iMyanmarHouse.com - Best Property Website for Myanmar
×

ဒီနည္းလမ္းေလးကိုေတာ့ ရာသီ မမွန္တာတို႔၊ ရာသီလာခ်ိန္ မခံမရပ္ႏိုင္ျဖစ္တာတို႔ကို သက္သာေအာင္လုပ္တဲ့ ေနရာမွာသုံးပါတယ္။ ခရီးသြားခ်ိန္ ၊ အလုပ္ေတြမ်ားေနတဲ့အခ်ိန္ ရာသီလာတဲ့အခါ ခံစားရမယ့္ ဒုကၡေတြ အလုပ္ရႈပ္တာေတြကို ေရွာင္ရွားႏိုင္ဖို႔ ရာသီတားဆီးတာမ်ိဳး လုပ္လို႔ရပါတယ္။ အထူးသျဖင့္ အားကစားမယ္ေတြ၊ စစ္မႈထမ္းအမ်ိဳးသမီးေတြနဲ႔ စိတ္မမွန္တဲ့ အမ်ိဳးသမီးေတြအတြက္လည္း လိုအပ္ခ်က္အရ တခါတရံ ရာသီႏွိမ္တာက ပိုမိုအဆင္ေျပေစပါတယ္။ ဒီနည္းကိုေတာ့ အေမရိကမွာ ႏွစ္နဲ႔ခ်ီၿပီး သုံးေနတာၾကာပါၿပီ။

နည္းလမ္းကေတာ့ အလြယ္ဆုံး နည္းလမ္းတစ္ခုကိုပဲ ေဖာ္ျပခ်င္ပါတယ္။

Combined Oral Contraceptive (COC) လို႔ေခၚတဲ့ ႏွစ္မ်ိဳးတြဲ တားေဆးကို အစပိုင္း ၂၁ ရက္ေသာက္ရတဲ့ေဆးကုန္တာနဲ႔ က်န္တဲ့အေရာင္ရင့္ေဆးျပား (၇) ျပားကို မေသာက္ဘဲ၊ ေနာက္ေဆးကတ္အသစ္ကို ဆက္ေသာက္ရမွာပါ။ ၂၁ လုံးစီ သုံးကတ္ ၆၃ ျပား ဆက္တိုက္ေသာက္ခိုင္းတာ ျဖစ္ၿပီး ေနာက္ ၇ ရက္အတြင္းမွာ ရာသီျပန္လာမွာ ျဖစ္ပါတယ္။

ဒီလို ရာသီႏွိမ္တဲ့အတြက္ ရာသီလာခ်ိန္မွာ အမ်ိဳးသမီးေတြခံစားရတဲ့ နာက်င္မႈေတြ သက္သာေစမယ္။ ေသြးဆင္းမ်ားတာ သက္သာမယ္။ ေသြးမဆုံးခင္ ခံစားရတာေတြ သက္သာမယ္။ ရာသီေၾကာင့္ ေခါင္းမူးေခါင္းကိုက္ ခံစားရတာ၊ ဝက္ၿခံေပါက္တာေတြ သက္သာေစမယ္။ ရင္သားတင္းတာ နာတာ ေတြလဲ သက္သာေစပါတယ္။

ဒါေပမယ့္ ဒီလို ရာသီႏွိမ္ခ်ိန္မွာ မထင္မွတ္ဘဲ ေသြးဆင္းတာ ႀကဳံရႏိုင္ပါတယ္။ အမ်ားႀကီးေတာ့မဟုတ္ေပမယ့္ ေဆးေသာက္တဲ့ အေစာပိုင္းကာလမွာ ျဖစ္ႏိုင္ပါတယ္။ ဗိုက္အလြန္နာရင္၊ ရင္ဘတ္နာရင္ ၊ ေသြးဆင္းမ်ားရင္ ၊ မ်က္စိၾကည့္မေကာင္းျဖစ္လာရင္ ၊ ေျခေထာက္ထဲမွာ နာလာရင္ ဆရာဝန္နဲ႔ ျပသတိုင္ပင္ရမွာ ျဖစ္ပါတယ္။ ကိုယ္ဝန္ရွိမယ္ဆိုရင္လဲ ကိုယ္ဝန္ဟုတ္၊ မဟုတ္ အလြယ္တကူမသိႏိုင္ပါဘူး။

ကဲ အေရးႀကီးကိစၥရွိလို႔ ရာသီႏွိမ္ခ်င္တဲ့ အမ်ိဳးသမီးတို႔အတြက္ နည္းေကာင္းေလးပါေနာ္… ေဘးထြက္ဆိုးက်ိဳးေလးေတြနဲ႔ ျဖစ္ႏိုင္တဲ့ အႏၲရာယ္ေလးေတြပါ ေရးျပထားေတာ့ ဆင္ျခင္အသုံးျပဳႏိုင္ပါတယ္ေနာ္…

