iMyanmarHouse.com - Best Property Website for Myanmar
×

 Lil’z နဲ႔မငိုပါနဲ႔ေတာ့ သီခ်င္းမွာ Featuring အျဖစ္သီဆိုထားၿပီး ေအးခ်မ္းေမရဲ႕ သူသိသြားၿပီ သီခ်င္းကို Cover song သီဆိုမႈနဲ႔အတူ ဝဲ သီခ်င္းလူမႈကြန္ရက္ေပၚပ်ံ႕ႏွံ႔သြားတဲ့အခ်ိန္မွာေတာ့ သူမတူထူးျခားတဲ့အသံေလးကိုလူေတြသတိထားမိလာၿပီး ပရိသတ္အခုိင္အမာရ႐ိွထားတဲ့ ငယ္ငယ္ႏုႏုေခ်ာေခ်ာေကာင္မေလးတစ္ေယာက္႐ိွပါတယ္။ သူကေတာ့ Marီy ပဲျဖစ္ပါတယ္။ အခုအခ်ိန္မွာသူဟာ သူရဲ႕ပထဆံုးတစ္ကိုယ္ေတာ္ ေတးစီးရီးျဖစ္တဲ့ Midnight Thoughs ဆိုတဲ့ေတးစီရီးကလည္းထြက္႐ိွၿပီးျဖစ္ပါတယ္။ အခု ဆယ္လီရပ္ကြက္နဲ႔အင္တာဗ်ဴးတစ္ခုမွာ ေျပာျပသြားတဲ့အေၾကာင္းေတြ႐ိွပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔က Marီyကိုခ်စ္တဲ့ မိတ္ေဆြေတြသိရေအာင္ျပန္လည္ ေဝမွ်ေပးလိုက္ပါတယ္။

Marီy ကလိမၼာတဲ့ကေလးထဲမွာပါလားဆိုတဲ့ေမးခြန္းကို “ ဘယ္လိုေျပာမလဲဆိုးတဲ့အရာေတာ့လုပ္ဘူးေပါ့ေနာ္။ အေမကေတာ့ငယ္ငယ္ေလးကတည္းကသြန္သင္ ဘာလုပ္ရမယ္ နဲ႔ ။ နားေထာင္တယ္ တခ်ိဳ႕အရာေတြကိုယ့္ဟာကိုယ္ထိန္းႏိုင္တဲ့အရာေတြဆိုရင္ေတာ့လုပ္ခ်င္တယ္။ အဲ့ဒီလိုမ်ိဳးေပါ့ ဆိုးတဲ့ကေလးထဲမွာမပါဘူး။အေမလည္းသိတယ္။ ၁၈ႏွစ္အထိကေတာ့ တကၠသိုလ္ေကာင္းမဝင္မွာစိုးလို႔ ပိုက္ဆံသံုးတာေတြ ၊ သူငယ္ခ်င္းေပါင္းတာေတြ အမ်ိဳးမ်ိဳးခ်ဳပ္တယ္။ ၁၈ႏွစ္ေနာက္ပိုင္းကေတာ့ ကုိယ့္ဘာသာကိုသြားတာပဲ ။ အေမကိုတိုင္ပင္႐ံုေလာက္ပဲ႐ိွတယ္။ က်န္တာကေတာ့ ကိုယ့္ဘာသာကိုဆံုးျဖတ္တယ္။ မ်ားေသာအားျဖင့္ေတာ့ဂ်ပန္ႏိုင္ငံမွာကေလးေတြက အထက္တန္းထိပဲ အရာရာကိုမိဘေတြကအရိပ္ေအာက္မွာ႐ွင္သန္တယ္။ တကၠသိုလ္ေရာက္ၿပီဆိုရင္ ပိုက္ဆံကအစ အခ်ိန္အကုန္လံုး ကိုယ့္ဘာသာကိုယ္ ကိုယ့္ရဲ႕ဘဝစီမံခန္႔ခြဲတာကအစဘယ္လိုေျပာမလဲ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္တဲ့ကေလးေတြမ်ားတယ္ေပါ့ ။ ဒီမွာကေတာ့အလုပ္မလုပ္တဲ့အထိမိဘရဲ႕အရိပ္ေအာက္မွာေနတဲ့ကေလးေတြပိုမ်ားတယ္လို႔ထင္ပါတယ္။

