iMyanmarHouse.com - Best Property Website for Myanmar
×






(၁) နှလုံးကျန်းမာရေး


(၂) ကူးစက်ခြင်း




(၄) အစာခြေစနစ်



(၅) မိခင်နို့







Credit:kalay

ကျန်းမာရေး

# Unicode Version # ဖြင့် ဖတ်ပါ #


ကြက်သွန်ဖြူဟာ သွေးဖိအားကို ထိန်းပေးပါတယ်။ ကိုလက်စထရောတွေကျစေပြီး နှလုံးရောဂါနဲ့ ရုတ်တရက်နှလုံးထိခိုက်တာတွေကို ကာကွယ်ပေးပါတယ်။

ကြက်သွန်ဖြူကို ဟင်းလျာတွေထဲမှာ ထည့်သွင်းစားကြပါတယ်။ အထူးသဖြင့် ဟင်းတစ်ခွက်ရဲ့ အနံ့နဲ့ အရသာထူးကဲဖို့အတွက် အသုံးပြုကြပါတယ်။ တချို့တွေကတော့ ကြက်သွန်ဖြူဟာ ပါးစပ်နဲ့သွားမှာ အနံ့စွဲတာကြောင့် မကြိုက်ကြပါဘူး။

ဘယ်လိုပဲဖြစ်နေဖြစ်နေ ကြက်သွန်ဖြူမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာရော နို့တိုက်ချိန်မှာပါ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

ကြက်သွန်ဖြူကို ဟင်းလျာတွေထဲမှာ ထည့်သွင်းစားကြပါတယ် (Photo by parenting.firstcry)
နို့တိုက်မိခင်တွေ ကြက်သွန်ဖြူစားပေးခြင်းရဲ့ အကျိုးကျေးဇူးများ

(၁) နှလုံးကျန်းမာရေး

ကြက်သွန်ဖြူမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာဆိုရင် ခန္ဓာကိုယ်တစ်လျှောက်လုံးက သွေးတွေကို လည်ပတ်မှု ကောင်းစေပါတယ်။ နှလုံးထိခိုက်စေတဲ့ ပြဿနာတွေကို လျှော့ချပေးပါတယ်။

(၂) ကူးစက်ခြင်း

ကြက်သွန်ဖြူမှာ ကိုယ်ခံစွမ်းအားကောင်းစေတဲ့ anti fungal နဲ့ ပဋိဇီဝဆေးတွေပါဝင်ပါတယ်။ ကြက်သွန်ဖြူစားခြင်းဖြင့် အန္တရာယ်ရှိတဲ့ ကူးစက်မှုတွေကို ကာကွယ်ပေးပါတယ်။ အရေပြားအပူလောင်တဲ့အခါ ကြက်သွန်ဖြူကိုအသုံးပြုနိုင်ပါတယ်။

(၃) သွေးဖိအားနဲ့ ကိုလက်စထရော

ကြက်သွန်ဖြူဟာ သွေးဖိအားကို ထိန်းပေးပါတယ်။ ကိုလက်စထရောတွေ ကျစေပြီး နှလုံးရောဂါနဲ့ ရုတ်တရက် နှလုံးထိခိုက်တာတွေကို ကာကွယ်ပေးပါတယ်။

(၄) အစာခြေစနစ်

ကြက်သွန်ဖြူဟာဆိုရင် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အစာခြေစနစ်ကို လှုံ့ဆော်ပေးပါတယ်။

ကြက်သွန်ဖြူဟာဆိုရင် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အစာခြေစနစ်ကို လှုံ့ဆော်ပေးပါတယ် (Photo by MomJunction)

(၅) မိခင်နို့

ကြက်သွန်ဖြူမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာဆိုရင် မိခင်နို့အထွက်ကောင်းအောင် လှုံ့ဆော်ပေးပါတယ်။ ကလေးငယ်ရဲ့ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။

(၆) နာတာရှည်ပင်ပန်းနွမ်းနယ်ခြင်း

ကြက်သွန်ဖြူစားပေးခြင်းဖြင့် နာတာရှည်ပင်ပန်းနွမ်းနယ်တာကို သက်သာစေပါတယ်။


(၇) တခြားအကျိုးကျေးဇူးများ

ကြက်သွန်ဖြူဟာဆိုရင် တုပ်ကွေး၊ ပန်းနာရင်ကျပ်နဲ့ အိပ်မပျော်တဲ့ အခြေအနေတွေကို လျှော့ချပေးပါတယ်။

Credit:kalay

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top