ အမြဲဖြစ်နေရမယ် ။ ငါတို့ စိတ်အခန့်မသင့်လို့ အဆင်မပြေတွေ ဖြစ်နေခဲ့ရင်တောင် ကလေးတွေ ရှေ့မှာ ကြင်နာပြနေ ရမယ် ။

ငါလည်း အမြဲ မမှန်နေနိုင်ဘူး ။ နင်လည်း အမြဲ မမှန်နေနိုင်ဘူး ။ အမြဲတမ်း မမှားဖို့ပဲ ကြိုးစားမယ် ။

ငါကျရှုံး စေမယ့် အရာ မှန်သမျှ နင် ကျရှုံးတာလို့ တွေးပေးပါ ။ နင့်ကို သိက္ခာ ကျစေတဲ့ ကိစ္စမှန်သမျှ ငါ့ကိုတံတွေးနဲ့ လာထွေးတယ်လို့ ခံယူထားပါမယ် ။

ငါအားလျော့ရင် နင်ဖေးကူပါ ။ နင် လဲကျရင် ငါပွေ့ချီမှာပါ ။ ငါတို့က လောကဓံလှိုင်း လုံးကို လက်တွဲပြီး စီးရမယ့်သူတွေပါ ။

အချစ်ဆိုတာ အပေါ်ယံ နှမ်းဖြူ မဟုတ်သလို ပေါ်ပင်ကိစ္စ တခုလည်း မဟုတ်ဘူး ။ ငါ့မျက်ဝန်းကို နင်ဖတ်နိုင်အောင် ကြိုးစားပါ ။ နင့်အိပ်မက်ကို ငါသိမြင်နေနိုင်အောင် ချစ်ပါ့မယ် ။

ဘယ်ကာလ ဘယ်အချိန် ဘယ်အသက် အရွယ်ပဲ ရောက်ရောက် နင့်ကို ချစ်ခွင့်ပန်တုန်းက အချိန်ကလိုပဲ အမြဲ ရင်ခုန်စွာ ချစ်နေပါ့မယ် ။

အသက်အရွယ် ကြီးလာတာနဲ့ အမျှ နင့်ဘေးနားမှာ လူတွေ တဖြည်းဖြည်း နည်းလာမယ် ။ ငါ့ဘေးနားမှာလည်း လူတွေ တဖြည်းဖြည်း လျော့လာလိမ့်မယ် ။ တလောကလုံးမှာ ဘယ်သူမှ မရှိတော့တဲ့နောက် နင့်ဘေးနားမှာ ငါရှိနေမယ် ဆိုရင် ငါ့ဘေးနားမှာ နင်ရှိနေမယ် ဆိုရင် အဲဒါ ငါတို့ ချစ်ခြင်းသစ္စာပဲ ။

ပြီးတော့ ငါတို့ ကလေးတွေဟာ စိတ်ဒဏ်ရာ ကင်းရမယ် ၊ အတွေး အခေါ်ရှိရမယ် ၊ လွတ်လပ်စွာ နေထိုင်နေရမယ် ချစ်ခြင်းရယ် အနုပညာရယ်ကို ခံစားနိုင်စွမ်း ရှိရမယ် ။ ( အနုပညာကို ဖန်တီးနိုင်ခဲ့ရင်တော့ အပျော်ဆုံးပေါ့ ) ငါတို့ထက် အဆပေါင်း များစွာ ပိုတော်နေရမယ် ။

ငါတို့ရဲ့ ပန်းတိုင်ဟာ …. ငါတို့ရဲ့ချစ်ခြင်း ပြီးတော့ … ငါတို့ အနာဂတ်လောင်းလေးတွေ ။

Credit:KoLinn

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top