ကိုယ္တိုင္ကေရာႏွစ္ႏိုင္ငံရဲ႕ကြာျခားမႈၾကားမွာ ေနသားက်ၿပီလားဆိုတဲ့ေမးခြန္းကို “Marီy ကဂ်ပန္မွာႀကီးေသာ္ျငားလည္း ဂ်ပန္ရဲ႕အရမ္းStressမ်ားတဲ့Lifeကို နဂိုကတည္းကအရမ္းမႀကိဳက္ဘူးေပါ့ ။ Marီy တို႔အေမက်ေတာ့ အၿမဲတမ္းလိုအခ်ိန္နဲ႔အမွ်ေရြ႕ေနမွာႀကိဳက္တာဆိုေတာ့ အေမတို႔က်ဒီမွာျပန္လာေနမယ္ဆိုရင္ Marီyတို႔ထက္ဂ်ပန္မွာၾကာၿပီဆိုေတာ့ သူက်ဒီမွာျပန္လာေနရင္လုပ္စရာမ႐ိွေတာ့ဘူးပ်င္းတယ္ အဲ့ဒီလိုျဖစ္တယ္။ Marီy တို႔က်ဟိုမွာနဂိုတည္းကအဲ့ဒီေလာက္သိပ္မႀကိဳက္ေတာ့ ဒီနဲ႔ဟိုနဲ႔အလယ္ေလာက္ကိုသေဘာက်တယ္။ Marီyကတာ့ဒီမွာျပန္လာေနတဲ့အခါက်ေတာ့ သူငယ္ခ်င္းေတြလည္း႐ိွတယ္။ မိဘေတြကုိက သားသမီးေတြကိုစိုးရိမ္တယ္။

ဘယ္လိုေျပာမလဲ ကိုယ့္ပိုက္ဆံကိုမ႐ွာႏိုင္ခင္ထိက သားသမီးကိုခ်စ္တဲ့စိတ္နဲ႔အလိုလိုက္တာတို႔ စိုးရိမ္စိတ္နဲ႔ထိန္းခ်ဳပ္ထားတာေတြက ကေလးတစ္ေယာက္ကိုေပါ့ ကိုယ့္ေျခေထာက္ေပၚကိုကိုယ္ရပ္တည္ႏိုင္ေအာင္ အခြင့္ေရးမေပးသလိုခံစားရတယ္။ဟိုမွာက်ေတာ့ ငယ္ငယ္ေလးကတည္းကဘာပဲေျပာျပာေပါ့ေနာ္အိမ္ကေထာက္ပံ့ရင္ေတာင္မွာ Marီyတို႔ဆိုPart Time ေတြလုပ္တယ္။ ငယ္ငယ္ေလးကတည္းကပိုက္ဆံရဲ႕(ဘယ္လိုေျပာမလဲ) ပိုက္ဆံရဲ႕တန္ဖိုးကိုသိတာေပါ့ ။အခုခ်ိန္မွာအလုပ္လုပ္တဲ့အခါမွာကိုယ္ရတဲ့ဝင္ေငြနဲ႔ျပန္ထြက္မယ့္ေငြအကုန္လံုးကိုခ်င့္ခ်ိန္ၿပီးေတာ့လုပ္တတ္လာတယ္ ေပါ့ေနာ္။ အခုဆိုရင္ပိုက္ဆံေတြလည္းဒီအသက္အရြယ္မွာ စုထားသင့္တယ္ဆိုတာလည္းသိတယ္။ Marီyကေတာ့အဲ့ဒီလိုမ်ိဳးေတြ႐ိွတယ္။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

Credit:nanmalgyi
အႏုပညာ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

Lil’z နဲ့မငိုပါနဲ့တော့ သီချင်းမှာ Featuring အဖြစ်သီဆိုထားပြီး အေးချမ်းမေရဲ့ သူသိသွားပြီ သီချင်းကို Cover song သီဆိုမှုနဲ့အတူ ဝဲ သီချင်းလူမှုကွန်ရက်ပေါ်ပျံ့နှံ့သွားတဲ့အချိန်မှာတော့ သူမတူထူးခြားတဲ့အသံလေးကိုလူတွေသတိထားမိလာပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ ငယ်ငယ်နုနုချောချောကောင်မလေးတစ်ယောက်ရှိပါတယ်။ သူကတော့ Marီy ပဲဖြစ်ပါတယ်။ အခုအချိန်မှာသူဟာ သူရဲ့ပထဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Midnight Thoughs ဆိုတဲ့တေးစီရီးကလည်းထွက်ရှိပြီးဖြစ်ပါတယ်။ အခု ဆယ်လီရပ်ကွက်နဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားတဲ့အကြောင်းတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့က Marီyကိုချစ်တဲ့ မိတ်ဆွေတွေသိရအောင်ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Marီy ကလိမ္မာတဲ့ကလေးထဲမှာပါလားဆိုတဲ့မေးခွန်းကို “ ဘယ်လိုပြောမလဲဆိုးတဲ့အရာတော့လုပ်ဘူးပေါ့နော်။ အမေကတော့ငယ်ငယ်လေးကတည်းကသွန်သင် ဘာလုပ်ရမယ် နဲ့ ။ နားထောင်တယ် တချို့အရာတွေကိုယ့်ဟာကိုယ်ထိန်းနိုင်တဲ့အရာတွေဆိုရင်တော့လုပ်ချင်တယ်။ အဲ့ဒီလိုမျိုးပေါ့ ဆိုးတဲ့ကလေးထဲမှာမပါဘူး။အမေလည်းသိတယ်။ ၁၈နှစ်အထိကတော့ တက္ကသိုလ်ကောင်းမဝင်မှာစိုးလို့ ပိုက်ဆံသုံးတာတွေ ၊ သူငယ်ချင်းပေါင်းတာတွေ အမျိုးမျိုးချုပ်တယ်။ ၁၈နှစ်နောက်ပိုင်းကတော့ ကိုယ့်ဘာသာကိုသွားတာပဲ ။ အမေကိုတိုင်ပင်ရုံလောက်ပဲရှိတယ်။ ကျန်တာကတော့ ကိုယ့်ဘာသာကိုဆုံးဖြတ်တယ်။ များသောအားဖြင့်တော့ဂျပန်နိုင်ငံမှာကလေးတွေက အထက်တန်းထိပဲ အရာရာကိုမိဘတွေကအရိပ်အောက်မှာရှင်သန်တယ်။ တက္ကသိုလ်ရောက်ပြီဆိုရင် ပိုက်ဆံကအစ အချိန်အကုန်လုံး ကိုယ့်ဘာသာကိုယ် ကိုယ့်ရဲ့ဘဝစီမံခန့်ခွဲတာကအစဘယ်လိုပြောမလဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တဲ့ကလေးတွေများတယ်ပေါ့ ။ ဒီမှာကတော့အလုပ်မလုပ်တဲ့အထိမိဘရဲ့အရိပ်အောက်မှာနေတဲ့ကလေးတွေပိုများတယ်လို့ထင်ပါတယ်။

