iMyanmarHouse.com - Best Property Website for Myanmar
×


ကိုယ္ခ်စ္တဲ့သူကို ေစ့စပ္ခြင့္ေတာင္းေတာ့မွာလား၊ ေကာင္ေလးေတြနဲ႔အေနနဲ႔ ေစ့စပ္ခြင့္ေတာင္းေတာ့မယ္ဆိုရင္ သိထားရမယ့္အခ်က္ေလးေတြ ရွိပါတယ္ေနာ္။ ေစ့စပ္ခြင့္ေတာင္းတယ္ဆိုတာ ႏွစ္ကိုယ္တူ အတူတူေနဖုိ႔ ေျခလွမ္းအစပါပဲေနာ္။ ဒီလို အေရးႀကီးတဲ့ ေန႔ရက္ေလးအတြက္ ဘာေတြ ႀကိဳတင္ျပင္ဆင္ရမလဲဆိုတာ ေဖာ္ျပလိုက္ပါတယ္ေနာ္။

ေစ့စပ္ခြင့္ေတာင္းေတာ့မယ္ဆိုရင္

လက္စြပ္

ေစ့စပ္လက္စြပ္ဆိုကေတာ့ ဒီလိုအခ်ိန္အခါမွာ အရမ္းကို အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ပဲမလားေနာ္။ ေစ့စပ္လက္စြပ္ကို ေသခ်ာေလး ျပင္ဆင္သြားရမွာပါ။ ေစ့စပ္လက္စြပ္ကေတာ့ စိန္တစ္လံုးတည္း ပါတဲ့ လက္စြပ္ေလေနာ္။ ေယာက်္ားေလးတို႔အေနနဲ႔ အရင္ဆံုးေတာ့ လက္ရဲ႕ အရြယ္အစားကို ေသခ်ာသိဖို႔ လုိပါတယ္။ ေကာင္မေလး သေဘာက်ေလာက္မယ့္ လက္စြပ္မ်ိဳးကို ေသခ်ာေရြးခ်ယ္ပါေနာ္။

ေနရာ

ေနရာကေတာ့ ကိုယ္က ဘယ္လုိပံုစံႀကိဳက္လဲဆိုတဲ့ေပၚမွာ မူတည္ပါတယ္ေနာ္။ တခ်ိဳ႔ကေတာ့ ႏွစ္ေယာက္တည္းေလး သီးသန္႔ Surprise လုပ္ၾကပါတယ္။ တခ်ိဳ႔ကေတာ့ သူငယ္ခ်င္းေတြကို အသိေပးထားၿပီး အားလံုးေရွ႕မွာ ေစ့စပ္ခြင့္ေတာင္းတယ္ေပါ့။ ဒါကေတာ့ ကိုယ္ႀကိဳက္တဲ့ ပံုစံနဲ႔ Budget ေပၚမွာ မူတည္ပါတယ္။ အဓိကကေတာ့ ေကာင္မေလးဆီက “yes” ျဖစ္ဖို႔ လုိၿပီး သူ႔ဆီက ခ်စ္ျခင္းေမတၱာကို ရဖို႔ပဲေလေနာ္။

အခ်ိန္

ေစ့စပ္ခြင့္ေတာင္းတဲ့အခ်ိန္ကိုလည္း စဥ္းစားရမယ္ေနာ္။ ေကာင္မေလး စိတ္ၾကည္ေနတဲ့အခ်ိန္မွ ေပ်ာ္စရာေကာင္းမွာေလ။ ဒီေတာ့ ကိုယ့္ခ်စ္သူေကာင္မေလးက စိတ္ရွဳပ္ေနလား၊ အလုပ္နဲ႔ပက္သက္တဲ့ ဖိစီးမႈေတြ ရွိေနလားဆိုတာ မသိမသာေလး ေမးျမန္းေလ့လာပါ။

တခ်ိန္ခ်ိန္ ေစ့စပ္ခြင့္အေၾကာင္း ျပန္ေတြးတဲ့အခါမွာ ေပ်ာ္စရာေတြကိုပဲ ခံစားမိေနဖုိ႔ လုိပါတယ္။ အဲဒီလို မဟုတ္ရင္ ေစ့စပ္ခြင့္အေၾကာင္းေတြးတိုင္း အဲဒီတုန္းက စိတ္ဖိစီးမႈကိုပါ ျပန္အမွတ္ရေနတာမ်ိဳး ျဖစ္ေနမွာစုိးလို႔ပါ။

ႀကိဳတင္စီစဥ္ပါ

ေစ့စပ္ခြင့္ေတာင္းတယ္ဆိုတာကလည္း ႀကိဳတင္အစီအစဥ္ ဆြဲထားဖို႔ လုိပါတယ္။ ႀကိဳတင္စီစဥ္ထားမွသာ အကုန္လံုးက အဆင္ေျပမွာေလေနာ္။ ေနရာမွာဆိုရင္လည္း Decoration ေလး လုပ္မလား၊ လုပ္မယ္ဆိုရင္လည္း ေကာင္မေလး မသိေအာင္ ဘယ္လိုပံုစံေလး လုပ္မလဲဆိုတာမ်ိဳး ႀကိဳတင္စီစဥ္ပါ။ စားစရာေလးေတြလည္း ႀကိဳတင္ျပင္ဆင္ထားပါေနာ္။


Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ကိုယ်ချစ်တဲ့သူကို စေ့စပ်ခွင့်တောင်းတော့မှာလား၊ ကောင်လေးတွေနဲ့အနေနဲ့ စေ့စပ်ခွင့်တောင်းတော့မယ်ဆိုရင် သိထားရမယ့်အချက်လေးတွေ ရှိပါတယ်နော်။ စေ့စပ်ခွင့်တောင်းတယ်ဆိုတာ နှစ်ကိုယ်တူ အတူတူနေဖို့ ခြေလှမ်းအစပါပဲနော်။ ဒီလို အရေးကြီးတဲ့ နေ့ရက်လေးအတွက် ဘာတွေ ကြိုတင်ပြင်ဆင်ရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်နော်။

စေ့စပ်ခွင့်တောင်းတော့မယ်ဆိုရင်

လက်စွပ်

စေ့စပ်လက်စွပ်ဆိုကတော့ ဒီလိုအချိန်အခါမှာ အရမ်းကို အရေးကြီးတဲ့ အချက်တစ်ချက်ပဲမလားနော်။ စေ့စပ်လက်စွပ်ကို သေချာလေး ပြင်ဆင်သွားရမှာပါ။ စေ့စပ်လက်စွပ်ကတော့ စိန်တစ်လုံးတည်း ပါတဲ့ လက်စွပ်လေနော်။ ယောကျ်ားလေးတို့အနေနဲ့ အရင်ဆုံးတော့ လက်ရဲ့ အရွယ်အစားကို သေချာသိဖို့ လိုပါတယ်။ ကောင်မလေး သဘောကျလောက်မယ့် လက်စွပ်မျိုးကို သေချာရွေးချယ်ပါနော်။

နေရာ

နေရာကတော့ ကိုယ်က ဘယ်လိုပုံစံကြိုက်လဲဆိုတဲ့ပေါ်မှာ မူတည်ပါတယ်နော်။ တချို့ကတော့ နှစ်ယောက်တည်းလေး သီးသန့် Surprise လုပ်ကြပါတယ်။ တချို့ကတော့ သူငယ်ချင်းတွေကို အသိပေးထားပြီး အားလုံးရှေ့မှာ စေ့စပ်ခွင့်တောင်းတယ်ပေါ့။ ဒါကတော့ ကိုယ်ကြိုက်တဲ့ ပုံစံနဲ့ Budget ပေါ်မှာ မူတည်ပါတယ်။ အဓိကကတော့ ကောင်မလေးဆီက “yes” ဖြစ်ဖို့ လိုပြီး သူ့ဆီက ချစ်ခြင်းမေတ္တာကို ရဖို့ပဲလေနော်။

အချိန်

စေ့စပ်ခွင့်တောင်းတဲ့အချိန်ကိုလည်း စဉ်းစားရမယ်နော်။ ကောင်မလေး စိတ်ကြည်နေတဲ့အချိန်မှ ပျော်စရာကောင်းမှာလေ။ ဒီတော့ ကိုယ့်ချစ်သူကောင်မလေးက စိတ်ရှုပ်နေလား၊ အလုပ်နဲ့ပက်သက်တဲ့ ဖိစီးမှုတွေ ရှိနေလားဆိုတာ မသိမသာလေး မေးမြန်းလေ့လာပါ။

တချိန်ချိန် စေ့စပ်ခွင့်အကြောင်း ပြန်တွေးတဲ့အခါမှာ ပျော်စရာတွေကိုပဲ ခံစားမိနေဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ရင် စေ့စပ်ခွင့်အကြောင်းတွေးတိုင်း အဲဒီတုန်းက စိတ်ဖိစီးမှုကိုပါ ပြန်အမှတ်ရနေတာမျိုး ဖြစ်နေမှာစိုးလို့ပါ။

ကြိုတင်စီစဉ်ပါ

စေ့စပ်ခွင့်တောင်းတယ်ဆိုတာကလည်း ကြိုတင်အစီအစဉ် ဆွဲထားဖို့ လိုပါတယ်။ ကြိုတင်စီစဉ်ထားမှသာ အကုန်လုံးက အဆင်ပြေမှာလေနော်။ နေရာမှာဆိုရင်လည်း Decoration လေး လုပ်မလား၊ လုပ်မယ်ဆိုရင်လည်း ကောင်မလေး မသိအောင် ဘယ်လိုပုံစံလေး လုပ်မလဲဆိုတာမျိုး ကြိုတင်စီစဉ်ပါ။ စားစရာလေးတွေလည်း ကြိုတင်ပြင်ဆင်ထားပါနော်။


Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top