( က်န္းမာေရးနဲ႔ ပတ္သတ္ရင္ ဘယ္နည္းလမ္းမဆို ဆရာဝန္နဲ႔တိုင္ပင္ေဆြးေႏြးၿပီး အသုံးျပဳတာက အေကာင္းဆုံးပါပဲ…)

Credit: popolay
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒီနည်းလမ်းလေးကိုတော့ ရာသီ မမှန်တာတို့၊ ရာသီလာချိန် မခံမရပ်နိုင်ဖြစ်တာတို့ကို သက်သာအောင်လုပ်တဲ့ နေရာမှာသုံးပါတယ်။ ခရီးသွားချိန် ၊ အလုပ်တွေများနေတဲ့အချိန် ရာသီလာတဲ့အခါ ခံစားရမယ့် ဒုက္ခတွေ အလုပ်ရှုပ်တာတွေကို ရှောင်ရှားနိုင်ဖို့ ရာသီတားဆီးတာမျိုး လုပ်လို့ရပါတယ်။ အထူးသဖြင့် အားကစားမယ်တွေ၊ စစ်မှုထမ်းအမျိုးသမီးတွေနဲ့ စိတ်မမှန်တဲ့ အမျိုးသမီးတွေအတွက်လည်း လိုအပ်ချက်အရ တခါတရံ ရာသီနှိမ်တာက ပိုမိုအဆင်ပြေစေပါတယ်။ ဒီနည်းကိုတော့ အမေရိကမှာ နှစ်နဲ့ချီပြီး သုံးနေတာကြာပါပြီ။

နည်းလမ်းကတော့ အလွယ်ဆုံး နည်းလမ်းတစ်ခုကိုပဲ ဖော်ပြချင်ပါတယ်။

Combined Oral Contraceptive (COC) လို့ခေါ်တဲ့ နှစ်မျိုးတွဲ တားဆေးကို အစပိုင်း ၂၁ ရက်သောက်ရတဲ့ဆေးကုန်တာနဲ့ ကျန်တဲ့အရောင်ရင့်ဆေးပြား (၇) ပြားကို မသောက်ဘဲ၊ နောက်ဆေးကတ်အသစ်ကို ဆက်သောက်ရမှာပါ။ ၂၁ လုံးစီ သုံးကတ် ၆၃ ပြား ဆက်တိုက်သောက်ခိုင်းတာ ဖြစ်ပြီး နောက် ၇ ရက်အတွင်းမှာ ရာသီပြန်လာမှာ ဖြစ်ပါတယ်။

ဒီလို ရာသီနှိမ်တဲ့အတွက် ရာသီလာချိန်မှာ အမျိုးသမီးတွေခံစားရတဲ့ နာကျင်မှုတွေ သက်သာစေမယ်။ သွေးဆင်းများတာ သက်သာမယ်။ သွေးမဆုံးခင် ခံစားရတာတွေ သက်သာမယ်။ ရာသီကြောင့် ခေါင်းမူးခေါင်းကိုက် ခံစားရတာ၊ ဝက်ခြံပေါက်တာတွေ သက်သာစေမယ်။ ရင်သားတင်းတာ နာတာ တွေလဲ သက်သာစေပါတယ်။

ဒါပေမယ့် ဒီလို ရာသီနှိမ်ချိန်မှာ မထင်မှတ်ဘဲ သွေးဆင်းတာ ကြုံရနိုင်ပါတယ်။ အများကြီးတော့မဟုတ်ပေမယ့် ဆေးသောက်တဲ့ အစောပိုင်းကာလမှာ ဖြစ်နိုင်ပါတယ်။ ဗိုက်အလွန်နာရင်၊ ရင်ဘတ်နာရင် ၊ သွေးဆင်းများရင် ၊ မျက်စိကြည့်မကောင်းဖြစ်လာရင် ၊ ခြေထောက်ထဲမှာ နာလာရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ရမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိမယ်ဆိုရင်လဲ ကိုယ်ဝန်ဟုတ်၊ မဟုတ် အလွယ်တကူမသိနိုင်ပါဘူး။

ကဲ အရေးကြီးကိစ္စရှိလို့ ရာသီနှိမ်ချင်တဲ့ အမျိုးသမီးတို့အတွက် နည်းကောင်းလေးပါနော်… ဘေးထွက်ဆိုးကျိုးလေးတွေနဲ့ ဖြစ်နိုင်တဲ့ အန္တရာယ်လေးတွေပါ ရေးပြထားတော့ ဆင်ခြင်အသုံးပြုနိုင်ပါတယ်နော်…

( ကျန်းမာရေးနဲ့ ပတ်သတ်ရင် ဘယ်နည်းလမ်းမဆို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး အသုံးပြုတာက အကောင်းဆုံးပါပဲ…)

Credit: popolay
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top