ကိုယ်တိုင်ကရောနှစ်နိုင်ငံရဲ့ကွာခြားမှုကြားမှာ နေသားကျပြီလားဆိုတဲ့မေးခွန်းကို “Marီy ကဂျပန်မှာကြီးသော်ငြားလည်း ဂျပန်ရဲ့အရမ်းStressများတဲ့Lifeကို နဂိုကတည်းကအရမ်းမကြိုက်ဘူးပေါ့ ။ Marီy တို့အမေကျတော့ အမြဲတမ်းလိုအချိန်နဲ့အမျှရွေ့နေမှာကြိုက်တာဆိုတော့ အမေတို့ကျဒီမှာပြန်လာနေမယ်ဆိုရင် Marီyတို့ထက်ဂျပန်မှာကြာပြီဆိုတော့ သူကျဒီမှာပြန်လာနေရင်လုပ်စရာမရှိတော့ဘူးပျင်းတယ် အဲ့ဒီလိုဖြစ်တယ်။ Marီy တို့ကျဟိုမှာနဂိုတည်းကအဲ့ဒီလောက်သိပ်မကြိုက်တော့ ဒီနဲ့ဟိုနဲ့အလယ်လောက်ကိုသဘောကျတယ်။ Marီyကတာ့ဒီမှာပြန်လာနေတဲ့အခါကျတော့ သူငယ်ချင်းတွေလည်းရှိတယ်။ မိဘတွေကိုက သားသမီးတွေကိုစိုးရိမ်တယ်။

ဘယ်လိုပြောမလဲ ကိုယ့်ပိုက်ဆံကိုမရှာနိုင်ခင်ထိက သားသမီးကိုချစ်တဲ့စိတ်နဲ့အလိုလိုက်တာတို့ စိုးရိမ်စိတ်နဲ့ထိန်းချုပ်ထားတာတွေက ကလေးတစ်ယောက်ကိုပေါ့ ကိုယ့်ခြေထောက်ပေါ်ကိုကိုယ်ရပ်တည်နိုင်အောင် အခွင့်ရေးမပေးသလိုခံစားရတယ်။ဟိုမှာကျတော့ ငယ်ငယ်လေးကတည်းကဘာပဲပြောပြာပေါ့နော်အိမ်ကထောက်ပံ့ရင်တောင်မှာ Marီyတို့ဆိုPart Time တွေလုပ်တယ်။ ငယ်ငယ်လေးကတည်းကပိုက်ဆံရဲ့(ဘယ်လိုပြောမလဲ) ပိုက်ဆံရဲ့တန်ဖိုးကိုသိတာပေါ့ ။အခုချိန်မှာအလုပ်လုပ်တဲ့အခါမှာကိုယ်ရတဲ့ဝင်ငွေနဲ့ပြန်ထွက်မယ့်ငွေအကုန်လုံးကိုချင့်ချိန်ပြီးတော့လုပ်တတ်လာတယ် ပေါ့နော်။ အခုဆိုရင်ပိုက်ဆံတွေလည်းဒီအသက်အရွယ်မှာ စုထားသင့်တယ်ဆိုတာလည်းသိတယ်။ Marီyကတော့အဲ့ဒီလိုမျိုးတွေရှိတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Credit:nanmalgyi
အနုပညာ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top